ကျောက်ကလေးများ….အောင်ခဲ့ရင်…စွဲနေတဲ့..ဆေးကိုဖြတ်ပြီး..တိုက်ကြီးကြီးမှာ တစ်မျိုးလုံးကိုတင်ကျွေးထားမှာဆိုတဲ့… ငွေသိန်းသန်း နဲ့ ကျွန်တော်ပြန်ခဲ့မယ်ဆိုတဲ့ ကတိ မတည်နိုင် ခဲ့လို့တောင်းပန်တယ်..အမေ အိမ်မက်အလွန်မှ ဝိညာဉ်ဖြူများသို့ … ကျောက်ကောင်း တပွင့်ထမ်း…ငွေသိန်းသန်းနဲ့ကျွန်တော်ပြန်ခဲ့မယ်ဆိုတဲ့ကတိ မတည်နိုင်ခဲ့လို့တောင်းပန်တယ်..အမေ အိပ်မက်တွေရဲ့ခြေ တစ်လှမ်းအတွက်…အသက်ခြွေမြေစာပုံထက်..ရမ္မက်မဟုတ်တဲ့ လောဘနဲ့..ငါကြိုးစားခဲ့ပါသေးတယ်..ချစ်သူရယ်….. သားလေးကိုရှင်ပြုမယ်ဆိုတဲ့ စိတ်ကူးတခုနဲ့ ချစ်ဇနီးလေးအတွက်နားကပ်လေးတရံ…ငါပြန်ရင်ပါရမယ်ဆိုတဲ့….အတွေးကင့ါကို..မြေမြှပ်သင်္ဂြိုလ်လိုက်ပြီ..ရှင်မရေ. ကျောက်ကလေးများ….အောင်ခဲ့ယင်…စွဲနေတဲ့..ဆေးကိုဖြတ်ပြီး..တိုက်ကြီးကြီးမှာ တစ်မျိုးလုံးကိုတင်ကျွေးထားမှာဆိုတဲ့ ငါ့ဝိဉာဉ်လေးခင်ဗျာ…လေမှာမျောနေပါပေါ့လား ပိုက်ဆံတွေအများကြီးရယင်..ငါညီမလေး ကို.. ကျောင်းကောင်းကောင်းထား..နိုင်ငံခြားကိုသွား ခိုင်းချင်တယ်ကွာ.နောက်ဘဝဆိုတာရှိခဲ့ယင်ပေါ့ ဘယ်သူ့ကိုမှအပြင်မတင်ကြပါနဲ့ဗျာ…ကျွန်တော်တို့ရဲ့ ကံကြမ္မာ..ဝဋ်ကြွေးပါလို့.. ဆပ်ရတယ်ပဲမှတ်ပါတယ်…နောက်တကြိမ်သာ လူဖြစ်ခွင့်ရမယ်ဆိုရင်… ဒီတိုင်းပြည်မှာပဲ..နေချင်ပါသေးတယ်…အေးချမ်းသာယာစွာနဲ့ပေါ့ … ။ ရေမဆေးရှာ..ကျောက်သမားဘဝ..အထက်တန်း မကျပေမဲ့…အိပ်မက်တွေ ကိုယ်စီနဲ့ပါ….သေမင်းခံတွင်းဝမှန်းသိသော်လည်း…ငရဲကလာသူ..ပြာပူမကြောက်မို့….တိုးခဲ့သောမီး.. အပူကြီးမှန်းလည်းသိပါ ရဲ့နောက်ငဲ့ကြည့်သော်….ကြင်သူမယား..သမီး..သားနဲ့..ချစ်တဲ့မိဘ မောင်နှမတွေ..ရွှန်းဝေအပြုံး…နှလုံးသားနဲ့..ပိုးဖလံတွေပါလေ….. ဒီနိုင်ငံ..ဒီအဖြစ်ဆိုး မျိုးနောင်မကြုံပါရစေ နဲ့ဗျာ ညီနောင်များ ကောင်းသောကတိလားစေသော် … ။ လမင်းမောင် Unicode ကျောက်ကလေးများ….အောင်ခဲ့ရင်…စွဲနေတဲ့..ဆေးကိုဖြတ်ပြီး..တိုက်ကြီးကြီးမှာ တစ်မျိုးလုံးကိုတင်ကျွေးထားမှာဆိုတဲ့… ငွေသိန်းသန်း နဲ့ ကျွန်တော်ပြန်ခဲ့မယ်ဆိုတဲ့ ကတိ … Read more
၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေး…
၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေး… ၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေး… တချိန်ငါ့သမီးလေးကို ပြောပြရမယ် … ။ ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ … ။ တချိန် သမီးလေး သိဖို့ …. ။ “ကိစ္စမရှိဘူး ငါတို့ကအချိန်တန်ယောက်ျားယူမှာ ယောက်ျားကရှာကျွေးလိမ့်မယ်”တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား…. ၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးကသိပ်ရိုးရှင်းတယ်လို့တွေးရင်တွေးလို့ရသလိုအန္တရာယ်များလိုက်တာလို့တွေးရင်လည်းတွေးလို့ရနိုင်တာကိုး…. သမီးတို့အနေနဲ့ယောက်ျားနောက်လိုက်သွားရုံနဲ့အရာရာအဆင်ပြေသွားမယ်လို့ထင်နေကြတာတွေထမင်းစားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့ခပ်လွယ်လွယ်တွေးလိုက်တာတွေသိပ်များနေပြီလားလို့လည်းတွေးမိပါ့… ခုခေတ်ယောက်ျားတွေ(အများစု)ကအတွေးအမြင်တွေပြောင်းကုန်ကြတာသမီးတို့မသိသေးတာလား? ယောက်ျားတွေကအလုပ်ရှိတဲ့မိန်းကလေးကိုယ်ကသိပ်ရုန်းပေးစရာမလိုတဲ့မိန်းကလေးကိုပိုသဘောကျကြတယ်ဆိုတာ… ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှပိုသဘောကျကြတယ်ဆိုတာ… အလုပ်လုပ်တတ် စီးပွားရှာတတ်အမြင်ကျယ်တဲ့မိန်းကလေးကိုမှပိုတွဲချင်ကြတယ်ဆိုတာ.. သူတို့ကိုအစစအရာရာသိပ်မမှီခိုတဲ့အရည်အချင်းရှိတဲ့မိန်းကလေးကိုမှတန်ဖိုးပိုထားကြတယ်ဆိုတာ… ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိ… ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီးအိမ်မှာပဲ ထမင်းချက် ကလေးထိုင်မွေးမယ့်မိန်းကလေးမျိုးကိုသိပ်မရွေးချင်ကြတော့ဘူးဆိုတာလည်းပြောပြချင်သေးတယ်(တချို့တွေကိုဆိုလိုတာနော်အားလုံးလို့မပြောဘူး) ခုခေတ်ယောက္ခမတွေကရော….. အိမ်ပေါ်တက်လာတဲ့ချွေးမကိုဘယ်လိုကြိုဆိုကြသလဲဘာပညာမှမတတ်ဘာအလုပ်မှမလုပ်တတ်ဘယ်နေရာမှဝင်မဆန့်တဲ့မိန်းကလေးမျိုးကိုဝမ်းသာအားရကြိုဆိုမယ့်ယောက္ခမမျိုးသိပ်ကိုရှားသွားပြီဆိုတာငါ့သမီးတို့သိပါလေစ… အိမ်ထောင်မပြုခင်လူ့လောကအတွက် အခက်အခဲတွေတွေ့ရင်ရင်ဆိုင်နိုင်အောင်မိဘတွေကလက်နက်မျိုးစုံတပ်ဆင်ပေးနေတာကိုငါ့သမီးတို့သိပါလေစ… ရော့ ပညာလက်နက်ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ်လင်မျက်နှာ ယောက္ခမမျက်နှာကြည့်စရာမလိုဘူး ရော့ အတွေးအခေါ်လက်နက်ဘယ်ဟာအကောင်း ဘယ်ဟာအဆိုးငါခွဲခြားနိုင်တယ်ရော့ အလုပ်အကိုင်လက်နက်ငါ့မှာအလုပ်အကိုင်ရှိတယ်အသိုင်းအဝိုင်းရှိတယ်ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ် အဲဒီလိုလက်နက်တွေပါသွားတော့ပိုမကောင်းဘူးလားမွေးရာပါလက်နက်ဟာတစ်ဘဝလုံးအတွက်အာမခံချက်မရှိဘူးဆိုတာငါ့သမီးတို့ကိုပြောပြမယ့်သူမရှိဘူးလား… ပညာကမစုံအတွေ့အကြုံကမရင့်ကျက်အလုပ်အကိုင်ကမရှိနဲ့လင်ယူလိုက်ရုံနဲ့ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး … Read more
အင်္ကျီအသစ်တွေကို မလျှော်ဖွက်ပဲ လုံးဝ လုံးဝ မဝတ်နဲ့နော်(သတိပေးတဲ့ ဒီစာလေးက သင့်ကျန်းမာရေးအတွက် အဖိုးတန်မှာမို့ ရှဲသိမ်းထားနော်..)
အင်္ကျီအသစ်တွေကို မလျှော်ဖွက်ပဲ လုံးဝ လုံးဝ မဝတ်နဲ့နော်(သတိပေးတဲ့ ဒီစာလေးက သင့်ကျန်းမာရေးအတွက် အဖိုးတန်မှာမို့ ရှဲသိမ်းထားနော်..) ခုဆိုရင် အထည်ချုပ်တွေတော်တော်များများက တရုတ်ပြည်ဘက်မှာ တော်တော်များများ ရပ်တည်လာကြတာပါတယ်။ ရှန်ဟိုင်းက အမျိုးသမီးငယ်တစ်ဦး ဖက်ရှင်ဆိုင်တစ်ခုမှ ဂျင်းဘောင်းဘီ ဝယ်လာပြီး ရေမလျှော်ဘဲ ဝတ်ဆင်မိတဲ့အတွက် ၎င်းဂျင်းဘောင်းဘီ ဆိုးဆေးကြောင့်ဖြစ်လာတဲ့ ဓါတ်သဘာဝနဲ့ မတည့်တဲ့အတွက် အလာဂျီလ်တွေ ထလာပြီး အဝတ်မကပ်နိုင်အောင် ဖြစ်ပြီး ဆေးရုံတောင်တက်ယူလိုက်ရပါတယ်။ ဘာပဲပြောပြော သူ့အရေပြားဟာ Sensitive ဖြစ်လို့ လည်း ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မနုဿ အားလုံးကိုပြောချင်တာက ဘယ်အဝတ်စားမဆို အထည်ချုပ်ကနေ ထုတ်လိုက်တာနဲ့ တန်းရောင်းလိုက်ရတာမရှိပါဘူး ။ အထည်ချုပ်တော်တော်များများက လည်း ဘောင်းဘီ ၊ အကျီ င်္ ချုပ်ပြီးတာနဲ့ ပြန်လည်ရေလျှော်ကြတာမဟုတ်ပါဘူး။ တန်းပြီး ဈေးကွက်မှာ ချရောင်းလိုက်တာပါပဲ။ ဈေးကွက်ရောက်လာတဲ့ … Read more
ကန္တာရကျိုင်း‌ကောင်တွေရောက်လာခဲ့သည်ရှိသော် ကြော်စားကြမယ့်သူတွေအတွက်
ကန္တာရကျိုင်း‌ကောင်တွေရောက်လာခဲ့သည်ရှိသော် ကြော်စားကြမယ့်သူတွေအတွက် ကျိုင်း‌ကောင်ကြော်နည်း ကန္တာရကျိုင်း‌ကောင်တွေရောက်လာခဲ့သည်ရှိသော် ကြော်စားကြမယ့်သူတွေအတွက်ပါ .. ။ အရသာကောင်းမွန်တဲ့သရေစာအဖြစ် သီးနှံပင်တွေကို ထိခိုက်ဖျက်ဆီးနိုင်တဲ့ ကန္တာရကျိုင်းကောင်တွေကို အချို့နိုင်ငံများမှာ အရသာရှိတဲ့သရေစာအဖြစ်နဲ့ ပြောင်းလဲကြပါတယ်။ ဒီကန္တာရကျိုင်းကောင်တွေကို အရှေ့အလယ်ပိုင်း အာရှ တောင်အာဖရိက ဇင်ဘာ၊ ဇမ်ဘီယာ၊ မာလဝီ၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား တို့မှာ ဟင်းအနေနဲ့စားသောက်ကြတာ ကြာပြီဖြစ်ကြောင်းလည်း သိရပါတယ်။ အစ္စရေးနိုင်ငံကလယ်သမားများကလည်း ကန္တာရကျိုင်း(ခေါ်) နှံကောင်တွေထွက်လာပြီဆိုရင် ပုံးတွေ/ဘူးတွေ/အိတ်တွေနဲ့ ဖမ်းကြပြီး ကြော်စား၊ ချက်စား စားသောက်ကြပါတယ်တဲ့။ ကန္တာရကျိုင်းကောင်ကို အစ္စရေးနိုင်ငံက နာမည်ကြီးစားသောက်ဆိုင်ဖြစ်တဲ့ ဂျေရုဆလင် စားသောက်ဆိုင် (J e r u s a l e m R e s t a u … Read more
တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (6-7-2020 to 12-7-2020)
တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (6-7-2020 to 12-7-2020) (1) တနင်္ဂနွေသားသမီး ပျော်ရွှင်စရာခရီးတစ်ခုမမျှော်လင့်ဘဲထွက်ခွါရပါလိမ့်မည် ထီပေါက်သကဲ့သို့ငွေအစုအပုံဝင်လာပါလိမ့်မည်မိမိအတွက်ကံကောင်းမယ့်အချိန်အခါပါ မျက်နှာတွင်ဝက်ခြံဘုများပေါက်လာတတ်သည် .. ။ လူမျိုးမတူသူရပ်ဝေးသူနှင့်ဖူးစာဆုံ၍ချစ်သူဖြစ်မည့်ကာလပါ ထီ ၆အစ၉အဆုံးထိုးပါ ယတြာ ဆိတ်သားဟင်းနှင့်ထမင်းအဝစား၍လိုရာဆုတောင်းပါ … ။ (2) တနင်္လာသားသမီး အခွင့်အရေးဟောင်းတွေပြန်ပေါ်ပြီးအကျိုးရလာဒ်များခံစားရမည့်အချိန်အခါပါ ပညာရေးကိစ္စ သင်တန်းကိစ္စတွေအထူးကံကောင်းပါမည် ချစ်သူထံမှလက်ဆောင်ပစ္စည်းရရှိမည် အစာမခံပါနှင့်အစာအိမ်ရောဂါခံစားရတတ်ပါသည် … ။ ထီ၃အစ၅အဆုံးထိုးပါ ယတြာ ငါး၁၁ကောင်လွှတ်ပေးပါ … ။ (3) အင်္ဂါသားသမီး စိတ်တွေထွေပြားပြီးအမှားများတတ်တဲ့ကာလပါ အတွေးတွေ စိုးရိမ်စိတ်တွေအားကြီးပြီးဆုံးဖြတ်ချက်တွေပါမှားတတ်ပါတယ် စိတ်နဲ့ကိုယ်မကပ်တဲ့ကာလပါ …. ။ အတတ်နိုင်ဆုံးသတိထားဖို့မှာချင်ပါတယ် အိပ်မရဖြစ်နေတတ်သောကာလပါ ငယ်ရွယ်သူများအချစ်ရေးကံစန်းအထူးပွင့်နေပါလိမ့်မည် ထီ ၉အစဝအဆုံးထိုးပါ ယတြာ ဌက်တွေ ခိုတွေအစာမကြာခဏကျွေးပါ … ။ (4) ဗုဒ္ဓဟူးသားသမီး အိမ်အနီးအနားတွင်မီးလန့်ခြင်းသူခိုးအခိုးခံရခြင်းမျိုးတွေကြုံရတတ်ပါသည် … Read more
ရေစက်ဆုံခြင်း … ဟုတ်မဟုတ် တော့ ဒီလိုလေးစစ်ကြည့်မယ်
ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ။ လူတိုင်းကရေစက်ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ဆုတောင်းတွေကြောင့် အခုဘဝမှာလက်တွဲ ဖော်အနေနဲ့ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်းချစ်မိတဲ့အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့်ဖြစ်လာရတဲ့အချစ်လို့ယုံ ကြည်ထားကြပါတယ်။ သူနဲ့ကိုယ်နဲ့ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ ၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ သင့်အချစ်ကတစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။ ၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီးကိုဆုံရမှာပါ။ ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ခံစားချက်မျိုးထက် သူက ကိုယ့်ရှေ့ကိုအကြောင်းအရင်းမတိုက်ဆိုင် ပါပဲ … Read more
အတိုက်အခိုက်တွေများနေပြီး ကံတွေလာဘ်တွေပိတ်နေရင်
ကျောက်ချဉ် ဆနွင်း ရန်တွေကင်း မင်္ဂလာပါ ခင်ဗျား….. အခုတင်ပေးမည့် အကာအကွယ်လေးဟာ မိမိကိုရန်မူ.. ပြသနာအမျိုးမျိုးရှာပြီး အတိုက်အခိုက်တွေလုပ်နေခြင်းများ…ကံတွေလာဘ်တွေပိတ်နေခြင်းများ… မိတ်ဆွေအဖြစ်မှ ရန်သူအဖြစ်ပြောင်းလဲနေခြင်းများ…..နေ့စဉ် ဝင်ငွေနဲ့ထွက်ငွေ မျှတမှု မရှိခြင်း…ငွေမစုမိခြင်း….မထင်မှတ်ပဲငွေထွက်ယိုပေါက်များခြင်း…. ခဏခဏ ပိုက်ဆံပြတ်တာတွေကြုံနေရသူမျာ းအောက်ပါ ကျောက်ချဉ် ဆနွင်း အကာကွယ်လေးကိုလုပ်ထားပေးပါ ခင်ဗျား…။ လုပ်မည့်နေ့ အိမ်ခြံဝင်းထဲ အမှိုက်များမရှိစေရပါ။ တနင်္လာနေ့ စ လုပ်ရပါမည်။နံနက်ပိုင်းလုပ်ရပါမည်။ ပထမဦးစွာ ကျောက်ချဉ်တုံးတစ်တုံးကို ကျောက်ပျဉ်မှာ ဆနွင်းမှုန့်နည်းနည်းရောပြီးသွေးယူထားပါ။ ဘုရားသောက်တော်ရေထဲရောပြီး အိမ်ခြံဝင်းတံခါး ပြတင်းပေါက် နေရာအနှံ့အောင်သပြေညွန့်နှင့်ဖြန်းပေးပါ။ အိမ် ခြံအဝင်တံခါး၏ဘေးအစွန်နှစ်ဖက်အောက်တွင် မန်ကျည်းစေ့တစ်စေ့စာရှိတဲ့ကျောက်ချဉ်တုံးတစ်တုံးဆီချထားပေးပါ…။ နောက်ထပ်တစ်တုံး ပိုက်ဆံအိတ် အံဆွဲ မီးခံသေတ္တာနေရာများမှာထည့်ထားပြီးဆောင်ထားပေးပါ ခင်ဗျား ။ ဤအကာအကွယ်နည်းကို လုပ်ထားခြင်းဖြင့် မိတ်ဆွေများ၏ ရန်တွေကင်းရှင်းသွားပြီး လာဘ်တွေပွင့်လာပါလိမ့်မည်…။ ကိုမင်းနိုင်နှင့်တကွသင်ဆရာမြင်ဆရာကြားဆရာအားလုံး ခြေရင်းဦးခိုက်လျက်… ဆရာတင်ထူး09 259021778 Zawgyi … Read more
အခြားသူတွေနဲ့ မျှမသုံးသင့်တဲ့ တကိုယ်ရည်သုံးပစ္စည်း(၁၁)မျိုး…
အခြားသူတွေနဲ့ မျှမသုံးသင့်တဲ့ တကိုယ်ရည်သုံးပစ္စည်း(၁၁)မျိုး… နေ့စဉ်သုံး တကိုယ်ရည် ပစ္စည်းတွေကို တယောက်တည်းသုံးတာ အကောင်းဆုံးပါပဲ။ တခြားသူတွေနဲ့ မျှသုံးတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်နော် …။ ၁။ လက်သည်းညှပ် လက်သည်းပေါ်က ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ဗိုင်းရပ်စ်တွေကို သာမန်မျက်လုံးနဲ့ မြင်ရဖို့ မလွယ်ပါဘူး။ အဲဒါကြောင့် လက်သည်းညှပ်ကို တစ်ယောက်ကို တခုပဲသုံးတာက အကောင်းဆုံး ဖြစ်ပါတယ် …။ ၂။ နားကပ် နားမှာ သွေးကြောတွေ အများကြီးရှိပါတယ်။ နားကပ်ကနေလည်း ရောဂါတွေ ကူးစက်နိုင်တာကြောင့် သူငယ်ချင်းရဲ့နားကပ်ကို ခဏတပ်မယ်ဆိုရင် အရက်ပြန်နဲ့ သုတ်ပြီးမှသာ တပ်သင့်ပါတယ် …။ ၃။ နှုတ်ခမ်းနီ နှုတ်ခမ်းပေါ်မှာလည်း သွေးကြောလေးတွေ အများကြီးရှိပါတယ်။ နှုတ်ခမ်းနီကို တစ်ယောက်တစ်လှည့်စီ သုံးတဲ့အခါ ရေယုန်လို ဗိုင်းရပ်စ်တွေ ကူးစက်နိုင်ပါတယ် …။ … Read more
ကျွန်မ နေနိုင်နေပါပြီ အရင်လို ဖုန်းမဆက်လို့လဲ သိပ်ပြီး ဝမ်းမနည်းတော့ဘူး
ကျွန်မ နေနိုင်နေပါပြီ အရင်လို ဖုန်းမဆက်လို့လဲ သိပ်ပြီး ဝမ်းမနည်းတော့ဘူး ကျွန်မ နေနိုင်နေပါပြီ အရင်လို ဖုန်းမဆက် လို့လဲ သိပ်ပြီး ဝမ်းမနည်းတော့ဘူး မအားတာပဲ နေမှာပါလို့လဲ ဖြည့်မတွေး ဖြစ်တော့ဘူး … ။ သတိရတဲ့ အခါပဲ ဖြစ်ဖြစ် ဆက်ချင်တဲ့အခါဖြစ်ဖြစ် ဆက်လာ လိမ့်မယ် ဆိုတာလောက်ပဲ တွေးဖြစ်တော့ တယ် အရင်လို ဖုန်းဘေးနား ငုတ်တုတ် ထိုင်ပြီး မျှော်မနေတော့ဘူး … ။ ကျွန်မ ရင့်ကျက် စပြုလာ ပါပြီ . . . အရင်လို ခဏခဏ မတမ်းတဖြစ်တော့ဘူး တစ်ခုခုဖြစ်တိုင်း တိုက်ဆိုင်တိုင်း ကိုယ့်ဘက် ကသာ အမောတကောနဲ့ သတိတွေ ရလိုက် ရတာ သူ့ကတော့ ဘာကိုမှ … Read more