သင့္ကိုတကယ္မခ်စ္ပဲ လိုသံုးသေဘာမ်ိဳးတြဲေနတတ္တဲ့ေယာက္်ားတစ္ေယာက္ရဲ႕ အျပဳအမူမ်ား…

သင့္ကိုတကယ္မခ်စ္ပဲ လိုသံုးသေဘာမ်ိဳးတြဲေနတတ္တဲ့ေယာက္်ားတစ္ေယာက္ရဲ႕ အျပဳအမူမ်ား…

စာမမှန်ပါက အောက်တွင် UNICODE VERSION ဖြင့်ဖတ်ရန်

မိန္းကေလးေတြမွာ ေမြးရာပါ ဗီဇအရ gut feeling ဆိုတာရွိပါတယ္။ gut feeling ဆိုတာ တစ္ခုခုမျဖစ္ခင္ ၾကိဳသိေနတာမ်ိဳး ၊ လူတစ္ေယာက္ရဲ႕ စိတ္ကို ခန္႕မွန္း မိေနတာမ်ိဳးပါ …။

တကယ္လို႕ သင္႕ရဲ႕ အခ်စ္ေရးမွာလည္း သင့္ခ်စ္သူက သင့္ကိုမခ်စ္သလိုလိုခံစားေနရျပီး မတင္မက် ခံစားခ်က္မ်ိဳးျဖစ္ေနပါသလား၊ ဒါဆိုရင္ေတာ့ သူသင့္ကိုတစ္ကယ္ခ်စ္တာလား ၊ ဒါမွမဟုတ္ ရည္းစားျဖစ္ရံု လိုသံုးပံုစံ တြဲေနတာလားဆိုတာ ဒီအခ်က္ေတြနဲ႕ အေျဖရွာၾကည့္လိုက္ပါေနာ္ …။

(၁) သူလိုမွေပၚလာတတ္တယ္”

ဒီလိုလူမ်ိဳးေတြက သင္နဲ႕အျမဲအဆက္အသြယ္လုပ္ေနမွာမဟုတ္ပဲ သင့္ဆီက တစ္ခုခုလိုခ်င္တဲ့အခါမွ ေရာက္ေရာက္လာတတ္ပါတယ္။ သင္နဲ႕ စကားေျပာဖို႕ ၊ သင့္အေျကာင္းေလးေတြ သတိတရ ေမးဖို႕အတြက္ အခ်ိန္ဆိုတာလည္း သူတို႕မွာရွိမွာမဟုတ္ပါဘူး။

ဒီလိုလုိအပ္မွ လာဆက္သြယ္တယ္ဆိုတာ သူ႕ရဲ႕ တစ္ကိုယ္ေကာင္းစိတ္အရ သင့္အေပၚ ေကာင္းျပတာေနတာပါ။ တစ္ကယ္ခ်စ္တဲ့သူ ဆိုရင္ေတာ့ သင့္အေၾကာင္းေတြ ၊ သင့္ရဲ႕တစ္ေန႕တာေတြကို အျမဲစိတ္၀င္စားျပီး သင္နဲ႕အတူတူရွိေနဖုိ႕ သူ႕အခ်ိန္ေတြကို အျမဲ ဖယ္ထားပါလိမ္႔မယ္ …။

(၂) သင့္ရဲ႕ အႀကိဳက္ေတြ၊ ၀ါသနာေတြကို စိတ္မ၀င္စားဘူး”

သင့္ကိုတစ္ကယ္ခ်စ္တဲ့သူက သင့္ရဲ႕အျပဳအမူ၊ သင့္ရဲ႕စိတ္အားထက္သန္တဲ့အရာေတြ ၊ အစားအေသာက္ အႀကိဳက္ေတြကအစ စိတ္၀င္စားျပီး သင္လိုအပ္တာေတြကို ျဖည့္စည္းေပးဖို႕ အျမဲအသင့္ရွိေနမွာပဲ ျဖစ္ပါတယ္ …။

သင့္ခ်စ္သူကေတာ့ သင္အေျကာင္းလဲစိတ္မ၀င္စား၊ သင္ေျပာျပရင္ေတာင္ စိတ္၀င္စားဟန္မျပပဲ စကားလႊဲလိုက္တာ ၊ သူလိုခ်င္တာပဲ စြတ္ေျပာေနတာေတြ လုပ္ေနရင္ေတာ့ သူသင့္ကို တကယ္ ခ်စ္တာ မဟုတ္ပါဘူး …။

(၃) သူ႕အေၾကာင္းေတြ မေျပာျပတတ္ဘူး”

သင့္ကို မခ်စ္တဲ့သူက သူ႕အေၾကာင္းအျပည့္အစံုကိုလည္းသင့္ကို ေပးသိမွာ မဟုတ္ပါဘူး။ သူေအာင္ျမင္တာျဖစ္ျဖစ္၊ က်ရွံဳးတာျဖစ္ျဖစ္ မွ်ေ၀ခံစားမွာ မဟုတ္ပဲ သင့္ကို သူစိမ္းတစ္ေယာက္ဆန္ဆန္ပဲ ဆက္ဆံေနမွာပါ …။

သူ႕အေၾကာင္းေတြကို သူ႕သူငယ္ခ်င္းေတြ၊ သူ႕မိသားစုေတြကေန တစ္ဆင့္ပဲ ျပန္ျပန္သိေနရျပီး ကိုယ္ဟာသူ႕ဘ၀ထဲမွာ မရွိသူတစ္ေယာက္လို ဆက္ဆံခံေနရရင္ေတာ့ အျမန္ဆံုး လမ္းခြဲလိုက္တာပဲ ေကာင္းပါတယ္ …။

(၄) RS တည္ျမဲဖို႕ သင္တစ္ေယာက္တည္း ရုန္းကန္ေနရတယ္”

Relationship တစ္ခုတည္ေဆာက္ဖို႕ဆိုတာ မလြယ္ပါဘူး ။ ႏွစ္ဦးသား ညွိနွိဳင္းရမွာေတြ ၊ အေလ်ာ့ေပးရမွာေတြ ၊ နားလည္မႈ ေပးရမွာေတြကို တစ္ေယာက္နဲ႕တစ္ေယာက္ အတိုင္အေဖာက္ညီညီ ၾကိဳးစားျပီး တည္ေဆာက္ရမွာပါ …။

သင္တို႕ အခ်စ္ေရးမွာေတာ့ ဒီလိုမွမဟုတ္ပဲ သင္တစ္ေယာက္တည္းကပဲ ျကိုးစားျပီး တည္ျမဲေအာင္ရုန္းကန္ေနရတယ္ ဆိုရင္ေတာ့ သင္က သူ႕အတြက္ လိုသံုးတစ္ေယာက္ထက္ မပိုပါဘူးေနာ္ …။ ။

Credit – မူရင္း

UNICODE VERSION ဖြင့်ဖတ်ရန်

သင့်ကိုတကယ်မချစ်ပဲ လိုသုံးသဘောမျိုးတွဲနေတတ်တဲ့ယောက်ျားတစ်ယောက်ရဲ့ အပြုအမူများ…

မိန်းကလေးတွေမှာ မွေးရာပါ ဗီဇအရ gut feeling ဆိုတာရှိပါတယ်။ gut feeling ဆိုတာ တစ်ခုခုမဖြစ်ခင် ကြိုသိနေတာမျိုး ၊ လူတစ်ယောက်ရဲ့ စိတ်ကို ခန့်မှန်း မိနေတာမျိုးပါ …။

တကယ်လို့ သင့်ရဲ့ အချစ်ရေးမှာလည်း သင့်ချစ်သူက သင့်ကိုမချစ်သလိုလိုခံစားနေရပြီး မတင်မကျ ခံစားချက်မျိုးဖြစ်နေပါသလား၊ ဒါဆိုရင်တော့ သူသင့်ကိုတစ်ကယ်ချစ်တာလား ၊ ဒါမှမဟုတ် ရည်းစားဖြစ်ရုံ လိုသုံးပုံစံ တွဲနေတာလားဆိုတာ ဒီအချက်တွေနဲ့ အဖြေရှာကြည့်လိုက်ပါနော် …။

(၁) သူလိုမှပေါ်လာတတ်တယ်”

ဒီလိုလူမျိုးတွေက သင်နဲ့အမြဲအဆက်အသွယ်လုပ်နေမှာမဟုတ်ပဲ သင့်ဆီက တစ်ခုခုလိုချင်တဲ့အခါမှ ရောက်ရောက်လာတတ်ပါတယ်။ သင်နဲ့ စကားပြောဖို့ ၊ သင့်အကြောင်းလေးတွေ သတိတရ မေးဖို့အတွက် အချိန်ဆိုတာလည်း သူတို့မှာရှိမှာမဟုတ်ပါဘူး။

ဒီလိုလိုအပ်မှ လာဆက်သွယ်တယ်ဆိုတာ သူ့ရဲ့ တစ်ကိုယ်ကောင်းစိတ်အရ သင့်အပေါ် ကောင်းပြတာနေတာပါ။ တစ်ကယ်ချစ်တဲ့သူ ဆိုရင်တော့ သင့်အကြောင်းတွေ ၊ သင့်ရဲ့တစ်နေ့တာတွေကို အမြဲစိတ်ဝင်စားပြီး သင်နဲ့အတူတူရှိနေဖို့ သူ့အချိန်တွေကို အမြဲ ဖယ်ထားပါလိမ့်မယ် …။

(၂) သင့်ရဲ့ အကြိုက်တွေ၊ ဝါသနာတွေကို စိတ်မဝင်စားဘူး”

သင့်ကိုတစ်ကယ်ချစ်တဲ့သူက သင့်ရဲ့အပြုအမူ၊ သင့်ရဲ့စိတ်အားထက်သန်တဲ့အရာတွေ ၊ အစားအသောက် အကြိုက်တွေကအစ စိတ်ဝင်စားပြီး သင်လိုအပ်တာတွေကို ဖြည့်စည်းပေးဖို့ အမြဲအသင့်ရှိနေမှာပဲ ဖြစ်ပါတယ် …။

သင့်ချစ်သူကတော့ သင်အကြောင်းလဲစိတ်မဝင်စား၊ သင်ပြောပြရင်တောင် စိတ်ဝင်စားဟန်မပြပဲ စကားလွှဲလိုက်တာ ၊ သူလိုချင်တာပဲ စွတ်ပြောနေတာတွေ လုပ်နေရင်တော့ သူသင့်ကို တကယ် ချစ်တာ မဟုတ်ပါဘူး …။

(၃) သူ့အကြောင်းတွေ မပြောပြတတ်ဘူး”

သင့်ကို မချစ်တဲ့သူက သူ့အကြောင်းအပြည့်အစုံကိုလည်းသင့်ကို ပေးသိမှာ မဟုတ်ပါဘူး။ သူအောင်မြင်တာဖြစ်ဖြစ်၊ ကျရှုံးတာဖြစ်ဖြစ် မျှဝေခံစားမှာ မဟုတ်ပဲ သင့်ကို သူစိမ်းတစ်ယောက်ဆန်ဆန်ပဲ ဆက်ဆံနေမှာပါ …။

သူ့အကြောင်းတွေကို သူ့သူငယ်ချင်းတွေ၊ သူ့မိသားစုတွေကနေ တစ်ဆင့်ပဲ ပြန်ပြန်သိနေရပြီး ကိုယ်ဟာသူ့ဘဝထဲမှာ မရှိသူတစ်ယောက်လို ဆက်ဆံခံနေရရင်တော့ အမြန်ဆုံး လမ်းခွဲလိုက်တာပဲ ကောင်းပါတယ် …။

(၄) RS တည်မြဲဖို့ သင်တစ်ယောက်တည်း ရုန်းကန်နေရတယ်”

Relationship တစ်ခုတည်ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး ။ နှစ်ဦးသား ညှိနှိုင်းရမှာတွေ ၊ အလျော့ပေးရမှာတွေ ၊ နားလည်မှု ပေးရမှာတွေကို တစ်ယောက်နဲ့တစ်ယောက် အတိုင်အဖောက်ညီညီ ကြိုးစားပြီး တည်ဆောက်ရမှာပါ …။

သင်တို့ အချစ်ရေးမှာတော့ ဒီလိုမှမဟုတ်ပဲ သင်တစ်ယောက်တည်းကပဲ ကြိုးစားပြီး တည်မြဲအောင်ရုန်းကန်နေရတယ် ဆိုရင်တော့ သင်က သူ့အတွက် လိုသုံးတစ်ယောက်ထက် မပိုပါဘူးနော် …။ ။

Credit – မူရင်း