
“မပြည့်စုံပေမဲ့ ပြည်သူတွေ ထမင်းတနပ်အဆင်ပြေစေဖို့ ၅၀၀ကျပ်တန် ထမင်းဆိုင်ဖွင့်တဲ့ သဒ္ဒါကောင်းတဲ့ မိသားစု” ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၊ဘုန်းကြီးကျောင်းကွေ့ မှတ်တိုင်အနီးမှာ နိုဝင်ဘာ ၂၅ရက်နေ့ကစတင်ကာ ကြယ်စင်လင်း ၅၀၀ကျပ်တန် ပုံစား ထမင်းဆိုင်ဖွင့်လှစ်ထားပါတယ်။ ကြယ်စင်လင်းထမင်းဆိုင်မိသားစုက အခြေခံလူတန်းစားမိသားစုပဲဖြစ်ပါတယ်။ ၅၀၀ကျပ်တန်ထမင်းဆိုင်ကိုတော့ သူတို့ရဲ့စေတနာနဲ့သဒ္ဒါတရားကို အခြေခံကာ မိသားစုတနိုင်တပိုင်လေး ဖွင့်လှစ်ထားခြင်းဖြစ်ကာ အမေက ချက်ပြုတ်ပြီး အဖေနဲ့သားက ပိုက်ဆံသိမ်း ၊စားပွဲထိုးကြတာဖြစ်ပါတယ်။   ဒီလိုအချိန်မှာပြည်သူတွေအတွက် ထမင်းတစ်နပ်စားဖို့ရာ အဆင်ပြေခဲ့ပြီဆိုရင်ပဲ ကျေနပ်ပါကြောင်း စျေးနည်းနည်းပဲ ပေးရလို့ဆိုပြီး လက်ရာ နဲ့ customer service က လုံးဝ စိတ်ပျက်စရာမဖြစ်အောင် အကောင်းဆုံးကြိုးစားပါကြောင်း ကြယ်စင်လင်း ၅၀၀ကျပ်တန် ပုံစား ထမင်းဆိုင်မှ မဟန်နီကပြောပါတယ်။ ဆိုင်စားလည်းရသလို ပါဆယ်လည်းရပြီး အချိန်ကတော့မနက်၆နာရီကနေ ၃နာရီအထိ ရောင်းချပေးနေပါတယ်။ Crd … Read more

“ဖုတ်” ဝင်တယ်ဆိုပြီး သေတဲ့ အမေအိုတစ်ဦးရဲ့ အလောင်းကိုရင်ခွဲရုံမှာ စစ်ဆေးကြည့်လိုက်သောအခါ…

“ဖုတ်” ဝင်တယ်ဆိုပြီး သေတဲ့ အမေအိုတစ်ဦးရဲ့ အလောင်းကိုရင်ခွဲရုံမှာ စစ်ဆေးကြည့်လိုက်သောအခါ… အမေဆာလို့ပါ သားရယ်တဲ့လား တကယ်ဖုတ်မဟုတ်ဘဲ မိဘအရင်းကို ဖုတ်ထုတ်တယ်ဆိုပြီး ကိုယ်တိုင်ပဲ လုပ်သည်ဖြစ်စေသူတစ်ပါးကိုလုပ်ခွင့် ပေးသည်ဖြစ်စေ၊ အဲဒီသားသမီး ကိုယ်တိုင်မသိလိုက်သောပဉ္စာနန္တရိယကံကြီးထိုက်ပါတယ်။ ဖုတ်ဝင်တယ်ဆိုပြီး အသတ်ခံလိုက်ရတဲ့ အဖွားတစ်ဦး ကိုယ်တွေ့လေ့လာဖူးပါတယ်။ (ဒေသနှင့်အမည်များမပြောပါ။) ဒီအနေအထားက သားသမီးတွေငြိုငြင်ရုံတင်မက မြန်မြန်ပင်သေစေချင်နေပါပြီ။ ကိုယ့်အညစ်အကြေးကိုတောင် ကိုယ်တိုင်မစွန့်နိုင်တော့ဘူး …။ ပြုစုတဲ့သူတွေကရွံတတ်တော့ ပိုဒုက္ခရောက်တာပေါ့။ ဒါပေမယ့် တစ်ချို့အဖိုးအဖွားတွေက အသက်သာကြီးတာ ဝမ်းမီးကကောင်းတုန်း။အိပ်ရာထဲလဲနေပေမယ့် အစားကို ကောင်းကောင်းစားနိုင်ပါတယ်။ အဲဒီလိုအစားဝင်နေတာကိုဘဲ မသိနားမလည် ဆရာဝင်လုပ်တဲ့ ပါတ်ဝန်းကျင်က “ဖုတ်ဝင်နေပြီ” တဲ့။ အသက်ကကြီး ရောဂါက နာတာရှည် ပြုစုရတာကြာလာတော့ သားသမီးတွေ စေတနာပျက်လာ ပြီလေ။ လူကြီး လူမမာဆိုပြီး ကျွေးတာကနည်းနည်း ဆိုတော့ ညသန်းကောင်အချိန်ရောက်တော့ ဆာလာပြန်ရော။ ကျွေးတုန်းက … Read more

ယနေ့အချိန် အထိ ရွာမှာ အလှူရှိတိုင်း ရွာလုံးကျွတ် ထမင်း တစ်အိုးစီ တာဝန်ယူတဲ့ ညီညွတ်မှု ရှိတဲ့ရွာလေး

ယနေ့အချိန် အထိ ရွာမှာ အလှူရှိတိုင်း ရွာရှိအိမ်တိုင်းက ထမင်း တစ်အိုးစီ တာဝန်ယူတဲ့ ညီညွတ်မှု ရှိတဲ့ရွာမြန်မာလူမျိုးတွေဟာ အလှူဆိုရင် လက်မနှေး တတ်တာမို့ ဘယ်တော့မှ သဒ္ဒါတရား မနည်းဘူး ဆိုတာ ကမ္ဘာက သိပါတယ်နော်။ အခုလည်း မြန်မာပြည် စစ်ကိုင်းတိုင်းထဲက ရွာလေးတစ်ရွာရဲ့ အလှူအတန်းနဲ့ ပတ်သက်လာရင် ညီညွတ်မှုကို ပြသနေတဲ့ ပုံရိပ်လေးကို တင်ဆက်ပေး လိုက်ရပါတယ်။ စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ် မြေလင်း စံပြ ကျေးရွာလေးဟာ ဆိုရင် သူတို့ ရွာက အလှူ အတွက် ယနေ့ အချိန်အထိ တအိမ်ကို တအိုး ထမင်းပေါင်း ပေးနေတာမို့ ညီညွတ်တဲ့ ရွာဓလေ့လေးကို လေးစားသောအားဖြင့် ပရိသတ်ကြီး အတွက် ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်။ ယနေ့အချိန် အထိ … Read more

ကြားရသူတိုင်း မျက်ရည်ကျစေတဲ့ ချစ်သုဝေ ရွတ်ဆိုခဲ့တဲ့ ကဗျာလေး…

ကြားရသူတိုင်း မျက်ရည်ကျစေတဲ့ ချစ်သုဝေ ရွတ်ဆိုခဲ့တဲ့ ကဗျာလေး အောက်ဆုံးတွင် ရုပ်သံဖိုင်ပါ ရှိပါသည် … ချစ်သုဝေ ကတော့ ငယ်ငယ်လေး ကတည်းက အဆိုတော်လုပ်ရင်း မြန်မာဇာတ်လမ်း တွေမှာလည်း ကျရာ နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ခံခဲ့ရသူလေးဖြစ်ပါတယ်။ ချစ်သုဝေကတော့ ဆရာဝန်တစ်ယောက် ဖြစ်ပေမဲ့ အနုပညာ အလုပ်တွေကို လုပ်ကိုင်ရင်း အဆိုတော် လင်းလင်းနဲ့ အိမ်ထောင် ကျပြီးလို့ ခေတ်ခေတ်နဲ့သစ်သစ် လို့ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။သာယာပျော်ရွင်တဲ့ မိသားစုဘဝလေးမှာ ကိုယ်ပိုင်စီးပွားရေးအပြင် ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ခွဲစိပ်ဖို့လိုအပ်တဲ့ကလေးတွေကိုလည်း ကုသိုလ်ယူရင်း ရောဂါကုသပေးနေတာဖြစ်ပါတယ်။ချစ်သုဝေ ဟာ လက်ရှိမှာ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခံ ထားရတာကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ သူမရဲ့ … Read more

အရပ် ၈ပေရှည်တဲ့ တစ်ချိန်က နိုင်ငံကျော် ဇီးကွက်စိန်အကြောင်း

ဇီးကွက်စိန်သည် တစ်ချိန်က မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ရှိ ထူးထူးခြားခြား အရပ်အရှည်ဆုံး ပုဂံမြို့သူ ဖြစ်သည်။ ငယ်ဘဝ ဇီးကွက်စိန်ကို ၁၃၁၈−ခုနှစ်၊ (၁၉၅၆)ခုနှစ်တွင် ပုဂံမြို့ဟောင်းတောင်ဘက် သီရိပစ္စယာရွာတွင် အဖ ဦးထွန်းသိန်း၊ ဒေါ်ငြိမ်းတို့မှ မွေးဖွားသည်။ မွေးချင်း လေးယောက်အနက် အငယ်ဆုံးသမီးဖြစ်ပြီး ကျန်သုံးယောက်မှာ ယောက်ျားလေးများဖြစ်ကြသည်။ ငယ်နာမည်မှာ မခင်စိန် ဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် သက်တူရွယ်တူများကြားတွင် ထူးထူးခြားခြား အရပ်မြင့်မားနေသူဖြစ်သည်။ ထူးခြားမှု အမေဖြစ်သူ ဒေါ်ငြိမ်းသည် ဇီးကွက်စိန်အား ကိုယ်ဝန်မရှိခင် ထူးခြားအိပ်မက် မက်ဖူးသည်။ အိမ်ဦးခန်း ခေါင်တိုင်တွင် ဆင်ဖြူတော် ဝပ်နေသည်ဟု မက်ခဲ့သည်။ ဇီးကွက်စိန် ကွယ်လွန်သောနေ့၌လည်း ဆင်တစ်ကောင်နှင့် ဆင်ဦးစီးတစ်ယောက် လာရောက်ကာ ရုပ်အလောင်းကို သေချာ ကြည့်သွားဘူးသည်။ ဇီးကွက်စိန်ဟု ဘာကြောင့်ခေါ် ဇီးကွက်စိန်ကို မွေးပြီး … Read more

ငယ်ငယ်ရွယ်ရွယ် ဆော့ကစားတတ်တဲ့ ရင်ခွင်ဝေးသားများ၏ ငိုခြိုက်သံ….

ငယ်ငယ်ရွယ်ရွယ် ဆော့ကစားတတ်တဲ့ ရင်ခွင်ဝေးသားများ၏ ငိုခြိုက်သံ ကိုရင်ငယ်တို့၏ ရင်ထဲ ဝင်၍ဖက်ပါ ရင်ခွင်ဝေးသား အဖြစ်ကို သား ရခဲ့တာဟာ ရောင်ဝါသင်္ကန်းကို ဆင်မြန်းတဲ့ နေ့ကတည်းကပါ အမေ အမေတို့နဲ့ တစ်မြေဆီခြားတဲ့နေ့ဟာလည်း သားဘဝ အတွက် စာသင်တိုက်ကို စတင်ထွက်ခွာခဲ့တဲ့ နေ့ကပါ အမေ သား ဘဝဟာ အဖေ အမေ ရှိပါလျှက်နဲ့ အဖေ အမေလို့ တွင်တွင်ကြီး အော်ခေါ်ကာ မျက်နှာကိုကြည့်တိုင်း မမြင်ရတော့ပါဘူး သားအတွက် အေးမြတဲ့ အမေ့မေတ္တာအရိပ် နွေးထွေးတဲ့ အမေ့ ရင်ခွင်တွေဟာလည်း နုတ်ဖျားက တောင်းတယုံသာ ဖြစ်နေရပါပြီ။ ငယ်ရွယ်တဲ့အချိန်မှာ အစ်ကိုအစ်မတွေကို ဂျီးကျခွင့်မရှိသလို သူတို့နှင့် အတူစား အတူအိပ် အတူနေရခြင်းတွေကိုပါ သားမရနိုင်တော့ပါဘူး အမေတို့က သားကို ကောင်းမြတ်တဲ့ ဘဝမှာပဲ … Read more

ငွေနှစ်ထောင် အကြွေးကြောင့် နွားဘဝနဲ့ ပြန်ဆပ်ခဲ့ရတဲ့ ကိုသာမောင် (ဖြစ်ရပ်မှန်)

လွန်ခဲ့သော နှစ်ပေါင်း( ၃၀ )ခန့်က ဖြစ်ရပ်မှန်ပါ။ လူတို့သည် သံသရာကြွေးကို ပေါ့ပေါ့လေးထားပြီး မကြောက်တတ်ကြ မိမိတို့ယူထားသော အကြွေးမှန်သမျှ ကျင်လည်ရသည့် ဘဝအဆက်ဆက် ၌နွားခြေရာနောက်ကို လှည်းဘီးပါသလို တကောက်ကောက် လိုက်ပါသွားသည်ကို မေ့လျော့နေကြ၏။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ခန့်က ကိုသာမောင်သည် သူငယ်ချင်းတစ်ယောက်နှင့် အင်းတစ်ခုကို လေလံဆွဲရန် အတွက် ဘကြီးဘိုးထွန်းထံမှ ငွေနှစ်ထောင်ချေးငှားခဲ့ပါတယ်။ ဘကြီးက အတိုးပင်မယူပဲ ချေးပေးခဲ့ရာ အင်းပေါ်ခါနီး ဗွေဖောက်ပြီး လောင်းကစား ဖက်လာရာက မရှုံးသင့်ပဲ ရှုံးခဲ့တဲ့အတွက် အကြွေးကိစ္စကို စိတ်ပူပြီး သာမောင်တစ်ယောက် အိပ်ယာထဲ ဘုံးဘုံးလဲပါတော့တယ် ။ ဘကြီးဘိုးထွန်းက အကြွေးကို ဖြေးဖြေးခြင်းဆပ်ဖို့နဲ့ ကျန်းမာရေးကိုသာ ဂရုစိုက်ရန်ပြောပီး ဆေးဖိုးကိုပင် ထုတ်ပေးခဲ့ပါသေးတယ်။ ကိုသာမောင့်စိတ်ထဲမှာ ဒီအကြွေးကို သူဘယ်လိုမှ မဆပ်နိုင်တော့ဟု ယူဆပြီး … Read more

အိပ်တဲ့အခါမှာ ဆံပင်စည်းပြီး မအိပ်သင့်တဲ့အကြောင်းအရင်းများ

အိပ်တဲ့အခါမှာ ဆံပင်စည်းပြီး မအိပ်သင့်တဲ့အကြောင်းအရင်းများ အိပ်တဲ့အခါမှာ ဆံပင်ချပြီးအိပ်ရင် ဆံပင်တွေရှုပ်တယ်ဆိုပြီး စည်းအိပ်ကြတာမျိုးရှိပါတယ်။ ဒီလိုဆံပင်စည်းအိပ်တာက တစ်ရက်ဆိုတစ်ရက် ဆံပင်ပျက်စီးတာ အရမ်းသိသာပါတယ်။ ဒါကြောင့် အိပ်တဲ့အခါမှာ ဆံပင်စည်းပြီးမအိပ်သင့်တဲ့ အကြောင်းအရင်တွေကို ပြောပြပေးလိုက်ပါတယ်။   ဆံပင်ကျွတ်စေတယ် ဆံပင်စည်းပြီးအိပ်ရင် ဆံပင်တွေကို အမြစ်ကကနေဆွဲထားသလိုဖြစ်တဲ့အတွက် ဆံပင်တွေကျွတ်လာစေပါတယ်။ ဆံပင်စည်းအိပ်ပြီးအိပ်ယာနိုးလို့ ခေါင်းဖြီးလိုက်ရင် ဆံပင်တွေအများကြီး ကျွတ်ပါလာတာကို တွေ့ရမှာပါ။ ဆံသားပျက်စီးစေတယ် ဆံပင်စည်းပြီးအိပ်ရင် ဆံပင်ကျွတ်တဲ့အတွက် ဆံသားတွေလည်း တဖြေးဖြေးနဲ့ပျက်စီးလာမယ်။ အဓိကကတော့ ဆံပင်အောက်ဖျားတွေဖွာပြီး၊ ကျိုးကြေသလိုတွေ ဖြစ်လာမယ်။ အောက်ဖျားတွေအရမ်းပျက်စီးလာမယ်။ ဆံသားခြောက်သွေ့လာပါမယ်။ ထိပ်ပြောင်စေတယ် ဆံပင်တွေကျွတ်လာတာများရင် ထိပ်တွေကွက်လာတာ၊ ကျွတ်တာများတဲ့နေရာက ကွက်ပြီးပြောင်လာတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်အိပ်တဲ့အချိန်မှာလည်း ဆံပင်စည်းပြီးမအိပ်သင့်သလို၊ ကျန်တဲ့အချိန်တွေမှာလည်း ဆံပင်ကို တင်းကျပ်နေအောင် ခဏခဏစည်းတာမျိုး မလုပ်သင့်ပါဘူး။ ခေါင်းကိုက်စေတယ် ဆံပင်ကိုတင်းကျပ်နေအောင်စည်းထားပြီး အိပ်မယ်ဆိုရင်တော့ ဆံသားတွေကို … Read more

ထိုင်းထီဘတ် (၁၂) သန်းပေါက်တဲ့ မြန်မာဇနီးမောင်နှံက ဘတ်(၁) သန်းကို လိုအပ်တဲ့နေရာတွေမှာလှူတန်း

ထိုင်းထီနှစ်စောင်တွဲ ထိုင်းဘတ်ငွေ(12)သန်း ကံထူးရှင်ဇနီးမောင်နှံက ဘတ်(11)သန်းကိုမြန်မာပြည်ပို့ပြီး ကျန်ငွေ( 1 )သန်းကို နေရာစုံလိုက်လှူသွားတဲ့စိတ်ဓာတ်ကိုလေးစားလို့ ဒီပိုစ့်လေးဖြင့်ဂုဏ်ပြုလိုက်ရပါသည်။ မဟာချိုင်ဝပ်ထစ် ရွှေတိဂုံစေတီပုံတူတည်နေသော နေရာသို့ ဘိလပ်မြေအိတ်များ AAC ဂေဟာတွင်ခိုလှုံနေသော အခက်အခဲရှိ မြန်မာလုပ်သားများအားအလှူ လခမရသော AAC အမာခံအဖွဲ့သားများကို တစ်ဦးချင်းထောက်ပံ့ငွေပေးခြင်း။ ခြေလက်မသန်စွမ်းသူများအတွက် သုံးစွဲရန်လှူပေးခြင် းAAC ဂေဟာရှိ ကိုယ်ဝန်ဆောင်မိခင်များအားထောက်ပံခြင်း AAC ဂေဟာရှိ ခင်ပွန်းသေဆုံးသူ အမျိုးသမီးများအားထောက်ပံ့ခြင်း။ သူငယ်ချင်းမိတ်ဆွေများနှင့် မြန်မာပြည်တွင်းထောက်ပံ့ရေး အတွက်ဆန်ဆီခေါက်ဆွဲ ငါး သေတ္တာဗူးများAAC ရုံးရှိ အခက်အခဲရှိလုပ်သားများအတွက်ထိုင်ဘတ်ငွေ (100000) ဘတ်မြန်မာပြည်မှာ အမှုများရင်ဆိုင်ဖြေရှင်းနေသည့် AAC ဦးဆောင်သူ အမှုကိစ္စများတွင်အသုံးပြုရန် သုံးသောင်းဘတ် သီးသန့်ထောက်ပံ့ပေးခြင်း။ အိမ်ပြန်ချင်တဲ့ လုပ်သားများ လမ်းစရိတ်ကားခ အစားအသောက်များကို တာဝန်ယူပြီးလှူသွားပေးတဲ့ ထိုင်းထီကံထူးရှင်ဇနီးမောင်နှံရဲ့ ကုသိုလ်အားလုံးကိုသာဓုခေါ်ပေးသူတိုင်း နောက်အပတ်ထိုင်းထီများကံထူးရှင်များဖြစ်နိုင်ကြပါစေ။ Zawgyi ထိုင်းထီနှစ်စောင်တွဲ … Read more

( ၇ )ရက် သားသမီးများအတွက် ဒီဇင်ဘာလ တစ်လစာ အထူးဟောစာတန်းကြီး…

( ၇ )ရက် သားသမီးများအတွက် ဒီဇင်ဘာလ တစ်လစာ အထူးဟောစာတန်းကြီး တနင်္ဂနွသေားသမီး တနင်္ဂနွသေားသမီးများ အရာရာသေချာစဉ်းစားချင့်ချိန်ပါလွယ်လွယ်ကူကူမဆုံးဖြတ်ပါနဲ့အရာရာမှာမျှမျှတတဆက်ဆံပါမေတ္တာရေးမှာမကြာခနစကားမျာရန်ဖြစ်ရတတ်ပါတယ်အမှုအခင်းလေးတွေလည်းဖြစ်တတ်ပါတယ်အာမခံပေးခြင်းစာချုပ်စာတမ်းငွေပေးငွေယူဂရုစိုက်ပါ ဒါကလဲမိမိဘက်ကမှန်ရင်အောင် မြင်ပါလိမ့်မယ်အပြောင်းအရွှေ့လေးတွေရှိတယ်ပြီးတော့ဒီကာလမှာစိတ်ပူစရာပူပင်သောကရောက်စရာပူလောင်စရာ၊စိတ်ညစ်စရာကိစ္စလေးတွေကြုံတွေ့ရတတ်ပါတယ်ငွေဝင်ကိန်းလေးတွေရှိပါတယ် ယတြာဘုရားမှာပဲဟင်းသို့မဟုတ်ပဲနဲ့ပက်သတ်တဲ့ကပ်လှူဆုတောင်းလိုက်ပါ တနလာ်သားသမီး တနလာ်သားသမီးများဒီကာလမှာတော့အလုပ်သစ်နေရာအသစ် ပြောင်းရွှေ့ကိန်းတွေရှိပါတယ်အိုအိမ်အိမ်သာရေပိုက် ရေပိုက်ရေကန် ပြုပြင် ရတတ်တယ်လုပ်လက်စလုပ်ငန်များပြန်လည်လုပ်ကိုင်နိုင်မယ်လုပ်ငန်းတွေလဲတိုးချဲ့ရတတ်ပါ။ တယ်မိမိရဲ့ဆုံးဖြတ်ချက်တွေကလဲမှန်ကန်နေရတတ်ပါတယ်မေတ္တာရေးမှာအဆင်ပြေလာပါလိမ့်မယ်ချစ်သူမရှိသူချစ်သူရမယ်အရာရာအစမှ ပြန်လည်လုပ်ကိုင်ရတတ်ပါတယ်ဒါပေမဲ့ဒီကာလမှာစိတ်တွေလေနေရတတ်ပါတယ်စိတ်တွေညစ်နေရတတ်တယ်ဂရုစိုက်ပါ။ ယတြာဩဇာသီး၁လုံးဘုရားကပ်၍ဆုတောင်းလိုက်ပါ။ အင်္ဂါသားသမီး အင်္ဂါသားသမီးများဒီကာလမှာဘာလုပ်လုပ်အပြိုင်အဆိုင်အနောက်အယှက်တွေများမယ်အတားအဆီးတွေများမယ်အရာရာတိုင်းမှာနှစ်ခုကဆန်ကျင်နေတတ်တယ်စိတ်နှစ်ခွဖြစ်နေရတတ်တာပေါ့မေတ္တာရေးမှာမကြာခနဆိုသလိုစကားများရန်ဖြစ်ရတတ်ပါတယ်။ နိုင်ငံခြားခရီးထွက်လိုသူများသွားရတတ်ပါတယ်ဘာပဲလိုချင်လိုချင်လွယ်လွယ်ကူကူမရတတ်ပါတယ်မိတ် ဆွေသူငယ်ချင်းဆွေမျိုးမိဘချစ်သူအိမ်ထောင်ဘက်လုပ်ဖော်ကိုင်ဖက်တွေအဆင်မပြေဖြစ်တတ်ပါတယ်ဂရုတော့စိုက်ရမယ်ငွေဝင်ကိန်းတွေတော့ရှိပါတယ်အစွမ်းကုန်ကြိုးစားပါဆင်ပြေလာပါလိမ့်မယ်။ ယတြာဆန်ဖြင့်ငှက်စာကျွေးမွေးပြီးဆုတောင်းလိုက်ပါ။ ဗုဒ္ဓဟူးရာဟုသားသမီး ဗုဒ္ဓဟူး+ရာဟုသားသမီးများစီးပွားရေးလုပ်နေသူတွေအတွက်ဒီကာလမှာ စီးပွားရေးကို နိုင်နိုင်နင်းနင်းလုပ်ကိုင်နိုင်ပါလိမ့်မယ်အပြိုင်အဆိုင်အတားအဆီးမနာလိုသူများ ရှိပါတယ်အမျိုးသမီးတစ်ဦးမှဝင်ရောက်နှောက်ယှက်နေရတတ်ပါ။မေတ္တာရေးမှာတော့အဆင်ပြေလာပါလိမ့်မယ်။ မိမိရဲ့သက်ဆိုင်သူကိုအခုချိန်မှာ စကားကောင်းကောင်းပြောပါချော့ပြောပါဒါဆိုရင်အဆင်ပြေလာပါလိမ့်မယ်ပြည်ပခရီးသွားလိုသူများသွားရတတ်ပါတယ်။ဒီကာလမှာတော့အနည်းငယ်စိတ်လေနေရတတ်ပါတယ်စိတ်ညစ်နေရတတ်ပါတယ်။ ယတြာဇီးသီး၈လုံးဘုရားကပ်၍မိမိလိုသောဆုကိုတောင်းပါမည်သည့်ဇီးသီမဆိုရပါတယ်။ ကြာသပတေးသားသမီး ကြာသပတေးသားသမီးများဒီကာလမှာကြာသပတေးသားသမီးများအဖို့ကံကောင်းလာပြီလို့ပြောလို့ရပါတယ်လုပ်ငန်းတွေတိုးတတ်မယ်လုပ်ငန်းတွေချဲ့ရမယ်စီးပွားရေးနဲ့ပက်သတ်လို့အစွမ်းလုပ်သင့်ပါပြီဒါပေမယ့်ဆုံးဖြတ်ချက်များကိုလေးလေးနက်နက်နဲ့ချပါတစ်ခုခုကိုရွေးချယ်ပါ။ မေတ္တာရေးမှာစန်းပွင့်နေရတတ်ပါတယ်အဆင်ပြေပါလိမ့်မယ်ချစ်သူရှိရင်အိမ်ထောင်ကျတတ်ပြီးချစ်သူမရှိသူချစ်သူရမယ်အိမ်ထောင်ကျပြီးသားသူမျာသားသမီးလိုလားရင်သားသမီးရတတ်ပါတယ်။အဝတ်တန်ဆာများဝင်လာတတ်ပါတယ်လက်ဆောင်ရတတ်ပါတယ်တစ်ခုတည်းကိုပဲဇောက်ချလုပ်ကိုင်ပါ။ ယတြာသပြေ(သို့မဟုတ်)သစ်ခွ၃ညွန့်ဘုရားကပ်လှူ၍ဆုတောင်းပါ ။ သောကြာသားသမီး သောကြာသားသမီးများဒီကာလမှာ ပြောင်းရွှေ့ရကိန်းတွေရှိပါတယ်အလုပ်ပြောင်းအိမ်ပြောင်းခြံပြောင်းနယ်ပြောင်းတွေရှိပါတယ်သတိထားရမှာကဒီကာလမှာစိတ်တွေလေနေရတတ်တယ်အလုပ်ထဲမှာလဲစိတ်မဝင်စားသလိုဖြစ်နေရတတ်ပါ။ မေတ္တာရေးမှာ ပြဿနာအဟောင်းတွေပြန်ပေါ်လာတတ်ပါတယ်ငယ်ရွယ်သူများရည်းစားဟောင်းမှပြန်လည်ဆက်သွယ်ရတတ်ပါတယ်ဘာဖြစ်ဖြစ်ဒီကာလမှာကြိုးစားရင်ကြိုးစားသလောက်ဖြစ်ထွန်းမယ်ပညာရေးနဲ့ပက်သတ်လို့ကောင်းပါတယ်။ အင်တာဗျူးဖြေဆိုသူများအောင်မြင်ရတတ်ပါတယ်ဒီကာလမှာမိမိဘက်ကအကောင်းဆုံးလုပ်ဖို့တော့လိုပါလိမ့်မယ်ယတြာမနက်စောစောဘုရားမှာရေသပ္ပယ်ပါသောက်တော် ရေများကပ်လှူ၍ဆုတောင်းလိုက်ပါ။ စနေသားသမီး စနေသားသမီးများဒီကာလမှာတစ်ခုခုကိုရွေးချယ်ဆုံးဖြတ်ရန်လိုအပ်နေပါပြီမေတ္တာရေးမှာအဆင်မပြေတတ်ပါဘူးအိမ်ထောင်ရှင်များအိမ်တွင်ရေးအဆင်မပြေတတ်ပါဘူးသစ္စာဖောက်ခံရတအချစ်ရေးမှာတ်ပါတယ်ပြတ်ကိန်းတွေတွေ့နေပါတယ်။တရားမဝင်တဲ့ငွေတွေဝင်လာတတ်ပါတယ်။ မြေကိစ္စလုံးဝမကောင်းပါဘူးဒီကာလ မှာလူကြားကြားစကားဝင်ရောက်နောက်ယှက်မဲ့ကာလမျိုးဖြစ်နေပါတယ်ချေးတာ၊ငှားတာ တွေမလုပ်ပါနဲ့တစ်ဦးတစ်ယောက်ပစ္စည်းတစ်ခုခုသို့မဟုတ်ပိုက်ဆံရွှေထည်များလာအပ်ရင်လက်မခံရင်ပိုကောင်းပါတယ်။ ပိုက်ဆံမချေးပါနဲ့လူလိမ်ခံရတတ်ပါတယ်ဒီကာလမှာကြိုးစားပါငွေဝင်ကိန်းလေးတွေတော့ရှိပါတယတြာဝါးမျှစ်ကို သေချာချက်ပြုတ်ပြီးဘုရားအားကပ်လှူဆုတောင်းလိုက်ပါသို့မဟုတ်ဘုန်းကြီးတစ်ပါးပါးအားဆွမ်းဟင်းအဖြစ်ကပ်လဆတောင်းလိုက်ပါ။ ခရက်ဒစ် … Read more