သင့္ခႏၶာကိုယ္ အစဥ္က်န္းမာဖို႔ သိထားသင့္ေသာ အခ်ိန္မ်ား ( ျပန္လည္မၽွေဝပါသည္ )

သင့္ခႏၶာကိုယ္ အစဥ္က်န္းမာဖို႔ သိထားသင့္ေသာ အခ်ိန္မ်ား ( ျပန္လည္မၽွေဝပါသည္ )

အစဥ္က်န္းမာဖို႔ သိထားသင့္ေသာ အခ်ိန္မ်ား ( ျပန္လည္မၽွေဝပါသည္ )

နံနက္ ၅ နာရီမွ ၇ နာရီတြင္ အူမႀကီး အလုပ္လုပ္ခ်ိန္ ျဖစ္ေသာေၾကာင့္ ထိုအခ်ိန္အတြင္း အိပ္ရာထကာ ေရတစ္ခြက္ အဝေသာက္ၿပီး ၀မ္းမွန္မွန္ သြားသင့္သည္။

ထိုသို႔မဟုတ္ပါက အူမႀကီးညႇစ္အား နည္းေန၍ ျဖစ္ၿပီး အမၽွင္ရွိေသာ အစားအစာ မ်ားမ်ားစားေပးပါ။

နံနက္ ၇ နာရီမွ ၉ နာရီအတြင္း အစာအိမ္မွ အလုပ္လုပ္ခ်ိန္ ျဖစ္ေသာေၾကာင့္ ထိုအခ်ိန္တြင္ နံနက္ခင္းစာ ( Breakfast ) အ၀ စားသင့္သည္။

နံနက္ ၁၁ နာရီမွ ၁ နာရီအတြင္း ႏွလုံး ( Heart ) အလုပ္လုပ္ခ်ိန္ ျဖစ္ေသာေၾကာင့္ ထမင္းစားၿပီး ခဏတျဖဳတ္ အနားယူသင့္သည္။

၁ နာရီမွ ၃ နာရီအတြင္း အူသိမ္မွ အလုပ္လုပ္ခ်ိန္ ျဖစ္ကာ အေလးအပင္မ်ား မ,ျခင္းမွ ဆင္ျခင္ရန္ အထူးလိုအပ္သည္။

ညေန ၃ နာရီမွ ၅ နာရီတြင္ ဆီးအိမ္မွ ခႏၶာကိုယ္တြင္း အဆိပ္အေတာက္မ်ားကို စြန္႔ပစ္ခ်ိန္ ျဖစ္ေသာေၾကာင့္ အနည္းဆုံး ၁ လီတာမွ စ,ၿပီး ေရမ်ားမ်ား ေသာက္ရန္ လိုအပ္သည္။

ညေန ၅ နာရီမွ ၇ နာရီသည္ ေက်ာက္ကပ္ အလုပ္လုပ္ခ်ိန္ ျဖစ္သည္။ထိုအခ်ိန္တြင္ ေရခ်ိဳးေနစဥ္ ဆီးသြားျခင္း ေရွာင္ပါ။ ေက်ာက္ကပ္ပ်က္စီးလြယ္သည္။

ည ၇ နာရီမွ ၉ နာရီတြင္ ႏွလုံးအေျမႇးပါး အလုပ္လုပ္ခ်ိန္ ျဖစ္ေသာေၾကာင့္ စိတ္အပန္းေျပေစသည့္ ( Entertainment )-မ်ား၊ ရယ္ေမာဖြယ္ ဟာသမ်ား စသျဖင့္ ၾကည့္ရႈခံစား သင့္သည္။

ည ၉ နာရီမွ ၁၁ နာရီသည္ ခႏၶာကိုယ္၏ အပိုင္းႀကီး ၃ ပိုင္း ( ဦးေခါင္း၊ ကိုယ္ပိုင္း၊ ေျခေထာက္ပိုင္း ) မ်ားကို ႏွီးေႏွာဖလွယ္ခ်ိန္ ျဖစ္သည္။

ည ၁၁ နာရီမွ ၃ နာရီသည္ အသည္း ( Liver ) အလုပ္လုပ္ခ်ိန္ ျဖစ္ေသာေၾကာင့္ ၁၁ နာရီထက္ ေနာက္က်ၿပီး မအိပ္သင့္ပါ။ သင့္အသည္းကို အနားေပးရန္ လိုအပ္ပါသည္။

ထို႔ျပင္ ၁၁ နာရီမွ ၁ နာရီတြင္ သည္းေျခမွ အလုပ္လုပ္သည္။နံနက္ ၃ နာရီမွ ၅ နာရီထိသည္ အဆုတ္မွ အလုပ္လုပ္ခ်ိန္ ျဖစ္ေသာေၾကာင့္ မနက္ ၅ နာရီအထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သင့္သည္။

သင့္မိတ္ေဆြမ်ားကိုလည္း မၽွေဝေပးဖို႔ မေမ့နဲ႔ေနာ္ … ။

Credit to ပါေမာကၡ ေဒၚခင္ျဖဴ

Unicode

သင့်ခန္ဓာကိုယ် အစဉ်ကျန်းမာဖို့ သိထားသင့်သော အချိန်များ ( ပြန်လည်မျှဝေပါသည် )

အစဉ်ကျန်းမာဖို့ သိထားသင့်သော အချိန်များ ( ပြန်လည်မျှဝေပါသည် )

နံနက် ၅ နာရီမှ ၇ နာရီတွင် အူမကြီး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်အတွင်း အိပ်ရာထကာ ရေတစ်ခွက် အဝသောက်ပြီး ဝမ်းမှန်မှန် သွားသင့်သည်။

ထိုသို့မဟုတ်ပါက အူမကြီးညှစ်အား နည်းနေ၍ ဖြစ်ပြီး အမျှင်ရှိသော အစားအစာ များများစားပေးပါ။

နံနက် ၇ နာရီမှ ၉ နာရီအတွင်း အစာအိမ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်တွင် နံနက်ခင်းစာ ( Breakfast ) အ၀ စားသင့်သည်။

နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း နှလုံး ( Heart ) အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထမင်းစားပြီး ခဏတဖြုတ် အနားယူသင့်သည်။

၁ နာရီမှ ၃ နာရီအတွင်း အူသိမ်မှ အလုပ်လုပ်ချိန် ဖြစ်ကာ အလေးအပင်များ မ,ခြင်းမှ ဆင်ခြင်ရန် အထူးလိုအပ်သည်။

ညနေ ၃ နာရီမှ ၅ နာရီတွင် ဆီးအိမ်မှ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို စွန့်ပစ်ချိန် ဖြစ်သောကြောင့် အနည်းဆုံး ၁ လီတာမှ စ,ပြီး ရေများများ သောက်ရန် လိုအပ်သည်။

ညနေ ၅ နာရီမှ ၇ နာရီသည် ကျောက်ကပ် အလုပ်လုပ်ချိန် ဖြစ်သည်။ထိုအချိန်တွင် ရေချိုးနေစဉ် ဆီးသွားခြင်း ရှောင်ပါ။ ကျောက်ကပ်ပျက်စီးလွယ်သည်။

ည ၇ နာရီမှ ၉ နာရီတွင် နှလုံးအမြှေးပါး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် စိတ်အပန်းပြေစေသည့် ( Entertainment )-များ၊ ရယ်မောဖွယ် ဟာသများ စသဖြင့် ကြည့်ရှုခံစား သင့်သည်။

ည ၉ နာရီမှ ၁၁ နာရီသည် ခန္ဓာကိုယ်၏ အပိုင်းကြီး ၃ ပိုင်း ( ဦးခေါင်း၊ ကိုယ်ပိုင်း၊ ခြေထောက်ပိုင်း ) များကို နှီးနှောဖလှယ်ချိန် ဖြစ်သည်။

ည ၁၁ နာရီမှ ၃ နာရီသည် အသည်း ( Liver ) အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ၁၁ နာရီထက် နောက်ကျပြီး မအိပ်သင့်ပါ။ သင့်အသည်းကို အနားပေးရန် လိုအပ်ပါသည်။

ထို့ပြင် ၁၁ နာရီမှ ၁ နာရီတွင် သည်းခြေမှ အလုပ်လုပ်သည်။နံနက် ၃ နာရီမှ ၅ နာရီထိသည် အဆုတ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် မနက် ၅ နာရီအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သင့်သည်။

သင့်မိတ်ဆွေများကိုလည်း မျှဝေပေးဖို့ မမေ့နဲ့နော် … ။

Credit to ပါမောက္ခ ဒေါ်ခင်ဖြူ