ခ်စ္သူေကာင္ေလး သင့္ကို ပိုပိုခ်စ္လာေစမယ့္ နည္းလမ္းမ်ား…

ခ်စ္သူေကာင္ေလး သင့္ကို ပိုပိုခ်စ္လာေစမယ့္ နည္းလမ္းမ်ား…

ခုေခတ္စံုတြဲေတာ္ေတာ္မ်ားမ်ား ၾကံဳေတြ႔ေနရတဲ့ ျပသနာကေတာ့ အခ်စ္ေရးတစ္ခုမွာ မိန္းကေလးဖက္က ဒါမွမဟုတ္ ေယာက်္ားေလးဖက္က မေပ်ာ္ရႊင္ႏိုင္တာ၊ ျငီးေငြ႕လာတာေတြပဲ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး မျဖစ္ခ်င္ဘူးဆိုရင္ေတာ့ မိန္းကေလးဖက္က ျပဳလုပ္သင့္တဲ့ အခ်က္ေလးေတြရွိပါတယ္ …။

ဒါေလးေတြကိုသာ လိုက္နာလိုက္ရင္ေတာ့ သင့္ခ်စ္သူေကာင္ေလးက သင့္အနားမွာ ေနရရင္ အျမဲတမ္း စိတ္ခ်မ္းသာေနျပီး သင့္ကုိ ပိုပိုျပီး ခ်စ္လာမွာပဲ ျဖစ္ပါတယ္ေနာ္ …။

(၁) သူ႔ရဲ႕ဝါသနာကိုေလ့လာပါ”

ေယာက်္ားေလးေတြမွာ ေမြးရာပါဝါသနာ တစ္ခုခုရွိတတ္ပါတယ္။ သူတို႔ဟာ တစ္ခုခုကိုဝါသနာပါရင္ အဲ့ဒီ့ဝါသနာအပၚမွာ စြဲစြဲလန္းလန္း ရူးသြပ္တတ္ၾကပါတယ္ …။

သူတို႔ရဲ႕ အခ်စ္ဆံုး သူငယ္ခ်င္းေတြဟာလည္း သူတို႔နဲ႔ ဝါသနာတူတဲ့သူေတြ မ်ားပါတယ္ …။

ဒါေၾကာင့္ သင့္အေနနဲ႔ သင့္ေကာင္ေလးကို အျမဲတမ္းစိတ္ခ်မ္းသာျပီး သင့္အနားမွာ ေနရတာကို ေပ်ာ္ေစခ်င္တယ္ဆိုရင္ေတာ့ သူဝါသနာပါတဲ့အရာကို ေလ့လာပါ၊ စိတ္ဝင္စားတတ္ေအာင္ ေလ့က်င့္ျပီး သူနဲ႔အတူ လိုက္လုပ္ၾကည့္ပါ။ သင့္ခ်စ္သူရဲ႕ ပီတိအျပည့္နဲ႔ အျပံဳးေတြကို ေတြ႕ျမင္ရပါလိမ္႔မယ္ …။

(၂) တစ္ခါတေလ တစ္ေယာက္တည္း ေပးေနလိုက္ပါ”

ေယာက်္ားေလးေတြဟာ တစ္ခါတေလ တစ္ေယာက္တည္းေနဖို႔ လိုအပ္တဲ့ အခ်ိိန္ေတြရွိပါတယ္။ မယံုရင္ သင့္ခ်စ္သူကို တစ္ပတ္မွာ တစ္ရက္ေလာက္ျဖစ္ျဖစ္ လႊတ္ထားျပီး တစ္ေယာက္တည္း ေနခိုင္းၾကည့္ပါ …။

သင္တို႔အခ်စ္ေရး အရမး္ကုိ တိုးတက္ေကာင္းမြန္ လာပါလိမ့္မယ္။ သူ႔ကို အျမဲတမ္းတြယ္ကပ္မေနပဲ တစ္ခါတေလ လႊတ္ထားလိုက္ပါ။ ဒါဟာ အေကာင္းဆံုး နညး္လမ္းပဲ ျဖစ္ပါတယ္ …။

(၃) လိုက္ေလ်ာညီေထြေနတတ္ေအာင္ ၾကိဳးစားပါ”

ေယာက်္ားေလးေတြဟာ အလုိက္သိျပီး လူတိုင္းနဲ႔လိုက္ေလ်ာညီေထြေနတတ္တဲ့ မိန္းကေလးေတြကို အရမး္သေဘာက်ပါတယ္။ ဒါေၾကာင့္ သင့္ခ်စ္သူရဲ႕ မိသားစု၊ သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဆင္ေျပေအာင္၊ လိုက္ေလ်ာညီေထြေနတတ္ေအာင္ ၾကိဳးစားေပးပါ …။

ဒီလိုလုပ္လိုက္ျခင္းအားျဖင့္ သင့္ခ်စ္သူက သင့္ကို အရမ္းဂုဏ္ယူေနမယ့္အျပင္ ပိုပိုျပီး ခ်စ္လာမွာ ျဖစ္သလို သင့္အနားမွာ ေနရတာကိုလညး္ အရမ္း ေပ်ာ္ရႊင္ေနမိမွာပါ …။

(၄) သူ႔ကို လက္ခံေပးပါ”

သင့္ခ်စ္သူဟာ ရုပ္ဆိုးေကာင္းဆိုးမယ္၊ ဆင္းရဲေကာင္း ဆင္းရဲမယ္၊ အားနည္းခ်က္ေတြ အမ်ားၾကီး ရွိေကာင္းရွိမယ္ ဒါေပမယ့္ သူ႔ကို သင္လက္ခံေပးရပါမယ္။ သူ႔ရဲ႕ အားနည္းခ်က္ေတြကို အျပစ္တင္မေန သင့္ပါဘူး …။

သူ႕ကိုသူ မခ်စ္ႏိုင္တဲ့ အခါေတြမွာေတာင္ သင္ကသူ႔႔ကို ခ်စ္ေပးလိုက္မယ္၊ သူ႔အားနည္းခ်က္ေတြကုိ လက္ခံေပးျပီး အားေပးေနမယ္၊ ႏွစ္သိမ့္ေပးေနမယ္ ဆိုရင္ေတာ့ သင့္အနားမွာ ေနရတာ သူ႔အတြက္ သုခဘံုကုိေရာက္ေနသလို ခံစားရမွာပဲ ျဖစ္ပါတယ္ …။

(၅) ခံစားခ်က္ကို ေဖာ္ျပပါ”

မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ စိတ္ဆိုးတဲ့ ခံစားခ်က္ကို ေဖာ္ျပရာမွာ အရမး္ေတာ္ေပမယ့္ ခ်စ္တာေတြ၊ လြမ္းတာေတြကိုေတာ့ မေဖာ္ျပတတ္ၾကျပန္ပါဘူး …။

သင့္ခ်စ္သူ စိတ္ခ်မ္းသာဖို႔၊ သင့္အနားမွာ ေနရတာ ေပ်ာ္ရႊင္ေနေစဖို႔ဆိုရင္ေတာ့ သူ႔ကိုသင္ခ်စ္ေၾကာင္း၊ လြမ္းေၾကာင္းေတြကို ပံုုစံအမ်ိဳးမ်ိဳးနဲ႔႔ ေဖာ္ျပတတ္ေအာင္ ေလ့က်င့္ပါ။ သင့္ရဲ႕ အၾကင္နာ၊ ေမတၱာေတြကို ေတြ႔ရင္ သင့္အနားက မခြာခ်င္ေလာက္ေအာင္ကို ေပ်ာ္ရႊင္ၾကည္ႏူးျပီး သင့္ကုိ ပိုပိုခ်စ္လာမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Em Em (Auntymay)

Unicode Version

ချစ်သူကောင်လေး သင့်ကို ပိုပိုချစ်လာစေမယ့် နည်းလမ်းများ…

ခုခေတ်စုံတွဲတော်တော်များများ ကြုံတွေ့နေရတဲ့ ပြသနာကတော့ အချစ်ရေးတစ်ခုမှာ မိန်းကလေးဖက်က ဒါမှမဟုတ် ယောက်ျားလေးဖက်က မပျော်ရွှင်နိုင်တာ၊ ငြီးငွေ့လာတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ မိန်းကလေးဖက်က ပြုလုပ်သင့်တဲ့ အချက်လေးတွေရှိပါတယ် …။

ဒါလေးတွေကိုသာ လိုက်နာလိုက်ရင်တော့ သင့်ချစ်သူကောင်လေးက သင့်အနားမှာ နေရရင် အမြဲတမ်း စိတ်ချမ်းသာနေပြီး သင့်ကို ပိုပိုပြီး ချစ်လာမှာပဲ ဖြစ်ပါတယ်နော် …။

(၁) သူ့ရဲ့ဝါသနာကိုလေ့လာပါ”

ယောက်ျားလေးတွေမှာ မွေးရာပါဝါသနာ တစ်ခုခုရှိတတ်ပါတယ်။ သူတို့ဟာ တစ်ခုခုကိုဝါသနာပါရင် အဲ့ဒီ့ဝါသနာအပါ်မှာ စွဲစွဲလန်းလန်း ရူးသွပ်တတ်ကြပါတယ် …။

သူတို့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေဟာလည်း သူတို့နဲ့ ဝါသနာတူတဲ့သူတွေ များပါတယ် …။

ဒါကြောင့် သင့်အနေနဲ့ သင့်ကောင်လေးကို အမြဲတမ်းစိတ်ချမ်းသာပြီး သင့်အနားမှာ နေရတာကို ပျော်စေချင်တယ်ဆိုရင်တော့ သူဝါသနာပါတဲ့အရာကို လေ့လာပါ၊ စိတ်ဝင်စားတတ်အောင် လေ့ကျင့်ပြီး သူနဲ့အတူ လိုက်လုပ်ကြည့်ပါ။ သင့်ချစ်သူရဲ့ ပီတိအပြည့်နဲ့ အပြုံးတွေကို တွေ့မြင်ရပါလိမ့်မယ် …။

(၂) တစ်ခါတလေ တစ်ယောက်တည်း ပေးနေလိုက်ပါ”

ယောက်ျားလေးတွေဟာ တစ်ခါတလေ တစ်ယောက်တည်းနေဖို့ လိုအပ်တဲ့ အချိန်တွေရှိပါတယ်။ မယုံရင် သင့်ချစ်သူကို တစ်ပတ်မှာ တစ်ရက်လောက်ဖြစ်ဖြစ် လွှတ်ထားပြီး တစ်ယောက်တည်း နေခိုင်းကြည့်ပါ …။

သင်တို့အချစ်ရေး အရမး်ကို တိုးတက်ကောင်းမွန် လာပါလိမ့်မယ်။ သူ့ကို အမြဲတမ်းတွယ်ကပ်မနေပဲ တစ်ခါတလေ လွှတ်ထားလိုက်ပါ။ ဒါဟာ အကောင်းဆုံး နညး်လမ်းပဲ ဖြစ်ပါတယ် …။

(၃) လိုက်လျောညီထွေနေတတ်အောင် ကြိုးစားပါ”

ယောက်ျားလေးတွေဟာ အလိုက်သိပြီး လူတိုင်းနဲ့လိုက်လျောညီထွေနေတတ်တဲ့ မိန်းကလေးတွေကို အရမး်သဘောကျပါတယ်။ ဒါကြောင့် သင့်ချစ်သူရဲ့ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင်၊ လိုက်လျောညီထွေနေတတ်အောင် ကြိုးစားပေးပါ …။

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သင့်ချစ်သူက သင့်ကို အရမ်းဂုဏ်ယူနေမယ့်အပြင် ပိုပိုပြီး ချစ်လာမှာ ဖြစ်သလို သင့်အနားမှာ နေရတာကိုလညး် အရမ်း ပျော်ရွှင်နေမိမှာပါ …။

(၄) သူ့ကို လက်ခံပေးပါ”

သင့်ချစ်သူဟာ ရုပ်ဆိုးကောင်းဆိုးမယ်၊ ဆင်းရဲကောင်း ဆင်းရဲမယ်၊ အားနည်းချက်တွေ အများကြီး ရှိကောင်းရှိမယ် ဒါပေမယ့် သူ့ကို သင်လက်ခံပေးရပါမယ်။ သူ့ရဲ့ အားနည်းချက်တွေကို အပြစ်တင်မနေ သင့်ပါဘူး …။

သူ့ကိုသူ မချစ်နိုင်တဲ့ အခါတွေမှာတောင် သင်ကသူ့ကို ချစ်ပေးလိုက်မယ်၊ သူ့အားနည်းချက်တွေကို လက်ခံပေးပြီး အားပေးနေမယ်၊ နှစ်သိမ့်ပေးနေမယ် ဆိုရင်တော့ သင့်အနားမှာ နေရတာ သူ့အတွက် သုခဘုံကိုရောက်နေသလို ခံစားရမှာပဲ ဖြစ်ပါတယ် …။

(၅) ခံစားချက်ကို ဖော်ပြပါ”

မိန်းကလေးတော်တော်များများဟာ စိတ်ဆိုးတဲ့ ခံစားချက်ကို ဖော်ပြရာမှာ အရမး်တော်ပေမယ့် ချစ်တာတွေ၊ လွမ်းတာတွေကိုတော့ မဖော်ပြတတ်ကြပြန်ပါဘူး …။

သင့်ချစ်သူ စိတ်ချမ်းသာဖို့၊ သင့်အနားမှာ နေရတာ ပျော်ရွှင်နေစေဖို့ဆိုရင်တော့ သူ့ကိုသင်ချစ်ကြောင်း၊ လွမ်းကြောင်းတွေကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြတတ်အောင် လေ့ကျင့်ပါ။ သင့်ရဲ့ အကြင်နာ၊ မေတ္တာတွေကို တွေ့ရင် သင့်အနားက မခွာချင်လောက်အောင်ကို ပျော်ရွှင်ကြည်နူးပြီး သင့်ကို ပိုပိုချစ်လာမှာပဲ ဖြစ်ပါတယ်နော် …။ ။

Em Em (Auntymay)

Unicode Version