၂။ အတူတူချက်ပြုတ်ပါ
၃။ ရေအတူတူချိုးကြည့်ပါ
၇။ သရုပ်ဆောင်ကြည့်ပါ
ယောကျာ်းလေးဆိုရင် မုတ်ဆိတ်မွေး နှုတ်ခမ်းမွှေး၊ မိန်းကလေးဆိုရင် ခြေသလုံးမွှေးစသဖြင့် ရိတ်ကြတဲ့အခါ တစ်ယောက်ကတစ်ယောက်ကို ကူညီပြီးရိတ်ပေးခြင်းဟာ
Unicode
ချစ်သူစုံတွဲတိုင်း အနည်းဆုံးတကြိမ်လောက်ဖြစ်ဖြစ် စမ်းသပ်ကြည့်သင့်တဲ့ အရာလေးတွေ
စုံတွဲတိုင်းရဲ့ ဆက်ဆံရေးဆိုတာ ငယ်ရွယ်ပျိုမြစ်တဲ့ အရွယ်မှာ ပိုပြီးတက်ကြွလန်းဆန်းနေတာ ဓမ္မတာပါပဲ။ အသက်ကြီးလာတာနဲ့ အမျှရင့်ကျက်မှုတွေနဲ့အတူ ငယ်ငယ်တုန်းကလောက် အချစ်တွေလန်းဆန်းမနေတော့ပါဘူး။
ဒီလိုအရွယ်ကောင်းတုန်းမှာ ရှာဖွေရမယ့်အတွေ့အကြုံလေးတွေ ရှိပါတယ်။ ဒါမှသအသက်ကြီးလာတဲ့အခါ ငါငယ်ငယ်ကဘာကြောင့် မလုပ်မိခဲ့ပါလိမ့် လို့နောင်တမရစေဖို့ စုံတွဲတိုင်းစမ်းသပ်ပြုသင့်တဲ့ အရာလေးတွေကို ဖော်ထုတ်ပေးချင်ပါတယ်။
ဒါပေမယ့် တချို့အရာတွေက သင့်ကိုသဘောကျစေတာကြောင့် တခါစမ်းကြည့်တာနဲ့နောက်ထပ်ထပ်ခါထပ်ခါ လုပ်ချင်စိတ်တွေပေါ်လာပါလိမ့်မယ်။
၁။ တစ်ယောက်ကိုတစ်ယောက် နှိပ်ပေးပါ
ချစ်သူကို နှိပ်ပေးခြင်းဟာ သူ့အတွက်စိတ်ဖိစီးမှုတွေကို ပျောက်ကင်းစေယုံသာမကပဲ တစ်ယောက်ကိုတစ်ယောက်လည်း ပိုပြီးအချစ်တိုးစေပါလိမ့်မယ်။
အခြားအကျိုးကျေးဇူး တစ်ခုကတော့ ချစ်သူရဲ့ပျော်ရွင်မှုတွေအပြင် သင့်အပေါ်တစ်ခုခုမကျေနပ်တာရှိရင်လည်း မျက်နှာသာပြန်ရနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
၂။ အတူတူချက်ပြုတ်ပါ
သင့်ရဲ့အချစ်ရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက်ဖို့ဆိုရင် နှစ်ယောက်အတူတူမီးဖိုချောင်မှာ ချက်ပြုတ်ခြင်းဟာလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဒီလိုအပြုအမူလေးဟာ သင့်တို့ရဲ့အချစ်ရေးကု သာယာစေတဲ့အပြင် အပြင်စားသောက်ဆိုင် မသွားဖြစ်တဲ့အတွက်လည်း ငွေကုန်ကျေးကျသက်သာပါလိမ့်မယ်။
၃။ ရေအတူတူချိုးကြည့်ပါ
နောက်ထပ်အရမ်းကို စိတ်ဝင်စားစရာကောင်းပြီးတော့ စမ်းသပ်ကြည့်သင့်တဲ့ အရာတစ်ခုကတော့ ရေချိုးခန်းထဲမှာ ရေအတူတူချိုးရင် ချစ်တင်းနှောခြင်းပါပဲ။
ဒီလိုအတွေ့အကြုံကို ရရှိဖို့ဆိုတာ သင့်အတွက်ငွေကုန်ကြေးကျ မရှိသလိုပဲ သင့်အတွက်ရော လက်တွဲဖော်အတွက်ပါ အသစ်အဆန်းတစ်ခုဖြစ်နေမှာပါ။
၄။ အစားအစာကိုအသုံးပြုပြီး နမ်းကြည့်ပါ
ဒီနည်းလမ်းကတော့ စုံတွဲအတော်များများ စမ်းသပ်တတ်ကြပြီး တကယ့်ကိုစိတ်လှုပ်ရှားစရာ အချိန်လေးဖြစ်ကြောင်း စမ်းသပ်ဖူးသူတိုင်း သိကြပါတယ်။
အစားအစာကိုအသုံးပြုတဲ့အခါ သကြားလုံး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ နဲ့အခြားအဆင်ပြေမယ့် စားစရာတွေကို အသုံးပြုနိုင်ပါတယ်။
၅။ ကမ်းခြေသို့ အလည်သွားပါ
တကယ်လို့ သင်တို့နေတဲ့နေရာနဲ့ ကမ်းခြေဟာ သိပ်မဝေးဖူးဆိုရင်တော့ ချစ်သူနဲ့အတူ ခဏခဏသွားရောက်သင့်ပါတယ်။
ကမ်းခြေနဲ့ဝေးတယ်ဆိုရင်တော့ အနည်းဆုံးတစ်နှစ်မှာ တကြိမ်လောက်ဖြစ်ဖြစ် ချစ်သူနဲ့အတူ ရောက်အောင်သွားဖို့ ကြိုးစားကြည့်ပေးပါ။
၆။ အပြင်မှာ လေညှင်းခံထွက်ပါ
တကယယ်လို့သင်က ပင်လယ်ကို မသွားချင်ဖူး ဆိုရင်လည်း ချစ်သူနဲ့အတူတူ အပြင်မှာလျှောက်သွားသင့်ပါတယ်။
ဒီလိုသွားတဲ့အခါ မြို့ထဲကိုလျှောက်သွားတာထက် မြို့ပြင်ဒါမှမဟုတ် တောအုပ်လယ်ကွင်းလိုနေရာတွေက ပိုပြီးပျော်စရာကောင်းနေပါလိမ့်မယ်။
၇။ သရုပ်ဆောင်ကြည့်ပါ
ဇာတ်ကားတွေမှာ မင်းသားနဲ့မင်းသမီးရဲ့ ချစ်မှုရေးရာတွေ၊ ဒိုင်ယာလော့တွေ၊ ဒါမှမဟုတ် အကြမ်းအရမ်းတွေကိုပါ နှစ်ယောက်အတူတူသရုပ်ဆောင်ပြီး လိုက်လုပ်ကြည့်ပါ။ ပျော်ရွင်စရာတွေကို တွေ့ကြုံခံစားရပါလိမ့်မယ်။
၈။ တစ်ယောက်ကိုတစ်ယောက် အမွှေးအမျှင်တွေရိတ်ပေးပါ
ယောက်ျားလေးဆိုရင် မုတ်ဆိတ်မွေး နှုတ်ခမ်းမွှေး၊ မိန်းကလေးဆိုရင် ခြေသလုံးမွှေးစသဖြင့် ရိတ်ကြတဲ့အခါ တစ်ယောက်ကတစ်ယောက်ကို ကူညီပြီးရိတ်ပေးခြင်းဟာ
နားလည်မှုကျေနပ်မှုတွေကို ခံစားရပါလိမ့်မယ်။ တခြားတစ်ယောက်က ကူညီပေးတယ်ဆိုတော့ ပိုပြီးလွယ်ကူသလို သက်တောင့်သက်သာခံစားချက်ကို ခံစားရပါလိမ့်မယ်။
၉။ တစ်ယောက်ရဲ့ဝါသနာကို တစ်ယောက်ကကြိုးစားကြည့်ပေးပါ
တကယ်လို့ ချစ်သူကို ပိုပြီးနားလည်ချင်တယ် ဆိုရင်တော့ တစ်ယောက်ရဲ့ဝါသနာကို တစ်ယောက်က ကြိုးစားကြည့်ပေးသင့်ပါတယ်.။
ဒီလိုကြိုးစားခြင်းကြောင့် တစ်ယောက်ကိုတစ်ယောက် ပိုနားလည်လာမှာဖြစ်ပြီး စစ်မှန်တဲ့လက်တွဲဖော်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
LM_Naung_Naung / Lifestyle_Myanmar