စံုုတြဲေတြၾကားထဲ အခ်စ္ကုန္သြားေစတဲ့ အေၾကာင္းတရားမ်ား…

စံုုတြဲေတြၾကားထဲ အခ်စ္ကုန္သြားေစတဲ့ အေၾကာင္းတရားမ်ား…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

အိမ္ေထာင္သည္ ဘ၀မွာပဲျဖစ္ျဖစ္၊ ခ်စ္သူသမီးရည္းစား ဘ၀မွာပဲျဖစ္ျဖစ္ ေအာက္ပါအေၾကာင္းအရာေတြနဲ႔ တုိက္ဆုိင္ေနတယ္ဆုိရင္ေတာ႔ နာက်င္မႈေတြ ခံစားရမွာပါ။ ေနာက္ဆုံး လုံး၀မခံႏုိင္ေတာ့တဲ့အဆုံး ကြာရွင္းျပတ္ဆဲျခင္း၊ လမ္းခြဲေက်ာခုိင္းျခင္းတုိ႔ ျဖစ္လာဖုိ႔ ေသခ်ာသေလာက္ပါပဲ။ အဲ႔ဒါေၾကာင့္ ခ်စ္ပရိသတ္ႀကီးလည္း ဆင္ျခင္သိရွိဖုိ႔ ေဖာ္ျပေပးလုိက္ပါတယ္ေနာ္ …။

(၁) ကန္႔လန္႔တုိက္ဖုိ႔ ေရွး႐ႈေနရင္”

ခ်စ္သူ/အိမ္ေထာင္ဘက္က ဘာလုပ္လုပ္ အျပစ္ေျပာမယ္၊ မေကာင္းေျပာမယ္၊ ကန္႔လန္႔သာတုိက္ေနမယ္ဆုိရင္ တစ္ဖက္သားကလည္း လူပဲေလ။ သူ႕ရဲ႕ေစတနာေမတၱာေတြ ေျမာင္းထဲသြန္ခံရတဲ့အခါ အႀကိမ္ႀကိမ္ ေပးဆပ္ခ်င္ပါ့မလား။ ဒါကလည္း အခ်စ္ေရးတစ္ခုကို ဆုိးရြားေစတဲ့ အျပဳအမူတစ္ခု ျဖစ္ပါတယ္ …။

(၂) ညည္းေငြ႕မႈကို ခံစားရရင္”

ခ်စ္သူအေပၚမွာ ခ်စ္ရတာ စိတ္ပါလက္ပါ မရွိေတာ့ဘူး၊ ဒါမွမဟုတ္ ခ်စ္တယ္ႀကိဳက္တယ္လုိ႔ေတာင္ အမည္မတပ္ခ်င္ေတာ့ဘူး … ၀န္မခံခ်င္ေတာ့ဘူးဆုိရင္ တစ္ဘက္က ဘယ္ေလာက္ပဲ ခ်စ္ပါေစ ေသခ်ာသေလာက္ကေတာ့ မၾကာခင္ ခ်စ္ျခင္းဇာတ္လမ္း အဆုံးသတ္ရေတာ့မွာပဲ ျဖစ္ပါတယ္ …။

(၃) အေကာင္းဆုံးပုံစံကုိ ေပးဖုိ႔စိတ္ကူးမရွိေတာ့ရင္”

သူဟာ ဘယ္ေလာက္ပဲ ကိုယ့္အေပၚ ဦးစားေပးသည္ျဖစ္ေစ၊ ဘယ္ေလာက္ပဲ ခ်စ္သည္ျဖစ္ေစ၊ ကုိယ္ေပးႏုိင္တဲ့ အေကာင္းဆုံးပုံစံကုိ ေပးဖုိ႔ စိတ္ကူးမရွိဘူးဆုိရင္လည္း ဒီအခ်စ္ေရးက မ်ဥ္းတစ္ခုေပၚမွာ ေက်ာေပး ေလွ်ာက္ေနရတာနဲ႔ တူပါတယ္ …။

(၄) တစ္ဖက္ကေပးတဲ့ေမတၱာကုိ အေလးအနက္မျပဳေတာ့ရင္”

ကုိယ့္စိတ္ထဲကလည္း အခ်စ္ဘက္မွာ ေပါ့ေလွ်ာ့သြားသလုိ၊ တစ္ဘက္ကေန ေပးလာတဲ့ အၾကင္နာေတြ၊ ေမတၱာေတြ၊ အခ်စ္ေတြ၊ သံေယာဇဥ္ေတြကုိ မသိက်ိဳးကၽြံျပဳလာခဲ့ရင္ ဘယ္လုိ အဆင္ေျပႏုိင္ပါေတာ့မလဲေနာ္ …။

(၅) ရလုိမႈတစ္ခုအတြက္သာ ရည္ရြယ္ရင္”

သူ႕ကုိ ခ်စ္ေနရတာ၊ သူနဲ႔ အိမ္ေထာင္ျပဳရတာ အေနအစားေခ်ာင္တယ္၊ ပုိ္က္ဆံသုံးရတယ္၊ လိင္ဆႏၵအတြက္ ဖူလုံတယ္၊ တစ္ဘ၀စာ စိတ္ေအးရတယ္ စတဲ့ အခ်စ္ကုိ တုိက္႐ုိက္ကုိယ္စားမျပဳႏုိင္တဲ့ ခံစားခ်က္ေတြနဲ႔ လက္တြဲေနတယ္၊ ေပါင္းသင္းေနတယ္ဆုိရင္လည္း ေရရွည္တည္ၿမဲမယ့္ အခ်စ္ေရး/အိမ္ေထာင္ေရးေတာ့ မျဖစ္ႏိုင္တာ ေသခ်ာေနပါျပီ ..။

(၆) ေျပာင္းလဲရမွာကုိ ဆႏၵမရွိရင္”

သူ႕ဘက္က အားနည္းခ်က္ေတြကုိ ျပင္တယ္၊ အက်င့္ဆုိးေတြကုိ ျပင္တယ္၊ အေျပာအဆုိ အေနအထုိင္ဆင္ျခင္တယ္ဆုိရင္ေတာင္မွ ကိုယ့္ဘက္က အဲဒီအခ်က္ေတြ ျပင္ဖုိ႔ စိတ္ကူးမရွိဘူး၊ သူ႕ကုိ အေကာင္းဆုံးပုံစံ ျပသဖုိ႔ စိတ္ကူးမရွိဘူး ဆုိရင္လည္း အခ်စ္ေရးမွာ နာက်င္စရာေတြ ဖန္တီးေနတာနဲ႔ အတူတူပါပဲ …။

(၇) မဆုိင္တဲ့ျပႆနာေတြထဲ အခ်စ္ကုိ ဆြဲသြင္းမိရင္”

ျပင္ပလူမႈေရး၊ စီးပြားေရး ျပႆနာေတြကုိ ကိုယ့္ခ်စ္သူ/ကုိယ္အိမ္ေထာင္ဘက္ကုိ မဆီမဆုိင္ စြဲသြင္းၿပီး အျပစ္ရွာျခင္း၊ ရန္ျပဳျခင္း၊ ေစာင္းေျမာင္းေျပာဆုိျခင္း၊ ပတ္သက္သေယာင္ စြပ္စြဲျခင္းေတြ ျပဳလုပ္မိရင္လည္း ဒီအခ်စ္ဟာ ဘယ္လုိလုပ္ျပီး ခိုင္ျမဲပါ႔မလဲေနာ္ …။ ။

Si Si (auntymay)

Unicode Version ဖြင့်ဖတ်ရန်

စုံတွဲတွေကြားထဲ အချစ်ကုန်သွားစေတဲ့ အကြောင်းတရားများ…

အိမ်ထောင်သည် ဘဝမှာပဲဖြစ်ဖြစ်၊ ချစ်သူသမီးရည်းစား ဘဝမှာပဲဖြစ်ဖြစ် အောက်ပါအကြောင်းအရာတွေနဲ့ တိုက်ဆိုင်နေတယ်ဆိုရင်တော့ နာကျင်မှုတွေ ခံစားရမှာပါ။ နောက်ဆုံး လုံးဝမခံနိုင်တော့တဲ့အဆုံး ကွာရှင်းပြတ်ဆဲခြင်း၊ လမ်းခွဲကျောခိုင်းခြင်းတို့ ဖြစ်လာဖို့ သေချာသလောက်ပါပဲ။ အဲ့ဒါကြောင့် ချစ်ပရိသတ်ကြီးလည်း ဆင်ခြင်သိရှိဖို့ ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) ကန့်လန့်တိုက်ဖို့ ရှေးရှုနေရင်”

ချစ်သူ/အိမ်ထောင်ဘက်က ဘာလုပ်လုပ် အပြစ်ပြောမယ်၊ မကောင်းပြောမယ်၊ ကန့်လန့်သာတိုက်နေမယ်ဆိုရင် တစ်ဖက်သားကလည်း လူပဲလေ။ သူ့ရဲ့စေတနာမေတ္တာတွေ မြောင်းထဲသွန်ခံရတဲ့အခါ အကြိမ်ကြိမ် ပေးဆပ်ချင်ပါ့မလား။ ဒါကလည်း အချစ်ရေးတစ်ခုကို ဆိုးရွားစေတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ် …။

(၂) ညည်းငွေ့မှုကို ခံစားရရင်”

ချစ်သူအပေါ်မှာ ချစ်ရတာ စိတ်ပါလက်ပါ မရှိတော့ဘူး၊ ဒါမှမဟုတ် ချစ်တယ်ကြိုက်တယ်လို့တောင် အမည်မတပ်ချင်တော့ဘူး … ဝန်မခံချင်တော့ဘူးဆိုရင် တစ်ဘက်က ဘယ်လောက်ပဲ ချစ်ပါစေ သေချာသလောက်ကတော့ မကြာခင် ချစ်ခြင်းဇာတ်လမ်း အဆုံးသတ်ရတော့မှာပဲ ဖြစ်ပါတယ် …။

(၃) အကောင်းဆုံးပုံစံကို ပေးဖို့စိတ်ကူးမရှိတော့ရင်”

သူဟာ ဘယ်လောက်ပဲ ကိုယ့်အပေါ် ဦးစားပေးသည်ဖြစ်စေ၊ ဘယ်လောက်ပဲ ချစ်သည်ဖြစ်စေ၊ ကိုယ်ပေးနိုင်တဲ့ အကောင်းဆုံးပုံစံကို ပေးဖို့ စိတ်ကူးမရှိဘူးဆိုရင်လည်း ဒီအချစ်ရေးက မျဉ်းတစ်ခုပေါ်မှာ ကျောပေး လျှောက်နေရတာနဲ့ တူပါတယ် …။

(၄) တစ်ဖက်ကပေးတဲ့မေတ္တာကို အလေးအနက်မပြုတော့ရင်”

ကိုယ့်စိတ်ထဲကလည်း အချစ်ဘက်မှာ ပေါ့လျှော့သွားသလို၊ တစ်ဘက်ကနေ ပေးလာတဲ့ အကြင်နာတွေ၊ မေတ္တာတွေ၊ အချစ်တွေ၊ သံယောဇဉ်တွေကို မသိကျိုးကျွံပြုလာခဲ့ရင် ဘယ်လို အဆင်ပြေနိုင်ပါတော့မလဲနော် …။

(၅) ရလိုမှုတစ်ခုအတွက်သာ ရည်ရွယ်ရင်”

သူ့ကို ချစ်နေရတာ၊ သူနဲ့ အိမ်ထောင်ပြုရတာ အနေအစားချောင်တယ်၊ ပ်ိုက်ဆံသုံးရတယ်၊ လိင်ဆန္ဒအတွက် ဖူလုံတယ်၊ တစ်ဘဝစာ စိတ်အေးရတယ် စတဲ့ အချစ်ကို တိုက်ရိုက်ကိုယ်စားမပြုနိုင်တဲ့ ခံစားချက်တွေနဲ့ လက်တွဲနေတယ်၊ ပေါင်းသင်းနေတယ်ဆိုရင်လည်း ရေရှည်တည်မြဲမယ့် အချစ်ရေး/အိမ်ထောင်ရေးတော့ မဖြစ်နိုင်တာ သေချာနေပါပြီ ..။

(၆) ပြောင်းလဲရမှာကို ဆန္ဒမရှိရင်”

သူ့ဘက်က အားနည်းချက်တွေကို ပြင်တယ်၊ အကျင့်ဆိုးတွေကို ပြင်တယ်၊ အပြောအဆို အနေအထိုင်ဆင်ခြင်တယ်ဆိုရင်တောင်မှ ကိုယ့်ဘက်က အဲဒီအချက်တွေ ပြင်ဖို့ စိတ်ကူးမရှိဘူး၊ သူ့ကို အကောင်းဆုံးပုံစံ ပြသဖို့ စိတ်ကူးမရှိဘူး ဆိုရင်လည်း အချစ်ရေးမှာ နာကျင်စရာတွေ ဖန်တီးနေတာနဲ့ အတူတူပါပဲ …။

(၇) မဆိုင်တဲ့ပြဿနာတွေထဲ အချစ်ကို ဆွဲသွင်းမိရင်”

ပြင်ပလူမှုရေး၊ စီးပွားရေး ပြဿနာတွေကို ကိုယ့်ချစ်သူ/ကိုယ်အိမ်ထောင်ဘက်ကို မဆီမဆိုင် စွဲသွင်းပြီး အပြစ်ရှာခြင်း၊ ရန်ပြုခြင်း၊ စောင်းမြောင်းပြောဆိုခြင်း၊ ပတ်သက်သယောင် စွပ်စွဲခြင်းတွေ ပြုလုပ်မိရင်လည်း ဒီအချစ်ဟာ ဘယ်လိုလုပ်ပြီး ခိုင်မြဲပါ့မလဲနော် …။ ။

Si Si (auntymay)