မမေတြကို လက္လႊတ္မခံပဲ ခ်စ္္သူေတာ္သင့္ေၾကာင္း ေဖာ္ျပေနတဲ့ အခ်က္ ၄ ခ်က္

မမေတြကို လက္လႊတ္မခံပဲ ခ်စ္္သူေတာ္သင့္ေၾကာင္း ေဖာ္ျပေနတဲ့ အခ်က္ ၄ ခ်က္

ခုေခတ္မွာ အသက္ကေလး ႏွစ္ဆယ္ေက်ာ္ေက်ာ္၊ ႏွစ္ဆယ့္ေလး၊ ငါး ေရာက္လာတာနဲ႔ကို အိုတုိမစ္တစ္ မမ စာရင္းထဲကို အထည့္ခံေနရပါၿပီေနာ္။

ဆယ္ေက်ာ္သက္ကေလးေတြက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ခ်စ္သူရည္းစားထားလာၾကတဲ့အခါ အသက္ႏွစ္ဆယ္ေက်ာ္ေလးေတြက မမ ျဖစ္သြားတာ သိပ္မဆန္းပါဘူး။

ဒီေတာ့ ငယ္႐ြယ္တဲ့ ညီမေလးေတြထက္ ကိုယ့္ထက္အသက္ႀကီးတဲ့ မမကို ခ်စ္သူအျဖစ္ ဘာလုိ႔ေ႐ြးခ်ယ္သင့္တာလဲဆုိတာ ဒီမွာဖတ္ၾကည့္လုိက္ေတာ့ေနာ္။

(1) ရင့္က်က္တည္ၿငိမ္ၿပီး ထက္ျမက္တယ္

မမ ျဖစ္လာတဲ့သူတိုင္းက ရင့္က်က္မႈကိုယ္စီ႐ွိၾကပါတယ္။ မမေတြက ညီမေလးေတြလို စိတ္လႈပ္႐ွားမလြယ္တတ္ဘူး၊ ျပသနာျဖစ္လာရင္ ဘာလုပ္လု႔ိ ဘာကိုင္ရမွန္းမသိ ျဖစ္မေနတတ္ဘူး အထူးသျဖင့္ အခ်စ္ေရးမွာ အေပ်ာ္တမ္းခ်စ္ႀကိဳက္တာမ်ိဳး မလုပ္တတ္ဘူး။

ဘယ္ျပသနာကို ဘယ္လုိေျဖ႐ွင္းရမယ္ဆုိတာ ေခါင္းေအးေအးနဲ႔ စဥ္းစားတတ္တယ္္။ လူမႈေရး၊ အလုပ္အကိုင္၊ ေပါင္းသင္းဆက္ဆံေရးေတြမွာလည္း ေတာ္သလုိ၊ ထက္ထက္ျမက္ျမက္လည္း ႐ွိတယ္။ ဒီအခ်က္ေတြနဲ႔တင္ မမေတြက ေၾကြေလာက္ပါတယ္ေနာ္။

(2) နားလည္မႈ အျပည့္အဝေပးတတ္တယ္

မမေတြနဲ႔ ညီမေလးေတြရဲ႕ၾကားက အႀကီးႀကီးကြာျခားခ်က္က နားလည္မႈေပးႏုိင္မႈပါ။ ညီမေလးေတြက စိတ္ဆိုးစိတ္ေကာက္ရတာကို ခံုမင္တတ္ၾကေပမယ့္ မမေတြကေတာ့ ကိုယ့္ခ်စ္သူရဲ႕ ေျဖ႐ွင္းခ်က္ကို အရင္နားေထာင္ေပးတတ္ၾကသူေတြ ျဖစ္ပါတယ္။

တစ္ခါတစ္ေလ အေပါင္းအသင္းေတြနဲ႔ အျပင္သြားတာေလာက္ကို မမေတြက နားလည္ေပးႏုိင္သလုိ ေနရာတုိင္းမွာ လုိက္ခ်ဳပ္ခ်ယ္မေနတတ္ပါဘူး။ လူတိုင္းမွာ ကိုယ္ပိုင္အခ်ိန္လုိအပ္တယ္ဆုိတာ နားလည္လက္ခံထားသလုိ ဘာမဟုတ္တဲ့ ျပသနာေလးနဲ႔ ပံုႀကီးခ်ဲ႕မေနတတ္ပါဘူး။

(3) မခၽြဲတတ္ေပမယ့္ ဂ႐ုစိုက္တတ္္တယ္

မမေတြက ရင့္က်က္သူေတြပီပီ ခ်စ္သူအေပၚ အျမဲတမ္း ကပ္ခၽြဲေနတတ္တာမ်ိဳး မလုပ္တတ္ၾကေပမယ့္ ဂ႐ုစိုက္မႈေတာ့ ေပးတတ္ၾကသူေတြပါေနာ္။

ကိုယ့္ခ်စ္သူရဲ႕ စိတ္ကိုနားလည္ၿပီး လိုအပ္တဲ့အခ်ိန္ေတြမွာ ေဘးနားကေန အားေပးတတ္ၾကသူေတြ ျဖစ္ပါတယ္။ ဒီဂ႐ုစိုက္မႈေလးေတြေၾကာင့္ပဲ မမေတြရဲ႕ အခ်စ္က ခမ္းနားႀကီးက်ယ္ေနတာ ျဖစ္ပါတယ္။

(4) အမွား၊ အမွန္ လမ္းျပေပးႏုိင္တယ္

ရင့္က်က္တဲ့ မမေတြဆိုတာ သူတို႔ရဲ႕ဘဝမွာ အေတြ႔အႀကံဳေတြ၊ သင္ခန္းစာေတြ မ်ားစြာျပည့္ဝေနၾကတဲ့ သူေတြျဖစ္လုိ႔ ကိုယ့္ခ်စ္သူကိုလည္း လမ္းမွားမေရာက္ေအာင္ လမ္းျပေပးႏိုင္ၾကပါတယ္။

မေကာင္းတဲ့ အရာေတြကို ခ်စ္သူနားလည္လက္ခံတတ္လာေအာင္ ေျပာျပတတ္ၿပီး ကိုယ့္ခ်စ္သူရဲ႕ တိုးတက္တဲ့ လမ္းေၾကာင္းအတြက္ ေဘးနားကေန ေထာက္ပံ႔ေပးႏုိင္ၾကတဲ့ သူေတြပဲ ျဖစ္ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ မမေတြကို ခ်စ္သူအျဖစ္ ေ႐ြးခ်ယ္သင့္္တာပါေနာ္။

Khin

Unicode

မမတွေကို လက်လွှတ်မခံပဲ ချစ်သူတော်သင့်ကြောင်း ဖော်ပြနေတဲ့ အချက် ၄ ချက်

ခုခေတ်မှာ အသက်ကလေး နှစ်ဆယ်ကျော်ကျော်၊ နှစ်ဆယ့်လေး၊ ငါး ရောက်လာတာနဲ့ကို အိုတိုမစ်တစ် မမ စာရင်းထဲကို အထည့်ခံနေရပါပြီနော်။

ဆယ်ကျော်သက်ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်သူရည်းစားထားလာကြတဲ့အခါ အသက်နှစ်ဆယ်ကျော်လေးတွေက မမ ဖြစ်သွားတာ သိပ်မဆန်းပါဘူး။

ဒီတော့ ငယ်ရွယ်တဲ့ ညီမလေးတွေထက် ကိုယ့်ထက်အသက်ကြီးတဲ့ မမကို ချစ်သူအဖြစ် ဘာလို့ရွေးချယ်သင့်တာလဲဆိုတာ ဒီမှာဖတ်ကြည့်လိုက်တော့နော်။

(1) ရင့်ကျက်တည်ငြိမ်ပြီး ထက်မြက်တယ်

မမ ဖြစ်လာတဲ့သူတိုင်းက ရင့်ကျက်မှုကိုယ်စီရှိကြပါတယ်။ မမတွေက ညီမလေးတွေလို စိတ်လှုပ်ရှားမလွယ်တတ်ဘူး၊ ပြသနာဖြစ်လာရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်မနေတတ်ဘူး အထူးသဖြင့် အချစ်ရေးမှာ အပျော်တမ်းချစ်ကြိုက်တာမျိုး မလုပ်တတ်ဘူး။

ဘယ်ပြသနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ခေါင်းအေးအေးနဲ့ စဉ်းစားတတ်တယ်။ လူမှုရေး၊ အလုပ်အကိုင်၊ ပေါင်းသင်းဆက်ဆံရေးတွေမှာလည်း တော်သလို၊ ထက်ထက်မြက်မြက်လည်း ရှိတယ်။ ဒီအချက်တွေနဲ့တင် မမတွေက ကြွေလောက်ပါတယ်နော်။

(2) နားလည်မှု အပြည့်အဝပေးတတ်တယ်

မမတွေနဲ့ ညီမလေးတွေရဲ့ကြားက အကြီးကြီးကွာခြားချက်က နားလည်မှုပေးနိုင်မှုပါ။ ညီမလေးတွေက စိတ်ဆိုးစိတ်ကောက်ရတာကို ခုံမင်တတ်ကြပေမယ့် မမတွေကတော့ ကိုယ့်ချစ်သူရဲ့ ဖြေရှင်းချက်ကို အရင်နားထောင်ပေးတတ်ကြသူတွေ ဖြစ်ပါတယ်။

တစ်ခါတစ်လေ အပေါင်းအသင်းတွေနဲ့ အပြင်သွားတာလောက်ကို မမတွေက နားလည်ပေးနိုင်သလို နေရာတိုင်းမှာ လိုက်ချုပ်ချယ်မနေတတ်ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်အချိန်လိုအပ်တယ်ဆိုတာ နားလည်လက်ခံထားသလို ဘာမဟုတ်တဲ့ ပြသနာလေးနဲ့ ပုံကြီးချဲ့မနေတတ်ပါဘူး။

(3) မချွဲတတ်ပေမယ့် ဂရုစိုက်တတ်တယ်

မမတွေက ရင့်ကျက်သူတွေပီပီ ချစ်သူအပေါ် အမြဲတမ်း ကပ်ချွဲနေတတ်တာမျိုး မလုပ်တတ်ကြပေမယ့် ဂရုစိုက်မှုတော့ ပေးတတ်ကြသူတွေပါနော်။

ကိုယ့်ချစ်သူရဲ့ စိတ်ကိုနားလည်ပြီး လိုအပ်တဲ့အချိန်တွေမှာ ဘေးနားကနေ အားပေးတတ်ကြသူတွေ ဖြစ်ပါတယ်။ ဒီဂရုစိုက်မှုလေးတွေကြောင့်ပဲ မမတွေရဲ့ အချစ်က ခမ်းနားကြီးကျယ်နေတာ ဖြစ်ပါတယ်။

(4) အမှား၊ အမှန် လမ်းပြပေးနိုင်တယ်

ရင့်ကျက်တဲ့ မမတွေဆိုတာ သူတို့ရဲ့ဘဝမှာ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ များစွာပြည့်ဝနေကြတဲ့ သူတွေဖြစ်လို့ ကိုယ့်ချစ်သူကိုလည်း လမ်းမှားမရောက်အောင် လမ်းပြပေးနိုင်ကြပါတယ်။

မကောင်းတဲ့ အရာတွေကို ချစ်သူနားလည်လက်ခံတတ်လာအောင် ပြောပြတတ်ပြီး ကိုယ့်ချစ်သူရဲ့ တိုးတက်တဲ့ လမ်းကြောင်းအတွက် ဘေးနားကနေ ထောက်ပံ့ပေးနိုင်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ မမတွေကို ချစ်သူအဖြစ် ရွေးချယ်သင့်တာပါနော်။

Khin