ကမ္ဘာ့ငတ်မွတ်မှု အဆိုးဆုံးကြုံနိုင်တဲ့ ၂၃ နိုင်ငံထဲ မြန်မာကိုထည့်သွင်
ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးမှုဒဏ် ဆိုးဆိုးရွားရွားကြုံရမယ့်နိုင်ငံ ၂၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံကိုလည်း ကုလသမဂ္ဂအဖွဲ့အစည်းတွေက ထည့်သွင်းထားပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) တို့က မတ်လမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ချိန်ကတည်းကဆိုရင် အခုစာရင်းထဲမှာ နောက်ထပ်ခြောက်နိုင်ငံကို ထည့်သွင်းလိုက်တဲ့ထဲ မြန်မာနိုင်ငံလည်း ပါလာတာပါ။ အဲဒီနိုင်ငံတွေမှာ လူသားစာနာမှုအကူအညီတွေ အလျင်အမြန် အရှိန်မြှင့်ပြီး မပေးနိုင်ဘူးဆိုရင် လာမယ့်လေးလအတွင်း ငတ်မွတ်ခေါင်းပါးမှုဒဏ် ပိုပြီးဆိုးရွားလာလိမ့်မယ်လို့ FAO ဂျီနီဗာရုံးအကြီးအကဲ Patrick Jacqueson ကပြောပါတယ်။ “စားနပ်ရိက္ခာ မလုံလောက်မှု ဆိုးဆိုးရွားရွားကြုံနေရတဲ့ လူအများစုကြီးအတွက် ပဋိပက္ခအခြေအနေက အဓိကအကြောင်းရင်းအဖြစ် ဆက်ရှိနေပါတယ်။ ပဋိပက္ခအခြေအနေအပြင် အနီးဆုံးဆက်စပ်နေတာကတော့ လူသားစာနာမှု အကူအညီတွေပေးဖို့ ကန့်သတ်ခံထားရတာဖြစ်ပြီး စားနပ်ရိက္ခာမလုံလောက်မှုကို သိသိသာသာ ပိုပြီးဆိုးရွားစေပါတယ်။ ဒီလေးလအတွင်းမှာ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ဥတုရာသီ … Read more