ဖြေးဖြေးမောင်းပါ ဒရိုင်ဘာရယ် သီတာ ရင်တွေတုန်လွန်းလို့ပါ ဆရာတော် ဦးနန္ဒိမာ မြစ်ကြီးနားကနေ မုံရွာမန္တလေးဘက် ခရီးသွားစရာ ရှိ၍ ကားလက်မှတ် ဖြတ်ထားခဲ့သည်။ ဘုန်းကံအရှိန်အဝါပဲ နည်းလို့လား၊ တိုက်ဆိုင်မှုကြောင့်လား မပြောတတ်။ ဆရာတော် ခရီးသွားတိုင်း ရှေ့ဆုံးခုံတန်း မရတတ်။ တစ်ဆယ်နောက်က ထိုင်ခုံနံပါတ်သာ ရလေ့ရှိသည်။ ဒါကို ဆရာတော် မကျေနပ်ချင်။ သံဃာခုံလို့ သတ်မှတ်ထားတဲ့ ရှေ့ဆုံးတန်းမှာ အမျိုးသမီး ငယ်ငယ်ချောချောလေးတွေ ထိုင်နေပြီး မိမိက တစ်ဆယ်နောက်မှာ ထိုင်ရလေ့ရှိတာကိုလည်း သတိထားမိသည်သာ။ လမ်းကစောင့်စီးမည်ဟု ကြိုတင်မှာကြားထားသဖြင့် ကားလာချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ မိနစ်နှစ်ဆယ်ခန့်စောင့်လိုက်ရပြီး ဆရာတော်စီးမည့်ကား ဆိုက်လာသည်။ အထုတ်အပိုးနှင့် စောင့်နေသည်က ဦးနန္ဒိမာ တစ်ပါးသာ။ ကားစပယ်ယာက ဆရာတော်ကို ကျော်ပြီး ခရီးသည်နာမည် အော်ခေါ်လိုက်သည်က…. မုံရွာလိုက်မယ့် လမ်းကြိုခရီးသည် ခုံနံပါတ်တစ် … Read more