တစ္ခ်ိန္ကအရမ္းခ်စ္ခဲ့ဖူးသူကို ေမ့ဖို႔ၾကိဳးစားရာမွာ အသံုးဝင္မယ့္နည္းလမ္းမ်ား…

တစ္ခ်ိန္ကအရမ္းခ်စ္ခဲ့ဖူးသူကို ေမ့ဖို႔ၾကိဳးစားရာမွာ အသံုးဝင္မယ့္နည္းလမ္းမ်ား…

စာမမှန်ပါက အောက်တွင် Unicode version ဖြင့်ဖတ်ရန်

အခ်စ္ဆုိတာ နက္နဲတယ္၊ သိမ္ေမြ႕ပါတယ္။ ၀င္မလာနဲ႔လုိ႔ ေျပာလုိ႔မရသလုိ ၀င္လာခဲ့ပါလုိ႔လည္း လက္ယပ္ေခၚလုိ႔ရတာ မဟုတ္ပါဘူး။ ဒီလုိပဲ စိတ္ထဲမွာ စြဲစြဲၿမဲၿမဲ ရွိေနခဲ့တဲ့ လူတစ္ေယာက္ကုိ ဘယ္လုိမွေပါင္းစပ္ဖုိ႔ မျဖစ္ႏုိင္မွန္း သိတဲ့အခါ သိစိတ္က ေမ့ဖုိ႔ႀကိဳးစားေလ … မသိစိတ္က သူ႕ကုိ အမွတ္ရ ရွိေနေလပါပဲ။ ဒါေၾကာင့္ အတိတ္မွာ အရမ္းခ်စ္ခဲ့ဖူးသူကို ေမ့ဖို႔ၾကိဳးစားရာမွာ အသံုးဝင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္ …။

(၁) အေျခအေနကို လက္ခံျခင္း”

ကိုယ့္ရဲ႕ လက္ရွိအေျခအေနကုိ ကုိယ္ကုိယ္တုိင္ သေဘာေပါက္ လက္ခံဖုိ႔က အေရးႀကီးဆုံး ျဖစ္ပါတယ္။ အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ လမ္းခြဲလုိက္ရတဲ့ သူ႕ကုိ ဘယ္လုိအေျခအေနနဲ႔ပဲျဖစ္ျဖစ္ လက္လႊတ္ရေတာ့မယ္ဆုိတာ ကိုယ့္ဘက္က ေသေသခ်ာခ်ာ စဥ္းစားမိပါေစ။ မပိုင္ဆုိင္ရမွန္းသိတဲ့အရာတစ္ခုကို ပုိင္ဆုိင္ဖုိ႔ မႀကိဳးစားေရးအတြက္ ကုိယ့္စိတ္ကို ထိန္းႏုိင္ေအာင္ အရင္ႀကိဳးစားၾကည္႔ပါ …။

(၂) သီခ်င္းနားေထာင္ျခင္း/ရယ္စရာ ဇာတ္ကားၾကည့္ျခင္း”

သီခ်င္းနားေထာင္ျခင္း၊ ရယ္စရာဇာတ္ကား ၾကည့္ျခင္းေတြဟာ အတိတ္က သူ႕ကို ေမ့ဖုိ႔နည္းလမ္းေတြပါ။ ဒါေပမယ့္ သီခ်င္းနားေထာင္ေလ ပုိလုိ႔သတိရေလဆုိတာမ်ိဳး ျဖစ္ေနရင္ေတာ့ သီခ်င္းနားမေထာင္ပါနဲ႔။ တစ္ျခား စိတ္ေျပလက္ေပ်ာက္ျဖစ္ေစမယ့္ ရယ္စရာဇာတ္ကားေတြ၊ စာအုပ္ဖတ္တာမ်ိဳးေတြ ျပဳလုပ္ပါ …။

(၃) ခရီးထြက္ျခင္း/လမ္းေလွ်ာက္ထြက္ျခင္း”

စိတ္ကို အတည္ၿငိမ္ဆုံး ကုစားေပးတာကေတာ့ ခရီးထြက္ျခင္းလုိ႔ ကၽြမ္းက်င္သူေတြက ဆုိပါတယ္။ အတြဲလုံး၀မပါတဲ့ သူငယ္ခ်င္းေတြ သီးသန္႔ခရီးစုထြက္တာမ်ိဳးက ပုိအဆင္ေျပပါတယ္။ ခရီးထြက္ဖုိ႔ အဆင္မေျပတဲ့ အခါမ်ိဳးမွာ ကို္ယ္လက္လႈပ္ရွား သေဘာပဲျဖစ္ျဖစ္၊ လမ္းေလွ်ာက္ျခင္း သက္သက္ပဲ ျဖစ္ျဖစ္ စမ္းလုပ္ၾကည့္လိုက္ပါ …။

(၄) အတိတ္ကုိ မတူးေဖာ္ပါနဲ႔”

ကိုယ့္ကုိ နာက်င္မႈေတြေပးတဲ့ အတိတ္ကုိ ျပန္ျပန္ၿပီး သတိတရရွိေနမိျခင္းကေန ႐ုန္းထြက္ဖုိ႔လုိပါတယ္။ အတိတ္ေတြထဲမွာ မက်႐ႈံးပါနဲ႔။ အတိတ္က သတ္လုိ႔ ေသတဲ့လူေလာက္ လက္ေတြ႕မက်တဲ့သူ ကမာၻေလာကႀကီးမွာ မရွိပါဘူး။ အတိတ္ကို ရေအာင္ေမ့ပါ။ လြမ္းစရာရွိရင္ နာစရာနဲ႔ ေျဖပါ။ နာစရာနဲ႔ မေျဖတတ္ရင္ အတိတ္ကို လုံး၀ သတိမရဖုိ႔ ႀကိဳးစားၾကည္႔ပါ …။

(၅) သတိရေစမယ့္ အရာေတြကုိေရွာင္ပါ”

သတိရေစမယ့္ ေနရာေတြ မသြားပါနဲ႔။ သတိရေစမယ့္ အစားအစာေတြ မစားပါနဲ႔။ သတိရေစမယ့္ ႐ုပ္ရွင္ေတြ မၾကည့္ပါနဲ႔။ သူေပးခဲ့တဲ့ အမွတ္တရေတြကို တန္ဖုိးမထားဘဲ ခ်က္ခ်င္း ဖ်က္ဆီးပစ္တဲ့ အလုပ္မ်ိဳးကို ရဲရဲ၀ံ့၀ံ့လုပ္ႏုိင္ေလ၊ ေမ့တဲ့ေနရာမွာ ထိေရာက္ေလပါပဲ …။

(၆) အ၀တ္အစား/အေနအထိုင္ ပုံစံအသစ္နဲ႔စတင္ပါ”

စိတ္သစ္လူသစ္ျဖစ္ဖုိ႔ လူေနမႈဘ၀ပုံစံကို ေျပာင္းဖုိ႔ လုိပါတယ္။ လူဆုိတာ ကိုယ္ေရာက္ရာ အာ႐ုံမွာ သဘာ၀အေလွ်ာက္ ေပ်ာ္ေပ်ာ္ေနတတ္ေအာင္ ဖန္တီးယူတတ္တဲ့သူေတြ ျဖစ္ပါတယ္။ အရင္က စကပ္မ၀တ္ဘူးရင္ စကပ္စမ္း၀တ္ကာ လူေန႔မႈပုံစံကို စတင္ပါ၊ အရင္က ပုဆုိးမ၀တ္ဖူးရင္ ပုဆုိး၀တ္ၿပီး ပတ္၀န္းက်င္အသစ္မွာ ၾကင္လည္ၾကည္႔ပါ …။

(၇) သူငယ္ခ်င္းအသစ္ေတြနဲ႔ မိတ္ေဆြဖြဲ႕ပါ”

ေနရာအသစ္၊ အေတြ႕အႀကဳံအသစ္ေတြ၊ သူငယ္ခ်င္းအသစ္ေတြဟာ အေဟာင္းေတြထဲက ကိုယ့္ကို ဒုကၡေပးေနတဲ့ အေဟာင္းေတြကို ေမ့ပစ္ဖုိ႔ အေကာင္းဆုံးေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကုိယ္နဲ႔ ပစၥဳပၸန္တည့္တည့္မွာ အဆင္ေျပမယ့္ ပတ္၀န္းက်င္အသစ္ကို ကိုယ္တုိင္ စိတ္ပါလက္ပါနဲ႔ ဖန္တီးၾကည့္ပါေနာ္ …။ ။

Si Si (Aunty May)

Unicode version ဖြင့်ဖတ်ရန်

တစ်ချိန်ကအရမ်းချစ်ခဲ့ဖူးသူကို မေ့ဖို့ကြိုးစားရာမှာ အသုံးဝင်မယ့်နည်းလမ်းများ…

အချစ်ဆိုတာ နက်နဲတယ်၊ သိမ်မွေ့ပါတယ်။ ဝင်မလာနဲ့လို့ ပြောလို့မရသလို ဝင်လာခဲ့ပါလို့လည်း လက်ယပ်ခေါ်လို့ရတာ မဟုတ်ပါဘူး။ ဒီလိုပဲ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေခဲ့တဲ့ လူတစ်ယောက်ကို ဘယ်လိုမှပေါင်းစပ်ဖို့ မဖြစ်နိုင်မှန်း သိတဲ့အခါ သိစိတ်က မေ့ဖို့ကြိုးစားလေ … မသိစိတ်က သူ့ကို အမှတ်ရ ရှိနေလေပါပဲ။ ဒါကြောင့် အတိတ်မှာ အရမ်းချစ်ခဲ့ဖူးသူကို မေ့ဖို့ကြိုးစားရာမှာ အသုံးဝင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) အခြေအနေကို လက်ခံခြင်း”

ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ကိုယ်ကိုယ်တိုင် သဘောပေါက် လက်ခံဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတဲ့ သူ့ကို ဘယ်လိုအခြေအနေနဲ့ပဲဖြစ်ဖြစ် လက်လွှတ်ရတော့မယ်ဆိုတာ ကိုယ့်ဘက်က သေသေချာချာ စဉ်းစားမိပါစေ။ မပိုင်ဆိုင်ရမှန်းသိတဲ့အရာတစ်ခုကို ပိုင်ဆိုင်ဖို့ မကြိုးစားရေးအတွက် ကိုယ့်စိတ်ကို ထိန်းနိုင်အောင် အရင်ကြိုးစားကြည့်ပါ …။

(၂) သီချင်းနားထောင်ခြင်း/ရယ်စရာ ဇာတ်ကားကြည့်ခြင်း”

သီချင်းနားထောင်ခြင်း၊ ရယ်စရာဇာတ်ကား ကြည့်ခြင်းတွေဟာ အတိတ်က သူ့ကို မေ့ဖို့နည်းလမ်းတွေပါ။ ဒါပေမယ့် သီချင်းနားထောင်လေ ပိုလို့သတိရလေဆိုတာမျိုး ဖြစ်နေရင်တော့ သီချင်းနားမထောင်ပါနဲ့။ တစ်ခြား စိတ်ပြေလက်ပျောက်ဖြစ်စေမယ့် ရယ်စရာဇာတ်ကားတွေ၊ စာအုပ်ဖတ်တာမျိုးတွေ ပြုလုပ်ပါ …။

(၃) ခရီးထွက်ခြင်း/လမ်းလျှောက်ထွက်ခြင်း”

စိတ်ကို အတည်ငြိမ်ဆုံး ကုစားပေးတာကတော့ ခရီးထွက်ခြင်းလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အတွဲလုံးဝမပါတဲ့ သူငယ်ချင်းတွေ သီးသန့်ခရီးစုထွက်တာမျိုးက ပိုအဆင်ပြေပါတယ်။ ခရီးထွက်ဖို့ အဆင်မပြေတဲ့ အခါမျိုးမှာ က်ိုယ်လက်လှုပ်ရှား သဘောပဲဖြစ်ဖြစ်၊ လမ်းလျှောက်ခြင်း သက်သက်ပဲ ဖြစ်ဖြစ် စမ်းလုပ်ကြည့်လိုက်ပါ …။

(၄) အတိတ်ကို မတူးဖော်ပါနဲ့”

ကိုယ့်ကို နာကျင်မှုတွေပေးတဲ့ အတိတ်ကို ပြန်ပြန်ပြီး သတိတရရှိနေမိခြင်းကနေ ရုန်းထွက်ဖို့လိုပါတယ်။ အတိတ်တွေထဲမှာ မကျရှုံးပါနဲ့။ အတိတ်က သတ်လို့ သေတဲ့လူလောက် လက်တွေ့မကျတဲ့သူ ကမာ္ဘလောကကြီးမှာ မရှိပါဘူး။ အတိတ်ကို ရအောင်မေ့ပါ။ လွမ်းစရာရှိရင် နာစရာနဲ့ ဖြေပါ။ နာစရာနဲ့ မဖြေတတ်ရင် အတိတ်ကို လုံး၀ သတိမရဖို့ ကြိုးစားကြည့်ပါ …။

(၅) သတိရစေမယ့် အရာတွေကိုရှောင်ပါ”

သတိရစေမယ့် နေရာတွေ မသွားပါနဲ့။ သတိရစေမယ့် အစားအစာတွေ မစားပါနဲ့။ သတိရစေမယ့် ရုပ်ရှင်တွေ မကြည့်ပါနဲ့။ သူပေးခဲ့တဲ့ အမှတ်တရတွေကို တန်ဖိုးမထားဘဲ ချက်ချင်း ဖျက်ဆီးပစ်တဲ့ အလုပ်မျိုးကို ရဲရဲဝံ့ဝံ့လုပ်နိုင်လေ၊ မေ့တဲ့နေရာမှာ ထိရောက်လေပါပဲ …။

(၆) အဝတ်အစား/အနေအထိုင် ပုံစံအသစ်နဲ့စတင်ပါ”

စိတ်သစ်လူသစ်ဖြစ်ဖို့ လူနေမှုဘဝပုံစံကို ပြောင်းဖို့ လိုပါတယ်။ လူဆိုတာ ကိုယ်ရောက်ရာ အာရုံမှာ သဘာဝအလျှောက် ပျော်ပျော်နေတတ်အောင် ဖန်တီးယူတတ်တဲ့သူတွေ ဖြစ်ပါတယ်။ အရင်က စကပ်မဝတ်ဘူးရင် စကပ်စမ်းဝတ်ကာ လူနေ့မှုပုံစံကို စတင်ပါ၊ အရင်က ပုဆိုးမဝတ်ဖူးရင် ပုဆိုးဝတ်ပြီး ပတ်ဝန်းကျင်အသစ်မှာ ကြင်လည်ကြည့်ပါ …။

(၇) သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ပါ”

နေရာအသစ်၊ အတွေ့အကြုံအသစ်တွေ၊ သူငယ်ချင်းအသစ်တွေဟာ အဟောင်းတွေထဲက ကိုယ့်ကို ဒုက္ခပေးနေတဲ့ အဟောင်းတွေကို မေ့ပစ်ဖို့ အကောင်းဆုံးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ပစ္စုပ္ပန်တည့်တည့်မှာ အဆင်ပြေမယ့် ပတ်ဝန်းကျင်အသစ်ကို ကိုယ်တိုင် စိတ်ပါလက်ပါနဲ့ ဖန်တီးကြည့်ပါနော် …။ ။

Si Si (Aunty May)