မိဘကျေးဇူးကို အနှစ်ချုပ်လိုက်ရင် သုံးချက်ပဲရှိတယ်…
မိဘကျေးဇူးကို အနှစ်ချုပ်လိုက်ရင် သုံးချက်ပဲရှိတယ်။ ၁။ ပေါသကာ – နို့ချိုတိုက်ကျွေး မွေးမြူတယ်။ ၂။ အာပါဒကာ – လူလားမြောက်အောင် စောင့်ရှောက်တယ်။ ၃။ ဣမဿ လောကဿ ဒဿေတာရော – ဒီလောကကြီးကို မြင်ခွင့်ပေးတယ်။ (ဝါ) လူအဖြစ် မွေးပေးတယ်။ (ဝါ) ဘဝသစ်ကိုပေးတယ်။ ပေါသကာနဲ့ အာပါဒကာကို ပြန်လည်ကျွေးမွေးပြုစု လုပ်ကျွေးခြင်းနဲ့ ကြေအောင်ဆပ်ရတယ်။မိဘကို ကိုယ်က ပြန်မွေးထုတ်လို့မှ မရပဲ။ ဒီအချက်ကြောင့်ပဲ မိဘကျေးဇူးကို ကြေအောင်ဆပ်ဖို့ ခက်တာဖြစ်တယ်။ မိဘကို ပြန်မွေးထုတ်ပေးလို့မရပေမယ့် မိဘမသေခင်မှာပဲ ဘဝသစ်တစ်ခုရသွားအောင်တော့ ပြန်လုပ်ပေးလို့ရတယ်။ မလိမ္မာတဲ့မိဘကို လိမ္မာသွားအောင် သားသမီးက လမ်းညွှန်ပေးရမယ်။ ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ မိဘကို ယုံကြည်အောင်၊ကိုယ်ကျင့်တရားမကောင်းတဲ့ မိဘကို ကိုယ်ကျင့်တရားကောင်းအောင်၊စေးနှဲတွန့်တိုတဲ့ မိဘကို … Read more