ညအိပ်ချိန်မှာ ဘရာဇီယာချွတ်အိပ်သင့်သလား ?
မိန်းကလေးအချို့က ဘရာဇီယာကိုအချိန်တိုင်း၊အချိန်ပြည့် ဝတ်ထားရတာကိုပဲသက်တောင့်သက်သာ ရှိတယ်လို့ဆိုပါတယ်။ ဘရာ ဇီယာကရင်သားတွဲကျခြင်းနှင့် ရင်သားပုံမကျခြင်းတို့မှ ကာကွယ်ဖို့အတွက်အမြဲဝတ်ထားသင့်တယ်ဆိုပေမယ့်လည်း ညအိပ်တဲ့အခါမှာတော့မဝတ်သင့်ပါဘူးနော်။ ညအိပ်တဲ့အခါမှာ ဘရာဇီယာဝတ်အိပ်ခြင်းကြောင့် ကျန်းမာရေးအတွက် ဘယ်လိုဆိုကျိုးတွေသက်ရောက်နိုင်လဲဆိုတာကို သိရှိနိုင်ဖို့အတွက်ဝေမျှပေးလိုက်ပါတယ်နော်။ ညအိပ်ချိန်မှာတင်းကြပ်နေတဲ့ဘရာဇီယာဝတ်အိပ်ခြင်းကြောင့် သွေးလည်ပတ်မှုကိုအနှောင့်အယှက်ဖြစ်စေပြီး ရင်သားကြီးထွားမှုကိုနှောင့်နှေးစေပါတယ်။ ဒါ့အပြင်ဟော်မုန်းဓာတ်မညီညွတ်ခြင်းကြောင့် စိတ်ခံစားမှုအတက်အကျမြန်ခြင်းစတဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်ပေါ်နိုင်တာကြောင့် ညဘက်အိပ်တဲ့အခါ တင်းကြပ်နေတဲ့ဘရာဇီယာဝတ်ပြီးမအိပ်သင့်ပါဘူးနော်။ ညဘက်ချွေးအလွန်အကျွံထွက်ရတဲ့အကြောင်းအရင်းကလည်း ဘရာဇီယာဝတ်အိပ်သူတွေ ကြုံတွေ့ရတဲ့ပြဿနာတစ်ခုပါပဲ။ ချွေးထွက်လွန်းတာကြောင့် ယာယံခြင်း၊ ဓာတ်မတည့်ခြင်းစတာတွေဖြစ်ပေါ်တတ်တာကြောင့် ကျန်းမာရေးအတွက်သာမက အရေပြားရောဂါအတွက်လည်း ဆိုးကျိုးသက်ရောက်စေနိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်နော်။ ညအိပ်တဲ့အခါမှာ ကျောမှီပြီးအိပ်တာကြောင့် ဘရာဇီယာရဲ့ချိတ်ကလေးတွေက ကျောကိုစူးပြီးအရာကလေးတွေထင်ကျန်ခဲ့ဖူးသလား။ ဒီလိုဖြစ်ခြင်းကြောင့် ကြာလာတဲ့အခါမှာ အသားများနီမြန်းလာခြင်းနဲ့ခြစ်ရာပွန်းပဲ့ရာတွေထွက်ပေါ်လာတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒ့ါအပြင် ညအိပ်တဲ့အခါမှာ သက်တောင့် သက်သာ မဖြစ်ဘဲ ကျပ်နေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ညအိပ်ရာ ဝင်တဲ့ အခါမှာ … Read more