သူဌေး ဖြစ်မည့် မှဲပိုင်ရှင်များအတွက် မှဲ့အဟော…
သူဌေး ဖြစ်မည့် မှဲပိုင်ရှင်များအတွက် မှဲ့အဟော… စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန် မျက်ခုံးနှစ်ခုကြားမှဲ့ရှိရင် ထင်ရှားကျော်ဇောမယ်၊ ရက်စက်တတ်မယ်။ နဖူးပြင်တဲ့တဲ့မှာ မှဲ့ရှိရင် ငွေကြေးပြည့်စုံတယ်လို့ အထင်ခံရမယ်။ လက်ယာဘက် မျက်ခုံးမွှေးပေါ် မှဲ့ရှိရင် ချမ်းသာမယ်၊ ဥစ္စာပစ္စည်း ပြည့်စုံမယ်၊လောကီချမ်းသာမှု အပြည့်အစုံ ခံစားရမယ် …။ ဝဲဘက်မျက်ခုံးပေါ် မှဲ့ရှိရင် အသောက်အစားများမယ်၊ လောင်းကစားကလည်း တမ်းတမ်းစွဲပါ။ လက်ယာဘက် မျက်ခုံးမွှေးအဆုံးမှာ မှဲ့ရှိရင်အဖွဲ့အစည်းမှာ အကြီးအကဲဖြစ်ပါမယ် …။ လက်ယာဘက်မျက်ခမ်းအောက်မှဲ့ရှိရင် မျက်နှာပွင့်ပြီး လူချစ်လူခင်များမယ်။ ဝဲဘက်မျက်ခမ်းအောက်မှဲ့ရှိရင် လူမုန်းများမယ်၊ အတိုက်အခံနဲ့အမြဲတွေ့ရမယ်၊ ငယ်စဉ်မှာ ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့မယ်။ အချစ်ရေးနဲ့ပတ်သတ်ရင် သတ္တိရှိမယ်၊ ဇနီးရဲ့ သြဇာလွမ်းမိုးမှုခံရတတ်တယ် …။ လက်ယာဘက်နှာခေါင်းမှာ မှဲ့ရှိရင် သားသမီးအဖတ်မတင်တာ ဖြစ်မယ်။ နှာခေါင်းတည့်တည့် နှာသီးထိပ်ဖျားမှာမှဲ့ရှိရင် အနုပညာလောကမှာ … Read more