ေယာက္်ားေတြ တကယ္ခ်စ္မွသာ ျပဳမူတတ္ၾကတဲ့လကၡဏာမ်ား…

ေယာက္်ားေတြ တကယ္ခ်စ္မွသာ ျပဳမူတတ္ၾကတဲ့လကၡဏာမ်ား…

ေယာက္်ားေတြဟာ သူတို႔အမွန္တကယ္ စိတ္ရင္းနွင့္ နွစ္နွစ္ကာကာခ်စ္တဲ့ မိန္းကေလးကို ဘယ္ေတာ့မွ မထားခဲ့သလို ၾကင္နာေႏြးေထြးမႈ ၊ ဂရုစိုက္မႈဆိုတာ ေတာင္းစရာမလိုေအာင္ကို အလိုလိုေပးျပီးသားပါ …။

ေနာက္ျပီး ဒီလိုေယာက္်ားေတြဟာ သူတို႔ရဲ႕ Relationship ကို ပိုျပီးရွည္ၾကာခိုင္ၿမဲေအာင္ ၾကိဳးစား လုပ္ေဆာင္တတ္ၾကပါတယ္ …။

အကယ္၍မ်ား ေအာက္ပါအခ်က္ေတြကိုသာ သင္႔ရဲ႕ခ်စ္သူအမ်ိဳးသားက လုပ္ေဆာင္တတ္တယ္ဆိုလွ်င္ေတာ့ ဂုဏ္ယူပါတယ္ …။

သင့္ကို အခ်စ္စစ္နဲ႔ခ်စ္တဲ့ခ်စ္သူကို ပိုင္ဆိုင္ထားရပါျပီေနာ္ …။

၁။ မွ်ေဝတယ္”

ေယာက္်ားတစ္ေယာက္ဟာ မိန္းကေလးတစ္ေယာက္ကို အမွန္တကယ္ခ်စ္သြားျပီဆိုလွ်င္ ဘယ္အရာမဆိုကို ထိုမိန္းကေလးႏွင့္အတူ မွ်ေဝခံစားပါတယ္ …။

အိမ္တြင္းေရး၊ လုပ္ငန္းခြင္၊ လူမႈေရး စတဲ့ကိစၥရပ္မ်ားအျပင္ တစ္ခါတစ္ရံ ဘာမဟုတ္တဲ့ကိစၥေလးေတြကအစ မွ်ေဝသိေစပါတယ္။ အခ်ိဳ႕ကိစၥေလးေတြကလြဲလွ်င္ privacy ကို ေနရာတိုင္းမွာ လက္ကိုင္မထားတတ္ၾက သူေတြေပါ့ …။

၂။ ဘယ္ေနရာသြားသြားလက္တြဲသြားတယ္”

လက္တြဲျခင္းက ခ်စ္သူစံုတြဲတို႔၏ သေကၤတစ္ခုဆိုေသာ္လည္ ဘယ္ေနရာကိုပဲသြားသြား မိန္းကေလး၏လက္ကို တြဲသြားတတ္တယ္ဆိုလွ်င္လည္း ထိုေယာက္်ားရဲ႕အခ်စ္ကို ျမင္နိုင္ပါတယ္ …။

ကားေမာင္းေနရင္းျဖင့္ပင္ သင့္လက္ကို သတိတရ လာျပီးဆုပ္ကိုင္ထားတတ္တာကလည္း သူ႔ရဲ႕နွလံုးသားထဲမွာ သင္ရွိေနလို႔ပါတဲ့။ တစ္ခါတစ္ရံမွာ ဘာမွမဟုတ္တဲ့အမူအရာဟု ထင္ရေသာ္လည္း ဒါဟာလည္း အခ်စ္ရဲ႕ ျပယုဒ္တစ္ခုပါပဲ …။

၃။ အားလပ္ခ်ိန္ေတြကလည္း သင့္အတြက္ပဲ”

အလုပ္ေတြနွင့္ စိတ္ဖိစီးမႈမ်ားေနတတ္တဲ့ ဒီေန႔ေခတ္ၾကီးမွာ ကိုယ္ပိုင္အခ်ိန္ဟာ လိုကိုလုိအပ္ျပီး ဒါဟာ ေကာင္းမြန္တဲ့အခ်က္တစ္ခုပါပဲ။ ေယာက်ာ္းတစ္ဦးက မိန္းကေလးတစ္ဦးကို ခ်စ္သြားျပီးတဲ့ေနာက္မွာေတာ့ …

တစ္ေယာက္တည္း အပန္းေျဖ၊အနားယူတဲ့အခ်ိန္ေတြဟာ မရွိေတာ့ပါဘူး။ သူ႕ရဲ႕ အားလပ္ခ်ိန္မွာ အရင္ဆံုးသတိရမိတတ္ၾကတာ သူ႕ခ်စ္သူမိန္းကေလး ျဖစ္သြားလို႔ပါပဲ …။

၄။ အတူေနျပီးခ်ိန္မွာေတာင္ ပူးကပ္ကပ္ေနတတ္တယ္”

ပြတ္သီးပြတ္သပ္နီးနီးကပ္ကပ္ေနျခင္းဟာ အဓိပၸာယ္ေတြမ်ားစြာ ရွိပါတယ္။ အကယ္၍ မိန္းကေလးတစ္ေယာက္ကို တကယ္မခ်စ္ဘူးဆိုလွ်င္ ခ်စ္တင္းေနွာျပီးခ်ိန္မွာ ခပ္ခြာခြာေနဖို႔ ၾကိဳးစားတတ္ၾကပါတယ္ …။

ဒီလိုမဟုတ္ဘဲ ခ်စ္တင္းေနွာျပီးသည့္တိုင္ သင့္အနားမွာ နီးနီးကပ္ကပ္နွင့္ ေထြးေပြ႔ေပးတတ္တဲ့ ေယာက္်ားမ်ိဳးကေတာ့ သင့္အေပၚကို အခ်စ္စစ္ႏွင့္ ခ်စ္ေနသူေတြပါတဲ့ …။

၅။ ဦးစားေပးတတ္တယ္”

လူတိုင္းမွာ အတၱကိုယ္စီေတာ့ ရွိၾကပါတယ္။ တကယ္ခ်စ္တဲ့မိန္းကေလးအေပၚကိုေတာ့ ဘယ္ေလာက္အတၱၾကီးတဲ့ အမ်ိဳးသားျဖစ္ျဖစ္ ဦးစားေပးအေလွ်ာ့ေပးတတ္ၾကပါတယ္ …။

ကိုယ့္အေပၚကို ဦးစားေပးမႈ ရွိ၊မရွိဆိုတာကို မိန္းကေလးေတြအေနျဖင့္ နွစ္ေယာက္ည္းရွိေနခ်ိန္ ဂရုတစိုက္ သတိထားၾကည့္ပါ …။

ကိုယ္နဲ႔ယွဥ္လွ်င္ အၿမဲအနစ္နာခံေပးတတ္တဲ့ ခ်စ္သူမ်ိဳးပိုင္ဆိုင္ထားျပီဆိုလွ်င္ေတာ့ တန္ဖိုးထားျပီး ရိုးေျမက် လက္တြဲသင့္ပါတယ္ေနာ္ …။

၆။ သင့္အတြက္ဆို ဘာမဆိုရင္ဆိုင္ရဲတယ္”

ဒါဟာ ရုပ္ရွင္၊ ဝတၳဳေတြက စကားလံုးေတြမဟုတ္ပါဘူး။ တကယ္ခ်စ္တဲ့အမ်ိဳးသားတိုင္း ထိုအမ်ိဳးသမီးအတြက္ ဘာမဆိုရင္ဆိုင္ရဲတဲ့ သတၱိရွိပါတယ္ …။

အေရးၾကံဳလာရင္ အားကိုးထိုက္တဲ့ ခ်စ္သူမ်ိဳးပါ။ ေရွာင္ေျပးျပီး၊ ကိုယ္လြတ္ရုန္းတတ္တဲ့သူမ်ိဳးဆိုလွ်င္ေတာ့ စိတ္ဆင္းရဲရဖို႔ မ်ားပါလိမ့္မယ္ …။

၇။ အမွန္ကိုသာျပဳမူေျပာဆိုတယ္”

တကယ္ခ်စ္ၾကတဲ့အမ်ိဳးသားေတြဟာ သူတို႔မိန္းကေလးအတြက္ ဆိုးတဲ့စကားျဖစ္ေနမယ္ဆိုလွ်င္ေတာင္ အမွန္အတိုင္းသာ ေျပာဆိုတတ္ပါတယ္။ ျငင္းဆိုတတ္ပါတယ္ …။

သူ၏အခ်စ္ကို ယံုၾကည္မႈရွိေစတဲ့အတြက္ သင္နွင့္စကားမ်ားရန္ျဖစ္ရမွာကို ေၾကာက္မေနပါဘူး။ သင္ၾကားခ်င္တဲ့စကားထက္ သင္ၾကားသင့္တဲ့ အမွန္စကားကိုသာ ဆိုပါလိမ့္မယ္ …။

သင့္အလိုကိုအၿမဲလိုက္ စိတ္မပါဘဲ ေခါငး္ျငိမ့္လုပ္ေဆာင္ေနမယ့္သူမ်ိဳးထက္ သူတို႔မလုပ္ခ်င္တဲ့အရာ ၊ မျဖစ္သင့္တဲ့ကိစၥေတြမွာ ျပတ္ျပတ္သားသား ျငင္းဆိုတတ္တဲ့ ေယာက္်ားမ်ိဳးကို ပိုျပီး ေရြးခ်ယ္သင့္ပါတယ္ …။

၈။ သူ႔မိန္းကေလးက အၿမဲတမ္းလွတယ္”

လူတစ္ေယာက္ရဲ႕အလွဆိုတာ ၾကည့္တဲ့သူေပၚမူတည္တယ္ဆိုတဲ့စကားကို ၾကားဖူးပါလိ့မ္မယ္ …။

ေယာက်ာ္းတစ္ေယာက္၏ အမွန္တကယ္ခ်စ္ခင္ျမတ္နိုးမႈကို ရရွိထားတဲ့ မိန္းကေလးဟာ ထိုေယာက္်ားအတြက္ အထူးတလည္ အလွေတြျပင္ေနစရာမလိုပါဘူး။ ဘယ္လိုပဲ အခ်ိဳးမေျပတဲ့ပံုစံပဲျဖစ္ေစ သူ႔မ်က္လံုးထဲမွာ သင္ဟာ အၿမဲတမ္းလွေနပါတယ္တဲ့ …။

ခ်စ္သူတိုင္း ေပါင္းဖက္ရပါေစ။ ေပါင္းဖက္ခြင့္ရသူတိုင္း ေပ်ာ္ရႊင္ၾကပါေစ …။ ။

Credit – CHAN (ေရႊအင္းေလး)

Unicode Version ဖြင့်ဖတ်ရန်

ယောက်ျားတွေ တကယ်ချစ်မှသာ ပြုမူတတ်ကြတဲ့လက္ခဏာများ…

ယောက်ျားတွေဟာ သူတို့အမှန်တကယ် စိတ်ရင်းနှင့် နှစ်နှစ်ကာကာချစ်တဲ့ မိန်းကလေးကို ဘယ်တော့မှ မထားခဲ့သလို ကြင်နာနွေးထွေးမှု ၊ ဂရုစိုက်မှုဆိုတာ တောင်းစရာမလိုအောင်ကို အလိုလိုပေးပြီးသားပါ …။

နောက်ပြီး ဒီလိုယောက်ျားတွေဟာ သူတို့ရဲ့ Relationship ကို ပိုပြီးရှည်ကြာခိုင်မြဲအောင် ကြိုးစား လုပ်ဆောင်တတ်ကြပါတယ် …။

အကယ်၍များ အောက်ပါအချက်တွေကိုသာ သင့်ရဲ့ချစ်သူအမျိုးသားက လုပ်ဆောင်တတ်တယ်ဆိုလျှင်တော့ ဂုဏ်ယူပါတယ် …။

သင့်ကို အချစ်စစ်နဲ့ချစ်တဲ့ချစ်သူကို ပိုင်ဆိုင်ထားရပါပြီနော် …။

၁။ မျှဝေတယ်”

ယောက်ျားတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို အမှန်တကယ်ချစ်သွားပြီဆိုလျှင် ဘယ်အရာမဆိုကို ထိုမိန်းကလေးနှင့်အတူ မျှဝေခံစားပါတယ် …။

အိမ်တွင်းရေး၊ လုပ်ငန်းခွင်၊ လူမှုရေး စတဲ့ကိစ္စရပ်များအပြင် တစ်ခါတစ်ရံ ဘာမဟုတ်တဲ့ကိစ္စလေးတွေကအစ မျှဝေသိစေပါတယ်။ အချို့ကိစ္စလေးတွေကလွဲလျှင် privacy ကို နေရာတိုင်းမှာ လက်ကိုင်မထားတတ်ကြ သူတွေပေါ့ …။

၂။ ဘယ်နေရာသွားသွားလက်တွဲသွားတယ်”

လက်တွဲခြင်းက ချစ်သူစုံတွဲတို့၏ သင်္ကေတစ်ခုဆိုသော်လည် ဘယ်နေရာကိုပဲသွားသွား မိန်းကလေး၏လက်ကို တွဲသွားတတ်တယ်ဆိုလျှင်လည်း ထိုယောက်ျားရဲ့အချစ်ကို မြင်နိုင်ပါတယ် …။

ကားမောင်းနေရင်းဖြင့်ပင် သင့်လက်ကို သတိတရ လာပြီးဆုပ်ကိုင်ထားတတ်တာကလည်း သူ့ရဲ့နှလုံးသားထဲမှာ သင်ရှိနေလို့ပါတဲ့။ တစ်ခါတစ်ရံမှာ ဘာမှမဟုတ်တဲ့အမူအရာဟု ထင်ရသော်လည်း ဒါဟာလည်း အချစ်ရဲ့ ပြယုဒ်တစ်ခုပါပဲ …။

၃။ အားလပ်ချိန်တွေကလည်း သင့်အတွက်ပဲ”

အလုပ်တွေနှင့် စိတ်ဖိစီးမှုများနေတတ်တဲ့ ဒီနေ့ခေတ်ကြီးမှာ ကိုယ်ပိုင်အချိန်ဟာ လိုကိုလိုအပ်ပြီး ဒါဟာ ကောင်းမွန်တဲ့အချက်တစ်ခုပါပဲ။ ယောက်ျားတစ်ဦးက မိန်းကလေးတစ်ဦးကို ချစ်သွားပြီးတဲ့နောက်မှာတော့ …

တစ်ယောက်တည်း အပန်းဖြေ၊အနားယူတဲ့အချိန်တွေဟာ မရှိတော့ပါဘူး။ သူ့ရဲ့ အားလပ်ချိန်မှာ အရင်ဆုံးသတိရမိတတ်ကြတာ သူ့ချစ်သူမိန်းကလေး ဖြစ်သွားလို့ပါပဲ …။

၄။ အတူနေပြီးချိန်မှာတောင် ပူးကပ်ကပ်နေတတ်တယ်”

ပွတ်သီးပွတ်သပ်နီးနီးကပ်ကပ်နေခြင်းဟာ အဓိပ္ပာယ်တွေများစွာ ရှိပါတယ်။ အကယ်၍ မိန်းကလေးတစ်ယောက်ကို တကယ်မချစ်ဘူးဆိုလျှင် ချစ်တင်းနှောပြီးချိန်မှာ ခပ်ခွာခွာနေဖို့ ကြိုးစားတတ်ကြပါတယ် …။

ဒီလိုမဟုတ်ဘဲ ချစ်တင်းနှောပြီးသည့်တိုင် သင့်အနားမှာ နီးနီးကပ်ကပ်နှင့် ထွေးပွေ့ပေးတတ်တဲ့ ယောက်ျားမျိုးကတော့ သင့်အပေါ်ကို အချစ်စစ်နှင့် ချစ်နေသူတွေပါတဲ့ …။

၅။ ဦးစားပေးတတ်တယ်”

လူတိုင်းမှာ အတ္တကိုယ်စီတော့ ရှိကြပါတယ်။ တကယ်ချစ်တဲ့မိန်းကလေးအပေါ်ကိုတော့ ဘယ်လောက်အတ္တကြီးတဲ့ အမျိုးသားဖြစ်ဖြစ် ဦးစားပေးအလျှော့ပေးတတ်ကြပါတယ် …။

ကိုယ့်အပေါ်ကို ဦးစားပေးမှု ရှိ၊မရှိဆိုတာကို မိန်းကလေးတွေအနေဖြင့် နှစ်ယောက်ည်းရှိနေချိန် ဂရုတစိုက် သတိထားကြည့်ပါ …။

ကိုယ်နဲ့ယှဉ်လျှင် အမြဲအနစ်နာခံပေးတတ်တဲ့ ချစ်သူမျိုးပိုင်ဆိုင်ထားပြီဆိုလျှင်တော့ တန်ဖိုးထားပြီး ရိုးမြေကျ လက်တွဲသင့်ပါတယ်နော် …။

၆။ သင့်အတွက်ဆို ဘာမဆိုရင်ဆိုင်ရဲတယ်”

ဒါဟာ ရုပ်ရှင်၊ ဝတ္ထုတွေက စကားလုံးတွေမဟုတ်ပါဘူး။ တကယ်ချစ်တဲ့အမျိုးသားတိုင်း ထိုအမျိုးသမီးအတွက် ဘာမဆိုရင်ဆိုင်ရဲတဲ့ သတ္တိရှိပါတယ် …။

အရေးကြုံလာရင် အားကိုးထိုက်တဲ့ ချစ်သူမျိုးပါ။ ရှောင်ပြေးပြီး၊ ကိုယ်လွတ်ရုန်းတတ်တဲ့သူမျိုးဆိုလျှင်တော့ စိတ်ဆင်းရဲရဖို့ များပါလိမ့်မယ် …။

၇။ အမှန်ကိုသာပြုမူပြောဆိုတယ်”

တကယ်ချစ်ကြတဲ့အမျိုးသားတွေဟာ သူတို့မိန်းကလေးအတွက် ဆိုးတဲ့စကားဖြစ်နေမယ်ဆိုလျှင်တောင် အမှန်အတိုင်းသာ ပြောဆိုတတ်ပါတယ်။ ငြင်းဆိုတတ်ပါတယ် …။

သူ၏အချစ်ကို ယုံကြည်မှုရှိစေတဲ့အတွက် သင်နှင့်စကားများရန်ဖြစ်ရမှာကို ကြောက်မနေပါဘူး။ သင်ကြားချင်တဲ့စကားထက် သင်ကြားသင့်တဲ့ အမှန်စကားကိုသာ ဆိုပါလိမ့်မယ် …။

သင့်အလိုကိုအမြဲလိုက် စိတ်မပါဘဲ ခေါငး်ငြိမ့်လုပ်ဆောင်နေမယ့်သူမျိုးထက် သူတို့မလုပ်ချင်တဲ့အရာ ၊ မဖြစ်သင့်တဲ့ကိစ္စတွေမှာ ပြတ်ပြတ်သားသား ငြင်းဆိုတတ်တဲ့ ယောက်ျားမျိုးကို ပိုပြီး ရွေးချယ်သင့်ပါတယ် …။

၈။ သူ့မိန်းကလေးက အမြဲတမ်းလှတယ်”

လူတစ်ယောက်ရဲ့အလှဆိုတာ ကြည့်တဲ့သူပေါ်မူတည်တယ်ဆိုတဲ့စကားကို ကြားဖူးပါလိ့မ်မယ် …။

ယောက်ျားတစ်ယောက်၏ အမှန်တကယ်ချစ်ခင်မြတ်နိုးမှုကို ရရှိထားတဲ့ မိန်းကလေးဟာ ထိုယောက်ျားအတွက် အထူးတလည် အလှတွေပြင်နေစရာမလိုပါဘူး။ ဘယ်လိုပဲ အချိုးမပြေတဲ့ပုံစံပဲဖြစ်စေ သူ့မျက်လုံးထဲမှာ သင်ဟာ အမြဲတမ်းလှနေပါတယ်တဲ့ …။

ချစ်သူတိုင်း ပေါင်းဖက်ရပါစေ။ ပေါင်းဖက်ခွင့်ရသူတိုင်း ပျော်ရွှင်ကြပါစေ …။ ။

Credit – CHAN (ရွှေအင်းလေး)