စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
Happy and Lucky
Unicode Version ဖြင့်ဖတ်ရန်
အိုးပိုင်အိမ်ပိုင် မရှိသူများ၊ အိမ်ပြင်ဆောက်ရန်အတွက် အခက်အခဲ ဖြစ်နေကြသူများ အတွက်…
အိမ်မရှိသူများ အိမ်ပိုင်လာစေမယ့် သိကြားမင်းကိုယ်တိုင်ဖန်ဆင်းပေးရတဲ့ အထိ အစွမ်းထက်ဂါထာတော်ကြီးကို မျှဝေလိုက်ပါတယ်နော် …။
အိမ်မရှိလျှင် ဇိမ်မရှိနိုင်ပါ။ ကိုယ်ပိုင်အိမ် အရိပ်မရှိကြသေးသူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ် …။
နံနက်စောစောထပါ။ ပျင်းရိခြင်း မောဟကိုပယ်ပါ။ သရဏဂုံ ၃ ပါးဆောက်တည် ၊ ငါးပါးသီလခံယူပါ …။
အဓိဋ္ဌာန်ဝင်ပါ…ဖြစ်နိုင်ရင် ကျနော်အခုတင်ပေးထားသည့် အိမ်တော်ရာစေတီပုံတော်ကို ဝယ်ကြပါ …။
မန်းတလေး အိမ်တော်ရာစေတီ၊ ရန်ကုန် အိမ်တော်ရာစေတီ ကြိုက်ရာ စေတီပုံတော်ကို ဝယ်ယူထားပါ …။
အိမ်ပြင်ဆောက်ရန်အတွက် အခက်အခဲဖြစ်နေကြသူများ အိမ်ဆောက်လက်စ ဆက်မဆောက်နိုင်ကြသူများ အဓိဋ္ဌာန်ဝင်ကြည့်၊ ကိုယ်တိုင်သိရပါလိမ့်မယ် …။
လူတိုင်းကိုယ်ပိုင်အိမ်နဲ့ နေချင်ကြစမြဲပါ။ မကြာခင် သူရဇ္ဇမဂ္ဂဇင်းမှာ အကျယ် ပါလာပါလိမ့်မယ် …။
စာမူတွေ ရောက်သွားပါပြီ။ မိမိသည်အဓိဋ္ဌာန်ဆောက်တည်ပါ။ ပုတီး ၂ပတ် အနည်းဆုံးစိပ်ပါ။ ၉ ပတ် စိပ်လျှင် ပိုကောင်းပါသည်။ သစ္စာပြု ဆုတောင်းပါကိုယ်ပိုင် အိမ်အရိပ် ရရှိရပါလို၏လို့ …။
ပုတီစိပ်ရန် ဂုဏ်တော်ကားဗောဓိ ဗုဒ္ဓေါ မဟာဃရော။ပုတီးတစ်လုံးဗောဓိ ဗုဒ္ဓေါ မဟာ ဆာယော။ ပုတီးတစ်လုံးအနက်မြန်မာပြန်ဗောဓိသစ္စာလေးပါးကို သိမြင်တော်မူသောဗုဒ္ဓေါ မြတ်စွာဘုရားသည်
မဟာဃရော သတ္တဝါတို့၏ခိုနားရာ ကြီးကျယ် မြင့်မြတ်သော အိမ်ကြီးသဖွယ်နှင့်လည်း တူတော်မူပါပေ၏ …။
ဗောဓိသစ္စာလေးပါးကို သိမြင်တော်မူသော ဗုဒ္ဓေါ မြတ်စွာဘုရားသည် မဟာဆာယော သတ္တဝါတို့၏ ခိုနားရာကြီးကျယ်မြင့်မြတ်သော အရိပ်ကြီး သဖွယ်နှင့်လည်း တူတော်မူပါပေ၏ …။
အားလုံး ကိုယ်ပိုင်အိမ် အရိပ်ရရှိကြပါစေ …။
ဤ မဟာဂုဏ်တော်၂ပါးကို အမြဲအာစိန္နကံအဖြစ် နေ့စဉ် ပုတီးစိပ် ပူဇော်သွားပါက ပစ္စု ပ္ပန် တင် မက သံသရာပါ ဖြစ်ရာဘဝ ၊ နေစရာအိမ်ဘုံဗိမာန်များ အတွက်
ပူစရာမလိုတော့ပဲ သိကြားဖန်ဆင်းသော အိမ်ကိုပင် နေရသော ဇောတိကသူဌေးကဲ့သို့ ဘုန်းတန်ခိုး ကြီးမားပါလိမ့်မည် …။ ။
Happy and Lucky