နုပျိုချင်တဲ့ မိန်းကလေးတိုင်း သိထားသင့်တဲ့ အလှအပဆိုင်ရာလျှို့ဝှက်ချက်(၃)ခု…
မိန်းကလေးတိုင်း မလှချင်တဲ့သူ၊ မနုပျိုချင်တဲ့သူ မရှိပါဘူး။ မိန်းကလေးဆိုတာ အသက်အရွယ်ကြီးရင့်လာလည်း အရေးအကြောင်း ကင်းစင်ပြီး အရွယ်တင်နုပျို လှပတဲ့သူ၊ အမြဲတမ်း လှပနေတဲ့သူ ဖြစ်ချင်ကြပါတယ် …။ အသက်ကြီးလာတဲ့အထိ နုပျိုလှပဖို့အတွက် မိန်းကလေးတိုင်း မဖြစ်မနေသိထားရမယ့် အလှအပဆိုင်ရာလျှို့ဝှက်ချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်နော် …။ (၁) ကိုယ်တိုင်လုပ် အရေးအကြောင်းကင်း ခရင်မ် vaselline စားပွဲတင်ဇွန်းနှစ်ဇွန်းကို အပူပေးပြီး သံလွင်ဆီတစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ထောပတ်သီးအမှည့်တစ်လုံးတို့ကို အနှစ်ဖြစ်အောင် ရောမွှေလိုက်ပါ။ မျက်နှာကို ပြောင်စင်အောင်သစ်ပြီး ရလာတဲ့အနှစ် ကို မျက်နာအနှံ့ခပ်ထူထူလေးလိမ်းကာ မိနစ်၂၀ လောက်ထားပေးပါ။ ပြီးရင် ရေကြက်သီးနွေးလေးနဲ့မျက်နှာသစ်ပေးပါ …။ တစ်ပတ် နှစ်ကြိမ်လောက် ပြုလုပ်ပေးရင် မျက်နှာပေါ်မှာဖြစ်လေ့ရှိတဲ့ အရေးအကြောင်းတွေ မဖြစ်လာအောင် တားဆီးပေးနိုင်တာကြောင့် အသက်ကြီးလာလည်း ရွယ်တူတွေထက် နုပျိုနေစေပါလိမ့်မယ် …။ … Read more