စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
ဆွဲနှစ်= 2021 = 5 အားလုံး
1 #ဂဏန်းရသောနှစ်
2 #ဂဏန်းရသောနှစ်
3 #ဂဏန်းရတဲ့နှစ်
4 #ဂဏန်းရသောနှစ်
5 #ဂဏန်းရသောနှစ်
6 #ဂဏန်းရသောနှစ်
7 #ဂဏန်းရတဲ့နှစ်
8 #ဂဏန်းရတဲ့နှစ်
9 #ဂဏန်းရတဲ့နှစ်
Credit
Unicode Version ဖြင့်ဖတ်ရန်
သင့်ရဲ့ 2021 အတွက်ကံဇာကို ဂဏန်းဗေဒင် ဟောစာတမ်း တွက်ကြည့်ရအောင်…
ဝါသနာပါရင် တွက်ကြည့်ပါ။ ရာနုန်းပြည့် မဟုတ်ရင်တောင် တော်တော်မှန်ပါတယ်။ တစ်နှစ်ချင်းဖြစ်ပျက် တစ်ဦးချင်းအတွက် ဂဏန်းဗေဒင် ဟောစာတမ်းတွက်နည်းလေးပါ …။
မိမိ၏ အင်္ဂလိပ်မွေးရက် + မွေးလနဲ့ သိချင်တဲ့နှစ် ကို အားလုံးပေါင်း၍ တစ်လုံးတည်းသော ဂဏန်းကိုယူပါ …။
သိလိုသူ၏ မွေးရက် + မွေ လ ကို ရောက်ရှီသောသက္ကရာစ်နဲ့ တစ်လုံးရအောင် ပေါင်းရတာ ဖြစ်ပါတယ် …။
ဥပမာ = 4-1-2004 မွေးဖွားသူအား တွက်လျှင်
မွေးရက် =4=4 ၊ မွေးလ=1=1 ရောက်
ဆွဲနှစ်= 2021 = 5 အားလုံး
ပေါင်း=4+1+5=10= 1+0= 1 နောက်ဆုံး တစ်လုံးထဲ ကျန်တဲ့ ဂဏန်းကို ကြည့်ပါ။ နောက်ဆုံးတစ်လုံးထဲ 1 ရပါတယ် 1 ဂဏန်းအဟောကို ဖတ်ရုံပါပဲ။ အမျိုးတွေအားလုံးလည်း အဲ့ဒီတွက်နည်းအတိုင်း တွက်ပြီး ရတဲ့ ဂဏန်းကိုဖတ်ကြည့်လိုက်ပါနော် …။
1 #ဂဏန်းရသောနှစ်
အကြံအစည်သစ်တွေ၊လုပ်ငန်းသစ်တွေ၊ အတွေ့ကြုံသစ်တွေရောက်လာလိမ့်မယ်။ ဒီနှစ်က့တော့ ငါတစ်စုံတစ်ခု ရတော့မှာပဲလို့ စိတ်ထဲမှာ ထားပါ။ အိုးသစ်အိမ်သစ်ဘဝသစ် စရတတ်သော နှစ်ပဲဖြစ်ပါတယ် …။
အကောင်းမဟုတ်သလို အဆိုးလဲ မဟုတ်တော့ပါ။ အတိုက်အခံရန်ရှီနေမည်။ ဂူတလုံးခြင်္သေ့နှစ်ကောင် အောင်းကိန်းနှစ်ဖြစ်ပါသည် …။
2 #ဂဏန်းရသောနှစ်
ဘယ်သူတွေဘာဖြစ်ဖြစ် ကိုယ်ကကြားကဝင် ဖြန်ဖြေပေးရတတ်တယ်။ ဝေးကွာနေတဲ့ လူနှစ်ယောက်အတွက် ကိုယ်က ဆက်သွယ်ပေးရတတ်ပါတယ် …။
ဒီနှစ်ဟာ ဘယ်လိုအကြောင်းရာကိုပဲပြောပြော ကိုယ်ပြောသမျှကို ဘယ်သူကမှ မဟုတ်ဘူးလို့ မပြောပဲလက်ခံမယ့် နှစ်ဖြစ်ပါတယ် …။
အမှန်ကတော့ ဒီနှစ်ဟာနှစ်ဦးနှစ်ဘက် အုပ်စုနှစ်ခု ပြေပြေလည်လည်ဖြစ်သွားအောင်ဖြန်ဖြေပေး ရတတ်တဲ့နှစ်မျိုးပဲ၊ ပြီးတော့ ဘာကိုပဲလုပ်လုပ် ကံတရားက ကိုယ့်ကိုမျက်နှာသာပေးမယ့် သွေးသားသံယောဇဉ်အတွက် စိတ်ညစ်ရသော နှစ်ပါပဲ၊ မမျှော်လင်ပဲ အိမ်ထောင်ကျမဲ့နှစ်ပါ …။
3 #ဂဏန်းရတဲ့နှစ်
ဒီနှစ်ဟာ အူမြူးရမယ့်နှစ့်ဖြစ်ပါတယ်၊ ဘေးက ကိုယ့်ကိုကြည့်နေတဲ့ သူတွေကတောင် အူမြူးလှချည်လားလို့ ပြောရလောက်အောင် အူမြူးနေတတ်ပါတယ်။ ဘုရားဖူးခရီး ပျော်ပွဲစားထွက်ပါ။ သွားတတ်သောနှစ် အပျော်ကြူးတဲ့ နှစ်တစ်နှစ်ပါပဲ …။
ပြီးတော့ဘာကိုပဲလုပ်လုပ် ကံကောင်းတဲ့ နှစ့်ဖြစ်တဲ့အတွက် ရဲရဲသာလုပ်ပါထီ-ချဲ -ရာထူးဥစ္စာရသောနှစ်အလှူ အတန်းပြု ရသောနှစ်ကံကောင်းသော နှစ်တစ်နှစ်ပါပဲ …။
4 #ဂဏန်းရသောနှစ်
ဒီနှစ်က့တော့ လေးထောင့်ခြံခတ်ထားတဲ့ အထဲ ပိတ်မိနေသလိုမျိုး စိတ်အိုက် လူအိုက်ဖြစ်တတ်ပါတယ်၊ ထွက်ပေါက်မရှိပဲ ဖြစ်နေတတ်တယ်၊ စိတ်အိုက်စရာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ် …။
အလုပ်တွေပိနေတတ်တယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်း စာရင်းဇယားမရှိသော နှစ်ဖြစ်သောကြောင့် စိတ်ညစ်ရမည့်နှစ်ပါ …။
5 #ဂဏန်းရသောနှစ်
ကံတရားစေ့ဆော်ဖန်တီးခြင်းကြောင့်အပြောင်းအလဲမြန်သောနှစ်ဘာကိုပဲလုပ်လုပ် ရည်ရွယ်ချက်မထားပဲ လုပ်စရာရှိတာတွေလုပ်ပါ၊ ရည်ရွယ်ချက်ထားပြီးလုပ်ရင် ပျက်တတ်ပါတယ် …။
ခရီးထွက်ချင်ရင်လည်း ထွက်လိုက်ပါ ရောင်းစရာ ရှိရင်ရှုံးမယ် ဝယ်စရာရှိရင်လဲ ဝယ်အမှားဖြစ်မယ်၊ ဘာကိုမှ စီမံကိန်းချ ပြီး မလုပ်သင့်တဲ့နှစ်ပါပဲ။ လုပ်ရင်လွဲကုန်မှာပါပဲ …။
ပြီးတော့ ဒီနှစ်ဟာ မျော်လင့် မထားတဲ့ ဆီက လာဘ်လာဘဝင် လာတတ်ပေမယ့် အကောင်းထက်အဆိုးများသောနှစ် …။
ကြာသပတေးနံကြောင့်ဒုက္ခဖြစ်သော နှစ်အမူအခင်းပြသနာဖြစ်တတ်ပြီး သူခိုး-ဓါးမြအန္တရာယ်ဖြစ်တတ်သောနှစ်။ လူမူရေးရှုပ်ထွေးသောနှစ်။ အိမ်ထောင်သည်များ ဖောက်ပြန်သော နှစ် ဖြစ်သလို အပျို လူပျိုလးများလဲနာမည်ပျ က်သောနှစ်။ စုန်းနတ်ပယောဂဖမ်းစားသလို တစ်ဦးတယောက်က လုပ်ကြံခံရသလို ခံစားနေရမည် …။
လောကကြီးစိတ်ပျက်ပြီး ထင်ရာစိုင်းချင်သောနှစ် ဖြစ်သောကြောင့် သတိရှိစေချင်ပါသည်။ ချမ်းသာဘို့ထက် လက်ရှိအနေအထားလျော့ကျ ပျက်စီးမသွားအောင် ဂရုစိုက်စေချင်ပါသည်။ ဝန်ထမ်းများပြသနာတက် အပြောင်းအရွှေ့ကြုံနိုင်သည်။ ကျန်းမာရေးညံ့ငွေကုန်စိတ်ပန်းမည် …။
6 #ဂဏန်းရသောနှစ်
ဒီလိုနှစ်မျိုးမှာ ကိုယ့်အတွက် အလုပ် လုပ်ရတာ နည်းတယ်၊ သူများအတွက် ကူညီရတာများတယ်၊ သူများအတွက် အချိန်ယူပြီးကူညီလုပ်ကိုင်ပေးရတာက များပါတယ်၊ အဲ့ဒီအတွက်လည်းကိုယ့်ဟာကိုယ် ပီတိဖြစ်ရတတ်ပါတယ် …။
ပြီးတော့ လူငယ် လူရွယ်ဆိုရင်လည်း အချစ်ရေးကိစ္စ တွေပေါ်ပေါက်တတ်ပါတယ်။ ကိုယ်ကသူများကို ကူညီလိုက်သလိုမျိုး ကိုယ့်ကိုလည်း သူများက ပြန်ကူညီပါလိမ့်မည်၊ ဒါကြောင့်သူများ အကူညီတောင်းရင်ပေးလိုက်ပါ …။
အရေးကြီးတဲ့ စာချုပ်တွေ ချုပ်မယ်ဆိုရင် ဒီနှစ်ဟာ အကောင်းဆုံးနှစ်ထီ – ချဲ-ရာထူး အိမ်ထောင်ရေး ကံကောင်းနေမည့်နှစ်ပါ …။
7 #ဂဏန်းရတဲ့နှစ်
ဒီနှစ်ဟာ တစ်ယောက်ထဲ အေးအေးဆေးဆေး ထိုင်နေရပြီးဘာသာရေးအလုပ်၊ ဂမ္ဘီရအလုပ်တွေ လေ့လာမိတတ်ပါတယ်၊စာအုပ်တွေရတတ်ပါတယ်၊ လေးနက်တဲ့ ထူးဆန်းတဲ့ အတွေးခေါ်တွေရတတ်ပါတယ် …။
ထူးထူးဆန်းဆန်း စကားတွေ သတင်းတွေရောက်လာတတ်ပါတယ်၊ အံ့သြစရာကောင်းတဲ့ အဖြစ်ပျက်မျိုးတွေကြုံရတတ်ပါတယ်၊ မသွားဖူး မရောက်ဖူးတဲ့ ခရီးတွေ သွားရတတ်ပါတယ် …။
စားလေ့စားထ မရှိတဲ့ အစားသောက်တွေ စားရတတ်ပါတယ်။ သူများအတွက် အာမခံလို စိတ်ညစ်ရမည့်နှစ်။ ဗုဒ္ဓဟူးနံစနေနံပက်သက်၍ စိတ်ပျက်စိတ်ညစ်ရမည်။ ခြေ-လက်ဒုက္ခတွေ့တတ်သောနှစ်။ သူခိုး-ခိုးခံရသောနှစ် …။
8 #ဂဏန်းရတဲ့နှစ်
ဒီနှစ်က ဘဝမှာ အရေးကြီးတဲ့ အပြောင်းလဲမျိုးဟာ ဒီလိုနှစ်မျိုးမှာ ဖြစ်တတ်တယ်။ ကံကောင်းတဲ့ နှစ်တနှစ်ပါ။ ရွှံကိုင်ရွှေ့ ဖြစ်သောနှစ်။ ငွေအလုံးအရင်းဝင်သော နှစ် …။
ကူညီမစမှု့ ခံရသောနှစ်။ အရေးကြီးတဲ့ အလုပ်တွေလုပ်ပါ၊ အောင်မြင်မည် …။
အထက်ပါ 3-6 ဂဏန်းလို ကောင်းနေပါသည် …။
9 #ဂဏန်းရတဲ့နှစ်
ဒီနှစ်ကတော့ကံမုန်းသောနှစ်ကံမရှီဉာဏ်ရှီတိုင်းမွဲလုပ် သမျှ အဖတ်မတင်အဆင်ပြေမလိုလိုနဲ့ အဖျားရူးသောနှစ်စိတ် နဲ့ကိုယ်မကပ်သောနှစ်။ အထင်အမြက်အလွဲခံရသောနှစ်။ ဂုဏ်သိင်္ခါကျသော နှစ် …။
ချေးငှါးပါက ဆုံးမည့်နှစ်။ မဖိတ်ခေါ်ဘဲ ပြသနာအိမ်ရောက်လာ နှစ်ဆုံးရှုံးခြင်းကြေကွဲခြင်း လူလိမ်ခံရသောနှစ်။ အမူ့အခင်းပြသနာဖြစ်ရှုံးသောနှစ်။ တစ်နှစ်ပတ်လုံး စိတ်ရှည်သည်းခံပြီး ဘာသာတရားအလေးထား လုပ်ကိုင် သင့်သောနှစ် ဖြစ်ပါတယ် …။ ။
Credit