သင့်အချစ်တွေကို ချစ်သူကဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုတာသိနိုင်မယ့် အချက်(၁၀)ချက်…

သင့်အချစ်တွေကို ချစ်သူကဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုတာသိနိုင်မယ့် အချက်(၁၀)ချက်… ကိုယ့်ကို ချစ်ပြီးတော့ ကိုယ့်ရဲ့အချစ်ကို ချစ်သူကတန်ဖိုးထားတာကို မိန်းကလေးတိုင်းမျှော်လင့်ကြပါလိမ့်မယ် …။ ဒါပေမယ့် ကိုယ်ကပေးလိုက်တဲ့ အချစ်တွေကို သူ့ဖက်ကတကယ်ပဲ တန်ဖိုးထားရဲ့လားဆိုတာ တိုင်းတာဖို့အတွက်ကတော့ ခက်ခဲနိုင်ပါတယ် …။ တကယ်လို့ ယခုလို အချက်တွေသာ သင့်ရဲ့ချစ်သူဆီမှာ မြင်တွေ့ရမယ်ဆိုရင် သင့်ကိုသူဘယ်လောက်ထိ မြတ်မြတ်နိုးနိုးတန်ဖိုးထားတယ်ဆိုတာကို သိရှိနားလည်ပါလိမ့်မယ်နော် …။ ၁။ ဒီကမ္ဘာပေါ်က အခြားယောက်ျားတွေနဲ့ မတူတဲ့အကြည့်နဲ့ သင့်ကိုကြည့်တတ်တယ်” မျက်လုံးဟာ နှလုံးသားရဲ့ တံခါးပေါက်တချပ်ဆိုရင် မမှားပါဘူး။ တကယ်လို့ သင့်ချစ်သူက သင့်အပေါ်ဘယ်လိုခံစားချက်မျိုးရှိတယ်ဆိုတာကို သိချင်ရင်တော့ သူ့ရဲ့မျက်လုံးတွေကနေတဆင့် ရှာဖွေ့ဖို့ကို အကြံပြုချင်ပါတယ် …။ သူသင့်ကိုကြည့်တဲ့အခါတိုင်း သင့်ရဲ့နှလုံးသားက ဖော်မပြတတ်တဲ့ နွေးထွေးတဲ့ခံစားချက်တွေကို အလိုလိုခံစားနေရတယ်ဆိုရင် သူသင့်ကိုအရမ်းတန်ဖိုးထားတာ သိသာနေပါပြီ …။ ၂။ သင့်ရဲ့အပြုံးအတွက် အရာရာကိုဂရုစိုက်တတ်သူ” … Read more

အခုသင့်နားကချစ်သူမှာ ဒီအချက်(၄)ချက်ရှိရင် လက်လွှတ်မခံလိုက်နဲ့နော်…

အခုသင့်နားကချစ်သူမှာ ဒီအချက်(၄)ချက်ရှိရင် လက်လွှတ်မခံလိုက်နဲ့နော်… မိန်းကလေး တစ်ယောက်က သင့်ကို တကယ် ချစ်မိသွားပြီဆိုရင် သစ္စာ ဆိုတာ သင်မတောင်းလည်း သူ့ဖက်ကနေ ပေးပြီးသားပါပဲ …။ သစ္စာရှိပြီး ဘယ်တော့မှ ဖောက်ပြန်မှာ မဟုတ်တဲ့ ချစ်သူကို သင်ပိုင်ဆိုင်ထားတာကြောင့် သင်အရမ်း ကံကောင်းပါတယ် …။ တကယ်လို့ သင့် ချစ်သူဟာ အခုဖော်ပြပေးတဲ့ အချက် တော်တော်များများနဲ့ ကိုက်ညီနေရင်တော့ သင့်အပေါ် အရမ်းချစ်ပြီး ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်တော့ပါဘူးနော် …။ ၁။ ရည်းစားရှိတာကို ယောက်ျားလေးတွေရှေ့မှာ ဖုံးကွယ်မထားဘူး” သူများတွေ၊ အထူးသဖြင့် ယောက်ျားလေး တွေက သူ့ကို ရည်းစားရှိလားလို့ မေးတဲ့ အခါမျိုးမှာ ရှိတယ်လို့ ပြတ်ပြတ်သားသား ပြောပြရဲတဲ့အပြင် ဘယ်သူ ဘယ်ဝါလို့ ပြောဖို့တောင် ဝန်မလေးတဲ့သူမျိုးပါ … Read more

ငါတို့နှစ်ယောက် ပြန်တွေ့ကြတဲ့ အခါ…

ငါတို့နှစ်ယောက် ပြန်တွေ့ကြတဲ့ အခါ… နင့်ရဲ့ဘေးမှာ နင့်အချစ်ဆုံး ရှိနေပြီးဖြစ်သလို ငါ့ရဲ့ဘေးမှာလည်း ငါနဲ့ အသင့်တော်ဆုံးသူ ရှိနေပြီ …။ နင့်အချစ်တွေ သူ့အတွက် ပုံအောပြီးသလောက် ငါ့အချစ်တွေကို (တစ်ချိန်ကချစ်သူ ကို ပုံအောပြီးချစ်ခဲ့သလိုမျိုး) သူ့အပေါ် ပုံအောနိုင်ဖို့ ကြိုးစားနေတုန်း …။ နင်ကတော့ သူ့ဆီက နားလည်မှုတွေ ယူနေချိန်မှာ ငါကတော့ သူ့ဆီက နားလည်မှုကော နွေးထွေးမှုတွေပါ ရယူပြီးနေပြီ။ ဒါပေမယ့် ငါမပျော်သလိုပဲ …။ နင်က နင့်အတွက် ချစ်သူကို ရှာဖွေတွေ့ရှိချိန်မှာ ငါ့မှာလည်း ငါ့ရဲ့ ဖူးစာဘက်ရှိနေပြီ …။ နင့်အချိန်တွေကို သူ့အတွက်ပေးပြီး ပျော်ရွှင်နေသလောက် သူ့အချိန်တွေကို ငါ့အတွက်ပေးလာတာတွေ့တိုင်း နင်သာဆိုတဲ့ အတွေးနဲ့ ဒဏ်ရာဟောင်းက ရိုက်ခတ်နေတုန်းပါ …။ နင်က အဖြစ်ချင်ဆုံးတွေနဲ့ ဘဝကိုဖြတ်သန်းနေချိန်…ငါကတော့ … Read more

အချစ်စစ်နဲ့ တွေ့ရှိသွားသူတိုင်းရရှိလာမယ့် ခံစားမှု(၅)မျိုး…

အချစ်စစ်နဲ့ တွေ့ရှိသွားသူတိုင်းရရှိလာမယ့် ခံစားမှု(၅)မျိုး… လူတစ်ယောက်အကြောင်းက အကြောင်းမရှိပဲ ခေါင်းထဲရောက်ရောက်လာရင်၊ ဆုံမိရင် ရင်ခုန်နေတာမျိုး ဆိုရင် အဲ့တာဟာ အချစ်ပါ …။ အချစ်စစ်ဆိုတာ ဖန်တီးယူလို့ရတဲ့အရာ မဟုတ်သလို အတင်းလုပ်ယူလို့ရတဲ့ အရာမျိုးလည်း မဟုတ်ပါဘူး …။ သင့်ကိုယ့်သင်ထက် ချစ်ရမယ့် သူမျိုးကို တွေ့နေပြီးဆိုရင် သင်ဟာ အချစ်ကို တွေ့နေပါပြီ။ သင်အချစ်ကို တွေ့ပြီဆိုရင်တော့ ဒီလိုမျိုးပြောင်းလဲလာမှာပဲ ဖြစ်ပါတယ်နော် …။ (၁) ခံစားချက်တွေ နားလည်လာမယ်” စုံတွဲတိုင်းမှာတော့ နားလည်မှုရှိမှ ပျော်ရွှင်ရတဲ့ ချစ်သူဘ၀ကို ပိုင်ဆိုင်ရမှာပါ။ တစ်ယောက်ဘက်က ချည်းနားလည်ပေးနေလို့ မရပါဘူး …။ တစ်ယောက်က နားလည်ပေးတဲ့အချိန် တစ်ယောက်က အလိုက်သိနေပေးရမှာပါ …။ တကယ်ကို အချစ်စစ်နဲ့တွေ့ရှိသွားတဲ့ စုံတွဲတွေကတော့ ချစ်သူက စိတ်တွေညစ် ၊ စိတ်ပင်ပန်းနေတဲ့ … Read more

အနေဝေးတဲ့ ချစ်သူတွေ နှလုံးသားချင်းပါဝေးသွားနိုင်တဲ့ အဓိကအကြောင်းအရင်းများ…

အနေဝေးတဲ့ ချစ်သူတွေ နှလုံးသားချင်းပါဝေးသွားနိုင်တဲ့ အဓိကအကြောင်းအရင်းများ… အနေဝေးရင် သွေးအေးတယ်ဆိုတာကို တကယ် လက်ခံကြလား၊ အနေဝေးနေတဲ့ ချစ်သူတွေအနေနဲ့ အမြဲတမ်း အဆက်အသွယ်တွေမပြတ်ရှိနေဖို့ လိုအပ်ပြီး သွေးမအေးသွားအောင် နေ့တိုင်းဆက်သွယ်နေဖို့ လိုပါတယ် …။ လူတွေဟာ အနေဝေးရင် သွေးအေးသွားတတ်တယ်ဆိုတာ တကယ်ပါ။ ဒီလို အချက်တွေကြောင့် အနေဝေးတဲ့ ချစ်သူတွေ တဖြည်းဖြည်း ဝေးကွာသွားရ စေတတ်ပါတယ်နော် …။ (၁) ကောင်းမွန်တဲ့ အဆက်အသွယ်မရှိတာ” ရှေ့ကပြောခဲ့သလိုပဲ အနေဝေးနေတဲ့ ချစ်သူတွေအနေနဲ့ သွေးမအေးသွားရအောင် နေ့စဉ်နေ့တိုင်း အဆက်သွယ်တွေ အမြဲလုပ်ဖို့ လိုအပ်ပါတယ်။ တကယ့်လို့ အဆက်အသွယ်တွေ နည်းပါးခဲ့မယ်ဆိုရင် တဖြည်းဖြည်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားစေပြီး နောက်ပိုင်းမှာ လုံးဝအဆက်အသွယ်မရှိတော့ပဲ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ တစ်ခန်းရပ်သွားနိုင်ပါတယ်။ ဒါကြောင့် အနေဝေးသူတွေအနေနဲ့ အဆက်အသွယ်များများ … Read more

မိန်းကလေးတစ်ယောက်က သူ့ချစ်သူကောင်လေးကို အရမ်းချစ်မိသွားတဲ့အခါ…

မိန်းကလေးတစ်ယောက်က သူ့ချစ်သူကောင်လေးကို အရမ်းချစ်မိသွားတဲ့အခါ… မိန်းကလေးတစ်ယောက်က သူ့ချစ်သူ ကောင်လေးကို အရမ်း ချစ်မိသွားတဲ့အခါ ဆေးလိပ်မသောက်နဲ့ ကွမ်းမစားနဲ့ အရက်မသောက်နဲ့ ဆေးမချနဲ့ လောင်းကစားမလုပ်နဲ့ စသဖြင့် မကောင်းတာတွေ မလုပ်ဖို့ပြောကောင်းပြောပါလိမ့်မယ်။ အဲ့ဒီလို ပြောတယ်ဆိုတာ သူ့ကို ကိုယ်က အထင်သေးလို့ မဟုတ်ဘူး၊ ရွံလို့လည်း မဟုတ်ပါဘူး..။ ဘေးလူတွေအမြင်မှာ ပေပေတေတေကောင်လေးနဲ့ တွဲတယ်ဆိုပီး သူ့သိက္ခာကျမှာ စိုးလို့လဲ မဟုတ်ပါဘူး။ သူများကြိုက်တဲ့ အရာကို ချုပ်ချယ်တာမျိုးလည်း မဟုတ်ပါဘူး …။ တကယ်လို့ အဲ့ဒါတွေက ဘာဆိုးကျိုးမှ မရှိဘူး၊ လူကို အန္တရာယ်မပေးခဲ့ဘူး၊ အသက်မတိုဘူးဆိုရင် အတူတွဲသောက် အတူတွဲစားဖို့တောင် ဝန်လေးမှာ မဟုတ်ပါဘူး …။ တကယ်တော့ အဲ့ဒါတွေ လုပ်ခဲ့ရင် ရောဂါတွေရပီး သူနဲ့အတူ အသက်စေ့ မနေရပဲ လူ့လောကထဲက … Read more

မိန်းကလေးတွေ အချစ်ရေးမှာလုပ်မိတတ်ကြတဲ့ အမှား(၆)ခု…

မိန်းကလေးတွေ အချစ်ရေးမှာလုပ်မိတတ်ကြတဲ့ အမှား(၆)ခု… လူတိုင်း တစ်နေ့တာမှာ မလွှဲမသွေ ကြုံရတဲ့အထဲမှာ အချစ်ရေးကလည်း ပါဝင်နေပါတယ် …။ လူနှစ်ယောက် ချစ်တယ် ဆိုတာထက် အချစ်ရေးမှာ ရှုပ်ထွေးနေတဲ့ အရာတွေ အများကြီး ရှိပါတယ် …။ မိန်းကလေးတွေ အများစုကတော့ အချစ်ရေးနဲ့ ပတ်သတ်ရင် စိတ်နုပြီး အမှားတွေလည်း လုပ်မိနေတတ်ကြပါတယ်နော် …။ မိန်းကလေးတွေ အများစု အချစ်ရေးမှာ လုပ်မိနေတတ်တဲ့ အမှားတွေကတော့…. ၁။ အလျင်စလိုနိုင်ခြင်း။ ခေတ်ကာလတွေ ပြောင်းလဲလာတဲ့အခါမှာ ယောင်္ကျားလေးတွေရဲ့ အချစ်ရေးဆိုတဲ့ ပုံစံတွေက ပြောင်းလဲလာပါတယ် …။ ဒီလို ပြောင်းလဲမှုမှာ လွယ်လွယ် ချစ်ခွင့်ပန်တတ်တဲ့ သူတွေလည်း ပိုပြီး များလာပါတယ် …။ တစ်ယောက်ပြီး ချစ်ခွင့်ပန်နေတတ်တဲ့ ကောင်လေးက အွန်လိုင်းမှာ ကိုယ့်ကို ချဉ်းကပ်ပြီး … Read more

ကိုယ့်ကိုထားသွားတဲ့ သူတစ်ယောက်ကို သေလောက်အောင်လွမ်းနေရင် ဒါတွေလုပ်ပါ…

ကိုယ့်ကိုထားသွားတဲ့ သူတစ်ယောက်ကို သေလောက်အောင်လွမ်းနေရင် ဒါတွေလုပ်ပါ… ကိုယ့်ကိုထားသွားတဲ့သူတစ်ယောက်ကို သေလောက်အောင် လွမ်းနေရင် ဒါတွေလုပ်ပြီး မေ့ပစ်လိုက်ပါ …။ ကိုယ့်ဘေးနားမှာ မရှိတော့တဲ့သူတစ်ယောက်၊ ကိုယ့်ကို ထားသွားတဲ့ သူတစ်ယောက်ကို သေလောက်အောင်လွမ်းနေတတ်ကြတယ်။ အဲ့လိုအချိန်တွေက ခံစားရ အခက်ဆုံးပါ …။ သတိရလွန်းလို့ ငိုမိရင်လည်း ငိုမိမယ်။ ဒီအချိန်တွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ဒီအချက်လေးတွေကို လုပ်ကြည့်လိုက်ပါ …။ အိမ်မှာချည်းပဲ မနေပါနဲ့…တစ်စုံတစ်ယောက်ကို သတိရနေတာက အိမ်မှာပဲ တံခါးလော့ချပြီး နေနေလို့ပါ …။ အဆိုးဆုံးကတော့ အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်ထားတာပါပဲ။ အိမ်မှာနေနေရင် ပိုပြီးသတိရတတ်ပါတယ် …။ အဲဒါကြောင့် တစ်စုံတစ်ယောက်ကို သတိမရအောင်ဆိုရင် အပြင်ထွက်ပေး၊ GYM ဆော့ပေးပါ။ အိမ်မှာပဲ နေလိုက်ရင် တစ်စုံတစ်ယောက်ကို သတိရတဲ့စိတ်က ပိုပြီး တိုးလာရုံပဲ ရှိမှာပါ … Read more

သင့်ကို တကယ်ချစ်တဲ့ယောက်ျားလေးဆိုတာ ဒီလိုမျိုးပါ…

သင့်ကို တကယ်ချစ်တဲ့ယောက်ျားလေးဆိုတာ ဒီလိုမျိုးပါ… ဒီလို ယောကျာ်းလေးမျိုးကို ပိုင်ဆိုင်ခွင့် ရခဲ့ရင် သင်ဟာ အရမ်းကံကောင်းပါပြီ …။ တကယ်ချစ်တဲ့ ယောက်ျားဆိုတာ… အခမ်းနားဆုံး မဖြစ်နိုင်ရင်တောင် အကောင်းဆုံးတော့ သင့်အတွက် ကြိုးစား ဖန်တီးပေးနေ ပါလိမ့်မယ် …။ သူ့ ဘ၀ ရဲ့ ပျော်စေတဲ့ကိစ္စ ရှိလာခဲ့ရင် အရင်ဦးဆုံး သတိရမိသူက သင်ပါပဲ …။ သုံးနေကျ Password ဖွင့်ပြောပြတာမျိုး ရှိပါလိမ့်မယ် …။ လျှိဝှက်ချက် ဆိုတာ သူနဲ့ သင့်ကြား မထားတတ်တော့ပါဘူး …။ အနာဂါတ် အစီအစဉ် တစ်ခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ် …။ အပိုငွေ ကုန်ပေါက်တွေ ၊ အပျော်အတွက် ငွေကြေးသုံးစွဲတာတွေ လျော့ပြီး သင့်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးဖို့ … Read more

ယောကျာင်္းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကိုတကယ်ချစ်ရင် ဒီပိုစ့်ကို ဖတ်ဖြစ်အောင်ဖတ်သွားပါ

ယောကျာင်္းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကိုတကယ်ချစ်ရင် ဒီပိုစ့်ကို ဖတ်ဖြစ်အောင်ဖတ်သွားပါ တကယ်ချစ်တယ်ဆိုရင် သူမှားနေရင်တောင်မှ လက်ခံနားလည် ပေးရမှာပဲ။ ချစ်သူ၊ ရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ယောက်သိက္ခာကို တစ်ယောက်က ကာကွယ်ပေးရမယ်။ အပုပ်မချ သင့်ပါဘူး …။ လူတိုင်းဟာ အတ္တသမားချည်းပါပဲ။ သူ့အတ္တကို ထိပါးလာတာ လူတိုင်း မကြိုက်ကြဘူး …။ ပေါင်းသင်းဆက်ဆံရေးမှာ ဒီအချက်ကသိပ်အရေးကြီးတယ်။ ဆိုပါတော့….ထောင်ကျနေတဲ့ လူတွေကိုခင်ဗျားမှားတယ်လို့ သွားပြောရင် ဘာပြန်ပြောမယ်ထင်လဲ …၊ “တကယ်က ကျွန်တော် လူမှားပြီး တရားစွဲခံခဲ့ရတာပါ” “တရားသူကြီးက လာဒ်စားလို့ပါ” “ကျွန်တော် ဘုရားမကြိုက်တာ မလုပ်ခဲ့ပါဘူး”ဆိုတဲ့အဖြေပဲ ပေးကြလိမ့်မယ်။လူ ၁၀၀ မှာ ၈၀ လောက်က ဝန်ခံရဲကြမှာ မဟုတ်ပါဘူး …။ ဒါဟာ ဘာလို့လဲဆိုတော့ လူတိုင်းဟာ မိမိအတ္တကို မိမိကာကွယ်ချင်တဲ့စိတ် ရှိလို့ပဲပေါ့ … Read more