ဟဲဗီးဝိတ်တန်းချန်ပီယံလုပွဲမှာ အနိုင်ရမည့်သူကို ခန့်မှန်းပေးလိုက်တဲ့ အောင်လအန်ဆန်း
ကချင်သားကြီး အောင်လအန်ဆန်းကတော့ မကြာခင်မှာ ထိုးသတ်တော့မည့် အာဂျန်ဘူလာနှင့် အနာတိုလီ မာလီကင်တို့ရဲ့ ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲဟာ အတော်လေးကိုမြိုင်ဆိုင်မည့်ပွဲတစ်ပွဲဖြစ်လာမည်ဟု မှတ်ချက်ပေးခဲ့ပြီး ထိုပွဲမှာ အနိုင်ရရှိမည့်သူကို ဖွင့်ဟသွားခဲ့ပါသည်။ အာဂျန်ဘူလာနဲ့ အနာတိုလီ မာလီကင်တို့ရဲ့ ချန်ပီယံခါးပတ်လုပွဲဟာ အတော်လေးကို နာမည်ကြီးပြီး အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိနေတာ ဖြစ်ပါတယ်။ ယင်းခါးပတ်လုပွဲကို မတ်လ 24 ရက်နေ့တွင် ကျင်းပမည့် ONE FIGHT NIGHT 8 ဟု အမည်ပေးထားသည့် ပြိုင်ပွဲတွင် ခေါင်ပွဲအဖြစ် ထည့်သွင်းထားပြီး စင်ကာပူနိုင်ငံ Indoor Stadium ကွင်းကြီးထဲမှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။ ယင်းပွဲနှင့်ပတ်သတ်ပြီး အောင်လအန်ဆန်းက – ” ဒီပွဲက အတော်လေးကြည့်ကောင်းမယ့်ပွဲတစ်ပွဲဖြစ်လာမှာပါ။ ဖိုက်တာနှစ်ဦးစလုံးက ထိပ်တန်းဖိုက်တာတွေဖြစ်တာနှင့်အညီ ပြိုင်ဆိုင်မှုပြင်းထန်မှာပါ။ ကျွန်တော့်အမြင်အရ ဒီပွဲကို မာလီကင်ကဘဲ အနိုင်ယူသွားမှာပါ။ ဘာလို့ဆို … Read more