ပခုက္ကူမြို့က သရဲအခြောက်ဆုံး နေရာ(၁၀)ခု (လမ်းကြုံရင် ဝင်လေ့လာကြည့်ကြပါ)

ပ ခုက္ကူမြို့က သရဲအခြောက်ဆုံး နေရာ (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။ မိတ်ဆွေတို့ လေ့လာချင်ရင်လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာနိုင်အောင် လိပ်စာတွေပါ ပြည့်ပြည့်စုံစုံ ထည့်ပေးထားပါတယ် ခင်ဗျာ။ (၁) ခေါင်းကြီးတစ္ဆေ – မြို့ရှောင်လမ်းကနေ ပခုက္ကူတက္ကသိုလ်ကိုအသွား၊ မုခ်ဝနားက ရေကာတာရယ်၊ ထနောင်းပင်ရယ် ရဲ့အကြားမှာ တစ်ခုခုရှိတယ်။ ကျွန်တော်ကတော့ အလွယ်ပဲ ခေါင်းကြီး တစ္ဆေလို့ခေါ်တယ်။ ဟီလီယံမဝတဲ့ မိုးပျံပူဖောင်းကြီးလို ပိန်လိုက်ဖောင်းလိုက်နဲ့ အနက်ရောင် အရိပ်လိုလို တစ်ခုခုက မိတ်ဆွေကို စောင့်ကြိုနေပါတယ်။ နံနက်ခင်း ငါးနာရီခွဲ သို့မဟုတ် ညနေ ခုနစ်နာရီဝန်းကျင်မှာ မိတ်ဆွေသွားကြည့်ပါ။ တကယ်လား၊ ကောလဟာလ လားဆိုတာကတော့ မိတ်ဆွေရင်ဆိုင်ရမယ့် အကျပ်အတည်း ပါပဲ။ (၂) ရွှေလမ်းထောင့်က ဆိုင်ကယ်သမား – မိတ်ဆွေ ဦးထုတ်မပါပဲဆိုင်ကယ်မစီးပါနဲ့။ … Read more

သင်္ချိုင်းကုန်းက ယူလာတဲ့ မြေကြီးကို အိမ်အောက်မှာ ခင်းမိလိုက်တဲ့အခါ

“မသန့်တဲ့ မြေပုပ်” ရွှေလုံး၏ ယောက္ခမ ဦးအောင်မင်းသည် ရွှေလုံးကို တဖျစ်တောက်တောက်ဖြင့် ဆူနေသည်မှာ မနက်အိပ်ရာထမှ ယခု မွန်းလွဲသည်ထိပင်။ နံနက် ထမင်းစားနေစဉ်မှာလည်း ဦးအောင်မင်း၏ဇနီး ဒေါ်လှကပင် နားငြီးလာသဖြင့် တားယူရသည်။ ဇနီးဖြစ်သူ မညိုက ရွှေလုံး၏ မျက်နှာကိုကြည့်၍ စိတ်မကောင်းဖြစ်နေ၏။ ရွှေလုံးက အိမ်မှာ ထန်းတောကို ထွက်လာရာ လမ်းတွင် ငတေးနှင့်တွေ့၍ နှစ်ယောက်အတူ ထန်းတောသို့ ရောက်သွားလေ၏။ ရွှေလုံးက ထန်းရည်တစ်မြူနှင့် အမဲခြောက်ဖုတ် တစ်ပန်းကန်ကို ထန်းတဲမှယူလာပြီး ခပ်လှမ်းလှမ်းရှိ ထန်းပင်အောက်၌ ငတေးနှင့်အတူ ထိုင်သောက်နေလေ၏။ ငတေးက … “ဟေ့ကောင် ငလုံး ။ မျက်နှာလည်း မကောင်းပါလား မိန်းမနဲ့ ရန်ဖြစ်လာလို့လား” ဟုမေးရာ ရွှေလုံးက… “မိန်းမနဲ့ မဟုတ်ဘူးကွ ယောက္ခထီးကြီးနဲ့ ” … Read more

အမြန်လမ်းမှာ ကားပေါ် ကိုမကောင်းဆိုးဝါးသရဲတက်လာ လို့ အကူအညီတောင်းပြီး ကားပေါ်က ဆင်းပြေးခဲ့ရသူ ၏ သွေးပျက်ခြောက်ခြားစရာ အဖြစ်အပျက်…

အမြန်လမ်းမှာ ကားပေါ်ကိုမကောင်းဆိုးဝါး သရဲတက်လာလို့ အကူအညီတောင်းပြီး ကားပေါ်က ဆင်းပြေးခဲ့ရသူ၏သွေးပျက်ခြောက်ခြားစရာအဖြစ်အပျက် ဘဝရဲ့အမှတ်တရပါ ဝိုင်းပီးစိတ်ပူပေးကြတဲ့ ညီကိုတွေ အစစရာကူညီပေးကြတဲ့လုပ်ဖော်ကိုင်ဘက်တွေအားလုံးကိုကျေးဇူးတင်ပါတယ် အားလုံးသတိထားရအောင်ဖြစ်စဉ်အသေးစိတ်ခုလိုရေးမှာပါ၊ပီးတော့ ၂၄၅ မိုင်မှာလူသူံးယောက်သေထားပါတယ် မိန်းခလေးကျန်းမာရေးဝန်ထမ်းနှစ်ယောက် ရပ်ရွာက ယောက်ကျားလေးတယောက်ပါ၊ကျတော်လိုကြုံသူတွေလဲခနခနဖြစ်တဲ့ကြောင်းကို စခန်းမှူးတွေကလဲပြောပြထားပါတယ်၊(အရက်သေစာမသောက်ထားပါ တယောက်ထဲကားမောင်းရမာမို့ပါ ကျွန်တော်တောင်ကြီးကနေ ပြန်လာပါတယ် ဟိုမှာလဲအေးအေးချမ်းလဲပတ်ခဲ့ပါတယ်၊Publicနဲ့သုံးတာမို့ ကြည့်နိူင်ပါတယ်၊ရန်ကုန် မန်းလေးအမြန်လမ်း ရန်ကုန်ပြန်တဲ့ဘက် (mile 245)မှာစဖစ်တာပါ ရပ်ပီးအပေါ့လဲမသွားပါဘူး တောက်လျောက်မောင်းလာတာပါ၊၂၄၅မိုင်လဲရောက်ရော ရုတ်တရက်ကားက ဝိတ်တင်သလိုညိမ့်ခန အိကြသွားပါတယ်၊ အာ့ချိန် ကျတော်သတိထားမိတာနဲ့ လက်ကဖုန်းကိုယူပီး တရားခွေဖွင့်မလို့ လုပ်တဲ့ချိန်မှာလတ်တလော လှုပ်ရှားလို့မရတော့သလိုလေးလံသွားပါတယ် ပီးတော့ တကိုယ်လုံးခေါင်းတွေကြီး ကြက်သီးမွှေးညင်းထပီးနူန်းချိလာပါတယ်(အာ့ချိန်ကြုံမှသိကြပါမယ် အသံကလဲ အတော်နဲ့ထွက်မလာသလို တကိုယ်လုံးတုန်နေလာပါတယ်၊ အာ့ချိန် နောက်ကနေ လည်ပင်းကိုစဆွဲချပါတယ် ကြုံဖူးရင်တော့ သိလာမှာပါ အာ့ခံစားချက်ကို။လန့်ဖြန့်ပီးနောက်လှည့်ကြည့်တဲ့အခါ နောက်ခန်းမှာ ဆံပင်ဖားလားနဲ့ မိန်းမတယောက်ကားပေါ်ရိုးရိုးထိုင်တာမဟုတ်ပဲ)ငုတ်တုတ်ကြီးထိုင်နေတာတွေ့လိုက်ရပါတယ် မျက်လုံးထဲ မြင်ကြည့်ကြပါ ဘယ်လိုသေလောက်အောင်သွေးပျက်စေမလဲဆိုတာ … Read more