ႏွလုံးသားနဲ႔ရင္းၿပီးခ်စ္မိသြားတဲ့ ေကာင္မေလးေတြအတြက္ပဲ ေကာင္ေလးေတြလုပ္ေပးမယ္႔အရာ(၅)မ်ိဳး

ႏွလုံးသားနဲ႔ရင္းၿပီးခ်စ္မိသြားတဲ့ ေကာင္မေလးေတြအတြက္ပဲ ေကာင္ေလးေတြလုပ္ေပးမယ္႔အရာ(၅)မ်ိဳး

စာမမှန်ပါက အောက်တွင် UNICODE VERSION ဖြင့်ဖတ်ရန်

အမွန္တကယ္ ႐ူး႐ူးမူးမူးခ်စ္မိၿပီဆို ခ်စ္သူအတြက္ ဘာပဲလုပ္ေပးရလုပ္ေပးရ ဆိုတဲ့ ခံယူခ်က္မ်ိဳးေတြအထိ ရွိလာတတ္ၾကတာ ေယာက္်ားေလးေရာမိန္းကေလးေရာ အတူတူပါပဲ။ အခုေတာ့ ေယာက္်ားေလးေတြ ရႈေထာင့္ကေန ေယာက္်ားေလးေတြအေနနဲ႔ သူတို႔တကယ္ခ်ဳစ္တဲ့ သူကိုပဲ လုပ္ေပးေလ့ရွိတဲ့အရာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

ခ်စ္သူစကားကို နားေထာင္တယ္”

ေယာက္်ားေလးေတြ တကယ္ခ်စ္ၿပီဆို သူတို႔ခ်စ္ရတဲ့သူ၊ ခ်စ္သူရဲ႕စကားကို ေသခ်ာနားေထာင္တယ္၊ အဆုံးစြန္အထိ လိုက္ေလ်ာတယ္။ သူတို႔ဆီကေန သင့္အတြက္ အေကာင္းဆုံးအႀကံဉာဏ္ေတြ ရယူႏိုင္ပါတယ္ …။

အေလးထား ေဆြးေႏြးတယ္”

သင္နဲ႔ပတ္သက္ၿပီး အဆင္မေျပမႈေတြ၊ သင္ရင္ဖြင့္တဲ့ အေၾကာင္းအရာေတြကို အေလးထားေဆြးေႏြးတယ္။ သင့္အတြက္ အေကာင္းဆုံးအေျဖတစ္ခုရဖို႔ ကူညီစဥ္းစားေပး တတ္ပါတယ္ …။

သူ႔စိတ္ကို ျပဳျပင္တယ္”

လူတစ္ေယာက္ရဲ႕ အ႐ိုးစြဲေနတဲ့ အက်င့္စ႐ိုက္၊ ဗီဇေတြကို ျပင္ဖို႔ခက္ပါတယ္။ ရာခိုင္ႏႈန္းျပည့္နီးပါး ခက္ခဲမႈရွိပါတယ္။ ဒါေပမယ့္ အခ်စ္ကိုတကယ္ေတြ႕သြားတဲ့ ေယာက္်ားေလး တစ္ေယာက္က သူ႔အက်င့္စ႐ိုက္ေတြကို ျပဳျပင္ဖို႔ေတာ့ အနည္းဆုံးႀကိဳး စားၾကပါတယ္။ ခ်စ္သူမႀကိဳက္တဲ့ အရာေတြကိုဆို အတတ္ႏိုင္ဆုံး ေရွာင္ပါတယ္ …။

ကာကြယ္ေပးတယ္”

သူက သင့္အတြက္ ထာဝရကိုယ္ရံေတာ္ေပါ့။ သင့္အတြက္ အၿမဲတမ္းလုံၿခဳံမႈ ျဖစ္ေနေစမယ္။ သူခ်စ္တဲ့သင့္ကို မထိခိုက္၊ မနာက်င္ေစလိုတဲ့အတြက္ေၾကာင့္ပါ။ ဒါေပမယ့္ သူသာတကယ္မခ်စ္ဘူးဆိုရင္ေတာ့ သင့္အတြက္နဲ႔ အႏၲရာယ္ေတြကို ရင္ဆိုင္ဖို႔ေနေနသာသာ သင့္ကို ဂ႐ုစိုက္ေနမွာေတာင္ မဟုတ္ပါဘူး …။

သင္နဲ႔ပတ္သက္တဲ့ အရာတိုင္းကို ခ်စ္ျမတ္ႏိုးတယ္”

တကယ္ခ်စ္တဲ့ ေယာက္်ားတစ္ေယာက္က သူခ်စ္ရတဲ့ မိန္းမတစ္ေယာက္ရဲ႕ အဆိုးအေကာင္းမွန္သမွ်အားလုံးကို ခ်စ္ျမတ္ႏိုး လက္ခံပါတယ္။ အဲဒီမိန္းမေပ်ာ္႐ႊင္ဖို႔၊ လမ္းမွန္ေလွ်ာက္ႏိုင္ဖို႔၊ တိုးတက္ေအာင္ျမင္ဖို႔ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ကူညီေပးေနပါတယ္ …။

တကယ္လို႔မ်ားသင့္အေနနဲ႔ ေဖာ္ျပခဲ့တဲ့အခ်က္ေတြထဲက အနည္းဆုံးတစ္ခ်က္ေလာက္ပဲ ပိုင္ဆိုင္ထားသူျဖစ္ပါေစ သူ႕ရဲ႕ အခ်စ္ေတြ ကို အသိအမွတ္ျပဳေပးသင့္ပါတယ္။ အခ်စ္ခံရတာက အမုန္းခံရတာထက္ေတာ့ ပိုၿပီးေကာင္းပါတယ္ေနာ္ …။ ။

ျခဴးသစ္ႏြယ္ ChoChoThan (Shwemom)

UNICODE VERSION ဖြင့်ဖတ်ရန်

နှလုံးသားနဲ့ရင်းပြီးချစ်မိသွားတဲ့ ကောင်မလေးတွေအတွက်ပဲ ကောင်လေးတွေလုပ်ပေးမယ့်အရာ(၅)မျိုး

အမှန်တကယ် ရူးရူးမူးမူးချစ်မိပြီဆို ချစ်သူအတွက် ဘာပဲလုပ်ပေးရလုပ်ပေးရ ဆိုတဲ့ ခံယူချက်မျိုးတွေအထိ ရှိလာတတ်ကြတာ ယောက်ျားလေးရောမိန်းကလေးရော အတူတူပါပဲ။ အခုတော့ ယောက်ျားလေးတွေ ရှုထောင့်ကနေ ယောက်ျားလေးတွေအနေနဲ့ သူတို့တကယ်ချုစ်တဲ့ သူကိုပဲ လုပ်ပေးလေ့ရှိတဲ့အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

ချစ်သူစကားကို နားထောင်တယ်”

ယောက်ျားလေးတွေ တကယ်ချစ်ပြီဆို သူတို့ချစ်ရတဲ့သူ၊ ချစ်သူရဲ့စကားကို သေချာနားထောင်တယ်၊ အဆုံးစွန်အထိ လိုက်လျောတယ်။ သူတို့ဆီကနေ သင့်အတွက် အကောင်းဆုံးအကြံဉာဏ်တွေ ရယူနိုင်ပါတယ် …။

အလေးထား ဆွေးနွေးတယ်”

သင်နဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေ၊ သင်ရင်ဖွင့်တဲ့ အကြောင်းအရာတွေကို အလေးထားဆွေးနွေးတယ်။ သင့်အတွက် အကောင်းဆုံးအဖြေတစ်ခုရဖို့ ကူညီစဉ်းစားပေး တတ်ပါတယ် …။

သူ့စိတ်ကို ပြုပြင်တယ်”

လူတစ်ယောက်ရဲ့ အရိုးစွဲနေတဲ့ အကျင့်စရိုက်၊ ဗီဇတွေကို ပြင်ဖို့ခက်ပါတယ်။ ရာခိုင်နှုန်းပြည့်နီးပါး ခက်ခဲမှုရှိပါတယ်။ ဒါပေမယ့် အချစ်ကိုတကယ်တွေ့သွားတဲ့ ယောက်ျားလေး တစ်ယောက်က သူ့အကျင့်စရိုက်တွေကို ပြုပြင်ဖို့တော့ အနည်းဆုံးကြိုး စားကြပါတယ်။ ချစ်သူမကြိုက်တဲ့ အရာတွေကိုဆို အတတ်နိုင်ဆုံး ရှောင်ပါတယ် …။

ကာကွယ်ပေးတယ်”

သူက သင့်အတွက် ထာဝရကိုယ်ရံတော်ပေါ့။ သင့်အတွက် အမြဲတမ်းလုံခြုံမှု ဖြစ်နေစေမယ်။ သူချစ်တဲ့သင့်ကို မထိခိုက်၊ မနာကျင်စေလိုတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် သူသာတကယ်မချစ်ဘူးဆိုရင်တော့ သင့်အတွက်နဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့နေနေသာသာ သင့်ကို ဂရုစိုက်နေမှာတောင် မဟုတ်ပါဘူး …။

သင်နဲ့ပတ်သက်တဲ့ အရာတိုင်းကို ချစ်မြတ်နိုးတယ်”

တကယ်ချစ်တဲ့ ယောက်ျားတစ်ယောက်က သူချစ်ရတဲ့ မိန်းမတစ်ယောက်ရဲ့ အဆိုးအကောင်းမှန်သမျှအားလုံးကို ချစ်မြတ်နိုး လက်ခံပါတယ်။ အဲဒီမိန်းမပျော်ရွှင်ဖို့၊ လမ်းမှန်လျှောက်နိုင်ဖို့၊ တိုးတက်အောင်မြင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကူညီပေးနေပါတယ် …။

တကယ်လို့များသင့်အနေနဲ့ ဖော်ပြခဲ့တဲ့အချက်တွေထဲက အနည်းဆုံးတစ်ချက်လောက်ပဲ ပိုင်ဆိုင်ထားသူဖြစ်ပါစေ သူ့ရဲ့ အချစ်တွေ ကို အသိအမှတ်ပြုပေးသင့်ပါတယ်။ အချစ်ခံရတာက အမုန်းခံရတာထက်တော့ ပိုပြီးကောင်းပါတယ်နော် …။ ။

ခြူးသစ်နွယ် ChoChoThan (Shwemom)