စိတ်ညစ်တဲ့အခါ နားလည်မှု ရှိတဲ့ လူတွေရဲ့ အနားမှာ နေပါ
စိတ်ညစ်တဲ့အခါ နားလည်မှု ရှိတဲ့ လူတွေရဲ့ အနားမှာ နေပါ
Julia
Unicode
စိတ်ညစ်တဲ့အခါ နားလည်မှု ရှိတဲဲ့ လူတွေရဲ့ အနားမှာ နေပါ
သူတို့က သင်စိတ်ညစ် တာကိုမဖြေရှင်းပေး နိုင်ရင်တောင် စကားလုံးတွေနဲ့ နွေးထွေးစေ ပါ လိမ့် မယ်။
သင်စိတ်ညစ်တာတွေ သင်ခံစားရတာတွေ သူတို့ကိုရင်ဖွင့်ရင် သင်စိတ်သက်သာရာ ရနိုင်ပါတယ် ။
နားလည်မှု မရှိတဲ့ လူတွေ ကိုတော့ လုံးဝ ရှောင် ပါ ။ သူတို့ကြောင့် သင်ပိုစိတ်ညစ်ရလိမ့်မယ် ။
သူတို့တွေက သင် စိတ်ညစ် တာကို နားလည် မပေးတဲ့ အပြင် “ဒီလောက်လေးနဲ့ သင် စိတ်ညစ် ရလား ဆိုပြီး” သင့်ကို အပြစ်တင် ပါ လိမ့် မယ် ။
တချို့လူတွေက သင့်စိတ်ညစ်စရာကို မဖြေရှင်းပေးနိုင်ဘူး။ ဒါပေမဲ့ နွေးထွေးစွာ နှစ်သိမ့်ပေး တတ်တယ် ။
တချို့ လူတွေက ကျတော့ ဖြေလည်း မဖြေရှင်း ပေး နိုင်ဘူး။ နွေးထွေးစွာ မနှစ်သိမ့် ပေးတဲ့ အပြင် သင့်ကို အပြစ်တင်ကဲ့ရဲ့ တတ် ပါ တယ် ။
ကိုယ်ကစိတ်ညစ်နေပါတယ်ဆိုမှ အပြစ်ပါတင်ခံရသေးရင်တော့ ခံစားချက်က ပိုပေါက်ကွဲမိမှာ အမှန်ပါပဲ
ဒါကြောင့် စိတ်ညစ်တဲ့အခါ နားလည်မှုရှိတဲ့သူတွေရဲ့အနားမှာသာနေပါ ။ သူတို့နဲ့သာ စကားပြောပါ ။
သင့်အနားမှာ ရှိတဲ့ လူတစ်ယောက်ရဲဲ့ တန်ဖိုးဟာ ပျော်ရွှင်စရာ ရှိတဲ့ အချိန် သိပ် မသိသာ ဘူး။ စိတ်ညစ်စရာ ရှိတဲ့ အချိန်ကျမှ သိသာ လာပါ လိမ့် မယ် ။
သူတို့ဟာ သင့်ကို နွေးထွေးစွာ နှစ်သိမ့် ပေးနိုင်တဲ့ လူတစ် ယောက် လား၊ အပြစ်တင် ကဲ့ရဲ့ ချင်နေတဲ့ လူတစ် ယောက် လား ဆို တာ ကို ပေါ့။
Julia