လက္ရွိ တြဲေနတဲ့သူနဲ႔ ေရစက္ပါ၊ မပါသိႏိုင္မယ့္ အေၾကာင္းအရင္းမ်ား…

လက္ရွိ တြဲေနတဲ့သူနဲ႔ ေရစက္ပါ၊ မပါသိႏိုင္မယ့္ အေၾကာင္းအရင္းမ်ား…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

ေရစက္သာ ပါလာရင္ ႀကံဖန္ၿပီးဆုံ ရသလိုပဲ ၊ ေရစက္ မပါရင္ ႀကံဖန္ၿပီးလြဲတယ္ ဆိုတဲ့စကားေလး ၾကားဖူးၾကမွာပါ …။

လူတိုင္းက ေရစက္ပါလို႔ ေတြ႕ဆုံ ၾကသလိုပဲ ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္ဆိုတာလည္း အတိတ္ဘဝကဆုံဖူး ဆုေတာင္းခဲ့ဖူးတဲ့ ဆုေတာင္းေတြေၾကာင့္ အခုဘဝမွာ လက္တြဲေဖာ္အေနနဲ႔ ျပန္ဆုံေတြ႕တယ္လို႔ ယုံၾကည္ၾကပါတယ္ …။

ဒီလိုပဲ ကိုယ္တစ္ႀကိမ္ တစ္ခါမွ မဆုံဖူးပါပဲ ျမင္ျမင္ခ်င္း ခ်စ္မိတဲ့ အခ်စ္ဆိုတာ အတိတ္ဘဝကေရွးေရစက္ေၾကာင့္ ျဖစ္လာရတဲ့ အခ်စ္လို႔ယုံ ၾကည္ထားၾကပါတယ္ …။

သူနဲ႔ကိုယ္နဲ႔ ေရစက္လားဆိုတာကို သိနိုင္တဲ့ အခ်က္ေလးေတြ ရွိပါတယ္ေနာ္ …။

၁။ ပထမဆုံးဆုံတဲ့ အခါ ရင္းႏွီးေနတဲ့ ခံစားခ်က္မ်ိဳး”

သူနဲ႔ပထမ ဆုံးစေတြ႕တဲ့ အခ်ိန္မွာ အရင္ထဲ ကေတြ႕ခဲ့ဖူးသလို၊ တစ္ေနရာမွာျမင္ဖူးခဲ့သလို စိတ္ထဲမွာ ရင္းႏွီးေနတဲ့ ခံစားခ်က္မ်ိဳး ရလိုက္တာမ်ိဳးပါ …။

ျမင္ျမင္ခ်င္း ခ်စ္မိတာမ်ိဳး မဟုတ္ရင္ေတာင္ ခဏေလး အတြင္းမွာ အႏွစ္ႏွစ္ အလလက ခင္မင္ခဲ့ ဖူးသလိုမ်ိဳး သံေယာဇဥ္တြယ္ၿပီး ခ်စ္မိသြားတာမ်ိဳးပါ …။

တကယ္ေရွးေရစက္ သာဆိုရင္ စိတ္ခ်ပါ သင့္အခ်စ္က တစ္ဖက္သက္လုံးဝ မဟုတ္ပါဘူး၊ သူဘက္ကလည္း သင့္လို တစ္ထပ္တည္း ခံစားရမွာပဲ ျဖစ္ပါတယ္ …။

၂။ အေၾကာင္းအရင္း မတိုက္ဆိုင္ပါပဲ သူနဲ႔ဆုံေတြ႕ရတာမ်ိဳး”

အစမွာေျပာခဲ့သလိုပါပဲ ေရစက္ ပါလာရင္ ေရွာင္လြဲလို ့မရပါဘူး။ ႀကံဖန္ၿပီးကို ဆုံရမွာပါ …။

ပထမဆုံးေတြ႕႐ုံနဲ႔ ရင္းႏွီးတဲ့ ခံစားခ်က္ မ်ိဳးထက္ သူက ကိုယ့္ေရွ႕ကို အေၾကာင္းအရင္းမတိုက္ဆိုင္ ပါပဲ ခဏခဏေရာက္ လာတတ္တာမ်ိဳးပါ …။

မ်က္လုံးခ်င္းဆုံေတြ႕တဲ့ အခါ မ်ိဳးမွာလည္း စကားသာ မေျပာဖူးရင္မေျပာဖူးမယ္ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးၿပီး သားျဖစ္ေနတတ္ပါတယ္ …။

၃။ Telepathy လို႔ေခၚတဲ့ စိတ္ခ်င္းဆက္ႏြယ္ေနမႈမ်ိဳး”

ဒီအဆင့္ကေတာ့ ခ်စ္သူေတြျဖစ္ၿပီး မွၾကဳံေတြ႕ရတဲ့ အဆင့္ပါ။

မက္ေဆ့ပို႔ေနရင္း တူညီတဲ့စာ ေၾကာင္းေလးေတြပို႔ မိတာမ်ိဳး၊ ကိုယ္က သူ႔ကို ဖုန္းဆက္ ဖို႔ဖုန္းဖြင့္လိုက္တဲ့ အခ်ိန္ သူ႔ဆီက ဖုန္းလာတာမ်ိဳး …၊

ကိုယ္စားခ်င္တဲ့အစားအေသာက္ေလးေတြဆို မေတာင္းဆိုပါပဲ သူကဝယ္လာေပးတာမ်ိဳး ၾကဳံရမွာပါ …။

ဒါဟာ တိုက္ဆိုင္မႈတစ္ခု မဟုတ္ပါဘူး။ ဒါဟာ သူနဲ႔ကိုယ့္ၾကားက ရွင္းျပဖို႔ခက္တဲ့ စိတ္ခ်င္းဆက္ ႏြယ္ေနမႈမ်ိဳးပါပဲ …။

၄။ စိတ္ေနသေဘာထားခ်င္း တူေနတာမ်ိဳး”

အေၾကာင္းအရာ တစ္ခုကို ေဝဖန္တဲ့ အခါမ်ိဳး၊ အမွားအမွန္ခြဲျခားတဲ့အခါမ်ိဳးေတြမွာေတာင္ သူနဲ႔ကိုယ္က မတိုင္ပင္ ထားပါပဲနဲ႔

အျမင္သေဘာ ထားတူညီေနတာ မ်ိဳးပါ။ အျမင္တစ္ဖက္တည္းမွာ ရွိေနတာ မ်ိဳးပါ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

လက်ရှိ တွဲနေတဲ့သူနဲ့ ရေစက်ပါ၊ မပါသိနိုင်မယ့် အကြောင်းအရင်းများ…

ရေစက်သာ ပါလာရင် ကြံဖန်ပြီးဆုံ ရသလိုပဲ ၊ ရေစက် မပါရင် ကြံဖန်ပြီးလွဲတယ် ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ …။

လူတိုင်းက ရေစက်ပါလို့ တွေ့ဆုံ ကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာလည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ ဆုတောင်းတွေကြောင့် အခုဘဝမှာ လက်တွဲဖော်အနေနဲ့ ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ် …။

ဒီလိုပဲ ကိုယ်တစ်ကြိမ် တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်း ချစ်မိတဲ့ အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့် ဖြစ်လာရတဲ့ အချစ်လို့ယုံ ကြည်ထားကြပါတယ် …။

သူနဲ့ကိုယ်နဲ့ ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေ ရှိပါတယ်နော် …။

၁။ ပထမဆုံးဆုံတဲ့ အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး”

သူနဲ့ပထမ ဆုံးစတွေ့တဲ့ အချိန်မှာ အရင်ထဲ ကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာ ရင်းနှီးနေတဲ့ ခံစားချက်မျိုး ရလိုက်တာမျိုးပါ …။

မြင်မြင်ချင်း ချစ်မိတာမျိုး မဟုတ်ရင်တောင် ခဏလေး အတွင်းမှာ အနှစ်နှစ် အလလက ခင်မင်ခဲ့ ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ …။

တကယ်ရှေးရေစက် သာဆိုရင် စိတ်ချပါ သင့်အချစ်က တစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လို တစ်ထပ်တည်း ခံစားရမှာပဲ ဖြစ်ပါတယ် …။

၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး”

အစမှာပြောခဲ့သလိုပါပဲ ရေစက် ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီးကို ဆုံရမှာပါ …။

ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ ခံစားချက် မျိုးထက် သူက ကိုယ့်ရှေ့ကို အကြောင်းအရင်းမတိုက်ဆိုင် ပါပဲ ခဏခဏရောက် လာတတ်တာမျိုးပါ …။

မျက်လုံးချင်းဆုံတွေ့တဲ့ အခါ မျိုးမှာလည်း စကားသာ မပြောဖူးရင်မပြောဖူးမယ် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီး သားဖြစ်နေတတ်ပါတယ် …။

၃။ Telepathy လို့ခေါ်တဲ့ စိတ်ချင်းဆက်နွယ်နေမှုမျိုး”

ဒီအဆင့်ကတော့ ချစ်သူတွေဖြစ်ပြီး မှကြုံတွေ့ရတဲ့ အဆင့်ပါ။

မက်ဆေ့ပို့နေရင်း တူညီတဲ့စာ ကြောင်းလေးတွေပို့ မိတာမျိုး၊ ကိုယ်က သူ့ကို ဖုန်းဆက် ဖို့ဖုန်းဖွင့်လိုက်တဲ့ အချိန် သူ့ဆီက ဖုန်းလာတာမျိုး …၊

ကိုယ်စားချင်တဲ့အစားအသောက်လေးတွေဆို မတောင်းဆိုပါပဲ သူကဝယ်လာပေးတာမျိုး ကြုံရမှာပါ …။

ဒါဟာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး။ ဒါဟာ သူနဲ့ကိုယ့်ကြားက ရှင်းပြဖို့ခက်တဲ့ စိတ်ချင်းဆက် နွယ်နေမှုမျိုးပါပဲ …။

၄။ စိတ်နေသဘောထားချင်း တူနေတာမျိုး”

အကြောင်းအရာ တစ်ခုကို ဝေဖန်တဲ့ အခါမျိုး၊ အမှားအမှန်ခွဲခြားတဲ့အခါမျိုးတွေမှာတောင် သူနဲ့ကိုယ်က မတိုင်ပင် ထားပါပဲနဲ့

အမြင်သဘော ထားတူညီနေတာ မျိုးပါ။ အမြင်တစ်ဖက်တည်းမှာ ရှိနေတာ မျိုးပါ …။ ။

Credit