စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
ဆရာသုတဆန်း
Unicode Version ဖြင့်ဖတ်ရန်
ယ​ကြာဘယ်လောက်ချေချေ အဆင်မပြေဘဲမိမိအိမ်မှာ လတ်ပိတ်နေရတဲ့ အကြောင်းရင်း…
အိမ် တစ်အိမ်မှာ ယတြာတွေ ဘယ်လောက်ပဲ ချေချေ ကံကို မကောင်းဘူး။ လာဘ်တွေ ပိတ်နေသေးတယ် …။
စီးပွားတွေလည်း တိုးတက်မလာဘူးဆိုရင် အောက်ပါထဲက အချက်တစ်ချို့နဲ့ ငြိနေလို့လည်း ​ဖြစ်နိုင်ပါတယ်နော် …။
( ၁ ) ဘုရားစင်တွင် ပြဿနာရှိခြင်း …။
( က ) ဘုရားပန်း အမြဲညိုးနေခြင်း …။
( ခ ) ဘုရားသောက်တော်ရေ ခမ်းနေခြင်း …။
( ဂ ) ဘုရားစင် ရှုပ်ပွနေခြင်း ( သို့ ) ဘုရားနှင့်မဆိုင်သောပစ္စည်းများ တင်ထားခြင်း …။
( ၂ ) မီးဖိုချောင်တွင် ပြဿနာရှိခြင်း …။
( က ) မီးဖိုချောင်တွင် မြင့်မြတ်သော ပစ္စည်းများရှိနေခြင်း။ ဥပမာ – ဘုရားပန်းအိုး၊ တရားစာအုပ်(အစရှိသဖြင့်)
( ခ ) အိမ်ထောင်ဦးစီး၏ အင်္ကျီအား လက်နှီး ပြုလုပ်ထားခြင်း …။
( ဂ ) မီးဖိုချောင်သုံး ပစ္စည်းတွေကို နေရာတကျ မထားမိခြင်း …။
( ၃ ) ဖိနပ်စင်တွင် ပြဿနာရှိခြင်း …။
( က ) ဖိနပ်များ ကြုံသလို ချွတ်ထားသဖြင့် မှောက်လှန် ဖြစ်​နေခြင်း …။
( ခ ) ဖိနပ်များပေါ်မှ နင်း၍ လျှောက်ခြင်း …။
( ဂ ) မိမိ ခါးထက်မြင့်သော ဖိနပ်စင်ပေါ် ဖိနပ်များ တင်နေခြင်း …။
( ၄ ) လူတွင် ပြဿနာရှိခြင်း …။
( က ) မနက်စောစော အမင်္ဂလာ စကားဖြင့် နိုးထခြင်း …။
( ခ ) မရှိစကား ပြောလွန်းခြင်း (သို့) အတင်းပြောလွန်းခြင်း …။
( ဂ ) အိမ်တွင်းရှိ မင်္ဂလာအရပ်တွင် မင်္ဂလာမဲ့အောင် နေနေမိခြင်း …။
အစရှိတဲ့ အချက်တွေ ပြုလုပ်မိနေလို့ပဲ ဖြစ်ပါတယ်။ အချိန်မှီ သတိပြုနိုင်ကြပါစေ …။ ။
ဆရာသုတဆန်း