ရည္းစားေဟာင္းကို ရင္ဘတ္ထဲက ထုတ္ဖို႔ သင္လုပ္သင့္သည့္ အခ်က္မ်ား…

ရည္းစားေဟာင္းကို ရင္ဘတ္ထဲက ထုတ္ဖို႔ သင္လုပ္သင့္သည့္ အခ်က္မ်ား…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

သင့္ရဲ့ရည္းစားေဟာင္းကုိ မေမ့နုိင္လုိ႔ စိတ္ညစ္ေနျပီလား။တမူိင္မူိင္တေတြေတြ လုပ္မေနေတာ့ပဲ ရည္းစားေဟာင္းကုိေမ့သြားေစဖုိ႔ ဒီအခ်က္ေလးက ကူညီမွာျဖစ္ပါတယ္။ ရည္းစားေဟာင္းကုိ ေမ့ဖုိ႔ဆုိတာက တစ္ခါတေလမွာ လြယ္ကူျပီးေတာ့ တစ္ခါတေလမွာ အခက္ခဲဆုံး ျဖစ္ေနတတ္ပါတယ္။သင္ရည္းစားနဲ လမ္းခြဲျပီးမွပဲ ဘယ္ေလာက္လြယ္တယ္ ခက္တယ္ဆုိတာ သိရမွာ ျဖစ္ပါတယ္။ ႏွစ္ဦးသေဘာတူ လမ္းခြဲၾကတာကေတာ့ သိပ္ျပီးခံစားရမွာမဟုတ္ပါဘူး။ဘယ္လုိပဲျဖစ္ျဖစ္လမ္းခြဲရင္ေတာ့ အနည္းနဲ႕အမ်ားခံစားရမွာပါပဲ။အခုေတာ့ ရည္းစားေဟာင္းကုိ ေမ့ဖုိ႔ခက္ေနတဲ့သူမ်ားအတြက္ အခ်က္မ်ားကုိ ေဖာ္ျပေပးလုိက္ပါတယ္ေနာ္ …။

1 ေနာက္ထပ္ လက္တြဲေဖာ္ရွာၾကည္႔ပါ

သင္ဟာႏွစ္အၾကာၾကီးလက္တြဲလာခဲ့ျပီးေတာ့မွ လက္တြဲေဖာ္နဲ႔ လမ္းခြဲဲခဲ့ရတယ္ဆုိရင္ single ဘ၀မွာေနျပီး လြတ္လြတ္လပ္လပ္ေနျပီး ေနာက္တစ္ေယာက္ကုိတြဲဖုိစဥ္စားတာဟာ အေတြ႔အၾကဳံသစ္ျဖစ္ေနပါလိမ့္မယ္။ သင့္ရဲ့ ရည္းစားေဟာင္းကုိ ေမ့ဖုိ႕အတြက္ လက္တြဲေဖာ္အသစ္ထပ္ရွာတာေလာက္ ေကာင္းတဲ့နည္းမရွိပါဘူး။ ေနာက္ထပ္ လက္တြဲေဖာ္ဟာ သင့္ရဲ့ဖူးစာရွင္အစစ္ျဖစ္နုိင္ပါတယ္ …။

2 ျပႆနာတက္ခဲ့တာေတြကုိ ျပန္စဥ္္းစားၾကည့္ပါ။

အေၾကာင္းတစ္ခုခုေၾကာင္လမ္းခြဲခဲ့ရတာလည္းျဖစ္ႏုိင္ပါတယ္။သင္တုိ႔ေတြဟာ ေပ်ာ္ရႊင္ဖြယ္ေန႔ေတြခ်ည္းပဲ ၾကဳံေနရမွာမဟုတ္ပါဘူး။သင္တုိ႔ႏွစ္ေယာက္စကားမ်ားခဲ့တာကုိျပန္စဥ္းစားၾကည္ပါ။ဒါမွမဟုတ္ သင့္ကုိဆူပူၾကိမ္းေမာင္းခဲ့တာကုိေပါ့။သင္ဟာ အဲ့ဒီအခ်ိန္တုန္းက သင္တုိ႔နွစ္ေယာက္တြဲေနခဲ့တဲ့အခ်ိန္မုိ႔လုိ႕ သည္းခံခဲ့တာပါ။အခုေတာ့ သင့္တုိ႔ႏွစ္ေယာက္က ျပတ္သြားျပီဆုိေတာ့ ေဒါသကုိလႊတ္ေပးျပီးေတာ့ ရည္းစားေဟာင္းကုိေမ့ပစ္ဖုိ႕ အသုံးခ်ပါ …။

3 သူငယ္ခ်င္းေတြနဲ႕ျပန္ေနၾကည့္ပါ။

သင္ရည္းစားရျပီးကတည္းက သိပ္မေတြ႔ျဖစ္ေတာ့တဲ့ သူငယ္ခ်င္းေတြနဲ႔ေတြ႔ပါ။သူငယ္ခ်င္းေတြနဲ႔ရုပ္ရွင္ရုံသြားတာမ်ဳိး၊ခရီးထြက္တာမ်ဳိး လုပ္ၾကည့္ပါ။သင့္ရဲ့ ရည္းစားေဟာင္းကုိသတိရေနတဲ့စိတ္ကုိ သူငယ္ခ်င္းေတြနဲ႔ေပ်ာ္ေပ်ာ္ရႊင္ေနျပီး ေမ့ပစ္ၾကည့္လိုက္ပါ …။

4 ဖုန္းနံပါတ္ကုိခ်က္ျခင္းဖ်က္လုိက္ပါ။

သင္ဟာ သင္ရဲ့လက္တြဲေဖာ္နံပါတ္ကု္ အျမဲမွတ္မိမွာ မဟုတ္ပါဘူး။ ဖုန္းနံပါတ္ကုိျဖတ္လုိက္ျပီးေတာ့ ဖုန္းလည္း ထပ္မဆက္ပါနဲ႔ေတာ့။ သင့္သူငယ္ခ်င္းေတြဆီကလည္း သြားမေမးပါနဲ႔။ Facebook account ထဲလည္း တျခားအေကာာင့္နဲ႔ ၀င္၀င္မၾကည့္ပါနဲ႕။ အဆက္အသြယ္လုံး၀ မလုပ္ပါနဲ ့ေတာ့ေနာ္ …။

5 တကယ္လမ္းခြဲခဲ့တာပါ။

သင့္ရဲ့ရည္းစားေဟာင္းကုိ ဒါဟာတကယ္လမ္းခြဲတယ္ဆုိတာသိေစပါ။ခဏ အဆက္ျဖတ္တာမဟုတ္ဘူးဆုိတာ သိေစပါ။ကြ်န္ေတာ္တုိ့လူသားေတြဟာ ေယဘုယ်အားျဖင့္ အေကာင္းျမင္တက္ၾကပါတယ္၊သူကုိမ်ားနားလည္ေပးးလုိက္ရင္၊ငါနည္းနည္းအေလွ်ာ့ေပးလုိက္ရင္စသျဖင့္ေပါ့့၊ဒါေပမဲ့ သင္လမ္းခြဲျပီဆိုတာနဲ႕အျပီးသာလမ္းခြဲပါ။

6 သင့္ကုိ့သတိရေနေစမဲ့အရာေတြအကုန္လုံးကုိစြန့္ပစ္ပါ။

ခရီးထြက္တုန္းက ရုိက္ထားတဲ့ပုံေတြ႔လား၊မီးရိႈဳ႕ပစ္ပါ။ Facebook မွာတင္ထားမိသလား လုိက္ရွာျပီး Post ကုိဖ်က္ပစ္ပါ။သင့္ကုိလက္ေဆာင္ေပးထားတဲ့ အက်ီ္လား၊သူမ်ားကုိေပးပစ္လုိက္ပါ။သင့္ရဲ့ရည္းစားေဟာင္းကုိ သတိရေစမဲ့ဘယ္ဟာကို မဆုိ လႊင္႔ပစ္လုိက္ပါ …။

7 တစ္ခုခုလုပ္ေနပါ။

သင္ကုိသင္ဘာမွမလုပ္ပဲ ထုိင္လြမ္းေနမဲ့အစား သင့္ဘ၀အတြက္အက်ဳိးရွိတာ တစ္ခုခု လုပ္ၾကည့္ပါ။ အားကစားလုပ္ၾကည့္ပါ။ ၀ါသနာ အသစ္တစ္ခုခု ရွာပါ။သင္အအားမေနပဲ လုပ္စရာေတြအမ်ားၾကီးရွိပါတယ္။ရက္ေတြလေတြကုန္လြန္သြားတဲ့အခါမွာ သင့္ကုိသင္ေတာင္မသိႏုိင္ပဲ ေနာက္တစ္ေယာက္နဲ႔ တြဲဖုိ႕ အဆင္သင့္ျဖစ္ေနပါလိမ့္မယ္ …။

8 ေသာကေတြကုိ မဖက္တြယ္ထားပါနဲ႕။

ေယာက္က်ားေလးေတြဆို လမ္းခြဲျပီးတုိင္း အရက္ေသာက္ျပီးေဆြးေလ့ရွိပါတယ္။ဒါေပမဲ့ တစ္ရက္ကေန့ တစ္ပါတ္ တစ္ပါတ္ကေန တစ္လ ၊ သင့္ကုိယ္တုိင္ေတာင္ မသိလုိက္ခ်ိန္မွာပဲ သင္ဟာ ေရစုန္ေမ်ာပါျပီ …။

9 အခ်ိန္ဟာ ဘယ္သူကုိမွမေစာင့္ပါဘူး။

မူိင္ေတြစိတ္ညစ္မေနပဲ လုပ္ေနက်ကိစၥေတြကု္လုပ္ၾကည္ပါ။ လူတုိင္းဟာ သင့္ႏႈတ္ခမ္းဆူ စိတ္ညစ္ေနတာကုိ ပထမတစ္ရက္ ႏွစ္ရက္ေတာ့ နားလည္ေပးႏုိင္မွာပါ။ ဒါေပမဲ့ ရက္ေတြၾကာလာတာနဲ႔ အမွ် သင္ဟာ ဘ၀ကုိေရွ႕မဆက္ရုံသာမက တျခာသူေတြ သင့္ကုိကူညီေပးဖုိ့ကုိလည္း တားျမစ္ေနတာပါ။ သူငယ္ခ်င္းေကာင္းေတြဟာ စိတ္ညစ္ေနတဲ့သူငယ္ခ်င္းတစ္ေယာက္ကုိ အျမဲတမ္းလက္တြဲေခၚေနမွာပါ။ ဒါေပမဲ့ ေန ့တုိင္းၾကဳိးစားေနရတဲ့အခါ သင့္သူငယ္ခ်င္းေတြနဲ႔ တျဖည္းျဖည္း ေ၀းကြာသြားမွာပါ။ တစ္ျခားသူေတြသင့္ကုိ ဘယ္ေလာက္ပဲကူညီဖုုိ ့ၾကဳိးစားၾကဳိးစား သင့္ဘ၀အတြက္ ဆုံးျဖတ္ရမဲ့သူကေတာ့ မွန္ထဲမွျမင္ရတဲ့ သင္ကုိယ္တုိင္ပါပဲေနာ္ …။ ။

Myo Myo (auntymay)

Ref:lovepanky

Unicode Version ဖြင့်ဖတ်ရန်

ရည်းစားဟောင်းကို ရင်ဘတ်ထဲက ထုတ်ဖို့ သင်လုပ်သင့်သည့် အချက်များ…

သင့်ရဲ့ရည်းစားဟောင်းကို မမေ့နိုင်လို့ စိတ်ညစ်နေပြီလား။တမိူင်မိူင်တတွေတွေ လုပ်မနေတော့ပဲ ရည်းစားဟောင်းကိုမေ့သွားစေဖို့ ဒီအချက်လေးက ကူညီမှာဖြစ်ပါတယ်။ ရည်းစားဟောင်းကို မေ့ဖို့ဆိုတာက တစ်ခါတလေမှာ လွယ်ကူပြီးတော့ တစ်ခါတလေမှာ အခက်ခဲဆုံး ဖြစ်နေတတ်ပါတယ်။သင်ရည်းစားနဲ လမ်းခွဲပြီးမှပဲ ဘယ်လောက်လွယ်တယ် ခက်တယ်ဆိုတာ သိရမှာ ဖြစ်ပါတယ်။ နှစ်ဦးသဘောတူ လမ်းခွဲကြတာကတော့ သိပ်ပြီးခံစားရမှာမဟုတ်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်လမ်းခွဲရင်တော့ အနည်းနဲ့အများခံစားရမှာပါပဲ။အခုတော့ ရည်းစားဟောင်းကို မေ့ဖို့ခက်နေတဲ့သူများအတွက် အချက်များကို ဖော်ပြပေးလိုက်ပါတယ်နော် …။

1 နောက်ထပ် လက်တွဲဖော်ရှာကြည့်ပါ

သင်ဟာနှစ်အကြာကြီးလက်တွဲလာခဲ့ပြီးတော့မှ လက်တွဲဖော်နဲ့ လမ်းခွဲခဲ့ရတယ်ဆိုရင် single ဘဝမှာနေပြီး လွတ်လွတ်လပ်လပ်နေပြီး နောက်တစ်ယောက်ကိုတွဲဖိုစဉ်စားတာဟာ အတွေ့အကြုံသစ်ဖြစ်နေပါလိမ့်မယ်။ သင့်ရဲ့ ရည်းစားဟောင်းကို မေ့ဖို့အတွက် လက်တွဲဖော်အသစ်ထပ်ရှာတာလောက် ကောင်းတဲ့နည်းမရှိပါဘူး။ နောက်ထပ် လက်တွဲဖော်ဟာ သင့်ရဲ့ဖူးစာရှင်အစစ်ဖြစ်နိုင်ပါတယ် …။

2 ပြဿနာတက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်ပါ။

အကြောင်းတစ်ခုခုကြောင်လမ်းခွဲခဲ့ရတာလည်းဖြစ်နိုင်ပါတယ်။သင်တို့တွေဟာ ပျော်ရွှင်ဖွယ်နေ့တွေချည်းပဲ ကြုံနေရမှာမဟုတ်ပါဘူး။သင်တို့နှစ်ယောက်စကားများခဲ့တာကိုပြန်စဉ်းစားကြည်ပါ။ဒါမှမဟုတ် သင့်ကိုဆူပူကြိမ်းမောင်းခဲ့တာကိုပေါ့။သင်ဟာ အဲ့ဒီအချိန်တုန်းက သင်တို့နှစ်ယောက်တွဲနေခဲ့တဲ့အချိန်မို့လို့ သည်းခံခဲ့တာပါ။အခုတော့ သင့်တို့နှစ်ယောက်က ပြတ်သွားပြီဆိုတော့ ဒေါသကိုလွှတ်ပေးပြီးတော့ ရည်းစားဟောင်းကိုမေ့ပစ်ဖို့ အသုံးချပါ …။

3 သူငယ်ချင်းတွေနဲ့ပြန်နေကြည့်ပါ။

သင်ရည်းစားရပြီးကတည်းက သိပ်မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတွေနဲ့တွေ့ပါ။သူငယ်ချင်းတွေနဲ့ရုပ်ရှင်ရုံသွားတာမျိုး၊ခရီးထွက်တာမျိုး လုပ်ကြည့်ပါ။သင့်ရဲ့ ရည်းစားဟောင်းကိုသတိရနေတဲ့စိတ်ကို သူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်နေပြီး မေ့ပစ်ကြည့်လိုက်ပါ …။

4 ဖုန်းနံပါတ်ကိုချက်ခြင်းဖျက်လိုက်ပါ။

သင်ဟာ သင်ရဲ့လက်တွဲဖော်နံပါတ်က်ု အမြဲမှတ်မိမှာ မဟုတ်ပါဘူး။ ဖုန်းနံပါတ်ကိုဖြတ်လိုက်ပြီးတော့ ဖုန်းလည်း ထပ်မဆက်ပါနဲ့တော့။ သင့်သူငယ်ချင်းတွေဆီကလည်း သွားမမေးပါနဲ့။ Facebook account ထဲလည်း တခြားအကောင့်နဲ့ ဝင်ဝင်မကြည့်ပါနဲ့။ အဆက်အသွယ်လုံး၀ မလုပ်ပါနဲ့တော့နော် …။

5 တကယ်လမ်းခွဲခဲ့တာပါ။

သင့်ရဲ့ရည်းစားဟောင်းကို ဒါဟာတကယ်လမ်းခွဲတယ်ဆိုတာသိစေပါ။ခဏ အဆက်ဖြတ်တာမဟုတ်ဘူးဆိုတာ သိစေပါ။ကျွန်တော်တို့လူသားတွေဟာ ယေဘုယျအားဖြင့် အကောင်းမြင်တက်ကြပါတယ်၊သူကိုများနားလည်ပေးလိုက်ရင်၊ငါနည်းနည်းအလျှော့ပေးလိုက်ရင်စသဖြင့်ပေါ့၊ဒါပေမဲ့ သင်လမ်းခွဲပြီဆိုတာနဲ့အပြီးသာလမ်းခွဲပါ။

6 သင့်ကို့သတိရနေစေမဲ့အရာတွေအကုန်လုံးကိုစွန့်ပစ်ပါ။

ခရီးထွက်တုန်းက ရိုက်ထားတဲ့ပုံတွေ့လား၊မီးရှိုု့ပစ်ပါ။ Facebook မှာတင်ထားမိသလား လိုက်ရှာပြီး Post ကိုဖျက်ပစ်ပါ။သင့်ကိုလက်ဆောင်ပေးထားတဲ့ အကျ်ီလား၊သူများကိုပေးပစ်လိုက်ပါ။သင့်ရဲ့ရည်းစားဟောင်းကို သတိရစေမဲ့ဘယ်ဟာကို မဆို လွှင့်ပစ်လိုက်ပါ …။

7 တစ်ခုခုလုပ်နေပါ။

သင်ကိုသင်ဘာမှမလုပ်ပဲ ထိုင်လွမ်းနေမဲ့အစား သင့်ဘဝအတွက်အကျိုးရှိတာ တစ်ခုခု လုပ်ကြည့်ပါ။ အားကစားလုပ်ကြည့်ပါ။ ဝါသနာ အသစ်တစ်ခုခု ရှာပါ။သင်အအားမနေပဲ လုပ်စရာတွေအများကြီးရှိပါတယ်။ရက်တွေလတွေကုန်လွန်သွားတဲ့အခါမှာ သင့်ကိုသင်တောင်မသိနိုင်ပဲ နောက်တစ်ယောက်နဲ့ တွဲဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ် …။

8 သောကတွေကို မဖက်တွယ်ထားပါနဲ့။

ယောက်ကျားလေးတွေဆို လမ်းခွဲပြီးတိုင်း အရက်သောက်ပြီးဆွေးလေ့ရှိပါတယ်။ဒါပေမဲ့ တစ်ရက်ကနေ့ တစ်ပါတ် တစ်ပါတ်ကနေ တစ်လ ၊ သင့်ကိုယ်တိုင်တောင် မသိလိုက်ချိန်မှာပဲ သင်ဟာ ရေစုန်မျောပါပြီ …။

9 အချိန်ဟာ ဘယ်သူကိုမှမစောင့်ပါဘူး။

မိူင်တွေစိတ်ညစ်မနေပဲ လုပ်နေကျကိစ္စတွေက်ုလုပ်ကြည်ပါ။ လူတိုင်းဟာ သင့်နှုတ်ခမ်းဆူ စိတ်ညစ်နေတာကို ပထမတစ်ရက် နှစ်ရက်တော့ နားလည်ပေးနိုင်မှာပါ။ ဒါပေမဲ့ ရက်တွေကြာလာတာနဲ့ အမျှ သင်ဟာ ဘဝကိုရှေ့မဆက်ရုံသာမက တခြာသူတွေ သင့်ကိုကူညီပေးဖို့ကိုလည်း တားမြစ်နေတာပါ။ သူငယ်ချင်းကောင်းတွေဟာ စိတ်ညစ်နေတဲ့သူငယ်ချင်းတစ်ယောက်ကို အမြဲတမ်းလက်တွဲခေါ်နေမှာပါ။ ဒါပေမဲ့ နေ့တိုင်းကြိုးစားနေရတဲ့အခါ သင့်သူငယ်ချင်းတွေနဲ့ တဖြည်းဖြည်း ဝေးကွာသွားမှာပါ။ တစ်ခြားသူတွေသင့်ကို ဘယ်လောက်ပဲကူညီဖို့ကြိုးစားကြိုးစား သင့်ဘဝအတွက် ဆုံးဖြတ်ရမဲ့သူကတော့ မှန်ထဲမှမြင်ရတဲ့ သင်ကိုယ်တိုင်ပါပဲနော် …။ ။

Myo Myo (auntymay)

Ref:lovepanky