အမေ့ကို ခေါ်ရင် မိန်းမက လက်မခံဘူးဆိုပြီး သားအရင်းကစွန့်လွှတ်တာကို ခံလိုက်ရတဲ့ မိခင်အို. .
အမေကိုခေါ်ရင် မိန်းမ(ချွေးမ)က လက်မခံနိုင်လို့ဆိုပြီး သားအရင်းကစွန့်လွှတ်လိုက်တဲ့ (၇၄)နှစ်ရွယ် ခိုကိုးရာမဲ့အဖွားအား မြဆည်းဆာမှ ခေါ်ယူစောင့်ရှောက် အဖွားအမည် – ဒေါ်ကျင်သီ အသက် – (၇၄)နှစ် မိဘအမည် – ဦးမောင်ငယ် ဒေါ်စိန်ရွှေ ခေါ်ယူခဲ့သည့်နေရာ – နှစ်ကရင်ကျေးရွာ၊ ရေးမြို့။ အဖွားအကြောင်းအကျဥ်းကတော့ – အဖွားသည် ရေးမြို့နယ် နှစ်ကရင်ရွာဇာတိဖြစ်ပြီး မွေးချင်း(၇)ဦးအနက် တတိယမြောက် ဖြစ်ပါသည်။ ငယ်စဥ်က (၄)တန်းထိ ပညာသင်ကြားခဲ့ပြီး ဖခင်မှာ သွားစိုက်လုပ်ငန်းလုပ်သည်ဟု သိရပါသည်။ အဖွားသည် အသက်(၁၈)အရွယ်တွင် တရွာတည်းနေ ဦးတင်ညွှန့် ဆိုသူနှင် အိမ်ထောင်ကျပြီး ယောင်္ကျားဖြစ်သူမှာ ရထားလမ်းအလုပ်သမား လုပ်ပြီး အဖွားကတော့မှီခိုသူအဖြစ် ရပ်တည်ခဲ့ပါသည်။ အဖွားသည် (၁၈)နှစ်အရွယ်တွင် အိမ်ထောင်ကျပြီး အသက်(၂၄)နှစ်အရွယ်တွင် အိမ်ထောင်ကွဲခဲ့ပါသည်။ အိမ်ထောင်ကျစဥ် သား(၂)ဦးထွန်းကားခဲ့ပြီး သားငယ်မှာ … Read more