ချွေးပေါက်ကျယ်နေလို့အလှပျက်နေတယ်ဆိုတဲ့ နတ်သမီးလေးများအတွက် ချွေးပေါက်ကျဉ်းစေဖို့ အလွယ်ကူဆုံးနည်း

ချွေးပေါက်ကျယ်နေလို့အလှပျက်နေတယ်ဆိုတဲ့ နတ်သမီးလေးများအတွက် ချွေးပေါက်ကျဉ်းစေဖို့ အလွယ်ကူဆုံးနည်း ချွေးပေါက် ကျယ်လို့စိတ်ညစ်နေ ပါသလား။ လုံးဝမညစ်ပါနဲ့။ အခုပြောမယ့် နည်းက ချွေးပေါက်ကျယ်သူတွေကို အကောင်းဆုံး ပြုပြင်ပေး မယ့်နည်းတခု ဖြစ်လို့ ပါ …။ ကြက်ဥအကာကို သုံးရုံပါပဲ။ ပြောစရာတခုရှိတာက နည်းနည်းလက်ဝင်တာပါ။ ကြက်ဥအကာကို ခရင်မ်ပုံစံဖြစ်တဲ့အထိ အဆက်မပြတ်တော့ ခေါက်ပေးဖို့ လိုပါတယ် …။ လိုအပ်တဲ့ ပစ္စည်းတွေက ကြက်ဥအကာ – (၁) လုံး သကြား – ထမင်းစား ဇွန်း (၁) ဇွန်း ဖြစ်ပါတယ် …။ ၁။ လတ်လတ်ဆတ်ဆတ် ကြက်ဥ တလုံးကို ဖောက်ပြီး အကာကို ပန်းကန်လုံး တစ်ခုထဲ ထည့်ပါ။ အဝါနှစ် လုံးဝ မပါစေရပါ …။(အဝါနှစ် ပါရင် … Read more

နေပြင်းပြင်းမှာ သွေးတိုးပြီး ခေါင်းမူးလာလျှင်

နေပြင်းပြင်းမှာ သွေးတိုးပြီး ခေါင်းမူးလာလျှင် သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားေ အာင် ပြုလုပ်နိုင်ကြပါတယ်။ (၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သော က်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။ (၂) သံပုရာသီးကို ခွဲလိုက်ပါ။ အထဲမှာ အစေ့များကို ၅ စေ့ခန့် ဝါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။ (၃) သံပုရာသီး ချက်ချင်းမရနိုင်ပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါသည်။ (၄) ဗန်ဒါရွက်အနု ၃၊၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည် ခွက် … Read more

စနေသားသမီးလေးတွေ အကြောင်းတစေ့တစောင်း…

စနေသားသမီးတွေက လူ့ ဘဝကို စရောက်ပီ ဆို ကတည်းက စိတ်ကြီး တတ်ကြပါတယ်။ ဒေါသဖြစ်ပီ ဆိုရင်လည်း အရာဝတ္ထု တစ်ခုခုနဲ့ ကိုယ့်အသားကို နာကျင်အောင် လုပ်တတ်တယ်(အများစုတော့ မဟုတ်ပါ) …။ ပြောချင်တဲ့ စကားကို သွယ်ဝိုက် မပြောတတ်ပဲ တိုက်ရိုက် ပွင့်ပွင့်လင်းလင်းသာ ပြောတတ်တယ် …။ အစွဲအလန်းကြီးတယ်။ အမှတ်တရတွေကို သတိရနေ တတ်တယ်။ ကိုယ့်အပေါ်ကောင်းတဲ့ လူဆိုရင် လွယ်လွယ်နဲ့ မမေ့တတ် ကြဘူး။ ဒေါသကြီးရင် လည်း သူများနဲ့ မတူအောင်ပါပဲ …။ စိတ်ကြီးတယ် မဟုတ်မခံ တတ်ဘူး။ အချိန်ခနလေးနဲ့ ဒေါသ အရမ်းထွက်တတ်ပေမယ့် ဟုန်းခနဲထတောက်တဲ့ မီးလိုဒေါသတွေ ကခနပဲ ကြာကြာတော့ စိတ်ထဲ မထားတတ်ဘူး။ ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ် …။ … Read more

ပျိုမေတို့သိထားဖို့ ဘဝမှာ အချစ်ထက်အရေးပါတဲ့ အရာ(၇)မျိုး…

ပျိုမေတို့သိထားဖို့ ဘဝမှာ အချစ်ထက်အရေးပါတဲ့ အရာ(၇)မျိုး… ယောက်ျားလေးတွေ ဆိုတာ သူငယ်ချင်းပဲ ဖြစ်စေ ချစ်သူပဲ ဖြစ်စေ၊ မကောင်းတာချည်းပဲတော့ မဟုတ်ပါဘူး။ သင့်ကို တစ်ခါတစ်ရံ ပျော်ရွှင်စေနိုင်သလို အားကိုးရတဲ့ သူတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့မိန်းကလေးတွေ ကတော့ သူတို့ရဲ့ ချစ်သူကောင်လေးေ တွအပေါ်မှာ အသည်းနှလုံး တစ်ခုလုံး ပုံအပ်မိ လိုက်လို့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရတာတွေ ရှိပါတယ် …။ အိမ်ထောင်သည်တွေကတော့ နှစ်ယောက် တစ်ဘဝ ထူထောင်ထားလို့ အပူဆိုတာ တန်သလောက် ရှိကြပေမယ့် လွတ်လပ်နေသေးတဲ့ အမျိုးသမီးလေးတွေကတော့ ချစ်သူယောက်ျားတွေ အတွက် အပူသည်လို ဖြစ်မနေသင့်ဘူးလို့ အကြံပေးပါရစေ …။ ဒါကြောင့် ဘဝမှာ ယောက်ျားတွေ၊ အချစ်တွေထက် အရေးကြီးတဲ့ အရာတွေ အကြောင်း ကို … Read more

တစ်စုံတစ်ယောက်က သင့်ကိုထားရစ်ခဲ့တယ် (သို့) လမ်းခွဲ ချင်တယ်လို့ ပြောလာမယ်ဆိုရင်…

တစ်စုံတစ်ယောက်က သင့်ကိုထားရစ်ခဲ့တယ် (သို့) လမ်းခွဲ ချင်တယ်လို့ ပြောလာမယ်ဆိုရင်… ကျေနပ်စွာ ထွက်ခွာသွားခွင့် ပေးလိုက်ပါ။ ထိုသူကို မိမိအပါး ဆွဲထားတာက ကျားလှောင်အိမ်ထဲမှာ ထမင်းစားနေရ သလိုပါပဲ။ သူကြောင့် စိတ်နဲ့ ခန္ဓာ သောကများတော့မှာကို တွေးပြီးရော ကြောက်စိတ် မဖြစ်ဖူးဘူးလား …၊ ကိုယ့်ရဲ့စိတ်တွေ အားလုံး နှစ်မြုပ်ပြီး တွယ်တာခဲ့ရသူဟာ သူဘက်က ခိုင်လုံတဲ့ အကြောင်းပြချက်အမျိုးမျိုးကို သုံးပြီး ထားသွားရက်တဲ့ အခါ လူ အတော်များများက နာကျည်းစိတ်တွေနဲ့ မေ့ပစ်လိုက်ဖို့ အတင်းကြိုးစား တတ်ကြပါတယ်။ အရမ်းကို မှားယွင်းတဲ့ လုပ်ရပ်ပါ …။ တစ်ကယ်တော့ မေ့ပစ်ဖို့ ကြိုးစား တာဟာ သူ့ကို ပိုသတိ ရနေ စေပါတယ်။ ဒါဟာ မိမိကိုယ်ကို နှိပ်စက်နေတာပါ။ လူတိုင်းက … Read more

အသက် ၁၆နှစ် မှ ၂၄နှစ်အတွင်း မိန်းကလေးများဖတ်သင့်တဲ့ ပို့စ်လေးပါ…

အသက် ၁၆နှစ် မှ ၂၄နှစ်အတွင်း မိန်းကလေးများဖတ်သင့်တဲ့ ပို့စ်လေးပါ… ညီမလေးရေ… လှပတဲ့ မျက်နှာ တစ်ခုက တစ်ချိန်ကျရင် အိုမင်း သွားလိမ့်မယ်။ စွဲမက်စရာ ခန္ဓာကိုယ် ကောက်ကြောင်းတွေကလည်း တစ်ချိန်ကျရင် ပြောင်းလဲ သွားပါ လိမ့်မယ် ……။ ဒါပေမယ့် မိန်းမကောင်း တစ်ယောက် ကတော့ တစ်ချိန်ကျ ရင်လည်း မိန်းမကောင်းပါပဲ။ ဘယ်အချိန်ပဲ ရောက်ရောက် မိန်းမကောင်းပါပဲ နော် …။ ညီမလေးရေ… ဇွဲမလျော့နဲ့ လူတွေ ကတော့ ညီမလေး ပြုံးနေတာထက် ညီမလေး ရှုံးနေတာ မြင်ချင်တဲ့ သူက ပိုများနေတတ်ပါတယ် …။ ညီမလေးရေ… ရည်မှန်းချက်ထား ဒေါ်အောင်ဆန်းစုကြည် ၁၂ အရွယ် ကလေး ဘဝက သူရေး ခဲ့တာလေး တစ်ခု … Read more

ချစ်မိတဲ့အခါ ပျော်ရွှင်ရတာ ဒီလိုအချက်တွေကြောင့်ပါ…

ချစ်မိတဲ့အခါ ပျော်ရွှင်ရတာ ဒီလိုအချက်တွေကြောင့်ပါ… ကမ္ဘာကြီးက အချစ်တွေနဲ့မို့သာ လည်ပတ်နေတာပါ။ အချစ်တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးက အမြဲ ပျော်ရွှင်နေရသလားဆိုတော့ မပျော်ရွှင်ရပါဘူး။ ဒါပေမယ့် အချစ်ကို တွေ့ရှိသွားတဲ့ ချစ်ရတဲ့သူနဲ့ အပြန်အလှန်ချစ်ကြတဲ့သူတိုင်းကတော့ ပျော်ရွှင်မှုကို ခံစားကြရပါတယ်။ ဒီအချက်တွေကနေ ဘာကြောင့် ချစ်မိတဲ့အခါ ပျော်ရွှင်ရလဲဆိုတာကို သိနိုင်မှာပါနော် …။ ချစ်မိလို့… အဓိက အကြောင်းအရင်းကြီးကတော့ ချစ်နေလို့ပါပဲ။ လူတွေက ချစ်စိတ်ဝင်လာတဲ့အခါ ဘယ်လို အကြောင်းအရာမျိုးကိုမဆို အပြစ်မြင်ဖို့ ဝန်လေးလာတာကြောင့် ပိုပြီး အမြင်ကြည်လင်ကြပါတယ်။ အပြစ်မမြင်ပဲ ချစ်စိတ်တွေ ရှိခြင်းကြောင့် ပိုပြီး ပျော်ရွှင်စရာ ဖြစ်ရပါတယ်။ သူ့ကို ကြည့်နေရင်းကို အလိုလို ပျော်နေမိတာမျိုးက ချစ်တဲ့စိတ်ကြောင့် ဖြစ်ပါတယ် …။ နားလည်နိုင်လို့… လူတိုင်းက မပြည့်စုံပါဘူး။ အားနည်းချက်ကိုယ်စီ ရှိတတ်ကြပါတယ်။ … Read more

အုန်းဆီကို အသုံးပြုပြီး ဆံပင်အရှည်မြန်စေမယ့် နည်းလမ်း(၃)ခု

အုန်းဆီကို အသုံးပြုပြီး ဆံပင်အရှည်မြန်စေမယ့် နည်းလမ်း(၃)ခု… စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန် ညီမလေးတို့…မမတို့ရေ…အုန်းဆီကို အသုံးပြုပြီး ဆံပင် အရှည်မြန်စေမယ့် နည်းလမ်း (၃)ခုကို “မိစံ” ပြောပေးပါ့မယ် ……။ ဆံပင်ဆိုတာ ဒုတိယ မျက်နှာပါ။ ဆံပင်ရှည်ရှည်လေးနဲ့ လှနေချင် တာကလည်း “မိစံ”တို့ မိန်းကလေးတိုင်းရဲ့ စိတ်ကူး အိပ်မက်ပဲ ဖြစ်ပါတယ်။ ဆံပင်ရှည် ဘယ်လောက် ပဲကြိုက်ကြိုက် ဆံပင်က ရှည်မလာတဲ့အခါ စိတ်ညစ်ရတတ်ပါတယ်။ ဒီတော့ ဆံပင်အရှည်မြန် ချင်တဲ့ မိန်းကလေးတိုင်း အတွက် အခုပြောပြပေးမယ့် နည်းလမ်းလေးတွေက အရမ်းကို အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် …။ (၁) အုန်းဆီ ၂ ဇွန်းကို အပူပေးလိုက်ပါ။ ရလာတဲ့ အုန်းဆီနွေး ထဲကို သံပုယိုသီး … Read more

ငွေကြေးအလွန် အခက်အခဲ ဖြစ်နေရင် ဖတ်ကြည့်လိုက်ပါ…

ငွေကြေးအလွန် အခက်အခဲ ဖြစ်နေရင် ဖတ်ကြည့်လိုက်ပါ… လက်တွေ့ထိရောက် အောင်မြင်နေသော ယတြာ ကို မျှဝေပေးလိုက် ပါတယ်နော် …။ (1) တနင်္လာနံနက်(6:00 to 7:30)ကြား ရောက်တိုင်း နေအိမ်ဘုရားတွင် နွားနို့ထဲ နှမ်းထည့်လှူ၍ ဆုတောင်းပါ …။ (နို့မှုန့်ဖျော်လှူ လည်းရပါတယ်) (2) ဗုဒ္ဓဟူးနံနက်(10:30 to 12:00)ကြားရောက်တိုင်း နေအိမ်ဘုရားတွင် လက်ဖက်ကို ဆီဆမ်း၍ ဘုရားကပ်လှူပေးပါ …။(အကြော်မထည့်ရ ဆား အချိုမှုန့်ထည့်လို့ရပါတယ်) အကယ်၍ နံနက်မအားပါက ဗုဒ္ဓဟူးည (10:30 to 12:00) ကြား နေအိမ်ဘုရားတွင် လိမ္မော်ရည် ကပ်လှူပေးပါ …။ (3) အင်္ဂါညနေ (4:30 to 7:30) ကြား လူသွားလမ်းပေါ် ငွေ 200 (သို့မဟုတ်) … Read more

တစ်သက်လုံး မကွဲနိင်တော့တဲ့ ချစ်သူစုံတွဲများမှာသာရှိတတ်တဲ့ အချက်(7)ချက်

တစ်သက်လုံး မကွဲနိင်တော့တဲ့ ချစ်သူစုံတွဲများမှာသာရှိတတ်တဲ့ အချက်(7)ချက် ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့ ကွဲချင်ကြမှာ မဟုတ်ပါဘူး။ သို့သော်လည်း တစ်ခါတလေ ကိုယ့်ဘက်က အတည်ပေမယ့် သူ့ဘက်က မတည်တဲ့အခါ မကွဲချင်ပေမယ့်လည်း ကွဲသွားရတဲ့ စုံတွဲတွေ ဒုနဲ့ဒေးပါပဲ …။ ဒါကြောင့် ယခုလက်ရှိ မိမိဘေးမှာ ရှိနေတဲ့ချစ်သူဟာ ကိုယ်နဲ့ တသက်လုံး မကွဲမကွာ ရှိသွားမလားဆိုတာကို သိသာထင်ရှားစေတဲ့ အချက်တစ်ချို့ ရှိပါတယ်။ ကြည့်လိုက်ရအောင်နော် …။ ၁။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်းအမြဲပြောခြင်း” ချစ်တယ်ဆိုတဲ့စကားဟာ Relationship အစမှာပဲ ပြောရမယ့် စကားမဟုတ်ပါဘူး။ နေ့တိုင်းလိုလို အမြဲလိုလို ပြောနေရမယ့် စကားဖြစ်ပါတယ် ….။ တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ်ချစ်ခင်ကြတဲ့ စုံတွဲတွေအတွက်တော့ ချစ်တယ်ဆိုတာဟာ လုပ်ယူပြီး ပြောယူနေရတာမဟုတ်ဘဲ ကိုယ့်ရဲ့ရင်ထဲကအတိုင်း သူ့အလိုလို ဖွင့်ဟမိပါတယ်။ ဒီလိုမျိုး … Read more