လိပ်ပြာလေး ဘယ်ပန်းမှာ နားမလဲရွေးပြီး သင့်အချစ်ရေးအကြောင်းကို ဖတ်ကြည့်ပါ…

လိပ်ပြာလေး ဘယ်ပန်းမှာ နားမလဲရွေးပြီး သင့်အချစ်ရေးအကြောင်းကို ဖတ်ကြည့်ပါ… သင်က လိပ်ပြာလေးတစ်ကောင်ပေါ့…။ ဝဲကာ ဝဲကာနဲ့ ပန်းလေးတွေ ပွင့်လန်းရာကို ရောက်ရှိသွားတယ်။ အဲ့ဒီမှာ ပန်းလေးတွေက အရောင်မတူ၊ အဆင်းမတူ၊ အလှနဲ့ သင်းရနံ့တွေ ကွဲပြားကြပါတယ်။ သင့် အနေနဲ့ ဘယ်ပန်းမှာ ခိုနာမလဲ…။ ဒီစမ်းသပ်ချက်လေးနဲ့ သင့် အချစ်ရေးနဲ့ ပတ်သက်ပြီး အမှန်တရားတစ်ခုကို ထုတ်ဖော်ပြမှာဖြစ်ပါတယ်။ ကဲ ဆန်းကြည့်လိုက်ရအောင်…။ ကဲ ဘယ် ပန်းလေးကို ဓာတ်ကျပါသလဲ… (A) သင်က relationship တစ်ခုထဲမှာ ရှိနေတဲ့အချိန်ဆို ပျော်ရွှင်နေတတ်တယ်။ အကြောင်းမဲ့သက်သက်ကြီး ချစ်မှုရေးရာတွေကို စွဲလမ်းနေတဲ့ သူမဟုတ်ဘဲ ချစ်နေရရုံဖြစ်တယ်ဆိုတဲ့ အမျိုးအစားဖြစ်တယ်။ ကိုယ့်အတွက် စပရှယ်အဖြစ်သတ်မှတ်ထားတဲ့ တစ်စုံတစ်ယောက်နဲ့ ရှိနေရတဲ့အခါမှာ စိတ်ဆန္ဒတွေပြည့်ဝပြီး ပိုပျော်ရွှင်တယ်။ ချစ်သူနဲ့ဆိုအရာကိစ္စ အသေးအဖွဲလေးတွေကအစ … Read more

ဘဝကို အပျော်ရွှင်ဆုံးဖြစ်အောင် တည်ဆောက်နိုင်မယ့် ဖူးစာဖက်ဆိုတာ ဒီလိုမျိုးပါ

ဘဝကို အပျော်ရွှင်ဆုံးဖြစ်အောင် တည်ဆောက်နိုင်မယ့် ဖူးစာဖက်ဆိုတာ ဒီလိုမျိုးပါ ဖူးစာဆိုတာ ကိုယ့်နဲ့သူ ဆုံဖို့ ဖန်လာတဲ့ ကံကြမ္မာတွေ ရှိတာကို ဆိုလိုကြတာပါ။ ဖူးစာဆိုတိုင်း လက်တွဲရတိုင်း ပျော်ရွှင်မှုတွေ ရှိကြတာတော့ မဟုတ်ပါဘူး …။ ပျော်ရွှင်ရတဲ့ ဖူးစာဖက်တွေကတော့ သက်သက် ရှိလို့ နေပါတယ် …။ အမြဲ ပျော်ရွှင်ရတဲ့ သူတွေဆိုတာ မရှိကြပေမယ့်လည်း အတူရှိနေတဲ့အခါမှာ ပျော်တဲ့အချိန်တွေ အများဆုံး ဖြစ်အောင် ဖန်တီးတည်ဆောက်နိုင်တဲ့ စုံတွဲတွေမှာတော့ ဒီလို အချက်တွေ ရှိလို့နေပါတယ်နော် …။ (၁) နားလည်မှု ရှိတယ်..” နားလည်မှု မရှိတဲ့ ဆက်ဆံရေးက ပြဿနာတွေ များနေတတ်ပါတယ်။ သူ ဘာပဲလုပ်လုပ် ကိုယ် ဘာပဲလုပ်လုပ် နားလည်ပေးတတ်တဲ့ …၊ အသိ ရှိနေတာကလည်း နှစ်ယောက်ကြားက … Read more

ယောက်ျားတစ်ယောက်ကိုချစ်မိသွားရင် ဖြစ်ပေါ်လာတတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့အပြုအမူများ…

ယောက်ျားတစ်ယောက်ကိုချစ်မိသွားရင် ဖြစ်ပေါ်လာတတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့အပြုအမူများ… မိန်းကလေးတစ်ယောက်ရဲ့ အချစ်စိတ်ကို နားမလည်သေးတဲ့ ပုရိသတွေအတွက် မိန်းကလေးတစ်ယောက် ယောက်ျားတစ်ယောက်ကို ချစ်မိရင် ဘယ်လိုခံစားရမလည်း ဆိုတဲ့ အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တူတူလမ်းလျှောက်နေရင်း ကောင်လေးဘက်ကို အတင်းတိုးကပ်လာတဲ့အခါ သူမရဲ့လက်ကလေးကို ဆုပ်ကိုင်စေချင်လို့ပဲ ဖြစ်ပါတယ် …။ ချစ်သူဆီက ပွေ့ဖက်မှုကို လိုချင်တဲ့အခါ ရပ်နေရာက မရွှေ့ပဲ ဆန္ဒပြတတ်ကြပါတယ် …။ မိန်းကလေးတစ်ယောက် အသည်းကွဲသွားတဲ့အခါ နောက်သုံးနှစ်လောက်ကြာလို့ ချစ်သူဟောင်းနဲ့ အမှတ်တမဲ့ ဆုံမိတဲ့အထိ အဲ့ဒီ ဝေဒနာကို ခံစားနေတုန်း ဖြစ်ပါတယ် …။ သူမ တိတ်ဆိတ်ငြိမ်သက်သွားတဲ့အခါ ထောင်နဲ့သောင်းနဲ့ချီတဲ့ အတွေးတွေ သူမရဲ့ခေါင်းထဲမှာ ပြေးလွှားနေလေ့ ရှိပါတယ် …။ အငြင်းအခုန် မလုပ်တော့တဲ့အခါ တစ်စုံတစ်ရာကို နက်နက်နဲနဲ စဉ်းစားတွေးတောနေခြင်းပဲ ဖြစ်ပါတယ် …။ မေးခွန်းပေါင်းများစွာ … Read more

ချစ်ရသူတွေနဲ့ပွေ့ဖက်ခြင်းကြောင့် ရလာနိုင်တဲ့ သင်မသိသေးတဲ့ ကျန်းမာရေးကောင်းကျိုးများ ..

မိသားစုအချင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ချစ်ရခင်ရတဲ့သူတွေနဲ့ ပွေ့ဖက်ခြင်းဟာ ရင်းနှီးမှုကို ပြသတဲ့အပြင်ကိုမှ စိတ်ပိုင်ဆိုင်ရာရော၊ ကိုယ်န္ဓာကျန်းမာရေးအတွက် ကောင်းကျိုးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်တဲ့။ ကောင်းစွာအိပ်ပျော်စေတယ် မအိပ်ခင်း ၁၀ မိနစ်အလိုမှာ ပွေ့ဖက်ပေးခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မှုကို ပိုဖြစ်စေတယ်လို့ National Sleep Foundation က ရှာတွေ့ထားခဲ့တယ်ဆိုပြီး Break မှာဖော်ပြထားခဲ့ပါတယ်။ နောက် နေမကောင်းရင်လည်း အဖက်ခံလိုက်ရတဲ့အခါ အမြန်ဆုံးသက်သာစေပါတယ်တဲ့။ ခံစားချက်တွေကို ပြန်လည်ကောင်းမွန်စေတယ် တစ်စုံတစ်ခုကြောင့်ပဲဖြစ်ဖြစ်၊ ဟော်မုန်းတွေမညီမျှလို့ပဲဖြစ်ဖြစ် စိတ်တိုင်းမကျတာတွေ စိတ်ညစ်တာာ ဝမ်းနည်တာ ဒေါသထွက်တာ အစရှိတဲ့ မကောင်းတဲ့စိတ်တွေကိုလည်း ပွေ့ဖက်ခြင်းက ပြေပျောက်စေပါတယ်။ အာရုံကြောတွေကို ဖြေလျော့ပေးတယ် ခပ်တင်းတင်းအဖက်ခံရခြင်းဟာ ဦးနှောက်မှာရှိနေတဲ့ဖိဆီးမှု (stress) တွေကို လျော့ကျစပေါတယ်။ ဒါကြောင့် အာရုံကြောတွေလည်း relax ဖြစ်နိုင်တာပေါ့။ ကိုယ်ခံအားကောင်းစေတယ် Cortisol လို့ခေါ်တု stress … Read more

ရူးခါနေအောင် အချစ်ခံချင်ရင် ကိုယ့်ထက်ငယ်တဲ့ ကောင်မလေးတွေကိုရွေးချစ်ပါ

ရူးခါနေအောင် အချစ်ခံချင်ရင် ကိုယ့်ထက်ငယ်တဲ့ ကောင်မလေးတွေကိုရွေးချစ်ပါ ဘဝမှာ ရူးခါနေအောင်အချစ်ခံချင်တဲ့သူတွေချည်းပါပဲ။ ဒီလိုအချစ်မျိုးဟာလည်း လူတိုင်းဆီက မရနိုင်ပါဘူးနော်။ ကိုယ့်ထက်ငယ်တဲ့ကောင်မလေးတွေကို ချစ်မှပဲရနိုင်မှာပါ။ အကြောင်းရင်းလေးတွေကိုတော့ ပြောပြပေးမယ်နော် …။ (၁) အရမ်း စိတ်ပူတတ်တယ် ဘေဘီလေးတွေဟာ ကိုကိုတွေကို အရမ်းစိတ်ပူတတ်ကြပါတယ်။ ချစ်သူကို ဘာတွေများ လုပ်နေမလဲ၊ အဆင်ရောပြေပါ့မလား၊ ဘယ်သူတွေနဲ့ ရှိမလဲဆိုပြီး အမြဲစိတ်ပူတတ်ကြပါတယ်။ ကိုကိုတွေကို လှမ်းလှမ်း Check နိုင်တာလည်း သူတို့အပြင် နှစ်ယောက်မရှိသလို၊ စိတ်ပူတတ်တဲ့ နေရာမှာလည်း နှစ်ယောက်မရှိကြပါဘူး …။ (၂) အရမ်း ကြင်နာတတ်တယ် ကိုယ့်ထက်ငယ်လို့ သိပ်မချစ်တတ်လောက်ဘူး၊ မကြင်နာတတ်ဘူးလို့တော့ မထင်လိုက်ပါနဲ့နော်။ လူကြီးလေးတစ်ယောက်လို စိတ်ရှည်သည်းခံပြီး ကြင်နာတတ်တာလည်း သူ့အပြင်နှစ်ယောက် မရှိပါဘူး။ သူကတောင် သင့်ကို ကလေးလေးတစ်ယောက်လို ပြန်ချစ်ပေး၊ ကြင်နာပေးလိုက်လို့ တဖြုတ်ဖြုတ်ကြွေပြီးရင်း … Read more

ချစ်သူသက်တမ်း ၃ နှစ်ပတ်ဝန်းကျင်မှာ အတွဲတွေ ဘာကြောင့် ပြတ်လေ့ရှိတာလဲ …

ချစ်သူသက်တမ်း ၃ နှစ်ပတ်ဝန်းကျင်မှာ အတွဲတွေ ဘာကြောင့် ပြတ်လေ့ရှိတာလဲ … ချစ်သူဖြစ်ခါစ တစ်နှစ်လောက်အထိကတော့ သာယာမယ်၊ ကြည်နူးမယ်၊ စိတ်ချမ်းသာမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ် ။ ဒါပေမဲ့ တွဲလာတာ နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကြာလာပြီး ချစ်သူသက်တမ်း ၃ နှစ်လောက်ရောက်လာတာနဲ့ တဖြေးဖြေးအေးစက်မှုတွေဖြစ်လာကာ နောက်ဆုံး ပြတ်သွားနိုင်တဲ့အထိ ဖြစ်သွားတတ်တာ ဘာကြောင့်လဲဆိုတာ သိပါလား။ (1) တစ်ယောက်အကြောင်းတစ်ယောက်သိလာလို့ ရည်းစားမဖြစ်ခင်တုန်းက တစ်ယောက်အကြောင်းတစ်ယောက် သိပ်မသိဘဲ တွဲလိုက်မိမယ်။ လူအကြောင်း ပေါင်းကြည့်မှသိဆိုတာမျိုးပဲ သူ့ရဲ့စိတရင်းအမှန်တွေ၊ အကျင့်တွေကို သိလာရတဲ့အခါမှာ ကိုယ့်ဖက်က မကြိုက်တော့တာတွေဖြစ်လာကာ စိတ်ညစ်လာတဲ့အတွက် အဆင်မပြေကြတော့တာပါ။ (2) သည်းမခံနိုင်တော့လို့ အကျင့်ဆိုးတွေအပြင် ကိုယ်စိတ်တိုင်းမကျတဲ့ အကျင့်နဲ့စိတ်နေစိတ်ထားတွေကို တဖြေးဖြေးသိလာခဲ့ပေမယ့် ကြားထဲ သည်းခံလာခဲ့မိမယ်၊ နှစ်ယောက်သား ငြှိနှိုင်းလာခဲ့မယ်။ ဒါပေမဲ့လည်း ၁ … Read more

ရင်နင့်အောင် ချစ်ခဲ့ဖူးသူတွေသာ သိရှိ ခံစားနိုင်မယ့် အဖြစ်အပျက်များ

ရင်နင့်အောင် ချစ်ခဲ့ဖူးသူတွေသာ သိရှိ ခံစားနိုင်မယ့် အဖြစ်အပျက်များ ချစ်တယ်ဆိုတာက ကြိုက်တာနဲ့ လုံးဝ မတူတာကို ချစ်ဖူးသူတိုင်း သိကြပါတယ်။ ဘယ်လို စကားလုံးနဲ့ ပြောပြရမယ် မသိလောက်အောင် ကွာခြားပါတယ်။ ချစ်ဖူးသူတွေရဲ့ ခံစားချက်ကို မချစ်ဖူးတဲ့သူတွေကတော့ အထူးအဆန်း ဖြစ်နေကြမှာပါ။ ရည်းစားတွေ ဘယ်လောက်ထားထား ချစ်ဖူးချင်မှ ချစ်ဖူးကြတာပါ။ ချစ်ဖူးတဲ့သူဆိုရင်တော့ ဒီလို အခြေအနေတွေကို သိပြီး ကိုယ်ချင်းစာတတ်ကြပါတယ်။ (1) စိတ်လှုပ်ရှားတာ ချစ်မိသွားတဲ့ သူတစ်ယောက်က ကိုယ်ချစ်ရသူနဲ့ အရမ်း မရင်းနှီးသေးတဲ့ အချိန်မှာဆို အရမ်း စိတ်လှုပ်ရှားရပါတယ်။ စကားလုံးနဲ့ ဖော်ပြလို့ မရတဲ့ စိတ်လှုပ်ရှားမှုက ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုနဲ့ လုံးဝ မတူပါဘူး။ ဘာမျှော်လင့်ထားလဲ မေးရင် ဘာမှ မျှော်လင့်ထားလို့ မဟုတ်ဘဲ ကိုယ့်ရှေ့မှာ … Read more

မကြာခဏ စိတ်ဆိုးစိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေးတွေ ရမယ့် ဆိုးကျိုး (၅) ခု

မကြာခဏ စိတ်ဆိုးစိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေးတွေ ရမယ့် ဆိုးကျိုး (၅) ခု မိန်းကလေးတွေရဲ့ သဘာဝကိုက စိတ်ဆိုးစိတ်ကောက် လုပ်တတ်တာမျိုး ပါလာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိန်းကလေးတိုင်းကတော့ စိတ်ဆိုးစိတ်ကောက်တာမျိုး မလုပ်ကြပါဘူး။ မကြာခဏ စိတ်ဆိုးစိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေးတွေကတော့ သူများတွေထက် ထူးခြားနေတတ်သလို သူများတွေ မရတဲ့ ဆိုးကျိုးတွေလည်း ရနေတတ်ပါတယ်။ ဘယ်လိုဆိုးကျိုးတွေလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော် …။ (၁) ပူလောင်တယ်” စိတ်ဆိုးတယ်ဆိုတည်းက ကိုယ့်စိတ်မှာ အလိုမကျတာ တခုခု ဖြစ်သွားလို့ ဖြစ်ပါတယ်။ စိတ်ဆိုးတယ်ဆိုတာ စိတ်ဆိုးသင့်တဲ့အရာ ဟုတ် မဟုတ် စစ်ဆေးပြီးမှ စိတ်ဆိုးရင်တော့ သဘာဝကျပါတယ်။ ဒီလို မဟုတ်ဘဲ ကိုယ့်စိတ်အလိုအတိုင်း မဖြစ်တာနဲ့ စိတ်ဆိုးနေရင်တော့ စိတ်ဆိုးခံရသူထက် သင်ပဲ အရင်ဆုံး ပူလောင်နေရတာ ဖြစ်ပါတယ် … Read more

ရှားပါးစာရင်းဝင် ချစ်သူ လက္ခဏာ (၅) မျိုး

ရှားပါးစာရင်းဝင် ချစ်သူ လက္ခဏာ (၅) မျိုး ရှားပါးစာရင်းဝင်ဖြစ်တဲ့ ချစ်သူ လက္ခဏာ (၅) မျိုးကို ဖေော်ပြပေးပါမယ်။ ဒီလိုလူမျိုးတွေ့ရင် လုံးဝ လက်လွတ်မခံပါနဲ့နော် …။ အချစ်စစ် ဆိုတာ တဖြည်းဖြည်း ရှားပါးလာတာနဲ့ အမျှ သင့်ကို စိတ်ရင်းအမှန်နဲ့ ချစ်တဲ့သူ၊ ဘာအကျိုးကိုမှ မမျှော်ကိုးပဲချစ်တဲ့သူ၊ သစ္စာရှိရှိ ချစ်တဲ့သူဆိုတာ တကယ်ကို ရှားပါးလာမှာပဲ ဖြစ်ပါတယ် …။ တကယ်လို့ ခုဖော်ပြတဲ့ အချက်တွေနဲ့ ကိုက်ညီနေတဲ့ ချစ်သူ မျိုးကို ပိုင်ဆိုင်ထားရတယ် ဆိုရင်တော့ သင်ဟာအရမ်းကို ကံကောင်းတာကြောင့် လက်လွှတ်မခံပါနဲ့လို့ ပြောပါရစေ …။ (၁) သင့်ဆီက ဘာမှ မမက်မောဘူး” ဒီလို မိန်းကလေး မျိုးဟာ သင့်ရဲ့ နောက်ကြောင်းတွေ၊ ကျောထောက်နောက်ခံတွေ၊ သင့်ရဲ့ဂုဏ်တွေ၊ … Read more

ရိုးသားမှုကို မြတ်နိုးတဲ့ သူတွေမှာသာ ရှိတတ်တဲ့ အားနည်းချက်များ

ရိုးသားမှုကို မြတ်နိုးတဲ့ သူတွေမှာသာ ရှိတတ်တဲ့ အားနည်းချက်များ ရိုးသားမှုဆိုတာ ဂုဏ်တစ်ခုပါပဲ။ ဒီလို ရိုးသားမှုမျိုးက လူတိုင်းမှာ မရှိနိုင်လို့ ရိုးသားသူတွေက လေးစားစရာ ကောင်းလှပါတယ်။ ဒါပေမယ့်လည်း အဆိုးနဲ့ အကောင်း ဒွန်တွဲနေသလို ရိုးသားတာကပဲ အားနည်းချက် ဖြစ်သွားတတ်ပါတယ်။ ရိုးသားမှုကြောင့် ဘယ်လို အားနည်းချက်တွေ ဖြစ်သွားတတ်လဲ ဆိုရင်… (1) အလိမ်ခံရမယ် ရိုးသားတဲ့သူတွေရဲ့ အကျင့်တစ်ခုက စိတ်ခံအတိုင်း တွေးကြတာပါ။ ကိုယ့်လို ရိုးသားမယ် ထင်ပြီး ဟန်ဆောင်တာတောင် မရိပ်မိတတ်ကြပါဘူး။ အဖြောင့်အတိုင်း အမှန်အတိုင်း တွေးတတ်တာက လိမ်ချင်သူတွေအတွက်တော့ သဘောကျစရာ အချက် ဖြစ်နေတတ်ပါတယ်။ (2) ပစ်မှတ်ထားခံရမယ် မကောင်းတဲ့သူတွေက ဘယ်တော့မှ သူတို့လိုလူတွေနဲ့ လည်တဲ့သူတွေကို ပစ်မှတ် မထားကြပါဘူး။ ရိုးသားတဲ့သူ၊ မသိနားမလည်တဲ့သူနဲ့ နုံအသူတွေကိုသာ … Read more