ရေးထားတဲ့ စာသားတွေက ကြမ်းထော်နေတာပဲ မိုက်တယ် ရေးချက်ကိုကြိုက်လို့ ကူးပြီးပြန်တင်တာပါ …

ရေးထားတဲ့ စာသားတွေက ကြမ်းထော်နေတာပဲ မိုက်တယ် ရေးချက်ကိုကြိုက်လို့ ကူးပြီးပြန်တင်တာပါ … သိန်း၈၀၀၀တန် ကားလက်ဆောင်ပေးတဲ့ ယောက်ျားကိုလိုချင်ရင် …..ကိုယ် ကိုယ်တိုင်၌က ရုပ်ပိုင်းဆိုင်ရာရော …. စိတ်ပိုင်းဆိုင်ရာပါ အနည်းဆုံး တော့သိန်း ၄၀၀၀လောက်တန်အောင်ကြိုးစားကြပါ .. ကိုယ်တိုင်က ၁၀တန်းလည်းမအောင် ဝင်ငွေက တလ ၂သိန်းမပြည့် ၊ ရုပ်ရည်ကရွက်ကြမ်း ရည်ကြို …. မိဘကလည်း လက်လုပ် လက်စား ဘဝသမားအဲ့လိုလူမျိုးတွေက သိန်း ၈၀၀၀ တန် ကားလက်ဆောင်ပေးတဲ့postကို …. သူတို့ရည်းစား ကောင်လေးတွေဝေါမှာ လာလာ Tag ကြတာမြင်တော့ ငါ့တပည့်တွေအစားရင်နာမိတယ် Ro ခွင့်ရှိတယ် Overtine ခွင့်မရှိဘူး။လက်ချင်းချိတ်ပြီး 200 တန် YBS တူတူစီးရဲတဲ့ လက်တွဲဖော် အစစ်ကိုသာရှာကြပါ သားတို့။ မင်းဆီမှာငွေတသောင်းပဲရှိမှန်းသိရက်နဲ့ … Read more

ဖုန်းစစ်ကြည့်တော့မှ ၁၃ နှစ်သာရှိသေးတဲ့ သမီးလေး ရဲ့အဖြစ်…

ဖုန်းစစ်ကြည့်တော့မှ ၁၃ နှစ်သာရှိသေးတဲ့ သမီးလေး ပြည့်တန်ဆာဖြစ်နေတာကို သိလိုက်ရတဲ့ အဖေရဲ့အဖြစ်… မိုဘိုင်းဖုန်း စစ်ကြည့်တော့မှ ၁၃ နှစ်သာရှိသေးတဲ့ သမီးလေး ပြည့်တန်ဆာ ဖြစ်နေတာကို သိရတဲ့ အဖေဖြစ်သူရဲ့ စိတ်မကောင်းဖွယ်ရာ အဖြစ်အပျက် တရုတ်ပြည် အနောက်တောင်ပိုင်းရှိ Shenzen ပြည်နယ်မှာ ဖြစ်ပါတယ်။ Gong လို့ အမည်ရတဲ့ ဖခင်ဟာ သူ့ရဲ့ သမီးလေးရဲ့ မိုဘိုင်းဖုန်းကို စစ်ဆေးကြည့်လိုက်တဲ့အခါ သမီးလေးဟာ ပြည့်တန်ဆာ အလုပ်ကို အဖွဲ့အစည်း ကွန်ရက် တစ်ခုရဲ့ ကူညီမှုနဲ့ ပြုလုပ်နေတာကို တွေ့ရှိခဲ့ပါတယ်။ ကလေးဟာ အသက် ၁၃ နှစ် ရွယ် ပဲ ရှိပါသေးတယ်။ မိုဘိုင်းဖုန်းမှာ အင်တာနက်သုံးပြီး WeChat app ကနေ SMS တွေ ပို့ပါတယ်။ … Read more

“ ရင်မှာ မျက်ရည်စတွေနဲ့ ၊ ငိုခဲ့ရပေါ့ “

“သာထူးတစ်ယောက်နဲ့တော့ စိတ်ညစ်ပါတယ် ညီမရယ်” ကျောင်းရောက်မဆိုက် ကြားလိုက်ရတဲ့ လက်ထောက် ဆရာမရဲ့ ညည်းသံ။ သူ ညည်းလည်း ညည်းရှာပေမယ်။ ဒီသာထူးဟာ သူ့အတန်းမှာ အသက်အကြီးဆုံးနဲ့ လူကောင်အထွားဆုံး။ အစအနောက်သန်တဲ့အထဲ အဆဲ အဆိုလေးပါစွက်ချင်လို့ ဆရာမတွေက ခဏခဏ ဆူရ ငေါက်ရတဲ့သူ။ ရန်ဖြစ်ကြပြီဟေ့ဆိုရင် တစ်ဖက်လူ ဘယ်သူလဲသာ မေး။ ကျန်တစ်ဖက်က သာထူးဆိုတာ ကျိန်းသေ။ ကလေး တွေ အပြောအရ ရွာထဲမှာလည်း သူက လက်စလက်န ရှိတယ်ဆိုပဲ။ တစ်ခါက အတန်းဖော်တွေနဲ့ရန်ဖြစ်တော့ သူ့ကို ငတက်ပြားခေါ်ရပါ့မလားလို့ လက်သီးစွမ်းပြလိုက် တာ တစ်ဖက်ကလေးမှာ ရှေ့သွားနှစ်ချောင်းကျိုးပါလေ ရောလား။ ပါလေရာငပွ …ထီခနဲဆို စီခနဲဆိုတဲ့ သာထူး။ အဆော့မက်ချက်ကလည်း တရုတ်ပြည်က စွန်းဝူခုန်း မြန်မာပြည်ထဲ မျက်စိလည်ပြီး သူ့အမေဗိုက်ထဲ … Read more

ကိုယ်ချစ်တဲ့မိန်းကလေး ပြန်ကြိုက်လာအောင် လုပ်နိုင်တဲ့ နည်းလမ်း ၁၁ ခု

ကိုယ် ချစ်နေတဲ့မိန်းကလေးကို ချစ်တယ်ဆိုတာ သိအောင် ပြောနိုင်ရုံနဲ့ သူ့ဘက်က အလွယ်တကူ ပြန်ချစ်လာဖို့ဆိုတာ တော်ရုံတော့ မဖြစ်နိုင်ပါဘူး။ တကယ်လို့သာ ရေရှည်မေတ္တာဇာတ်လမ်းတစ်ခုကို မျှော်ရည်ထားရင် တစ်ယောက်နဲ့တစ်ယောက် လေးစားတန်ဖိုးထားတာတွေ၊ ကြိုက်တာ မကြိုက်တာတွေ၊ အပြန်အလှန် ယုံကြည်မှုတည်ဆောက်တာတွေနဲ့ အချင်းချင်း နားလည်မှု ဘယ်လောက်အထိ ပေးနိုင်တယ်ဆိုတာတွေအထိ ကြိုတင်လေ့လာကြဖို့ လိုပါတယ်။ ချစ်တာက ချစ်ရုံနဲ့ ပြီးပေမယ့် အိမ်ထောင်ရေးအထိ မျှော်မှန်းထားတယ်ဆိုရင် ကိုယ်က သူ့ကို လေ့လာပြီး သူကပါ ကိုယ့်ကို လေ့လာနိုင်အောင် ပြန်လုပ်ပေးရပါမယ်။ အောက်ပါ နည်းလည်း ၁၁ ခုက အဲဒီအခြေအနေတွေမှာ အထောက်အကူ ပြုပါလိမ့်မယ်နော်။ ၁။ သူ့မျက်လုံးတွေကို စူးစမ်းကြည့်ပါ။ မိန်းကလေးတစ်ယောက်နဲ့ စကားပြောတဲ့အခါ သူ့မျက်လုံးတွေကို စိုက်ကြည့်ပြီး စကားပြောတတ်တာဟာ ကောင်းတဲ့အပြုအမူတစ်ခုပါ။ သူ့မိသားစုအကြောင်း၊ သူ့အလုပ်အကြောင်းနဲ့ … Read more

အပျိုပေါက်မလေးတို့ ဗိုက်မကြီးပေမယ့် ဗိုက်ကြီးတာထက်ဆိုးတဲ့ကိစ္စလေး မှတ်သားထားစေချင်

အပျိုပေါက် ညီမလေးတို့ရေ.. ဗိုက်မကြီးသွားပေမယ့် ဗိုက်ကြီးသလိုပဲ ဆိုးရွားတဲ့ အကြောင်းလေး ဒီတစ်ခါ အကိုကပြောပြချင်တယ် ချစ်လို့ပဲဖြစ်ဖြစ် ၊အပျော်ပဲဖြစ်ဖြစ် အတူနေကြပြီးတဲ့နောက် …. နောက်ဆက်တွဲဆိုးကျိုးထဲမှာ(ဗိုက်ကြီးတာအပြင်) ဘဝပျက်စေလောက်တဲ့ အကြောင်းအရာနောက်တစ်ခုရှိပါသေးတယ်…… အဲဒါက ဒီခေတ်ထဲ အင်မတန်ခေတ်စားလှတဲ့ဗီဒီယိုရိုက်ထားခြင်းပါပဲ..။အကို့ဆီ မကြာခဏဖုန်းဆက်အကူအညီတောင်းကြတဲ့အထဲ အဲဒီ ဗီဒီယိုကိစ္စတွေက အကြောင်းအရာအများဆုံး..။ (ကိုယ်ဝန်ပြဿနာ ထက်တောင် များပြီး ကာယကံရှင်ရဲ့ အသိုင်းအဝိုင်းအလိုက် ရိုက်ခတ်မှုကလည်း ကြီးတယ်..) ချစ်နေ ကြိုက်နေတုန်းတော့ ကင်မရာရှေ့မှာ ပြုံးလို့ ပျော်လို့ အိုက်တင်တွေမျိုးစုံပေးပြီး ဗီဒီယိုရိုက်ကြတာဆိုတာလေ..။ ပြတ်လည်းပြတ်သွားရော အဲဒီဗီဒီယိုနဲ့ကိုင်ပေါက်ပြီး ငွေညှစ်တာတို့ စိတ်မထင်ရင်မထင်သလို လိင်ဆက်ဆံဖို့ လာခိုင်းတာတို့လုပ်တတ်တယ်..။ ကိုယ့်ချစ်သူက ဒါမျိုးမလုပ်ဘူးကျိန်းသေတယ်ပဲထား..။ ရိုက်ထားတဲ့ဖုန်းပျောက်သွားတဲ့အခါ အင်တာနက်မင်းသမီးတွေဖြစ်ကုန်တာ အများကြီး..။ Movie ရိုက်ပြီး ချက်ခြင်း ပြန်ဖျက်တယ်ဆိုရင်တောင် ပြန်ဖော်လို့ရတဲ့ ဆော့ဝဲတွေ အများကြီး….. လုံးဝအလစ်ပဲ..။ … Read more

မိန်းမတွေဆိုတာ…ညတစ်ညရဲ့ အဖြစ်အပျက်လေးတစ်ခုပါ ကျွန်တော်ကုတင်ပေါ်မှာမအိပ်ချင်သေးပဲ လှဲလိုက်မိတယ်

မိန်းမတွေဆိုတာ… ညတစ်ညရဲ့ အဖြစ်အပျက်လေးတစ်ခုပါ ကျွန်တော် ကုတင်ပေါ်မှာ မအိပ်ချင်သေးပဲ လှဲလိုက်မိတယ် အသင့် အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံ့လှပတဲ့ မျက်နှာလေးကို ကျွန်တော် သေချာ ကြည့်နေရင်းကနေ အတွေးတစ်ချို့ဝင်လာပြီး ကျွန်တော့ဟာ ကျွန်တော်တွေးနေမိတယ် မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့် ? ကျွန်တော်နဲ့ မင်္ဂလာ မဆောင်ခင်က မိဘအသိုင်းအဝိုင်းရဲ့အချစ်တွေနဲ့ ထိန်းသိမ်းမှု့အောက်မှာနေပြီး ကြီးပြင်းလာခဲ့တယ် အခုကျ တစ်ချက်ထဲ ရုတ်တစ်ရက်မှာပဲ သိတောင် မသိထားတဲ့ လူတစ်ယောက်ရဲ့ဘေးမှာအမိန့်နာခံရင်းနဲ့ အိပ်စက်နေရပြန်တယ်ကျွန်တော့ကြောင့် တစ်သက်လုံး အတူနေခဲ့တဲ့ မိဘတွေကိုစွန့်ခွာလာခဲ့ပြန်တယ် ကျွန်တော့ကို ပင်ပင်ပန်းပန်း ပြုစုရင်း ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူပျော်နေပြန်တယ် ပြီးတော့ ကျွန်တော့ကိုယ် ကျွန်တော် မေးခွန်းတစ်ချို့မေးနေမိတယ် ဒါလဲပဲ ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိမိရဲ့ ဇနီးမိန်းမကို … Read more

အတန်းထဲက ကျောင်းသားတစ်ယောက်ရဲ့ စာစီစာကုံးတစ်ပုဒ်ကြောင့် မိသားစုတစ်စုလုံးရင်နာမဆုံးဖြစ်ခဲ့ရတဲ့ နောင်တ

ကျွန်မ မနေ့က ကလေးတွေကို စာစီစာကုံးတစ်ပုဒ်ရေးခိုင်းလိုက်သည်။ ခေါင်းစဉ်က ရိုးရိုးလေးဖြစ်ပါသည်။ “ဘဝတွင်အဖြစ်ချင်ဆုံးအရာ” ဆိုသည့် ခေါင်းစဉ်ဖြစ်သည်။ “ဆရာမ … ကိုယ်ဘာဖြစ်ချင်ချင် … ဖြစ်ချင်တာကို ရေးခဲ့လို့ရသလား” ကလေးတစ်ယောက်က ထမေးခြင်းဖြစ်သည်။ ကျွန်မက “ရတာပေါ့ကွ ကိုယ်ဘာဖြစ်ချင်သလဲ ဖြစ်ချင်တာကို ရေးခဲ့လို့ရတယ်” ကလေးတွေ ပျော်သွားကြသည်။ တစ်ယောက်တစ်ခွန်း အော်ဟစ်ကာ ကျောင်းမှ ပြန်သွားကြသည်။ “ငါက နတ်သမီးလေးဖြစ်ချင်တယ်” “ငါက ဆရာဝန်ကြီး ဖြစ်ချင်တယ်” “ငါက ဘတ်စ်ကားမောင်းမယ်”ကလေးတွေ တစ်ယောက်တစ်ခွန်းပြောသွားသည့် စကားသံများက ကြည်နူးစရာ ကောင်းလှသည်။ မနက်ဖြန် ဆိုလျှင် ကျွန်မ သူတို့ရင်ဘတ်လေးတွေထဲကို မြင်ရတော့မည်။ နောက်တစ်နေ့ ကျောင်းတွင် အခြားဘာသာရပ်များ စစ်ဆေးနေသဖြင့် သူတို့ရေးထားသော စာစီစာကုံးများကို မစစ်မိ။ ကျွန်မက သူတို့စာအုပ်လေးတွေကို အိမ်ယူလာပြီး စစ်ဆေးနေမိသည်။ … Read more

မိန်းကလေးတွေ အသည်းကွဲပြီးရင်ပိုလှလာရတဲ့ အကြောင်းအရင်း….

မိန်းကလေးတွေ အသည်းကွဲပြီးရင်ပိုလှလာရတဲ့ အကြောင်းအရင်း… အသည်းကွဲခဲ့ဖူးတဲ့ မိန်းကလေး တော်တော်များများကို သတိထားကြည့်မယ်ဆိုရင် အသည်း ကွဲပြီးရင် အရင်ကထက် ပိုလှလာတာကို တွေ့ရမှာပါ။ ဥပမာ-ပြရမယ်ဆိုရင် JB နဲ့ပြတ်ပြီးနောက် Selena Gomez ပိုလှလာတာမျိုးပါ။ တစ်ချို့ ဆိုရင် အသည်းပြီးနောက်ပိုင်းမှာ သိသိသာသာကြီးကို ကိုယ်အလေးချိန် ကျ၊ ၀ိတ်ကျသွားပြီး အရမ်းကို လှလာကြတာပါ …။ တကယ်တော့ ဒါဟာ ထင်ကြေး မဟုတ်ပါဘူး။ လေ့လာမှုတစ်ခုမှာကိုက အမျိုးသမီး (၇၇)ရာခိုင်နှုန်းဟာ အသည်းကွဲပြီးရင် ကိုယ်အလေးချိန် သိသိသာသာကျသွားတယ်လို့ ဆိုထားပါတယ်။ မိန်းကလေးတွေ အသည်းကွဲပြီးရင် ပိုလှလာရတဲ့ အကြောင်းအရင်းတွေ ကတော့…. (၁) စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားလို့” မိန်းကလေးတွေဟာ အကြာကြီးလက်တွဲလာတဲ့ relationship တစ်ခုနဲ့ လမ်းခွဲပြတ်စဲတော့မယ် ဆိုရင် အစောကြီးတည်းက ကြိုတင် … Read more

ပုရိသတွေ မငြင်းဆန်နိုင်တဲ့ မိန်းမမာယာ (၁၂) ခု…

မိန်းမဖြစ်ပြီး မိန်းမမာယာကို မသိဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ ဟောဒီက ရှင်းပြပေးမှာပေါ့။ အမှန်ကလေ မိန်းကလေးဆိုတာ မွေးကတည်းက မာယာဆိုတာ ကပ်ပါပြီးသား။ မသိသေးလို့ မဖော်ထုတ်တတ်သေးတာ။ မာယာဆိုတဲ့ အဓိပ္ပါယ်က ဆွဲဆောင်ခြင်းပေါ့ကွယ်။ တကယ်က တမင်တကာကြီး သိသိသာသာ ဆွဲဆောင်တာမျိုး မဟုတ်ပါဘူး။ မသိမသာလေးနဲ့ ဆွဲဆောင်လို့ ဆွဲဆောင်မှန်းမသိအောင် ပြုမူနေထိုင်တာမျိုးကို ခေါ်တယ်။ ကဲ…ဘာတွေလည်းဆိုတာဖတ်ကြည့်ပါဦး။ (၁)အမျိုးသားတွေအတွက် ဒိုင်လူကြီးမလိုအပ်ပါဘူး။ ပြောလိုက်တဲ့စကားတိုင်းကိုဆုံးဖြတ်ပေးတာကို မကြိုက်ပါဘူး။အမှန်ပါပဲ နားထောင်ကောင်းသူ တစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားစေချင်တယ် ယောင်းတို့ရေ။ကိစ္စတိုင်းက သူတို့ဦးဆောင်မှ ပြီးမှပုံစံက အကောင်းဆုံးပါပဲ။ စိတ်မဝင်စားဘဲ နဲ့လည်း စိတ်ဝင်စားချင်ယောင် မဆောင်သင့်ပြန်ပါဘူး။ (၂)အသေးအဖွဲ့တွေကို ဟန်မဆောင်ပါနှင့်။ ရိုးသားပွင့်လင်းတဲ့ရယ်မောသံတွေဟာ အမျိုးသားတွေအတွက်ဆွဲဆောင်မှုတစ်ခုပါ။ (၃)ချစ်စရာအငြင်းပွားဟန်ပြုပါ။ ယောက်ျားအများစုဟာ အရူံးမပေးတတ်တဲ့စိတ်ကိုသဘောကျတတ်ပါတယ်။စကားနိုင်လုတတ်တဲ့ မိန်းကလေးကို စိတ်ဝင်စားမှုပိုလို့ရှိပါသေးတယ်။ (၄)ပျော်စရာမိန်းကလေးလို ပြုမူနေထိုင်ပါ။ ပြောင်တတ်စနောက်တတ်ပါစေ။သူကချည်း စနေရင်လည်း … Read more

ပိုင်ရှင်ရှိရင် ရှောင်ပါ…

ပိုင်ရှင်ရှိရင် ရှောင်ပါသူတစ်ပါးပိုင်ဆိုင်တဲ့ အရာတစ်ခုကို ပိုင်ရှင်မပေးပဲယူ ချင်စိတ်ရှိသူဟာ သူခိုးစိတ် ရှိတဲ့ သူပဲ။ ကိုယ်ဘယ်လောက်ပဲ ကြိုက်နေပါစေဘယ်လောက် ပဲ လိုချင်နေပါစေပိုင်ရှင်မပေးပဲ မယူရဘူး မထိရဘူး မကိုင်တွယ်ရဘူး ။ ယူမိတယ် ပြစ်မှားမိတယ်ဆိုရင် အဲ့တာဟာ ခိုးမှုမြောက်တာပဲ။တစ်ချို့ တွေက စည်း မထားကြဘူး ပြောမယ်ဆိုရင် ကိုယ်ချင်းစာမှု မရှိကြဘူးပေါ့။ကိုယ်စိတ်ချမ်းသာဖို့နဲ့ စိတ်သာယာဖို့ အတွက်နဲ့ သူတစ်ပါး ရဲ့ ချစ်ခြင်းကို လုယူချင်တဲ့ စိတ်ရှိကြတယ်။ ပိုင်ရှင် ရှိမှန်းသိရက်နဲ့ သူငယ်ချင်း မို့ အရမ်းခင်တဲ့ မိတ်ဆွေမို့ပါ ဆိုပြီး လိုတာထက်ပိုပြီး အတင်းတွယ်ကပ်နေပြီး အခွင့်အရေး တွေယူနေတာဟာ သူတစ်ပါး ရဲ့ အချစ်တွေ ကို ခိုးယူချင်နေတယ်လို့ပဲ သတ်မှတ်တယ်။ သူ့ရဲ့အနားမှာ ပိုင်ရှင်ရှိတယ်ဆိုတာ သိလိုက်ကတည်းက အပြင်မှာ လူချင်းပဲ … Read more