စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
စနေ သားသမီးတွေကတော့…
Unicode Version ဖြင့်ဖတ်ရန်
(7)ရက် သားသမီးတွေရဲ့ တစ်နှစ်စာအချစ်ရေးက ဘယ်လိုဖြစ်မလဲ…?
(7) ရက် သားသမီးလေးတွေရဲ့ အချစ်ရေး ဗေဒင်ကို Gleaning မှ ဝေမျှလိုက်ပါတယ်နော် …။
(7) ရက်သားသမီးများအားလုံး အတွက်ဖြစ်ပါတယ်။ ရာဟု ဖွားများ ဗုဒ္ဒဟူးကိုပဲ ကြည့်ပါ …။
တနင်္ဂနွေ ၊ သောကြာ သားသမီးတွေကတော့…
အချစ်ရေး ကံမကောင်းဘူး ကိုယ်မျှော်လင့် ထားသလို ဖြစ်မလာတတ်ဘူး။ ကိုယ် ထင်ထားတာ နဲ့ လွဲသွားရတတ်ပါတယ် …။
တနင်္လာ ၊ ဗုဒ္ဒဟူး သား သမီးတွေကတော့…
ချစ်သူနဲ့ အဆင်မပြေ ဖြစ်ရတတ်ပါတယ်။ အဲလိုဖြစ်ပြီး ပြတ်မလိုလိုနဲ့ နောက်တော့ ပြန်အဆင်ပြေသွားရ တတ်ပါတယ်။ ချစ်သူနဲ့ပတ်သက်ပြီး စိတ်အလိုမကျ ဖြစ်ရတာမျိုး ကြုံရတတ်ပါတယ် …။
အင်္ဂါ ၊ ကြာသပတေး သားသမီးတွေကတော့…
ချစ်သူအတွက်သောကရောက်ရတတ်ပါတယ်။ ချစ်သူကြောင့် ဒေါသဖြစ်ရ စိတ်တိုရ ဖြစ်တတ်ပါတယ်။ သမီးရည်းစား အများစုကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်တတ်တဲ့ ကာလတစ်ခုပဲ ဖြစ်ပါတယ် …။
စနေ သားသမီးတွေကတော့…
အဟောင်းနဲ့ ပြတ်ပြီး အသစ်တွေ့ရတတ်ပါတယ်။ စနေသားသမီး နဲ့ ချစ်ကြိုက်နေသူများရှိပါက သတိထားပါ။ ဒီနှစ်ထဲမှာ စနေသား (သို့) အမည်မှာ တထဒနဌ ပါတဲ့ သူနဲ့ ချစ်သူ ဖြစ်နေသူရှိရင် ကိုယ့်ကို လမ်းခွဲသွားတတ်ပါတယ်။ အဲဒီချစ်သူက အသစ်တွေ့ ပြီး ကိုယ့်အပေါ်ပြောင်းလဲ သွားတတ်တယ်နော်။ အားလုံးတော့ ဖြစ်ရမယ် မဆိုလိုပါဘူး။ ဒါပေမယ့် 80%တော့ ဖြစ်တတ်ပါတယ် လို့ ဟောတာပါနော် …။ ။
အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ပြီး ကိုယ်ချစ်တဲ့ သူ နဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ……
Credit – ဆရာမ ကြာညိုသွယ်