ခ်စ္သူေတြဆိုေပမယ့္ မၾကာခင္မွာ သူစိမ္းေတြလိုျပန္ျဖစ္ေတာ့မွာကိုျပေနတဲ့ လကၡဏာရပ္မ်ား…

ခ်စ္သူေတြဆိုေပမယ့္ မၾကာခင္မွာ သူစိမ္းေတြလိုျပန္ျဖစ္ေတာ့မွာကိုျပေနတဲ့ လကၡဏာရပ္မ်ား…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

သမီးရည္းစားအျဖစ္ တြဲလာတာ အတိုင္းအတာတစ္ခုအထိ သက္တမ္းၾကာလာတာနဲ႕အမွ်ေရွ႕ပဲ ဆက္တိုးရမလား၊ အဆုံးသတ္ရေတာ့မလား ေတြေဝစဥ္းစားရတဲ့ အေျခအေနမ်ိဳးလည္း ႀကဳံလာရတတ္ပါတယ္ …။

အခ်စ္ႀကီး ခ်စ္ခဲ့လို႔ ခ်စ္သူအျဖစ္ လက္တြဲေနတယ္ဆိုေပမယ့္လည္း တစ္ေယာက္နဲ႔ တစ္ေယာက္ သူစိမ္းေတြလိုမ်ိဳး ျဖစ္သြားတဲ့ စံုတြဲေတြလည္း ဒုနဲ႔ေဒးပါပဲ …။

ကိုယ့္ခ်စ္သူနဲ႔ ကုိယ္က သူစိမ္းေတြလို ျဖစ္သြားေတာ့မယ္ဆိုရင္ ႀကိဳတင္ၿပီး လကၡဏာရပ္ေတြ ျမင္ရတတ္ပါတယ္ …။

မရင္းႏွီးေတာ့သလို သူစိမ္းဆန္တဲ့ ခံစားခ်က္နဲ႔အတူ သူစိမ္းေတြလို ျဖစ္ေတာ့မယ့္ စံုတြဲေတြမွာေတာ့ ဒီလို အေျခအေနေတြကို ၾကံဳေတြ႔ရတတ္ပါတယ္ေနာ္ …။

 

(၁) လက္တြဲေဖာ္ေၾကာင့္ မၾကာခဏအံ့အားသင့္စရာေတြ ႀကဳံရတယ္”

သူစိမ္းျပန္ျဖစ္ေတာ့မယ့္ လကၡဏာရပ္ေတြထဲက တစ္ခုကေတာ့ သင့္လက္တြဲေဖာ္က သင့္ကို ထူးထူးဆန္းဆန္း ျပဳမူတာေတြ လုပ္လာတာပဲျဖစ္ပါတယ္ …။

သင့္အေပၚ ပုံမွန္မဟုတ္တဲ့ တုန႔္ျပန္မႈေတြ၊ ဆက္ဆံမႈေတြနဲ႕ သင့္ကို အံ့အားသင့္စရာေတြ ေပးပါလိမ္႔မယ္ …။

သူ သေဘာက်ေလ့ရွိတဲ့ သင့္ရဲ႕အျပဳအမူတခ်ိဳ႕ကိုလည္း စိတ္ရႈပ္ေထြးဟန္ျပတာ၊ သင့္ရဲ႕ ဂ႐ုစိုက္မႈေတြကို ျငင္းဆန္ဟန္ျပတာေတြ လုပ္လာမွာပဲ ျဖစ္ပါတယ္ …။

(၂) ရန္မျဖစ္ၾကေတာ့ဘူး”

ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ ဆိုတာ ရွိပါတယ္ေနာ္။

စကားမ်ားရတာ၊ ရန္ျဖစ္ရတယ္ဆိုတာ တစ္ဦးအေပၚတစ္ဦး ဘယ္ေလာက္ သည္းခံနိုင္မလဲ၊ ဘယ္ေလာက္ ယုံၾကည္နိုင္မလဲ စမ္းသပ္ေပးတဲ့ ေလ့က်င့္ခန္းေလးေတြလို႔ ေျပာလို႔ရပါတယ္ ..။

တစ္ဦးအေပၚတစ္ဦး လိုခ်င္တပ္မက္မႈ၊ ခ်စ္ျမတ္နိုးမႈ၊ တစ္ဦးစိတ္ထဲမွာ တစ္ဦးက အၿမဲလို ေနရာယူထားခ်င္လိုမႈေတြရွိလို႔သာ ရန္ျဖစ္ စကားမ်ားၾကရတာ ျဖစ္ပါတယ္ …။

ဆန႔္က်င့္ဘက္အေနနဲ႕ကေတာ့ သင္တို႔ၾကား ရန္မျဖစ္ၾကေတာ့ဘူးဆိုရင္ ဒါဟာ စိတ္ကုန္စျပဳေနၿပီဆိုတဲ့ အခ်က္ျပ မီးပဲ ျဖစ္ပါတယ္ …။

(၃) သင့္သူငယ္ခ်င္း ဒါမွမဟုတ္ သင္ သေဘာမက်တဲ့သူရဲ႕ နာမည္ကို မသိေတာ့ဘူး”

တစ္ဦးမႀကိဳက္တာကို တစ္ဦးက အသိမွတ္ျပဳၿပီး ေရွာင္ဖို႔ဆိုတာ သမီးရည္းစားေတြၾကားမွာ အရမ္း အေရးႀကီးပါတယ္ ..။

တစ္ဦးက အေလးထားရတဲ့ သူငယ္ခ်င္း၊ မိတ္ေဆြကို တစ္ဦးက ခင္မင္တယ္၊ မွတ္မိတယ္ဆိုတာကလည္း ႏွစ္ဦးၾကား ၿငိတြယ္ေနလို႔ပဲ ျဖစ္ပါတယ္ …။

အခ်စ္ေရး တည္ေဆာက္တဲ့အရာမွာ သူ႕အေၾကာင္း ကိုယ့္အေၾကာင္း စိတ္ဝင္စားတာ အရမ္းကိုအေရးပါေပမယ့္ သင့္အေၾကာင္းေတြကို ဘာမွ စိတ္ကို မဝင္စားေတာ့ဘူး၊ မမွတ္မိေတာ့ဘူးဆိုရင္ သင့္လက္တြဲေဖာ္ဘက္က သင့္ကို ေသြးေအးစ ျပဳေနၿပီဆိုတာကို ေျပာျပေနတာပဲ ျဖစ္ပါတယ္ …။

(၄) သတင္းေကာင္းေျပာတဲ့အခါ သင့္လက္တြဲေဖာ္က စိတ္မလႈပ္ရွားေတာ့ဘူး”

ႏွစ္ေယာက္ကမၻာမွာ တစ္ဦးရဲ႕အေပ်ာ္ကို ကိုယ့္ခ်စ္သူကပါ လိုက္ေပ်ာ္ရႊင္တာမ်ိဳးရွိေနရင္ သာယာတဲ့ အခ်စ္ေရးကို ခံစားမိေနၾကတာ ျဖစ္ပါတယ္ …။

ဒါေပမယ့္ သင့္ဘက္က သတင္ေကာင္းၾကားရတဲ့အခါ ပထမဆုံး ေခါင္းထဲေပၚလာတဲ့ သင့္လက္တြဲေဖာ္ကို ေျပာျပေပမယ့္ သူ႕ဘက္က စိတ္မလႈပ္ရွားေတာ့တာ …၊

သင့္အတြက္ ေပ်ာ္႐ႊင္မေပးနိုင္ ေတာ့တာဟာလည္း သင္တို႔ၾကား သူစိမ္းျပန္ျဖစ္ေတာ့မယ္ လကၡဏာ ျဖစ္ပါတယ္ …။

(၅) သင္တို႔ၾကား အၾကည့္ခ်င္းဆုံဖို႔ ေရွာင္လာၾကတယ္”

တစ္ဦးနဲ႕ တစ္ဦး စကားေျပာတဲ့အခါ မ်က္လုံးခ်င္းၾကည့္ၿပီး စကားေျပာဆိုဆက္ဆံဖို႔ဆိုတာ လူလူခ်င္းဆက္ဆံေရးမွာေတာင္ လိုအပ္တဲ့ အေလ့အထ တစ္ခု ျဖစ္ပါတယ္ …။

ဒါက တစ္ေယာက္နဲ႔တစ္ေယာက္ အေလးထားတယ္ဆိုတာကို ေဖာ္ျပတဲ့ အခ်က္လည္း ျဖစ္ပါတယ္ …။

မ်က္လုံးေတြကေနတဆင့္ အေလးထားမႈေတြ၊ ခ်စ္ျခင္းေမတၱာေတြ ေဖာ္ျပႏိုင္လို႔ရႏိုင္ပါတယ္ …။

ဒါေၾကာင့္ သင့္လက္တြဲေဖာ္ဘက္က အၾကည့္ခ်င္းဆုံဖို႔ ေရွာင္လာၿပီဆိုရင္ေတာ့ ဒါဟာ သူစိမ္းျပန္ျဖစ္ေတာ့မယ့္ အခ်က္ေပးေခါင္းေလာင္း ပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Credit – Kham

Unicode Version ဖြင့်ဖတ်ရန်

ချစ်သူတွေဆိုပေမယ့် မကြာခင်မှာ သူစိမ်းတွေလိုပြန်ဖြစ်တော့မှာကိုပြနေတဲ့ လက္ခဏာရပ်များ…

သမီးရည်းစားအဖြစ် တွဲလာတာ အတိုင်းအတာတစ်ခုအထိ သက်တမ်းကြာလာတာနဲ့အမျှရှေ့ပဲ ဆက်တိုးရမလား၊ အဆုံးသတ်ရတော့မလား တွေဝေစဉ်းစားရတဲ့ အခြေအနေမျိုးလည်း ကြုံလာရတတ်ပါတယ် …။

အချစ်ကြီး ချစ်ခဲ့လို့ ချစ်သူအဖြစ် လက်တွဲနေတယ်ဆိုပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် သူစိမ်းတွေလိုမျိုး ဖြစ်သွားတဲ့ စုံတွဲတွေလည်း ဒုနဲ့ဒေးပါပဲ …။

ကိုယ့်ချစ်သူနဲ့ ကိုယ်က သူစိမ်းတွေလို ဖြစ်သွားတော့မယ်ဆိုရင် ကြိုတင်ပြီး လက္ခဏာရပ်တွေ မြင်ရတတ်ပါတယ် …။

မရင်းနှီးတော့သလို သူစိမ်းဆန်တဲ့ ခံစားချက်နဲ့အတူ သူစိမ်းတွေလို ဖြစ်တော့မယ့် စုံတွဲတွေမှာတော့ ဒီလို အခြေအနေတွေကို ကြုံတွေ့ရတတ်ပါတယ်နော် …။

(၁) လက်တွဲဖော်ကြောင့် မကြာခဏအံ့အားသင့်စရာတွေ ကြုံရတယ်”

သူစိမ်းပြန်ဖြစ်တော့မယ့် လက္ခဏာရပ်တွေထဲက တစ်ခုကတော့ သင့်လက်တွဲဖော်က သင့်ကို ထူးထူးဆန်းဆန်း ပြုမူတာတွေ လုပ်လာတာပဲဖြစ်ပါတယ် …။

သင့်အပေါ် ပုံမှန်မဟုတ်တဲ့ တုန့်ပြန်မှုတွေ၊ ဆက်ဆံမှုတွေနဲ့ သင့်ကို အံ့အားသင့်စရာတွေ ပေးပါလိမ့်မယ် …။

သူ သဘောကျလေ့ရှိတဲ့ သင့်ရဲ့အပြုအမူတချို့ကိုလည်း စိတ်ရှုပ်ထွေးဟန်ပြတာ၊ သင့်ရဲ့ ဂရုစိုက်မှုတွေကို ငြင်းဆန်ဟန်ပြတာတွေ လုပ်လာမှာပဲ ဖြစ်ပါတယ် …။

(၂) ရန်မဖြစ်ကြတော့ဘူး”

ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတာ ရှိပါတယ်နော်။

စကားများရတာ၊ ရန်ဖြစ်ရတယ်ဆိုတာ တစ်ဦးအပေါ်တစ်ဦး ဘယ်လောက် သည်းခံနိုင်မလဲ၊ ဘယ်လောက် ယုံကြည်နိုင်မလဲ စမ်းသပ်ပေးတဲ့ လေ့ကျင့်ခန်းလေးတွေလို့ ပြောလို့ရပါတယ် ..။

တစ်ဦးအပေါ်တစ်ဦး လိုချင်တပ်မက်မှု၊ ချစ်မြတ်နိုးမှု၊ တစ်ဦးစိတ်ထဲမှာ တစ်ဦးက အမြဲလို နေရာယူထားချင်လိုမှုတွေရှိလို့သာ ရန်ဖြစ် စကားများကြရတာ ဖြစ်ပါတယ် …။

ဆန့်ကျင့်ဘက်အနေနဲ့ကတော့ သင်တို့ကြား ရန်မဖြစ်ကြတော့ဘူးဆိုရင် ဒါဟာ စိတ်ကုန်စပြုနေပြီဆိုတဲ့ အချက်ပြ မီးပဲ ဖြစ်ပါတယ် …။

(၃) သင့်သူငယ်ချင်း ဒါမှမဟုတ် သင် သဘောမကျတဲ့သူရဲ့ နာမည်ကို မသိတော့ဘူး”

တစ်ဦးမကြိုက်တာကို တစ်ဦးက အသိမှတ်ပြုပြီး ရှောင်ဖို့ဆိုတာ သမီးရည်းစားတွေကြားမှာ အရမ်း အရေးကြီးပါတယ် ..။

တစ်ဦးက အလေးထားရတဲ့ သူငယ်ချင်း၊ မိတ်ဆွေကို တစ်ဦးက ခင်မင်တယ်၊ မှတ်မိတယ်ဆိုတာကလည်း နှစ်ဦးကြား ငြိတွယ်နေလို့ပဲ ဖြစ်ပါတယ် …။

အချစ်ရေး တည်ဆောက်တဲ့အရာမှာ သူ့အကြောင်း ကိုယ့်အကြောင်း စိတ်ဝင်စားတာ အရမ်းကိုအရေးပါပေမယ့် သင့်အကြောင်းတွေကို ဘာမှ စိတ်ကို မဝင်စားတော့ဘူး၊ မမှတ်မိတော့ဘူးဆိုရင် သင့်လက်တွဲဖော်ဘက်က သင့်ကို သွေးအေးစ ပြုနေပြီဆိုတာကို ပြောပြနေတာပဲ ဖြစ်ပါတယ် …။

(၄) သတင်းကောင်းပြောတဲ့အခါ သင့်လက်တွဲဖော်က စိတ်မလှုပ်ရှားတော့ဘူး”

နှစ်ယောက်ကမ္ဘာမှာ တစ်ဦးရဲ့အပျော်ကို ကိုယ့်ချစ်သူကပါ လိုက်ပျော်ရွှင်တာမျိုးရှိနေရင် သာယာတဲ့ အချစ်ရေးကို ခံစားမိနေကြတာ ဖြစ်ပါတယ် …။

ဒါပေမယ့် သင့်ဘက်က သတင်ကောင်းကြားရတဲ့အခါ ပထမဆုံး ခေါင်းထဲပေါ်လာတဲ့ သင့်လက်တွဲဖော်ကို ပြောပြပေမယ့် သူ့ဘက်က စိတ်မလှုပ်ရှားတော့တာ …၊

သင့်အတွက် ပျော်ရွှင်မပေးနိုင် တော့တာဟာလည်း သင်တို့ကြား သူစိမ်းပြန်ဖြစ်တော့မယ် လက္ခဏာ ဖြစ်ပါတယ် …။

(၅) သင်တို့ကြား အကြည့်ချင်းဆုံဖို့ ရှောင်လာကြတယ်”

တစ်ဦးနဲ့ တစ်ဦး စကားပြောတဲ့အခါ မျက်လုံးချင်းကြည့်ပြီး စကားပြောဆိုဆက်ဆံဖို့ဆိုတာ လူလူချင်းဆက်ဆံရေးမှာတောင် လိုအပ်တဲ့ အလေ့အထ တစ်ခု ဖြစ်ပါတယ် …။

ဒါက တစ်ယောက်နဲ့တစ်ယောက် အလေးထားတယ်ဆိုတာကို ဖော်ပြတဲ့ အချက်လည်း ဖြစ်ပါတယ် …။

မျက်လုံးတွေကနေတဆင့် အလေးထားမှုတွေ၊ ချစ်ခြင်းမေတ္တာတွေ ဖော်ပြနိုင်လို့ရနိုင်ပါတယ် …။

ဒါကြောင့် သင့်လက်တွဲဖော်ဘက်က အကြည့်ချင်းဆုံဖို့ ရှောင်လာပြီဆိုရင်တော့ ဒါဟာ သူစိမ်းပြန်ဖြစ်တော့မယ့် အချက်ပေးခေါင်းလောင်း ပဲ ဖြစ်ပါတယ်နော် …။ ။

Credit – Kham