စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
Credit
Unicode Version ဖြင့်ဖတ်ရန်
သူဌေး ဖြစ်မည့် မှဲပိုင်ရှင်များအတွက် မှဲ့အဟော…
မျက်ခုံးနှစ်ခုကြားမှဲ့ရှိရင် ထင်ရှားကျော်ဇောမယ်၊ ရက်စက်တတ်မယ်။ နဖူးပြင်တဲ့တဲ့မှာ မှဲ့ရှိရင် ငွေကြေးပြည့်စုံတယ်လို့ အထင်ခံရမယ်။ လက်ယာဘက် မျက်ခုံးမွှေးပေါ် မှဲ့ရှိရင် ချမ်းသာမယ်၊ ဥစ္စာပစ္စည်း ပြည့်စုံမယ်၊လောကီချမ်းသာမှု အပြည့်အစုံ ခံစားရမယ် …။
ဝဲဘက်မျက်ခုံးပေါ် မှဲ့ရှိရင် အသောက်အစားများမယ်၊ လောင်းကစားကလည်း တမ်းတမ်းစွဲပါ။ လက်ယာဘက် မျက်ခုံးမွှေးအဆုံးမှာ မှဲ့ရှိရင်အဖွဲ့အစည်းမှာ အကြီးအကဲဖြစ်ပါမယ် …။
လက်ယာဘက်မျက်ခမ်းအောက်မှဲ့ရှိရင် မျက်နှာပွင့်ပြီး လူချစ်လူခင်များမယ်။ ဝဲဘက်မျက်ခမ်းအောက်မှဲ့ရှိရင် လူမုန်းများမယ်၊ အတိုက်အခံနဲ့အမြဲတွေ့ရမယ်၊ ငယ်စဉ်မှာ ဆင်းရဲဒုက္ခမျိူးစုံကြုံတွေ့မယ်။ အချစ်ရေးနဲ့ပတ်သတ်ရင် သတ္တိရှိမယ်၊ ဇနီးရဲ့ သြဇာလွမ်းမိုးမှုခံရတတ်တယ် …။
လက်ယာဘက်နှာခေါင်းမှာ မှဲ့ရှိရင် သားသမီးအဖတ်မတင်တာ ဖြစ်မယ်။ နှာခေါင်းတည့်တည့် နှာသီးထိပ်ဖျားမှာမှဲ့ရှိရင် အနုပညာလောကမှာ အောင်မြင်ကျော်ကြားမယ်။လက်ယာဘက်ပါးပြင် ပါးစပ်အစွန်နားမှာ မှဲ့ရှိရင် အကျိူးမဲ့စကားကိုပြောတတ်မယ်။ အရေမရအဖတ်မရ စကားပြောတတ်မယ် …။
လက်ဝဲဘက်ပါးပြင် ပါးစပ်အစွန်နားမှာ မှဲ့ရှိရင်သူတစ်ပါးရဲ့အကြောင်းပြောမယ်၊ ထင်ရှားကျော်ကြားတတ်တယ်။ လက်ယာဘက်ပါးပြင်မို့မှာ စံပယ်တင်မှဲ့ရှိရင်မျက်နှာပွင့်မယ်၊ တရားရှိတယ်၊အသက်ကြီးရင့်သော် ရသေ့ရဟန်းဖြင့် အရိုးထုတ်ရမယ် …။
လက်ဝဲဘက်ပါးပြင် မို့မို့မှာ စံပယ်တင်မှဲ့ရှိရင် မိန်းမချောလေးတွေ ဝိုင်းဝိုင်းလည်နေမယ်။ လက်ယာဘက်ပါးပြင်အောက်နားမှာ မှဲ့ရှိရင်ချမ်းသာမယ်၊ အောင်မြင်မယ်ကျော်ကြားမယ်။မေးစေ့တည့်တည့်မှာ မှဲ့ရှိရင်ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ်အောင်မြင်မယ်ကျော်ကြားမယ် …။
မေးစေ့နားတစ်ဝိုက်မှာမှဲ့ရှိရင်ဒုက္ခတွေတွေ့ပြီးမှအောင်မြင်လာမယ်။ မေးစေ့အလယ် အောက်နှုတ်ခမ်းအောက်မှာမှဲ့ရှိရင် အိမ်ထောင်ဆက်များမယ်၊ ရည်းစားတွေမှိုလှိုပေါက်ပြီး တိတ်တိတ်ပုန်းတွေလည်းအများကြီးတဲ့ဗျာ(ဒီလိုချစ်သူမျိူးပိုင်ဆိုင်ထားရင်တော့ သတိသာထားတော့)
မျက်ရည်စီးကြောင်း တည့်တည့်မှာမှဲ့ရှိရင်မယားသေမယ်၊ ဆင်းရဲမယ်။ လည်ပင်းမှာမှဲ့ရှိရင် ချမ်းသာမယ်၊ကြီးပွားမယ်၊ အလုပ်အကိုင်အကြံအစည် အောင်မြင်မယ်။ လက်မောင်းလက်ဖျံမှာမှဲ့ရှိရင်ဆင်းရဲရင် အလယ်လတ်တန်းစားဘဝ၊အလယ်အလတ်ဆိုရင်အထက်တန်စား ဘဝသို့ရောက်မယ် …။
ရင်ဘက်မှာမှဲ့နဲ့၊ ခါးနားမှာ မှဲ့ပါရင်မှဲ့စလွယ်လို့ခေါ်တယ်၊ မဆင်းရဲပါ၊ လူအများရဲ့ကြည်ညိုလေးစားခြင်းခံရမယ်၊ဇနီးအပေါ် သြဇာညောင်းမယ်။(ကြွားတယ်လို့တော့မထင်ပါနဲ့ဗျာ မှဲ့စလွယ်ကြီး ပါနေတယ်။ ခြေထောက်ဘယ်ညာခြေဖမိုးတိုမှာ မှဲ့ပါရင် သူရဲကောင်းဝါဒကျင့်သုံးမယ် …။
ခြေဖဝါးအလယ်မှာ မှဲ့ရှိရင်ရေကြည်ရာ၊ မြက်နုရာဆိုသလိုရွေ့ပြောင်းသွားလာနေရင်းနဲ့ဘဲ ဘဝကိုအဆုံးသတ်လိမ့်မယ် …။
ကဲဘယ်သူတွေမှာဘယ်လိုမှဲ့တွေပါလည်း မှဲ့အဟောတွေကဘယ်လောက်ထိ မှန်ကန်နေလည်းဆိုတာ အခြားသူတွေလည်းသိရအောင် ယခု မူရင်းpostအောက်မှာ Commentလေး ရေးပေးသွားခဲ့ပါအုံး။ Lik &Shareပြုလုပ်ပြီး မသိသေးတဲ့ သူတွေသိအောင် ယခုpostကို Share ပေးပါနော် …။ ။
Credit