မိဘေျခရာ ေတာင္းလိုသူမ်ားအတြက္ မိဘေျခရာ ခံယူနည္း

မိဘေျခရာ ေတာင္းလိုသူမ်ားအတြက္ မိဘေျခရာ ခံယူနည္း

မိဘေျခရာေတာင္းလို သူမ်ား အတြက္ မိဘေျခရာ ခံ ယူ နည္း။ မိဘေျခရာ ခံယူပြဲဆိုတာ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ ေပ်ာက္ကြယ္ လုနီးပါးျဖစ္ေန ပါၿပီ။

ဘာျဖစ္လို႔လဲဆိုေတာ့ ယေန႔ေခတ္ လူေတြ လုံးဝကို မသိၾက လို႔ပါ။

တကယ္ေတာ့ မိဘေျခရာ ခံယူပြဲ ဆိုတာ ျမန္မာတို႔ရဲ႕ ဂုဏ္ယူဖြယ္ရာ အေလ့အထ တစ္ခုျဖစ္တာမို႔ ျမန္မာ မိသားစုတိုင္း ခံယူက်င့္သုံး သင့္ပါ တယ္။

ေက်းဇူး႐ွင္ မင္းကြန္းဆရာေတာ္ဘုရားႀကီးနဲ႔ ကုံလုံ ဆရာေတာ္ ဘုရားႀကီးတို႔ရဲ႕မိဘေျခရာ ေတာင္းယူ ပူေဇာ္နည္းေလးကို ေအာက္မွာ ေဖာ္ျပေပး လိုက္ပါ တယ္။

မိဘေျခရာ ေတာင္းယူေသာေန႔ဟာ မိဘေရာ သားသမီးေတြပါ မဂၤလာ ႐ွိေသာေမြးေန႔ (သို႔) ေမြးရက္ႏွင့္

မွတ္တမ္းအပ္ တဲ့ေန႔မ်ားတြင္ က်င္းပလွ်င္ ပို၍ေကာင္းမြန္၏။ မိဘေျခရာေတာင္းယူတဲ့အခ်ိန္မွာ မိဘေရာ၊ သားသမီးပါ ေရခ်ိဳး သန္႔စင္ၿပီး သန္႔႐ွင္းေသာ အဝတ္မ်ား ဝတ္ဆင္ကာ ဘုရားစင္ ေ႐ွ႕မွာ ထိုင္ပါ။

က်ေနာ္တို႔ ဗုဒၶဘာသာ လူမ်ိဳးေတြမွာ အရပ္ေလး မ်က္ႏွာ၊ အရပ္႐ွစ္မ်က္ႏွာ၊ အရပ္ ဆယ္မ်က္ႏွာ႐ွိတဲ့ အထဲမွ အထက္ အရပ္ရပ္ကို ဦးထိပ္ပန္ဆင္ၿပီး ရတနာ(၃)ပါးကို ပူေဇာ္ကန္ေတာ့ပါ။

ၿပီးရင္ အေ႐ွ႕အရပ္မွာမိဘ၊ ေတာင္အရပ္မွာ ဆရာသမား၊ ေျမာက္အရပ္မွာ ေက်းဇူး႐ွင္မ်ားကို ကန္ေတာ့ၿပီး ခင္ပြန္းႀကီး (၁ဝ)ပါးအား ဝန္ခ်ေတာင္းပန္ကာ ဘုရားစင္ေ႐ွ႕မွာ ငါးပါးသီလ ခံယူေဆာက္တည္ ပါ။

ေနရာယူရန္။ ။ မိဘမွ ျမင့္ေသာ ျမတ္ေသာ အရပ္မွာ ထိုင္ၿပီး သားသမီးတို႔မွ မိမိတို႔ တတ္အားသေ႐ႊ႕ ကန္ေတာ့ရန္ ပစၥည္းမ်ားျဖင့္ ကန္ေတာ့ပါ၊၊ မိဘတို႔ကလည္း ဆုေပးခ်ီးျမႇင့္ေပးပါ။

မိဘမ်ားမွေမြးဖြာ းသန္႔စင္တဲ့ အ႐ြယ္က စၿပီး ယေန႔မိဘမ်ား ေျခရာမေတာင္းယူမီအထိ ကံသုံးပါးျဖင့္ မေတာ္တဆ ပစ္မွားမိပါက ခြင့္လႊတ္ပါရန္ႏွင့္

မသိမျမင္ရေသာ ဘဝမ်ားတုန္းက အျပစ္မ်ားပါမက်န္ ခြင့္လြတ္ ပါရန္(၃)ႀကိမ္ ေတာင္းပန္၍ ကန္ေတာ့ပါ

(၃)ႀကိမ္ ေတာင္းပန္၍ ကန္ေတာ့ ပါ။ မိဘမ်ားကလည္း ခြင့္လြတ္ပါတယ္ဟု (၃)ႀကိမ္ ေျဖၾကားပါ။ ေျခရာယူျခင္း။ ။

မိဘေျခေထာက္မ်ားကို ေရဇလုံ တစ္ခုမွာ ေရေဆးေၾကာသန္႔စင္ေပးၿပီး နံ႔သာ မ်ားလိမ္းေပးပါ။

သနပ္ခါး ဆိုရင္လည္း ရပါတယ္။ နံ႔သာ လိမ္းထားေသာ မိဘေျခအစုံကို ယပ္ေတာင္ျဖင့္ ယပ္ခပ္ေပးပါ။ ၿပီးလွ်င္ ဆီ၊ နႏြင္း (သို႔) ပုံႏွိပ္မွင္ျဖင့္ မိဘေျခဖဝါးကို ညင္သာစြာ လိမ္းေပးပါ။

သန္႔႐ွင္းေသာ အဝတ္ေပၚတြင္ ပိတ္ျဖဴစ ခင္းေပးၿပီး အေမ့ေျခဖဝါးကို ဘယ္မွစ ညာေနာက္လိုက္ကာ ပိတ္ျဖဴစေပၚတြင္ နင္းေပးပါ။ အေဖဆိုလွ်င္ေတာ့ ညာအစ ဘယ္အဆုံး လုပ္ရမွာ ျဖစ္ပါတယ္။

ပိတ္ျဖဴေပၚမွာ မိဘမ်ားနင္းၿပီး မတ္တပ္ရပ္ကာ သရဏဂုံတည္ေနစဥ္ သားသမီးမ်ားကလည္း မိဘတို႔ရဲ႕ ေျခအစုံကို ဦးေခါင္းႏွင့္ ထိ၍ ပူေဇာ္ ကန္ေတာ့ေ နပါ။

ထို႔ေနာက္ ေဘးမွ ဦးေဆာင္၍ မိဘေျခရာေတာင္းေပး သူမွ မိဘတို႔အား သားသမီးမ်ား အတြက္ ေမတၱာမ်ား ဤေျခရာတြင္ ထား ခဲ့ေပးပါ။ ထားခဲ့ပါ သလား ဟု (၃)ႀကိမ္အေမး အေျဖ ျပဳလုပ္ေပးပါ။

မိဘရဲ႕ ေျခရာမ်ားဟာ သာမန္အခ်ိန္မွာ ထင္ရစ္ ခဲ့တဲ့ ေျခရာ မဟုတ္ဘဲ သရဏဂုံပြားမ်ားရင္း က်န္ရစ္ခဲ့ တာျဖစ္တဲ့ အတြက္ ေဆာင္ယူေသာ သား သမီး မ်ား ေလာကီ၊

ေလာကုတၱရာ အက်ိဳးထူးမ်ားစြာ ရ႐ွိသလို ခ်ီးျမႇင့္ေပးေသာ မိဘ မ်ားမွာလည္း မိဘဝတၱရားေက်ပြန္၍ အသက္႐ွည္ စိတ္က်မ္းမာေစ ပါတယ္။ မိဘေျခရာ

က်န္ရစ္ခဲ့တဲ့ ပိတ္ျဖဴစေပၚမွာ မိဘ၏ ေမြးသကၠရာဇ္ ေတာင္းယူေသာ သားသမီးမ်ား၏ အမည္၊ ေတာင္းယူေသာ ေန႔စြဲမ်ားကို အမွတ္တရ ေရးထိုးပါ။

မိဘတို႔ရဲ႕ ေျခဖဝါးမ်ားကို မူလေဆးေၾကာထားေသာ ေရဇလုံအတြင္းမွာ ေရနဲ႔ပင္ ေဆးေၾကာၿပီး နံ႔သာေရ လိမ္းေပးပါ။

မိဘတို႔ရဲ႕ ေျခရင္း၌ မိဘေျခေ ထာက္ မ်ား ေဆးေၾကာထားေသာ ေရဇလုံအတြင္းသို႔ သားဆိုလွ်င္ ညာဘက္လက္ ထည့္ပါ။

သမီးဆိုလွ်င္ ဘယ္ဘက္လက္ထည့္ၿပီး မိဘတို႔အေပၚ ကာယကံ၊ ဝစီကံ၊ မေနာကံအျဖစ္ ျပစ္မွားမိေသာ အျပစ္မ်ား႐ွိပါက ေက်ပါေစဟု ဆုေတာင္းကာ ထိုေရျဖင့္ ဦးေခါင္းနဲ႔ မ်က္ႏွာကို (၃)ႀကိမ္ထိပါ။

မ်က္ႏွာသစ္လိုကသစ္ႏိုင္ပါတယ္။ မိဘေျခရာေတာင္းယူၿပီးေနာက္။ ။ မိဘေျခရာေတာင္းယူၿပီး မွန္ေဘာင္သြင္းကာ ေခါင္းရင္းမွာထားၿပီး ညစဥ္ ႐ွိခိုး ကန္ေတာ့ ၿပီးမွ ညအိပ္ရာဝင္ပါ။

ႀကီးမားေသာ မိဘရဲ႕ ေမတၱာအား ေန႔စဥ္ခံယူပါတယ္ဟု႐ြတ္ဆိုပါ။

မိမိ အဓိဠာန္ႏိုင္သေလာက္ ဥပမာ (၃)ရက္၊ (၅)ရက္မွ (၁၀)ရက္တန္သည္အထိ ဥပုသ္သီလေစာင့္ပါ။ အေရးၾကဳံ ပါက မိမိေစာင့္ထိန္း ခဲ့ေသာ သီလကို သစၥာဆို တိုင္တည္ႏိုင္ပါတယ္။

မိဘေျခရာ ေတာင္းယူေပးစဥ္ ဦးေဆာင္သူမွ ေအာက္ပါ ဂါထာမ်ားကို ႐ြတ္ဖတ္ပူေဇာ္ေပးရပါမယ္။

မိဘေျခရာယူစဥ္႐ြတ္ဆိုရန္။ ။ “ဒသမာေသ၊ ဥေရကတြာ၊ ဗပါေသတိ၊ ပုဎိကာရဏံ၊ အာယုဒီဃံ ဝႆသတံမာတု ပါဒံနမာမဟႅံသာမာတာ”

အၾကင္ အမိ သည္ ဒသမာေသ– ဆယ္လတိုင္တိုင္ဦးေရကတြာ– ရင္ျဖင့္ပိုက္လြယ္သည္ကိုျပဳ၍ ပုဎိကာရဏံ–

ႀကီးပြားျခင္းအေၾကာင္းကို ကတြာ– ျပဳ၍၊ ေပါသတိ– ႏို႔ရည္တိုက္ေကြၽးေမြးျမဴေပး၏၊ဝႆသတံ– အႏွစ္တစ္ရာတိုင္တိုင္ ထိုအမိ၏ ပါဒံ– ေျခအစုံကို အဟံ– အကြၽႏု္ပ္သည္ နမာမိ– ႐ိုေသျမတ္ႏိုး ႐ွိခိုးပါ၏။

“ဗုသိကာေရာ၊ အလိေဂၢတြာ၊ ဥပၸိတြာ ပီယပုတၳထံ၊ ရာဇပဇၩံ၊ သုပတိဌံ ပီတုပါဒံနမာမဟႅံ”

ယာပီတု– အၾကင္အဖသည္ ဗုသိကာေရာ– ႀကီးပြားေၾကာင္းကိုျပဳလွ်က္ အလိေဂၢတြာ– လည္ကို ဖက္၍ ဥပၸိတြာ– နမ္း၍ပီယပုတၳထံ– ခ်စ္လွ စြာေသာ သား ကို ရာဇပဇၩံ– မင္းမႉးမတ္တို႔၏အလယ္၌

သုပတိဌံ– ေကာင္းစြာတည္ေစ၏ေသာ ပီတု– ထိုအဖ၏ ပါဒံ–

ေျခအစုံကို အဟံ– အကြၽႏု္ပ္သည္ နမာမိ– ႐ိုေသျမတ္ႏိုး ႐ွစ္ခိုးပါ၏။ ထိုသို႔ မိဘေျခရာ ေတာင္းယူေနစဥ္မွာ

မိဘေတြရဲ႕ မ်က္ႏွာဇရာကို သံေဝဂရလိုက္ သား သမီးေတြက ႐ိုေသေလးျမတ္စြာ ပူေဇာ္ကန္ေတာ့တဲ့အတြက္ ပီတိေတြ ေဝလိုက္ႏွင့္ေပါ့။

သားသမီးေတြရဲ႕ မ်က္ႏွာမွာလည္း မ်က္ရည္ေတြ တဝိုင္းဝိုင္းနဲ႔မို႔ မဂၤလာအ႐ွိဆုံးနဲ႔ အေပ်ာ္ဆုံးျဖစ္ေနမွာ အမွန္ပါပဲ … ။

Credit to original writer

Unicode

မိဘခြေရာ တောင်းလိုသူများအတွက် မိဘခြေရာ ခံယူနည်း

မိဘခြေရာတောင်းလို သူများ အတွက် မိဘခြေရာ ခံ ယူ နည်း။ မိဘခြေရာ ခံယူပွဲဆိုတာ ကျနော်တို့ မြန်မာနိုင်ငံမှာ ပျောက်ကွယ် လုနီးပါးဖြစ်နေ ပါပြီ။

ဘာဖြစ်လို့လဲဆိုတော့ ယနေ့ခေတ် လူတွေ လုံးဝကို မသိကြ လို့ပါ။

တကယ်တော့ မိဘခြေရာ ခံယူပွဲ ဆိုတာ မြန်မာတို့ရဲ့ ဂုဏ်ယူဖွယ်ရာ အလေ့အထ တစ်ခုဖြစ်တာမို့ မြန်မာ မိသားစုတိုင်း ခံယူကျင့်သုံး သင့်ပါ တယ်။

ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ ကုံလုံ ဆရာတော် ဘုရားကြီးတို့ရဲ့မိဘခြေရာ တောင်းယူ ပူဇော်နည်းလေးကို အောက်မှာ ဖော်ပြပေး လိုက်ပါ တယ်။

မိဘခြေရာ တောင်းယူသောနေ့ဟာ မိဘရော သားသမီးတွေပါ မင်္ဂလာ ရှိသောမွေးနေ့ (သို့) မွေးရက်နှင့်

မှတ်တမ်းအပ် တဲ့နေ့များတွင် ကျင်းပလျှင် ပို၍ကောင်းမွန်၏။ မိဘခြေရာတောင်းယူတဲ့အချိန်မှာ မိဘရော၊ သားသမီးပါ ရေချိုး သန့်စင်ပြီး သန့်ရှင်းသော အဝတ်များ ဝတ်ဆင်ကာ ဘုရားစင် ရှေ့မှာ ထိုင်ပါ။

ကျနော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေမှာ အရပ်လေး မျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ် ဆယ်မျက်နှာရှိတဲ့ အထဲမှ အထက် အရပ်ရပ်ကို ဦးထိပ်ပန်ဆင်ပြီး ရတနာ(၃)ပါးကို ပူဇော်ကန်တော့ပါ။

ပြီးရင် အရှေ့အရပ်မှာမိဘ၊ တောင်အရပ်မှာ ဆရာသမား၊ မြောက်အရပ်မှာ ကျေးဇူးရှင်များကို ကန်တော့ပြီး ခင်ပွန်းကြီး (၁ဝ)ပါးအား ဝန်ချတောင်းပန်ကာ ဘုရားစင်ရှေ့မှာ ငါးပါးသီလ ခံယူဆောက်တည် ပါ။

နေရာယူရန်။ ။ မိဘမှ မြင့်သော မြတ်သော အရပ်မှာ ထိုင်ပြီး သားသမီးတို့မှ မိမိတို့ တတ်အားသရွှေ့ ကန်တော့ရန် ပစ္စည်းများဖြင့် ကန်တော့ပါ၊၊ မိဘတို့ကလည်း ဆုပေးချီးမြှင့်ပေးပါ။

မိဘများမှမွေးဖွားသန့်စင်တဲ့ အရွယ်က စပြီး ယနေ့မိဘများ ခြေရာမတောင်းယူမီအထိ ကံသုံးပါးဖြင့် မတော်တဆ ပစ်မှားမိပါက ခွင့်လွှတ်ပါရန်နှင့်

မသိမမြင်ရသော ဘဝများတုန်းက အပြစ်များပါမကျန် ခွင့်လွတ် ပါရန်(၃)ကြိမ် တောင်းပန်၍ ကန်တော့ပါ

(၃)ကြိမ် တောင်းပန်၍ ကန်တော့ ပါ။ မိဘများကလည်း ခွင့်လွတ်ပါတယ်ဟု (၃)ကြိမ် ဖြေကြားပါ။ ခြေရာယူခြင်း။ ။

မိဘခြေထောက်များကို ရေဇလုံ တစ်ခုမှာ ရေဆေးကြောသန့်စင်ပေးပြီး နံ့သာ များလိမ်းပေးပါ။

သနပ်ခါး ဆိုရင်လည်း ရပါတယ်။ နံ့သာ လိမ်းထားသော မိဘခြေအစုံကို ယပ်တောင်ဖြင့် ယပ်ခပ်ပေးပါ။ ပြီးလျှင် ဆီ၊ နနွင်း (သို့) ပုံနှိပ်မှင်ဖြင့် မိဘခြေဖဝါးကို ညင်သာစွာ လိမ်းပေးပါ။

သန့်ရှင်းသော အဝတ်ပေါ်တွင် ပိတ်ဖြူစ ခင်းပေးပြီး အမေ့ခြေဖဝါးကို ဘယ်မှစ ညာနောက်လိုက်ကာ ပိတ်ဖြူစပေါ်တွင် နင်းပေးပါ။ အဖေဆိုလျှင်တော့ ညာအစ ဘယ်အဆုံး လုပ်ရမှာ ဖြစ်ပါတယ်။

ပိတ်ဖြူပေါ်မှာ မိဘများနင်းပြီး မတ်တပ်ရပ်ကာ သရဏဂုံတည်နေစဉ် သားသမီးများကလည်း မိဘတို့ရဲ့ ခြေအစုံကို ဦးခေါင်းနှင့် ထိ၍ ပူဇော် ကန်တော့နေပါ။

ထို့နောက် ဘေးမှ ဦးဆောင်၍ မိဘခြေရာတောင်းပေး သူမှ မိဘတို့အား သားသမီးများ အတွက် မေတ္တာများ ဤခြေရာတွင် ထား ခဲ့ပေးပါ။ ထားခဲ့ပါ သလား ဟု (၃)ကြိမ်အမေး အဖြေ ပြုလုပ်ပေးပါ။

မိဘရဲ့ ခြေရာများဟာ သာမန်အချိန်မှာ ထင်ရစ် ခဲ့တဲ့ ခြေရာ မဟုတ်ဘဲ သရဏဂုံပွားများရင်း ကျန်ရစ်ခဲ့ တာဖြစ်တဲ့ အတွက် ဆောင်ယူသော သား သမီး များ လောကီ၊

လောကုတ္တရာ အကျိုးထူးများစွာ ရရှိသလို ချီးမြှင့်ပေးသော မိဘ များမှာလည်း မိဘဝတ္တရားကျေပွန်၍ အသက်ရှည် စိတ်ကျမ်းမာစေ ပါတယ်။ မိဘခြေရာ

ကျန်ရစ်ခဲ့တဲ့ ပိတ်ဖြူစပေါ်မှာ မိဘ၏ မွေးသက္ကရာဇ် တောင်းယူသော သားသမီးများ၏ အမည်၊ တောင်းယူသော နေ့စွဲများကို အမှတ်တရ ရေးထိုးပါ။

မိဘတို့ရဲ့ ခြေဖဝါးများကို မူလဆေးကြောထားသော ရေဇလုံအတွင်းမှာ ရေနဲ့ပင် ဆေးကြောပြီး နံ့သာရေ လိမ်းပေးပါ။

မိဘတို့ရဲ့ ခြေရင်း၌ မိဘခြေထောက် များ ဆေးကြောထားသော ရေဇလုံအတွင်းသို့ သားဆိုလျှင် ညာဘက်လက် ထည့်ပါ။

သမီးဆိုလျှင် ဘယ်ဘက်လက်ထည့်ပြီး မိဘတို့အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံအဖြစ် ပြစ်မှားမိသော အပြစ်များရှိပါက ကျေပါစေဟု ဆုတောင်းကာ ထိုရေဖြင့် ဦးခေါင်းနဲ့ မျက်နှာကို (၃)ကြိမ်ထိပါ။

မျက်နှာသစ်လိုကသစ်နိုင်ပါတယ်။ မိဘခြေရာတောင်းယူပြီးနောက်။ ။ မိဘခြေရာတောင်းယူပြီး မှန်ဘောင်သွင်းကာ ခေါင်းရင်းမှာထားပြီး ညစဉ် ရှိခိုး ကန်တော့ ပြီးမှ ညအိပ်ရာဝင်ပါ။

ကြီးမားသော မိဘရဲ့ မေတ္တာအား နေ့စဉ်ခံယူပါတယ်ဟုရွတ်ဆိုပါ။

မိမိ အဓိဠာန်နိုင်သလောက် ဥပမာ (၃)ရက်၊ (၅)ရက်မှ (၁၀)ရက်တန်သည်အထိ ဥပုသ်သီလစောင့်ပါ။ အရေးကြုံ ပါက မိမိစောင့်ထိန်း ခဲ့သော သီလကို သစ္စာဆို တိုင်တည်နိုင်ပါတယ်။

မိဘခြေရာ တောင်းယူပေးစဉ် ဦးဆောင်သူမှ အောက်ပါ ဂါထာများကို ရွတ်ဖတ်ပူဇော်ပေးရပါမယ်။

မိဘခြေရာယူစဉ်ရွတ်ဆိုရန်။ ။ “ဒသမာသေ၊ ဥရေကတွာ၊ ဗပါသေတိ၊ ပုဎိကာရဏံ၊ အာယုဒီဃံ ဝဿသတံမာတု ပါဒံနမာမဟ္လံသာမာတာ”

အကြင် အမိ သည် ဒသမာသေ– ဆယ်လတိုင်တိုင်ဦးရေကတွာ– ရင်ဖြင့်ပိုက်လွယ်သည်ကိုပြု၍ ပုဎိကာရဏံ–

ကြီးပွားခြင်းအကြောင်းကို ကတွာ– ပြု၍၊ ပေါသတိ– နို့ရည်တိုက်ကျွေးမွေးမြူပေး၏၊ဝဿသတံ– အနှစ်တစ်ရာတိုင်တိုင် ထိုအမိ၏ ပါဒံ– ခြေအစုံကို အဟံ– အကျွန်ုပ်သည် နမာမိ– ရိုသေမြတ်နိုး ရှိခိုးပါ၏။

“ဗုသိကာရော၊ အလိဂ္ဂေတွာ၊ ဥပ္ပိတွာ ပီယပုတ္ထထံ၊ ရာဇပဇ္ဈံ၊ သုပတိဌံ ပီတုပါဒံနမာမဟ္လံ”

ယာပီတု– အကြင်အဖသည် ဗုသိကာရော– ကြီးပွားကြောင်းကိုပြုလျှက် အလိဂ္ဂေတွာ– လည်ကို ဖက်၍ ဥပ္ပိတွာ– နမ်း၍ပီယပုတ္ထထံ– ချစ်လှ စွာသော သား ကို ရာဇပဇ္ဈံ– မင်းမှူးမတ်တို့၏အလယ်၌

သုပတိဌံ– ကောင်းစွာတည်စေ၏သော ပီတု– ထိုအဖ၏ ပါဒံ–

ခြေအစုံကို အဟံ– အကျွန်ုပ်သည် နမာမိ– ရိုသေမြတ်နိုး ရှစ်ခိုးပါ၏။ ထိုသို့ မိဘခြေရာ တောင်းယူနေစဉ်မှာ

မိဘတွေရဲ့ မျက်နှာဇရာကို သံဝေဂရလိုက် သား သမီးတွေက ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့တဲ့အတွက် ပီတိတွေ ဝေလိုက်နှင့်ပေါ့။

သားသမီးတွေရဲ့ မျက်နှာမှာလည်း မျက်ရည်တွေ တဝိုင်းဝိုင်းနဲ့မို့ မင်္ဂလာအရှိဆုံးနဲ့ အပျော်ဆုံးဖြစ်နေမှာ အမှန်ပါပဲ … ။

Credit to original writer