ဖြတ်ထိုးဉာဏ်ကောင်းတဲ့ “အပျိူကြီး”
ဖြတ်ထိုးဉာဏ်ကောင်းတဲ့ “အပျိူကြီး” အခါတစ်ပါး၌ ရွာတစ်ရွာတွင် အသက်၄၀ နီးပါးရှိနေပြီဖြစ်သော အပျိုကြီးတစ်ယောက်ရှိလေ၏။ သူ့တွင်ကူဖော်လောင်ဖက်လည်း မရှိချေ။ ထိုအပျိုကြီးမှာ ကိုယ်ပိုင်အိမ်ကြီးတစ်လုံး၌ တစ်ကိုယ်တည်းနေရသောကြောင့် ညအချိန်တွင် အိမ်အနီးနားမှ သူငယ်မလေးများကိုခေါ်၍ အိပ်ရလေသည်။ တစ်ည၌ အဖော်မိန်းကလေးများ အိပ်ရန်မလာသေးမီ ထိုအပျိုကြီးအိမ်သို့ လူတစ်ယောက်ကပ်လာလေသည်။ အပျိုကြီးမှာ အသံကြားသဖြင့် တစ်စောင်းက ချောင်းမြောင်းကြည့်ရှုရာ သူခိုးဖြစ်ကြောင်းကိုအတပ်သိ၍ တစ်ကိုယ်တည်းဖြစ်နေသောကြောင့် ကြောက်ရွံ့မိလေသည်။ အော်လျှင်လည်း သူခိုးထွက်ပြေးသွားသောကြောင့် ဖမ်းမမိပဲနေမည်။ မအော်ပဲနေပါကလည်း မရှိမဲ့ရှိမဲ့စုဆောင်းထားသော မိမိပစ္စည်းများပါသွားတော့မည်။ ထို့ကြောင့်မည်ကဲ့သို့ လုပ်ရမည်ကို စဉ်းစားမရပဲ အကြံရ အတော်ခက်နေလေသည်။ တစ်အောင့်ကြာမှ သူခိုးအားလက်ရဖမ်းဆီးရန် အကြံတစ်ခု ရသွားလေသည်။ ဘထို့ကြောင့် သူသည် ရုတ်တရက်ပြောလိုက်လေသည်။”ဟဲ့ကလေးမတို့ ငါ ပုံပြင်တစ်ပုဒ်ပြောပြမယ် နားထောင်မလား”ထို့နောက် အပျိုကြီးကပင် အသံကိုဖျက်၍” ဟုတ်ကဲ့နားထောင်ချင်တယ် ပြောပြပါ”ဟု ဆိုလေ၏။ ဒါဆိုနားထောင် … Read more