အခ်စ္ေရးမွာအသည္းမကြဲခ်င္ရင္ လိုက္နာရမယ့္အခ်က္(၅)ခ်က္…

အခ်စ္ေရးမွာအသည္းမကြဲခ်င္ရင္ လိုက္နာရမယ့္အခ်က္(၅)ခ်က္…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

အသည္းကြဲတဲ႔ ခံစားခ်က္ဟာ ေတာ္ေတာ္ ဆိုရြားပါတယ္။ ခႏၶာကိုယ္က်န္းမာေရးအရေသာ္ လည္းေကာင္း၊ စိတ္က်န္းမာေရးအရေသာ္ လည္းေကာင္း လံုးဝဆိုးတဲ့အရာ ျဖစ္ပါတယ္။ အဲ႔ဒါေၾကာင့္ လူတိုင္းလူတိုင္း အသည္းကြဲရျခင္း ဒုကၡမွ ကင္းေဝးခ်င္တယ္ဆိုရင္ ဒီအခ်က္ေလးေတြကို သိထားၿပီး လိုက္နာဖို႔ေတာ့ လိုအပ္ပါတယ္ေနာ္ …။

(၁) ေမွ်ာ္လင့္ခ်က္ အမ်ားႀကီးမထားပါနဲ႔”

ေမွ်ာ္လင့္တာေတြ ျဖစ္လာတဲ့အခါ ဘဝႀကီးဟာ သာယာလွပတယ္ ဆိုေပမယ့္ ျဖစ္မလာတဲ့အခါက်ရင္ ဘဝတစ္ခုလံုး ပ်က္သြားတတ္ပါတယ္။ ဒါေၾကာင့္ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားႀကီးထားတာကို ေရွာင္ပါ။ ေမွ်ာ္လင့္ခ်က္မပါတဲ့ ခ်စ္ျခင္းမ်ိဳးက အေကာင္းဆံုးျဖစ္ပါတယ္။ အဲလို ေမွ်ာ္လင့္ခ်က္ေတြ မထားတဲ့အခါ သူေပးတဲ့ အေသးအမႊားေလးေတြကအစ တန္ဖိုးအရမ္းရွိေနမွာပါ။ တကယ္လို႔ သူ႔ဘက္ကေန ႏႈတ္ဆက္သြားရင္ေတာင္ အစကတည္းက အမ်ားၾကီး ေမွ်ာ္လင့္ထားတာ မဟုတ္တာေၾကာင့္ သင္သိပ္ျပီး အသည္းကြဲမွာ မဟုတ္ေတာ႔ပါဘူး …။

(၂) နားလည္ေပးလိုက္ပါ”

နားလည္မႈက အေရးႀကီးဆံုး ျဖစ္တယ္ဆိုတာ သင္ ခဏခဏ ၾကားဖူးေနက် ျဖစ္မွာပါ။ တစ္ခါတေလ သင္မႀကိဳက္တဲ့ အရာေတြ၊ သင့္ကိုနာက်င္ေစမယ့္ အရာေတြ သူလုပ္မိရင္ေတာင္ သူ႔ဖက္ကေနၿပီး ေတြးၾကည့္ေပးလိုက္ပါ။ မွားတယ္လို႔ သင္ထင္ေနတာေတြက သူ႕ဖက္ကၾကည့္ရင္ မွန္ေနတတ္ပါတယ္။ နားလည္မႈေတြ အမ်ားႀကီးေပးႏိုင္တဲ့သူေတြက ခံစားရတာ အမ်ားႀကီး ပိုၿပီးသက္သာတယ္ဆိုတာ မယံုမရွိပါနဲ႔ …။

(၃) ေက်နပ္တတ္ပါ”

သင့္ခ်စ္သူက မခ်မ္းသာတာလည္း ျဖစ္ႏိုင္တယ္၊ ႐ုပ္မေခ်ာတာလည္း ျဖစ္ႏိုင္တယ္၊ အားနည္းခ်က္ေတြ အမ်ားႀကီးလည္း ရွိေနႏိုင္ပါတယ္။ ဒါေပမယ့္ လူတိုင္းဟာ အားနညး္ခ်က္ကိုယ္စီနဲ႔ ဆိုတာ မေမ့ပါနဲ႔။ သူ မေပးႏိုင္တဲ့ အရာေတြအေပၚမွာ စိတ္ညစ္ေနမယ့္အစား သူလုပ္ေပးႏိုင္တဲ့ အရာတိုင္းမွာ ေက်နပ္လိုက္ပါ။ ဒါဆိုရင္ေတာ႔ သူကိုယ္တိုင္ အရမ္းကို ပီတိျဖစ္ေနမယ့္အျပင္ သင္ကိုယ္တိုင္လည္း ၿငိမ္းခ်မ္းေနမွာျဖစ္ပါတယ္။ ႏွစ္ေယာက္စလံုး ေက်နပ္ေပ်ာ္ရႊင္ရတဲ့ အခ်စ္ေရးမ်ိဳးမွာ အသည္းကြဲတယ္ဆိုတာ မရွိႏိုင္ပါဘူး …။

(၄) ကိုယ္ခ်င္းစာစိတ္ထားပါ”

ခ်စ္သူကို အၿမဲတမ္းအႏိုင္ယူဖို႔ပဲ မစဥ္းစားပါနဲ႔။ သူလညး္ လူတစ္ေယာက္ျဖစ္တဲ့အတြက္ ထုတ္ေဖာ္မျပေပမယ့္ တစ္ခါတေလ စိတ္ဓာတ္က်တဲ့အခါေတြ၊ အားငယ္တဲ့အခါေတြ ရွိမွာပါ။ အဲလိုအခ််ိန္မ်ိဳးမွာ သူ႔ကို အေၾကာင္းမရွိ အေၾကာင္းရွာျပီး သြားရစ္တာေတြ၊ စကားနာထိုးတာေတြ၊ ရန္စတာေတြ သြားလုပ္မိရင္ ျပႆနာေတြ အၾကီးအက်ယ္ တက္လာေတာ့မွာပါ။ သူလည္း လူတစ္ေယာက္ျဖစ္တဲ့အတြက္ သူ႔ကို အၿမဲအႏိုင္ယူၿပီး စိတ္ပင္ပန္းေအာင္လုပ္တဲ့ သင့္ကို တစ္ခ်ိန္ခ်ိန္မွာ ထားသြားပါ လိမ္႔မယ္။ ဒါေၾကာင့္ ကိုယ္ခ်င္းစာစိတ္ေလးထားျပီး သူ႕ကို အႏိုင္ယူတာေတြ ရပ္လိုက္ရင္ သင္အသည္းကြဲေတာ့မွာ မဟုတ္ပါဘူး …။

(၅) အေကာင္းျမင္စိတ္ထားပါ”

အေကာင္းျမင္စိတ္ရွိတဲ့သူဟာ အၿမဲတမ္း ၿငိမ္းခ်မ္းၿပီး ေပ်ာ္ရႊင္တက္ၾကြ ေနတတ္ပါတယ္။ အဲလိုလူမ်ိဳးကို လူတိုင္းက ခ်စ္ၾကတဲ့အျပင္ ဒီလိုမိန္းကေလးမ်ိဳးကို ဘယ္ေယာက်္ားေလးကမွ မထားခဲ့တတ္ၾကပါဘူး။ ဒါေၾကာင့္ အေကာင္းျမင္စိတ္ရွိျပီး ေပ်ာ္ရႊင္မႈေတြကို လက္ကိုင္ထားရင္ ျဖစ္လာသမွ်ကို လက္ခံလာႏိုင္တဲ့အတြက္ ခ်စ္သူက ထားခဲ့ရင္ေတာင္ အသည္းမကြဲေတာ့ပါဘူးေနာ္ …။ ။

Em Em (Auntymay)

Unicode Version ဖြင့်ဖတ်ရန်

အချစ်ရေးမှာအသည်းမကွဲချင်ရင် လိုက်နာရမယ့်အချက်(၅)ချက်…

အသည်းကွဲတဲ့ ခံစားချက်ဟာ တော်တော် ဆိုရွားပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအရသော် လည်းကောင်း၊ စိတ်ကျန်းမာရေးအရသော် လည်းကောင်း လုံးဝဆိုးတဲ့အရာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လူတိုင်းလူတိုင်း အသည်းကွဲရခြင်း ဒုက္ခမှ ကင်းဝေးချင်တယ်ဆိုရင် ဒီအချက်လေးတွေကို သိထားပြီး လိုက်နာဖို့တော့ လိုအပ်ပါတယ်နော် …။

(၁) မျှော်လင့်ချက် အများကြီးမထားပါနဲ့”

မျှော်လင့်တာတွေ ဖြစ်လာတဲ့အခါ ဘဝကြီးဟာ သာယာလှပတယ် ဆိုပေမယ့် ဖြစ်မလာတဲ့အခါကျရင် ဘဝတစ်ခုလုံး ပျက်သွားတတ်ပါတယ်။ ဒါကြောင့် မျှော်လင့်ချက်တွေ အများကြီးထားတာကို ရှောင်ပါ။ မျှော်လင့်ချက်မပါတဲ့ ချစ်ခြင်းမျိုးက အကောင်းဆုံးဖြစ်ပါတယ်။ အဲလို မျှော်လင့်ချက်တွေ မထားတဲ့အခါ သူပေးတဲ့ အသေးအမွှားလေးတွေကအစ တန်ဖိုးအရမ်းရှိနေမှာပါ။ တကယ်လို့ သူ့ဘက်ကနေ နှုတ်ဆက်သွားရင်တောင် အစကတည်းက အများကြီး မျှော်လင့်ထားတာ မဟုတ်တာကြောင့် သင်သိပ်ပြီး အသည်းကွဲမှာ မဟုတ်တော့ပါဘူး …။

(၂) နားလည်ပေးလိုက်ပါ”

နားလည်မှုက အရေးကြီးဆုံး ဖြစ်တယ်ဆိုတာ သင် ခဏခဏ ကြားဖူးနေကျ ဖြစ်မှာပါ။ တစ်ခါတလေ သင်မကြိုက်တဲ့ အရာတွေ၊ သင့်ကိုနာကျင်စေမယ့် အရာတွေ သူလုပ်မိရင်တောင် သူ့ဖက်ကနေပြီး တွေးကြည့်ပေးလိုက်ပါ။ မှားတယ်လို့ သင်ထင်နေတာတွေက သူ့ဖက်ကကြည့်ရင် မှန်နေတတ်ပါတယ်။ နားလည်မှုတွေ အများကြီးပေးနိုင်တဲ့သူတွေက ခံစားရတာ အများကြီး ပိုပြီးသက်သာတယ်ဆိုတာ မယုံမရှိပါနဲ့ …။

(၃) ကျေနပ်တတ်ပါ”

သင့်ချစ်သူက မချမ်းသာတာလည်း ဖြစ်နိုင်တယ်၊ ရုပ်မချောတာလည်း ဖြစ်နိုင်တယ်၊ အားနည်းချက်တွေ အများကြီးလည်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အားနညး်ချက်ကိုယ်စီနဲ့ ဆိုတာ မမေ့ပါနဲ့။ သူ မပေးနိုင်တဲ့ အရာတွေအပေါ်မှာ စိတ်ညစ်နေမယ့်အစား သူလုပ်ပေးနိုင်တဲ့ အရာတိုင်းမှာ ကျေနပ်လိုက်ပါ။ ဒါဆိုရင်တော့ သူကိုယ်တိုင် အရမ်းကို ပီတိဖြစ်နေမယ့်အပြင် သင်ကိုယ်တိုင်လည်း ငြိမ်းချမ်းနေမှာဖြစ်ပါတယ်။ နှစ်ယောက်စလုံး ကျေနပ်ပျော်ရွှင်ရတဲ့ အချစ်ရေးမျိုးမှာ အသည်းကွဲတယ်ဆိုတာ မရှိနိုင်ပါဘူး …။

(၄) ကိုယ်ချင်းစာစိတ်ထားပါ”

ချစ်သူကို အမြဲတမ်းအနိုင်ယူဖို့ပဲ မစဉ်းစားပါနဲ့။ သူလညး် လူတစ်ယောက်ဖြစ်တဲ့အတွက် ထုတ်ဖော်မပြပေမယ့် တစ်ခါတလေ စိတ်ဓာတ်ကျတဲ့အခါတွေ၊ အားငယ်တဲ့အခါတွေ ရှိမှာပါ။ အဲလိုအချိန်မျိုးမှာ သူ့ကို အကြောင်းမရှိ အကြောင်းရှာပြီး သွားရစ်တာတွေ၊ စကားနာထိုးတာတွေ၊ ရန်စတာတွေ သွားလုပ်မိရင် ပြဿနာတွေ အကြီးအကျယ် တက်လာတော့မှာပါ။ သူလည်း လူတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကို အမြဲအနိုင်ယူပြီး စိတ်ပင်ပန်းအောင်လုပ်တဲ့ သင့်ကို တစ်ချိန်ချိန်မှာ ထားသွားပါ လိမ့်မယ်။ ဒါကြောင့် ကိုယ်ချင်းစာစိတ်လေးထားပြီး သူ့ကို အနိုင်ယူတာတွေ ရပ်လိုက်ရင် သင်အသည်းကွဲတော့မှာ မဟုတ်ပါဘူး …။

(၅) အကောင်းမြင်စိတ်ထားပါ”

အကောင်းမြင်စိတ်ရှိတဲ့သူဟာ အမြဲတမ်း ငြိမ်းချမ်းပြီး ပျော်ရွှင်တက်ကြွ နေတတ်ပါတယ်။ အဲလိုလူမျိုးကို လူတိုင်းက ချစ်ကြတဲ့အပြင် ဒီလိုမိန်းကလေးမျိုးကို ဘယ်ယောက်ျားလေးကမှ မထားခဲ့တတ်ကြပါဘူး။ ဒါကြောင့် အကောင်းမြင်စိတ်ရှိပြီး ပျော်ရွှင်မှုတွေကို လက်ကိုင်ထားရင် ဖြစ်လာသမျှကို လက်ခံလာနိုင်တဲ့အတွက် ချစ်သူက ထားခဲ့ရင်တောင် အသည်းမကွဲတော့ပါဘူးနော် …။ ။

Em Em (Auntymay)