မိန္းကေလးတစ္ေယာက္အေနနဲ႔ ဘဝမွာ လံုးဝမက်ဴးလြန္သင့္တဲ့ အမွား(၄)မ်ိဳး…

မိန္းကေလးတစ္ေယာက္အေနနဲ႔ ဘဝမွာ လံုးဝမက်ဴးလြန္သင့္တဲ့ အမွား(၄)မ်ိဳး…

မိန္းကေလးဆိုတာ ေခတ္ေတြ ေျပာင္းေနတာေတာင္ ပတ္ဝန္းက်င္ကို အထိုက္အေလ်ာက္ ၾကည့္ၿပီး ေနၾကရပါတယ္။ လူအမ်ားနဲ႔ ယွဥ္တြဲၿပီး ေနရတာ ျဖစ္လို႔ ကိုယ့္ရဲ႕ ပံုစံကို ကိုယ္ေနခ်င္တိုင္း စိတ္လြတ္ကိုယ္လြတ္ ေနတာမ်ိဳးေတြေတာ႔ မလုပ္သင့္ပါဘူး။ လူ႔စိတ္က အင္မတန္ကို ရႈပ္ေထြးတယ္ဆိုေပမယ့္ ကိုယ့္ကို စိတ္ရႈပ္ေစမယ့္ အမွားမ်ိဳးကို ကိုယ္တိုင္ မက်ဴးလြန္မိဖို႔က သိပ္ကို အေရးႀကီးပါတယ္။ ဒါေၾကာင့္ ဘဝမွာ မိန္းကေလးတိုင္း ဒီလိုအမွားမ်ိဳးကို လံုးဝ မက်ဴးလြန္ေအာင္ ထိန္းသိမ္းသင့္ပါတယ္ေနာ္ …။

(၁) လူမႈေရး အမွား”

မိန္းကေလးေတြအေနနဲ႔ ဘဝမွာ မက်ဴးလြန္သင့္တဲ့ အမွားတစ္မ်ိဳးက လူမႈေရး အရႈပ္အရွင္း ျဖစ္ျခင္းပဲ ျဖစ္ပါတယ္။ ခ်စ္တယ္၊ ႀကိဳက္တယ္ဆိုတာ ကိုယ့္အေနနဲ႔ သိပ္ၿပီး တတ္ႏုိင္တဲ့ အရာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အရႈပ္အေထြးေတြ ျဖစ္ေစမယ့္ ပတ္သတ္မႈမ်ိဳး မျဖစ္ေအာင္ေတာ့ တတ္ႏိုင္ၾကပါတယ္။ ဒါေၾကာင့္ ဘဝမွာ ဘယ္ေတာ့မွ လူမႈေရး အရႈပ္အရွင္း ျဖစ္ေအာင္ မေနထိုင္သင့္ပါဘူး။ လူအမ်ားသိသြားတဲ့အခါမွာ ကိုယ္လည္း စိတ္ရႈပ္ရတဲ့ ဘဝ အမည္းစက္ ျဖစ္သြားႏုိင္တာမို႔ မျဖစ္တာက အေကာင္းဆံုးပါပဲ။

(၂) မေကာင္းမႈ အမွား”

ေလာကမွာ ဘယ္မေကာင္းမႈကိုမွ က်ဴးလြန္မိတာ မေကာင္းပါဘူး။ မေကာင္းမႈဆိုတာ စိတ္ကြယ္ရာ အရပ္ မရွိဘူးဆိုသလို ဘယ္သူမွ မသိေတာင္ ကိုယ့္ကိုယ္ကို သိေနလို႔ ထိတ္လန္႔စိုးရိမ္မႈမ်ိဳး ျဖစ္ေနေစႏုိင္ပါတယ္။ တစ္ေယာက္ေယာက္ကို လက္ပါမိတာမ်ိဳး၊ ႏုိင္ထက္စီးနင္း ျပဳမိတာမ်ိဳးနဲ႔ တျခားေသာ ဥပေဒနဲ႔ ဆန္႔က်င္ေနတဲ့ မေကာင္းမႈ ကိစၥရပ္ေတြက ကိုယ့္ဘဝရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစႏိုင္လို႔ ကိုယ့္ရဲ႕ စိတ္ကို အျမဲ ေကာင္းမြန္တဲ့ သူတစ္ေယာက္အျဖစ္ ရပ္တည္ႏုိင္ဖို႔ပဲ လုပ္သင့္ပါတယ္ေနာ္ …။

(၃) ကိုယ့္ကို ေနာင္တရေစမယ့္အမွား”

ျပင္မရတဲ့ အမွားမ်ိဳးက သင့္ကို တစ္ဘဝလံုး ေနာင္တရေစႏိုင္ပါတယ္။ ဒီအတြက္ ဒီလိုမ်ိဳး ေနာင္တရမယ့္ အမွားမ်ိဳးလည္း မက်ဴးလြန္မိေအာင္ ေနသင့္ပါတယ္။ မိဘကို အထင္လြဲၿပီး ျပစ္တင္ေနမိတာမ်ိဳး၊ ကိုယ္ခ်စ္ရတဲ့သူေတြကို အခ်ိန္မေပးမိဘဲ ကိုယ္ သတိရခ်ိန္မွာ ကိုယ့္အနားမွာ မရွိေတာ့တာမ်ိဳး၊ စတဲ့ အရာေတြက သင့္ကို ေနာင္တရေနေစမိမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ အနားမွာ ရွိေနတဲ့သူေတြကို ရွိေနခ်ိန္မွာ အေကာင္းဆံုး ျဖည့္ေတြးၿပီး နားလည္တဲ့စိတ္နဲ႔ အခ်ိန္ေပးတာမ်ိဳး၊ ဂရုစိုက္ေပးတာမ်ိဳး ျပဳလုပ္ေပးသင့္ပါတယ္ …။

(၄) အတၱႀကီးမိတဲ့ အမွား”

လူတိုင္းမွာ အတၱဆိုတာမ်ိဳးက အနည္းနဲ႔ အမ်ားဆိုသလို ရွိေနတတ္ပါတယ္။ လူအမ်ားနဲ႔ မိသားစုနဲ႔ ယွဥ္တြဲေနၾကရတာမို႔ တတ္ႏိုင္သေရြ႕ ကိုယ့္အတၱေတြကို ေလ်ာ့ခ်သင့္ပါတယ္။ သင္က သင့္အတၱေတြကို အျမဲ ေရွ႕တန္းတင္ၿပီး အဲ့သည့္ အတၱအတိုင္းပဲ ျဖစ္ေစခ်င္တာက သင့္ရဲ႕ အနားက သူေတြကို ဖ်က္စီးေနမိတာနဲ႔ စိတ္ဖိစီးမႈေတြပဲ ျဖစ္ေနေအာင္ လုပ္တတ္ပါတယ္။ အတၱႀကီးတဲ့ သူေတြရဲ႕ အနားမွာ ကိုယ့္ကို ခ်စ္တဲ့သူေတြ နည္းသြားတာမ်ိဳး ျဖစ္တတ္ပါတယ္။ အခ်ိန္လြန္မွ ကိုယ့္ဆီက လူေတြ ထြက္ေျပးသြားတာကို မလိုခ်င္ရင္ အတၱေတြ မႀကီးမိေအာင္ ေနထိုင္ သင့္ပါတယ္ေနာ္ …။ ။

Kham (Aunty May)

Unicode Version ဖြင့်ဖတ်ရန်

မိန်းကလေးတစ်ယောက်အနေနဲ့ ဘဝမှာ လုံးဝမကျူးလွန်သင့်တဲ့ အမှား(၄)မျိုး…

မိန်းကလေးဆိုတာ ခေတ်တွေ ပြောင်းနေတာတောင် ပတ်ဝန်းကျင်ကို အထိုက်အလျောက် ကြည့်ပြီး နေကြရပါတယ်။ လူအများနဲ့ ယှဉ်တွဲပြီး နေရတာ ဖြစ်လို့ ကိုယ့်ရဲ့ ပုံစံကို ကိုယ်နေချင်တိုင်း စိတ်လွတ်ကိုယ်လွတ် နေတာမျိုးတွေတော့ မလုပ်သင့်ပါဘူး။ လူ့စိတ်က အင်မတန်ကို ရှုပ်ထွေးတယ်ဆိုပေမယ့် ကိုယ့်ကို စိတ်ရှုပ်စေမယ့် အမှားမျိုးကို ကိုယ်တိုင် မကျူးလွန်မိဖို့က သိပ်ကို အရေးကြီးပါတယ်။ ဒါကြောင့် ဘဝမှာ မိန်းကလေးတိုင်း ဒီလိုအမှားမျိုးကို လုံးဝ မကျူးလွန်အောင် ထိန်းသိမ်းသင့်ပါတယ်နော် …။

(၁) လူမှုရေး အမှား”

မိန်းကလေးတွေအနေနဲ့ ဘဝမှာ မကျူးလွန်သင့်တဲ့ အမှားတစ်မျိုးက လူမှုရေး အရှုပ်အရှင်း ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ ချစ်တယ်၊ ကြိုက်တယ်ဆိုတာ ကိုယ့်အနေနဲ့ သိပ်ပြီး တတ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရှုပ်အထွေးတွေ ဖြစ်စေမယ့် ပတ်သတ်မှုမျိုး မဖြစ်အောင်တော့ တတ်နိုင်ကြပါတယ်။ ဒါကြောင့် ဘဝမှာ ဘယ်တော့မှ လူမှုရေး အရှုပ်အရှင်း ဖြစ်အောင် မနေထိုင်သင့်ပါဘူး။ လူအများသိသွားတဲ့အခါမှာ ကိုယ်လည်း စိတ်ရှုပ်ရတဲ့ ဘဝ အမည်းစက် ဖြစ်သွားနိုင်တာမို့ မဖြစ်တာက အကောင်းဆုံးပါပဲ။

(၂) မကောင်းမှု အမှား”

လောကမှာ ဘယ်မကောင်းမှုကိုမှ ကျူးလွန်မိတာ မကောင်းပါဘူး။ မကောင်းမှုဆိုတာ စိတ်ကွယ်ရာ အရပ် မရှိဘူးဆိုသလို ဘယ်သူမှ မသိတောင် ကိုယ့်ကိုယ်ကို သိနေလို့ ထိတ်လန့်စိုးရိမ်မှုမျိုး ဖြစ်နေစေနိုင်ပါတယ်။ တစ်ယောက်ယောက်ကို လက်ပါမိတာမျိုး၊ နိုင်ထက်စီးနင်း ပြုမိတာမျိုးနဲ့ တခြားသော ဥပဒေနဲ့ ဆန့်ကျင်နေတဲ့ မကောင်းမှု ကိစ္စရပ်တွေက ကိုယ့်ဘဝရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်လို့ ကိုယ့်ရဲ့ စိတ်ကို အမြဲ ကောင်းမွန်တဲ့ သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ပဲ လုပ်သင့်ပါတယ်နော် …။

(၃) ကိုယ့်ကို နောင်တရစေမယ့်အမှား”

ပြင်မရတဲ့ အမှားမျိုးက သင့်ကို တစ်ဘဝလုံး နောင်တရစေနိုင်ပါတယ်။ ဒီအတွက် ဒီလိုမျိုး နောင်တရမယ့် အမှားမျိုးလည်း မကျူးလွန်မိအောင် နေသင့်ပါတယ်။ မိဘကို အထင်လွဲပြီး ပြစ်တင်နေမိတာမျိုး၊ ကိုယ်ချစ်ရတဲ့သူတွေကို အချိန်မပေးမိဘဲ ကိုယ် သတိရချိန်မှာ ကိုယ့်အနားမှာ မရှိတော့တာမျိုး၊ စတဲ့ အရာတွေက သင့်ကို နောင်တရနေစေမိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အနားမှာ ရှိနေတဲ့သူတွေကို ရှိနေချိန်မှာ အကောင်းဆုံး ဖြည့်တွေးပြီး နားလည်တဲ့စိတ်နဲ့ အချိန်ပေးတာမျိုး၊ ဂရုစိုက်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ် …။

(၄) အတ္တကြီးမိတဲ့ အမှား”

လူတိုင်းမှာ အတ္တဆိုတာမျိုးက အနည်းနဲ့ အများဆိုသလို ရှိနေတတ်ပါတယ်။ လူအများနဲ့ မိသားစုနဲ့ ယှဉ်တွဲနေကြရတာမို့ တတ်နိုင်သရွေ့ ကိုယ့်အတ္တတွေကို လျော့ချသင့်ပါတယ်။ သင်က သင့်အတ္တတွေကို အမြဲ ရှေ့တန်းတင်ပြီး အဲ့သည့် အတ္တအတိုင်းပဲ ဖြစ်စေချင်တာက သင့်ရဲ့ အနားက သူတွေကို ဖျက်စီးနေမိတာနဲ့ စိတ်ဖိစီးမှုတွေပဲ ဖြစ်နေအောင် လုပ်တတ်ပါတယ်။ အတ္တကြီးတဲ့ သူတွေရဲ့ အနားမှာ ကိုယ့်ကို ချစ်တဲ့သူတွေ နည်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ အချိန်လွန်မှ ကိုယ့်ဆီက လူတွေ ထွက်ပြေးသွားတာကို မလိုချင်ရင် အတ္တတွေ မကြီးမိအောင် နေထိုင် သင့်ပါတယ်နော် …။ ။

Kham (Aunty May)