ခ်စ္ေပမယ့္လည္း မေပါင္းစည္းရတဲ့ အေၾကာင္းအရင္းမ်ား…

ခ်စ္ေပမယ့္လည္း မေပါင္းစည္းရတဲ့ အေၾကာင္းအရင္းမ်ား…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

တစ္ခါတေလ ခ်စ္ေနရဲ႕သားနဲ႔ လူေတြ ဘာလုိ႔ခြဲသြားၾကတာလဲ ဆုိၿပီး ၾကားထဲကေန ကိုယ္က ၀င္စဥ္းစားမိတာမ်ိဳး ရွိပါလိမ့္မယ္။ သူတုိ႔မွာလည္း အေၾကာင္းျပခ်က္ေတြ ရွိပါတယ္။ ခ်စ္ရဲ႕သားနဲ႔ ခြဲခြာဖုိ႔ဆုိတာ ဘယ္လြယ္ပါ႔မလဲ။ ဒါေပမယ့္ ခြဲခြာရေလာက္တဲ့ အထိလည္း သူတုိ႔မွာ ဘ၀အခက္အခဲတြ ရွိလို႔ ျဖစ္ပါတယ္။ ခ်စ္သူအခ်င္းခ်င္း ခ်စ္ရဲ႕နဲ႔ ဘာလုိ႔ ခြဲသြားရတာလဲဆုိတာကုိ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) ေရွ႕ေရးကုိ စိတ္ပူလုိ႔”

ခ်စ္သူနဲ႔အတူ ေလွ်ာက္လွမ္းရမယ့္ ဘ၀ခရီးဟာ ထင္ထားတာထက္ပုိၿပီး ခက္ခဲႏုိင္တယ္၊ ႐ႈပ္ေထြးႏုိင္တယ္ ဆုိတာကုိ ႀကိဳတင္တြက္ဆမိတဲ့ အခါမ်ိဳးမွာလည္း ခ်စ္သူကုိ ခ်စ္ရဲ႕သားနဲ႔ စြန္႕လႊတ္ရတဲ့ အေျခအေနမ်ိဳး ျဖစ္တတ္ပါတယ္ …။

(၂) ျပတ္သားတယ္လုိ႔ ယူဆမိတဲ့ ေျပာင္းလဲမႈ”

ေနာက္တစ္ခ်က္ကေတာ့ ခ်စ္ေတာ့ ခ်စ္ပါတယ္။ ဒါေပမယ့္ ဘ၀ႏွစ္ခုစလုံး ေျပာင္းလဲဖုိ႔အတြက္ ႏွစ္ေယာက္သား လမ္းခြဲမွ ပုိမုိအဆင္ေျပႏုိင္မယ္လုိ႔ အေျခအေနအရ ျဖစ္ေနတဲ့ အခါမ်ိဳးမွာ စြန္႔စားတဲ့ စြန္႔လႊတ္မႈႀကီးႀကီးမားမားႀကီးကုိ လုပ္လုိက္ရပါတယ္။ ဒါကလည္း ခ်စ္ရဲ႕နဲ႔ လမ္းခြဲျခင္း တစ္မ်ိဳးပါပဲ …။

(၃) မလုိအပ္ေတာ့ဘူး ထင္လုိ႔”

ကို္ယ္ကေတာ့ ခ်စ္ပါတယ္။ တစ္ဖက္သားက တစ္ကယ္ခ်စ္တာမွ ဟုတ္ရဲ႕လားလုိ႔ ခံစားမိတဲ့ အခါမ်ိဳး (သုိ႔) သူဟာ ကိုယ့္ထက္ သင့္ေတာ္သူနဲ႔သာ ထုိက္တန္တယ္၊ ဒီအေျခအေနထိ ေရာက္လာတဲ့အထိ သူ႕အနားမွာ အနီးကပ္ ေစာင့္ေရွာက္ခဲ့ပါတယ္။ အခုေတာ့ သူဟာ ဒီထက္မက အမ်ားႀကီးအကာကြယ္ေပးႏုိင္တဲ့ သူတစ္ေယာက္နဲ႔ ပိုမုိအဆင္ေျပေနတာကို ေတြ႕လုိက္ရတဲ့အခါ အၿပဳံးမ်က္ႏွာနဲ႔ ေက်ာခုိင္းခဲ့ရတတ္ပါတယ္ …။

(၄) ငဲ့ညႇာလုိ႔”

ခ်စ္သူနဲ႔ကိုယ္နဲ႔ဘ၀ဟာ သိပ္ကုိ အလွမ္းေ၀းေနတယ္။ ခ်စ္သူကလည္း အခ်စ္တစ္ခုသာရွိရင္ ဘာမဆုိ ရင္ဆုိင္ရဲတယ္ ဆုိတဲ့ စြမ္းရည္သတၱိနဲ႔ျပည့္စုံပါတယ္။ ဒါေပမယ့္ ခက္တာက ကုိယ့္ရဲ႕နိမ့္က်တဲ့ ဘ၀ထဲကုိ ခ်စ္သူကုိ စြဲမေခၚရက္ဘူး။ ခ်စ္သူအျမင္မွာ ကုိယ္ဟာ သရဲေဘာေၾကာင္ခ်င္ ေၾကာင္ေနမယ္။ ဒါေပမယ့္ ခ်စ္သူကို ကုိယ္ဆင္းရဲသလုိ မဆင္းရဲေစခ်င္တဲ့ ေစတနာနဲ႔ ခ်စ္သူအမုန္းကို ေပ်ာ္ေပ်ာ္ႀကီး ခံယူလုိက္ရမ်ိဳးလည္း ရိွပါတယ္ …။

(၅) ဒီအတုိင္းက ပုိအဆင္ေျပမယ္ ထင္လုိ႔”

ေနာက္ဆုံးအခ်က္ကေတာ့ ႏွစ္ဦးႏွစ္ဘက္ အတူတူ ရွိေနတဲ့အခါမ်ိဳးမွာ ျပႆနာေတြ အဆင္မေျပမႈေတြ ကံဆုိးမုိးေမွာင္က်မႈေတြနဲ႔ ရင္ဆုိင္ရတဲ့အခါမ်ိဳးေပါ့။ ဒီေလာကဓံေတြဟာ ႏွစ္ေယာက္သာ ခပ္ခြာခြာေနလုိက္တဲ့အခါ သက္သာသေယာင္၊ မျဖစ္သေယာင္ အေနအထားမ်ိဳးမွာဆုိရင္လည္း ခ်စ္သူႏွစ္ေယာက္ဟာ တစ္ေယာက္ကုိတစ္ေယာက္ ခ်စ္ၾကေပမယ့္ ႏွစ္ဦးသေဘာတူ လမ္းခြဲလုိက္ရတာမ်ိဳးပဲ ျဖစ္ပါတယ္ …။ ။

Si Si (auntymay)

Unicode Version ဖြင့်ဖတ်ရန်

ချစ်ပေမယ့်လည်း မပေါင်းစည်းရတဲ့ အကြောင်းအရင်းများ…

တစ်ခါတလေ ချစ်နေရဲ့သားနဲ့ လူတွေ ဘာလို့ခွဲသွားကြတာလဲ ဆိုပြီး ကြားထဲကနေ ကိုယ်က ဝင်စဉ်းစားမိတာမျိုး ရှိပါလိမ့်မယ်။ သူတို့မှာလည်း အကြောင်းပြချက်တွေ ရှိပါတယ်။ ချစ်ရဲ့သားနဲ့ ခွဲခွာဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ဒါပေမယ့် ခွဲခွာရလောက်တဲ့ အထိလည်း သူတို့မှာ ဘဝအခက်အခဲတွ ရှိလို့ ဖြစ်ပါတယ်။ ချစ်သူအချင်းချင်း ချစ်ရဲ့နဲ့ ဘာလို့ ခွဲသွားရတာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) ရှေ့ရေးကို စိတ်ပူလို့”

ချစ်သူနဲ့အတူ လျှောက်လှမ်းရမယ့် ဘဝခရီးဟာ ထင်ထားတာထက်ပိုပြီး ခက်ခဲနိုင်တယ်၊ ရှုပ်ထွေးနိုင်တယ် ဆိုတာကို ကြိုတင်တွက်ဆမိတဲ့ အခါမျိုးမှာလည်း ချစ်သူကို ချစ်ရဲ့သားနဲ့ စွန့်လွှတ်ရတဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ် …။

(၂) ပြတ်သားတယ်လို့ ယူဆမိတဲ့ ပြောင်းလဲမှု”

နောက်တစ်ချက်ကတော့ ချစ်တော့ ချစ်ပါတယ်။ ဒါပေမယ့် ဘဝနှစ်ခုစလုံး ပြောင်းလဲဖို့အတွက် နှစ်ယောက်သား လမ်းခွဲမှ ပိုမိုအဆင်ပြေနိုင်မယ်လို့ အခြေအနေအရ ဖြစ်နေတဲ့ အခါမျိုးမှာ စွန့်စားတဲ့ စွန့်လွှတ်မှုကြီးကြီးမားမားကြီးကို လုပ်လိုက်ရပါတယ်။ ဒါကလည်း ချစ်ရဲ့နဲ့ လမ်းခွဲခြင်း တစ်မျိုးပါပဲ …။

(၃) မလိုအပ်တော့ဘူး ထင်လို့”

က်ိုယ်ကတော့ ချစ်ပါတယ်။ တစ်ဖက်သားက တစ်ကယ်ချစ်တာမှ ဟုတ်ရဲ့လားလို့ ခံစားမိတဲ့ အခါမျိုး (သို့) သူဟာ ကိုယ့်ထက် သင့်တော်သူနဲ့သာ ထိုက်တန်တယ်၊ ဒီအခြေအနေထိ ရောက်လာတဲ့အထိ သူ့အနားမှာ အနီးကပ် စောင့်ရှောက်ခဲ့ပါတယ်။ အခုတော့ သူဟာ ဒီထက်မက အများကြီးအကာကွယ်ပေးနိုင်တဲ့ သူတစ်ယောက်နဲ့ ပိုမိုအဆင်ပြေနေတာကို တွေ့လိုက်ရတဲ့အခါ အပြုံးမျက်နှာနဲ့ ကျောခိုင်းခဲ့ရတတ်ပါတယ် …။

(၄) ငဲ့ညှာလို့”

ချစ်သူနဲ့ကိုယ်နဲ့ဘဝဟာ သိပ်ကို အလှမ်းဝေးနေတယ်။ ချစ်သူကလည်း အချစ်တစ်ခုသာရှိရင် ဘာမဆို ရင်ဆိုင်ရဲတယ် ဆိုတဲ့ စွမ်းရည်သတ္တိနဲ့ပြည့်စုံပါတယ်။ ဒါပေမယ့် ခက်တာက ကိုယ့်ရဲ့နိမ့်ကျတဲ့ ဘဝထဲကို ချစ်သူကို စွဲမခေါ်ရက်ဘူး။ ချစ်သူအမြင်မှာ ကိုယ်ဟာ သရဲဘောကြောင်ချင် ကြောင်နေမယ်။ ဒါပေမယ့် ချစ်သူကို ကိုယ်ဆင်းရဲသလို မဆင်းရဲစေချင်တဲ့ စေတနာနဲ့ ချစ်သူအမုန်းကို ပျော်ပျော်ကြီး ခံယူလိုက်ရမျိုးလည်း ရှိပါတယ် …။

(၅) ဒီအတိုင်းက ပိုအဆင်ပြေမယ် ထင်လို့”

နောက်ဆုံးအချက်ကတော့ နှစ်ဦးနှစ်ဘက် အတူတူ ရှိနေတဲ့အခါမျိုးမှာ ပြဿနာတွေ အဆင်မပြေမှုတွေ ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးပေါ့။ ဒီလောကဓံတွေဟာ နှစ်ယောက်သာ ခပ်ခွာခွာနေလိုက်တဲ့အခါ သက်သာသယောင်၊ မဖြစ်သယောင် အနေအထားမျိုးမှာဆိုရင်လည်း ချစ်သူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပေမယ့် နှစ်ဦးသဘောတူ လမ်းခွဲလိုက်ရတာမျိုးပဲ ဖြစ်ပါတယ် …။ ။

Si Si (auntymay)