သင်ဟာ တစ်ခုခုကိုဖက်လိုက်ရမှ အိပ်ပျော်တတ်တဲ့သူဆိုရင် ဖတ်ကြည့်လိုက်ပါ
ပျိုမေတို့ အိပ်ပြီဆိုရင် ခေါင်းဦးတွေကြားထဲ ပျော်မွေ့ပြီး ခြေထောက်ကတည်းခွ၊ လက်ကလည်း အဲဒီခေါင်းအုံးတွေကို ဖက်လိုက်ရမှ အိပ်ပျော်တဲ့ လူတွေရှိကြလားမသိဘူး။ ဒီလို တစ်ခုခုကို ဖက်ထားရမှ အိပ်ပျော်တဲ့လူတွေဟာ ဘာကြောင့်များဖြစ်မလဲ၊ နောက် ကောင်းကျိုးတွေ ဆိုးကျိုးတွေရော ရှိနေဦးမလားဆိုတာ ကြည့်ရအောင်။ အစွဲလန်းသိပ်ကြီးလို့ ခေါင်းအုံးကိုဖက်ပြီး အိပ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာသဘောတရားအရ အစွဲလန်းကြီးခြင်းကိုလည်း ကိုယ်စားပြုနေပါတယ်တဲ့။ နောက် ဒီလိုလူတွေဟာ တစ်စုံတစ်ယောက် ဒါမှမဟုတ် လူတစ်စုရဲ့ အားကိုးခြင်းကကိုလည်း ခံနေရတယ်ဆိုတာ သက်သေပြနေပါတယ်။ အထီးကျန်လို့ အရင်ကတည်းက ပွေ့ဖက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာအတွက် အကျိုးထူးစေတယ်ဆိုတဲ့လေ့လာချက်တွေ ရှိပြီးသားပါ။ နွေးထွေးစေတယ်၊ အထီးကျန်ဆန်မှုကို လျော့ကျစေတယ်၊ စိတ်ပျော်ရွှင်စေပါတယ်တဲ့။ အဲတော့ တစ်ခုခုကို ဖက်ပြီး အိပ်ခြင်းဟာ သ့င်ဘဝမှာ အရမ်းအထီးကျန်ဆန်နေပြီး ချစ်ပေးမယ့် တစ်စုံတစ်ယောက် လိုအပ်နေပြီဆိုတဲ့ သဘောပါပဲ။ … Read more