ဒါတွေကို တကယ်လုပ်ပါ၊ မင်းတစ်သက်လုံး ဘယ်တော့မှ မဆင်းရဲ စေရဘူး…

ဒါတွေကို တကယ်လုပ်ပါ၊ မင်းတစ်သက်လုံး ဘယ်တော့မှ မဆင်းရဲ စေရဘူး… တကယ်ချမ်းသာချင်ရင် ဒါတွေကို တကယ်လုပ်ပါနော် …။ (၁) အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့ ၊ အလုပ် မရွေးပါနဲ့ . . .။ (၂) ချွေတာစုဆောင်း သူဌေးလောင်းတဲ့ ၊ ရသမျှကို အကုန်မသုံးပါနဲ့ တတ်နိုင်သမျှ စုပေးပါ . . .။ (၃) အချိန်ဟူသည် အဖိုးတန်ဆုံးသော အရင်းအနှီးတဲ့ ၊ အချိန်ကို မဖြုန်းတီး ပါနဲ့ ။ အကြိုးရှိစွာ အသုံးချပါ . . .။ (၄) ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးတဲ့ ၊ ကျမ်းမာရေးကို ဂရုစိုက်ပါ ။ ကျန်းမာမှ လည်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ် … Read more

ဝေဖန်တာကို တုံ့ပြန်ဖို့ မလိုပါဘူး၊ ခပ်ပြုံးပြုံးလေးနေ ကြည့်လိုက်ပါ…

ဝေဖန်တာကို တုံ့ပြန်ဖို့ မလိုပါဘူး၊ ခပ်ပြုံးပြုံးလေးနေ ကြည့်လိုက်ပါ… ကိုယ်တိုင်က ဒေါသကြီးတဲ့ အထဲမှာပါတာမို့ ကိုယ့်ကို မဟုတ်မမှန်တာ ပြောတာ၊ ကိုယ့်အပေါ်မတရားလုပ်တာ၊ ကိုယ့်ကို အနိုင်ကျင့်တာ …၊ ကိုယ့်အပေါ် မမုန်မကန်လုပ်လာရင် ဆတ်ဆတ်ထိ မခံတဲ့အထဲမှာ ပါတယ် …။ အထူးသဖြင့် ကိုယ်မှားနေတဲ့အခါ တောင်းပန်ဖို့ ဝန်မလေးပေမယ့် ကိုယ်မှန်နေတာကိုမှ မတော်မတရားတွေပြောလာရင် သိပ်မခံချင်ကြတာ လူတိုင်းဖြစ်မယ်ထင်ပါတယ် …။ ဒါပေမယ့် တကယ်တမ်း ပြန်တွေးကြည့်လိုက်ပါ …။ ကိုယ်က မှန်နေတဲ့သူလေ၊ အဲဒီ့အတွက်ကြောင့်ကို ကိုယ်က အေးဆေးပါပဲ …။ တဖက်လူက မှားနေတဲ့လူမို့ကို ကိုယ့်ကို သဲသဲလှုပ် ရန်ရှာနေတာ ဖြစ်နိုင်တာပဲ မဟုတ်လား …၊ အဲဒါကြောင့် တချို့အမှားတွေ၊ အမှန်တွေက ကိုယ်တိုင် လေးနက်စွိာထားဖို့ပဲ လိုပါတယ် … Read more

ရေသန့်တစ်ခွက်နဲ့တူတဲ့ မိန်းကလေးတွေကို တန်ဖိုးထားကြပါ…

ရေသန့်တစ်ခွက်နဲ့တူတဲ့ မိန်းကလေးတွေကို တန်ဖိုးထားကြပါ… စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန် ညီမလေးလည်း ရေသန့်တစ်ခွက်လိုဖြစ်ပါစေ …။ ရေသန့်တစ်ခွက်နဲ့ တူတဲ့ဖြူစင်တဲ့ မိန်းမတွေဟာ လျစ်လျူရူခံရတာ များပါတယ်။ ရေသန့်ဟာ အရသာကင်းမဲ့ပြီး အရောင်အဆင်း မရှိတတ်ပါဘူး …။ ရေဟာ ဖြူစင်ပါတယ်။ မစင်ကြယ်တဲ့ အရာတွေကိုတောင် စင်ကြယ်အောင် ပံ့ပိုးလျှော်ဖွတ် ပေးနိုင်စွမ်း ရှိပါတယ် …။ ဒါပေမယ့် ရေသန့်တစ်ခွက်နဲ့တူတဲ့ မိန်းမတွေရဲ့တန်ဖိုးကို နားမလည်ကြပါဘူး။ အရောင်အဆင်း အနံ့အရသာတွေနဲ့ ပြည့်စုံနေတဲ့ အချိုရည်လို မိန်းမတွေကြတော့ ဂရုစိုက်ခံရတာ များပါတယ် …။ သူတို့ရဲ့ အရောင်အသွေးနဲ့ အရသာဟာ လူတွေကို စွဲဆောင်မှုတစ်ခုတော့ ပေးကောင်းပေး ပါလိမ့်မယ် …။ ဒါပေမယ့် ဒီအချိုရည်တွေ သောက်သုံးပြီးတဲ့အခါမှာ ပါးစပ်ချဉ်တတ်ကြတာကိုတော့ သောက်သုံးဖူးသွားတဲ့ … Read more

ဒေါသကြီးတတ်တဲ့ ကောင်မလေးကို ချစ်မိနေတယ်ဆိုရင် သိသင့်တဲ့အချက်များ…

ဒေါသကြီးတတ်တဲ့ ကောင်မလေးကို ချစ်မိနေတယ်ဆိုရင် သိသင့်တဲ့အချက်များ… ကျွန်တော့်ကောင်မလေးကို ချစ်ပေမယ့် သူစိတ်ကြီးတာကိုတော့ မကြိုက်ဘူးဆိုတဲ့ ကောင်လေးတွေ ရှိတတ်ပါတယ်။ ကောင်မလေး စိတ်ကျေနပ်အောင် လိုက်လျောအလျော့ပေးရတာများလာရင် ကောင်လေးတွေက ငြီးငွေ့လာတတ် ကြပါတယ် …။ ဒီအချစ်ရေးကိုလည်း အဆုံးမသတ်ချင်ဘဲ ကိုယ့်အပေါ် မကြာခဏ ဆူပူအော်ဟစ်တာ၊ အကြောင်း မရှိအကြောင်းရှာပြီး ရစ်တာတွေကို အဆုံးသတ်ချင်တယ် ဆိုရင် ကြိုးစားကြည့်နိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်နော် …။ သူက ကိုယ့်အပေါ် အရင်ကရော အလိုမကျဖြစ်လေ့ရှိလားဆိုတာ ဆန်းစစ်ကြည့်ပါ။ အရင်က မဖြစ်ပဲ အခုနောက်ပိုင်းမှ ဖြစ်လာတာဆိုရင် ကိုယ့်ကိုယ့်ကိုယ် အရင်မေးကြည့်လိုက်ပါ။ ကိုယ်ကရော တကယ်ပဲ သူ့အပေါ်မှာ စတွေ့တုန်းကအတိုင်း ခံစားချက်ရှိရဲ့လား ဆိုတာကို စဉ်းစားကြည့်ပါ …။ မိန်းကလေးတွေရဲ့ မသိစိတ်က အရမ်းကို ထူးဆန်းတယ်။ ကိုယ်ချစ်တဲ့သူက … Read more

ဒီလိုကောင်မလေးမျိုးကို သင့်ဘဝလက်တွဲဖော်အဖြစ် မြတ်မြတ်နိုးနိုးတွဲပါ…

ဒီလိုကောင်မလေးမျိုးကို သင့်ဘဝလက်တွဲဖော်အဖြစ် မြတ်မြတ်နိုးနိုးတွဲပါ… ကိုယ့်ဘဝရဲ့လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်ပြီဆိုတာနဲ့ သူဟာ ဘဝတစ်ခုလုံးစာနီးပါး အရေးကြီးသွားပါပြီ။ ဒါပေမယ့် ကိုယ့်ရွေးချယ်မှုမှာ လိုအပ်ချက် ရှိမရှိပေါ်မူတည်ပြီး အနည်းနဲ့အများတော့ ဒုက္ခခံ ရ တတ်ပါတယ်။ သိပ်ဆိုးလွန်းတဲ့ ချစ်သူကို ရွေးထားမိရင်လည်း အကြောက်တရားကြီးပြီး မိန်းမတွေကို စိတ်နာသွားတတ်သလို၊ သိပ်ကောင်းလွန်းတဲ့ မိန်းမမျိုးကို ရွေးမိထားရင်လည်း ကိုယ်မကောင်းခဲ့တာတွေ အတွက် ပူပန်ရတတ်ပါတယ်။ အောက်ပါ အချက်တွေ သင့် ကောင်မလေးမှာ ရှိရင်တော့ သူမကို သင့်ဘဝ လက်တွဲဖော်အဖြစ် မြတ်မြတ်နိုးနိုး တွဲသင့်ပါတယ်နော် …။ (၁) သူမက သင်နဲ့အကြိုက်တူတယ်။ သမီးရည်းစားဘ၀ လက်တွဲခိုင်မြဲဖို့အတွက် ဝါသနာတူ၊ အကြိုက်တူ ဖြစ်ချင်းဟာ သိပ်ကို အရေးပါလွန်းပါတယ်။ ဒါကို အများကြီးရှင်းပြနေစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု … Read more

သစ္စာမရှိဆုံး ယောက်ကျား (၄) မျိုး….

သစ္စာမရှိဆုံး ယောက်ကျား (၄) မျိုး…. သိပ္ပံပညာအရ အဖောက်ပြန်တတ်ဆုံး ယောက်ျားအမျိုးအစား (၄)မျိုးရှိတာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ် …။ ဒီအမျိုးအစား လေးမျိုးထဲမှာပါတဲ့ အမျိုးသားတွေနဲ့ ပတ်သက်ဖူးသူတွေကတော့ ဒီတွေ့ရှိမှု မှန်ကန်တာကို သိကြမှာပဲ ဖြစ်ပါတယ် …။ တွေ့ရှိမှုအရ လူမျိုးတွေထဲမှာ ပြင်သစ်လူမျိုးက အဖောက်ပြန်ဆုံးဖြစ်ပြီး ၇၅%သော ပြင်သစ်တွေက ဖောက်ပြန်ကြတယ်လို့ ဝန်ခံထားကြပါတယ် …။ ကောက်ယူထားတဲ့ စစ်တမ်းအမျိုးမျိုးရဲ့ အထောက်အထားတွေအရ သစ္စာမရှိဆုံးယောက်ျားတွေကတော့… (၁) အသက်မှာ ၉ ဂဏန်းနဲ့ ဆုံးတဲ့ယောက်ျား” သိပ္ပံသဘာဝ အကယ်ဒမီက ပြုလုပ်တဲ့ လေ့လာမှုအရ ၉ နဲ့ဆုံးတဲ့ အသက်အရွယ်ကို ရောက်နေတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်တဲ့ …။ ဥပမာ- ၁၉ ၊ ၂၉ … Read more

ယောင်္ကျားလေးတွေ အမြင်မှာ လွယ်တယ်ထင်ရတဲ့ မိန်းကလေးတွေရဲ့ ပုံစံများ

ယောင်္ကျားလေးတွေ အမြင်မှာ လွယ်တယ်ထင်ရတဲ့ မိန်းကလေးတွေရဲ့ ပုံစံများ မိန်းကလေးတွေဆိုတာ သူ့သဘာဝနဲ့ သူ နေကြပေမယ့် ယောင်္ကျားလေးတွေကတော့ အတွေးတွေထဲ သတ်မှတ် ပစ်လိုက်တာတွေ ရှိပါတယ် …။ ဘယ်လိုဆိုရင် ဘယ်လို မိန်းကလေးမျိုးဆိုပြီး အလွယ်တကူ သတ်မှတ် လိုက်တတ်ကြပါတယ်။ ဒါကြောင့်ပဲ ယောင်္ကျားလေးတွေက ဘယ်လို မိန်းကလေး ပုံစံတွေကို လွယ်တယ်လို့ ထင်လေ့ ရှိတယ် ဆိုတာကို ဖော်ပြပေးလိုက် ပါတယ်နော် …။ (၁) အယုံလွယ်တဲ့ မိန်းကလေး” ရိုးသားတဲ့ မိန်းကလေး အများစုက ကိုယ့်ကို လူကောင်းပုံစံမျိုးနဲ့ လာပြောတဲ့ စကားတွေကို လက်ခံယုံကြည်လေ့ ရှိကြပါတယ်။ ဒါက သူတို့မှာ လူတွေကို ယုံကြည်ပေးတတ်တဲ့ အကျင့် ရှိလို့ပါ …။ ဒါပေမယ့်လည်း ကောင်လေးတွေ အမြင်မှာတော့ … Read more

ဆံပင်မသန်တဲ့သူများအတွက် သင့်ဆံပင်ကို သိသိသာသာရှည်လာစေမယ့်နည်းလမ်း…

ဆံပင်မသန်တဲ့သူများအတွက် သင့်ဆံပင်ကို သိသိသာသာရှည်လာစေမယ့်နည်းလမ်း… ပျော့ပျောင်းပြီး ရှည်လျားတဲ့ ဆံနွယ်ကို လိုချင်ကြတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါပဲ …။ ဆံပင်ရှည်နဲ့ မိန်းကလေးတစ်ယောက်က ကျက်သရေ အလွန် ရှိလှပါတယ်။ ပျမ်းမျှအားဖြင့် သင့်ဆံပင်က တစ်လကို လက်မဝက် ထိ ရှည်ပါတယ် …။ ဒါကြောင့် ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်းသုံးမျိုးတည်းနဲ့ သာမန်ရှည်နှုန်း ထက် ၄ ၅ ဆမြန်သွားစေမယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်နော် …။ ၁။ ကြက်ဆူဆီ” ကြက်ဆူဆီက ဆံပင်ပြန်ပေါက်စေပြီး ဆံပင်ကျွတ်တာကို သက်သာစေတဲ့ ဆီတစ်မျိုးပါ …။ ဦးရေပြားပိုးမွှားဝင်ရောက်ခြင်းကို တားဆီးပေးနိုင်တဲ့ ဂုဏ်သတ္တိ ပိုင်ဆိုင်ပါတယ် …။ ကြက်ဆူဆီမှာ ဆံပင်ကို ချော့မွေ့ကာ ပိုသန်မာစေတဲ့ ကီရာတင်ဓာတ်ကို တိုးပွားစေတဲ့ အက်တီအောက်ဆီးဒင့် ကြွယ်ဝစွာ ပါဝင်ပါတယ်။ … Read more

သူဌေး အကြီးစားလက်(လက္ခဏာ)…

သူဌေး အကြီးစားလက်(လက္ခဏာ)… လူအများစုသည် လက်ဝါးပြတ်ဆိုလျှင် အင်မတန်ကြောက် အင်မတန်ရှောင်ကြ၏။ ဘယ်လောက်ထိ ကြုံခဲ့ဖူးသလဲဆိုရင် သူ့သမီးနှင့် ယူမည့်လူ အားလုံးခေါင်းငြိမ့်သဘောတူပြီးမှ လက်ဝါးပြတ်ဖြစ်နေ၍ ခါးခါးသီးသီးငြင်းလိုက်တာမျိုး လက္ခဏာ ဗေဒင်ဟောသက် ၂၂ နှစ်ကျော်အတွင်း သုံးလေးဦး ကြုံခဲ့ဖုးပါတယ် …။ ယခု လက္ခဏာရှင်သည် လက်ဝါးပြတ်ဖြစ်၏။ ပထမအရွယ်မကုန်သေး အသက်ငယ်သေး၏။ သို့သော် ချမ်းသာ၏။ ပြီးခဲ့တဲ့သုံးလေးရက်က ဤပုဂ္ဂိုလ်ကိုဟောဖို့ အလှည့်ရောက်၏။ မန္တလေးမြို့ကြီးမှ ဖြစ်၏ …။ (၁) အနီရောင်ဖြင့် ပြထားသော လက်ဝါးပြတ်ဖြစ်နေသော်လည်း လက်မသည် လက်မတင်းပုတ် ပုတိုတိုလက်မမျိုး မဟုတ်သောကြောင့် လက်ဝါးပြတ်ဟု မသတ်မှတ်ပါ …။ ထို့ပြင် (၂) ထိုလက်ဝါးပြတ်သည် အနက်ရောင်ဖြင့် ဆွဲပြထားသော စိန်သရဖူအကြီးစားဖြင့် အတူ တွဲဖြစ်နေခြင်း၊ အဝါရောင်ဖြင့် ဆွဲပြထားသော အောင်မြင်ကျော်ကြားလမ်းကြောင်း … Read more

ချမ်းသာသူတွေ ဘယ်တော့မှ မလုပ်တဲ့ ငွေနဲ့ ပတ်သက်တဲ့ အမှား(၄)မျိုး…

ချမ်းသာသူတွေ ဘယ်တော့မှ မလုပ်တဲ့ ငွေနဲ့ ပတ်သက်တဲ့ အမှား(၄)မျိုး… ဘယ်သူမဆို ချမ်းသာချင်ကြတာပါပဲ။ ကိုယ်က ချမ်းသာတဲ့ အဆင့် မရောက်သေးရင်တော့ ကြွယ်ဝချမ်းသာသူတွေ ဆီကနေ အတုယူသင့်ပါတယ်။ အထူးသဖြင့် ပိုက်ဆံနဲ့ ပတ်သက်လို့ ချမ်းသာတဲ့ သူတွေ ဘယ်လို သဘောထားကြသလဲ ဆိုတာ သိအောင် လုပ်သင့်ပါတယ်နော် …။ (၁) ချမ်းသာသူတွေက အနာဂါတ်အတွက် ငွေစုဖို့မမေ့ဘူး။ ချမ်းသာကြွယ်ဝသူတွေဟာ ပိုက်ဆံရှိတိုင်း သုံးဖြုန်းနေတာ မဟုတ်ပါဘူး။ သူတို့ဟာ နောင်တစ်ချိန်အတွက် ကြိုစဉ်းစားထားပြီး အနာဂါတ်အတွက် ငွေစုဆောင်း တတ်ကြပါတယ်။ ငွေစုတတ်တဲ့ အကျင့်ကိုလည်း အားပေးကြပါတယ် …။ (၂) ကိုယ့်ကိုယ်ကို ရင်းနှီးမြှပ်နှံကြတယ်။ ပိုက်ဆံချမ်းသာလာသူတွေဟာ ငွေကြေးစုဆောင်းမှုအပြင် ရင်းနှီးမြှပ်နှံမှုလည်း လုပ်ဖို့ မမေ့ကြပါဘူး။ တကယ်တော့ ချမ်းသာကြွယ်ဝသူတွေဟာ ငွေတင် … Read more