လမ္းခြဲခံရတဲ့အခ်ိန္မွာ မိန္းကေလးေတြ လံုးဝမလုပ္သင့္တဲ့ အရာ(၅)မ်ိဳး…

လမ္းခြဲခံရတဲ့အခ်ိန္မွာ မိန္းကေလးေတြ လံုးဝမလုပ္သင့္တဲ့ အရာ(၅)မ်ိဳး…

စာမမှန်ပါက အောက်တွင် UNICODE VERSION ဖြင့်ဖတ်ရန်

အခ်စ္ဆိုတာကို ခံစားဖူးရင္ အသည္းကြဲရမွာကိုလည္း ေတြးထားသင့္ပါတယ္။ လူတိုင္းက ဘဝမွာ အနည္းဆံုး တစ္ႀကိမ္ေလာက္ေတာ့ အသည္းကြဲဖူး တတ္ၾကပါတယ္။ ကိုယ့္ခ်စ္သူက ခ်စ္သူ ျဖစ္ေနတဲ့ ကာလမွာ ကိုယ့္ကို တုန္ေနေအာင္ ခ်စ္ျပတတ္ေပမယ့္လည္း အခ်စ္ေတြ ကုန္သြားတဲ့အခါ လမ္းခြဲသြားတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ဒီလိုမ်ိဳး လမ္းခြဲခံရတဲ့ အခါမ်ိဳးမွာ မိန္းကေလးေတြအေနနဲ႔ ဒီလိုအခ်က္ေတြ လုပ္မိမယ္ဆိုရင္ ကိုယ့္သိကၡာလည္း က်သြားေစၿပီး တစ္ဖက္လူရဲ႕ စိတ္ရႈပ္မႈနဲ႔ အထင္ေသးမႈကိုပါ ရႏိုင္လို႔ သတိထားသင့္ ပါတယ္ေနာ္ …။

(၁) ဆိုးဝါးတဲ့အျပဳအမူမ်ိဳး မလုပ္ပါနဲ႔”

 

ဒါက ျဖစ္ေနက် အရာတစ္ခု ျဖစ္ပါတယ္။ အသည္းကြဲတယ္ဆိုတာ ပံုမွန္ ျဖစ္ရိုးျဖစ္စဥ္ပါ။ ဒီအတြက္ သင္ ဝမ္းနည္းရတယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေၾကာင့္ ငိုတာ၊ အရက္ကို အမူးေသာက္တာနဲ႔ ရင္ဖြင့္တာမ်ိဳးေတြ လုပ္လို႔ ရပါတယ္။ ဒါေပမယ့္ သင့္ကိုယ္သင္ ဆိုးဝါးတဲ့ အေျခအေနကို တြန္းပို႔မိေစတဲ့ ညတိုင္း အရက္ေသာက္ေနတာမ်ိဳး၊ တစ္ခန္းလံုး ညစ္ပတ္ေပပြေနေအာင္ ေနတာမ်ိဳးေတြကိုေတာ႔ မလုပ္သင့္ပါဘူး။ လမ္းခြဲတာအတြက္နဲ႔ သင့္ကိုယ္သင္ ပ်က္စီးေအာင္ လုပ္ဖို႔ မလိုအပ္ဘူးေလ …။

(၂) ဖုန္းေတြ ေခၚမေနပါနဲ႔ေတာ့”

လမ္းခြဲခံရတဲ့ ေကာင္မေလး အမ်ားစုက ကိုယ့္ခ်စ္သူကို ဖုန္းေခၚၿပီး ေတာင္းပန္တာမ်ိဳး မဟုတ္ရင္ ဖုန္းဆက္ၿပီး ဆက္သြယ္ဖုိ႔ ႀကိဳးစားတတ္ၾကပါတယ္။ ဒါမ်ိဳးက လံုးဝ မလုပ္သင့္ပါဘူး။ မပတ္သတ္ခ်င္လို႔ ထြက္သြားတဲ့သူကို ဆက္သြယ္ေနတာ ဘာမွ အက်ိဳးမထူးတဲ့အျပင္ သင့္ရဲ႕ သိကၡာကိုပါ က်သြားေစမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ရည္းစားေဟာင္းနံပါတ္ကို Block လုပ္ထားတာ အေကာင္းဆံုးပါပဲ …။

(၃) အလြန္အကၽြံ အရက္ေသာက္ျခင္း”

အရက္မူးေနတဲ့ အခ်ိန္က နာက်င္မႈေတြကို အနည္းငယ္ သက္သာေအာင္ လုပ္ေပးႏိုင္ပါတယ္။ ဒါေပမယ့္လည္း မခံစားရေအာင္ေတာ့ မလုပ္ေပးႏိုင္ပါဘူး။ အသဲကြဲလို႔ ေန႔တိုင္းသာ အရက္ေသာက္ေနရင္ က်န္းမာေရး ထိခိုက္သြားမွာက သင္ကိုယ္တိုင္ ျဖစ္ၿပီး အသဲကြဲတဲ့ ေဝဒနာကေတာ့ ေပ်ာက္သြားမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အသဲကြဲတာ ကြဲလိုက္ပါ။ ကိုယ့္ကိုယ္ကိုေတာ့ ထပ္ၿပီး မႏွိပ္စက္သင့္ေတာ႔ပါဘူး …။

(၄) ကိုယ့္ကိုယ္ကို အျပစ္မတင္ပါနဲ႔”

တစ္ေယာက္နဲ႔ တစ္ေယာက္ လမ္းခြဲတယ္ဆိုတာ အဆင္မေျပလို႔ပဲ ျဖစ္ပါတယ္။ သင့္ရဲ႕ အျပစ္ေၾကာင့္ လမ္းခြဲခံရတယ္လို႔ မထင္လိုက္ပါနဲ႔။ တကယ္တမ္း ခ်စ္ၾကတဲ့သူေတြဆိုတာ ကိုယ္ခ်စ္တဲ့သူ ဆိုးေနရင္ေတာင္ သည္းခံရင္း ျပဳျပင္ရင္းနဲ႔ အခ်ိန္ေတြ အတူ ျဖတ္သန္းတတ္ၾကတာမ်ိဳးပါ။ ဒါေၾကာင့္ သူ သင့္ကို လမ္းခြဲသြားတာ သင့္ဘက္က ဆုိးလို႔ဆိုတာမ်ိဳး ေတြးမေနပါနဲ႔။ သူကိုယ္တိုင္က တကယ္ မခ်စ္လို႔ပါ။ သင္က အခ်စ္ခံဖို႔ ထိုက္တန္တဲ့ သူတစ္ေယာက္ပါ။ သင့္ကို ခ်စ္မယ့္သူ ေရာက္လာဖို႔ပဲ လိုပါတယ္ …။

(၅) အဆံုးသတ္လို႔ မထင္လိုက္ပါနဲ႔”

သင့္ကိုယ္သင္ပဲ ပိုင္ပါတယ္။ သင့္ကို ထားသြားတဲ့သူေၾကာင့္ ဘဝကို ဘယ္လုိ ဆက္ရွင္ရမယ္ဆိုတာ မသိေလာက္ေအာင္ မျဖစ္သင့္ပါဘူး။ ေတြ႔ဆံုခဲ့ၿပီဆိုရင္ ခြဲခြာတာလည္း သဘာဝမို႔ ကိုယ့္ကိုယ္ကို ညွင္းပန္းၿပီး နာက်င္မႈ တာရွည္ေအာင္ မလုပ္သင့္ေတာ့ပါဘူး။ သင့္ကိုယ္သင္ ျပန္ၿပီး ေပ်ာ္ရႊင္လာေစမယ့္ တျခားအရာေတြကိုပဲ ရွာေဖြသင့္ပါတယ္ …။ ။

Kham (Aunty May)

UNICODE VERSION ဖြင့်ဖတ်ရန်

လမ်းခွဲခံရတဲ့အချိန်မှာ မိန်းကလေးတွေ လုံးဝမလုပ်သင့်တဲ့ အရာ(၅)မျိုး…

အချစ်ဆိုတာကို ခံစားဖူးရင် အသည်းကွဲရမှာကိုလည်း တွေးထားသင့်ပါတယ်။ လူတိုင်းက ဘဝမှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အသည်းကွဲဖူး တတ်ကြပါတယ်။ ကိုယ့်ချစ်သူက ချစ်သူ ဖြစ်နေတဲ့ ကာလမှာ ကိုယ့်ကို တုန်နေအောင် ချစ်ပြတတ်ပေမယ့်လည်း အချစ်တွေ ကုန်သွားတဲ့အခါ လမ်းခွဲသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး လမ်းခွဲခံရတဲ့ အခါမျိုးမှာ မိန်းကလေးတွေအနေနဲ့ ဒီလိုအချက်တွေ လုပ်မိမယ်ဆိုရင် ကိုယ့်သိက္ခာလည်း ကျသွားစေပြီး တစ်ဖက်လူရဲ့ စိတ်ရှုပ်မှုနဲ့ အထင်သေးမှုကိုပါ ရနိုင်လို့ သတိထားသင့် ပါတယ်နော် …။

(၁) ဆိုးဝါးတဲ့အပြုအမူမျိုး မလုပ်ပါနဲ့”

ဒါက ဖြစ်နေကျ အရာတစ်ခု ဖြစ်ပါတယ်။ အသည်းကွဲတယ်ဆိုတာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒီအတွက် သင် ဝမ်းနည်းရတယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် ငိုတာ၊ အရက်ကို အမူးသောက်တာနဲ့ ရင်ဖွင့်တာမျိုးတွေ လုပ်လို့ ရပါတယ်။ ဒါပေမယ့် သင့်ကိုယ်သင် ဆိုးဝါးတဲ့ အခြေအနေကို တွန်းပို့မိစေတဲ့ ညတိုင်း အရက်သောက်နေတာမျိုး၊ တစ်ခန်းလုံး ညစ်ပတ်ပေပွနေအောင် နေတာမျိုးတွေကိုတော့ မလုပ်သင့်ပါဘူး။ လမ်းခွဲတာအတွက်နဲ့ သင့်ကိုယ်သင် ပျက်စီးအောင် လုပ်ဖို့ မလိုအပ်ဘူးလေ …။

(၂) ဖုန်းတွေ ခေါ်မနေပါနဲ့တော့”

လမ်းခွဲခံရတဲ့ ကောင်မလေး အများစုက ကိုယ့်ချစ်သူကို ဖုန်းခေါ်ပြီး တောင်းပန်တာမျိုး မဟုတ်ရင် ဖုန်းဆက်ပြီး ဆက်သွယ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါမျိုးက လုံးဝ မလုပ်သင့်ပါဘူး။ မပတ်သတ်ချင်လို့ ထွက်သွားတဲ့သူကို ဆက်သွယ်နေတာ ဘာမှ အကျိုးမထူးတဲ့အပြင် သင့်ရဲ့ သိက္ခာကိုပါ ကျသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရည်းစားဟောင်းနံပါတ်ကို Block လုပ်ထားတာ အကောင်းဆုံးပါပဲ …။

(၃) အလွန်အကျွံ အရက်သောက်ခြင်း”

အရက်မူးနေတဲ့ အချိန်က နာကျင်မှုတွေကို အနည်းငယ် သက်သာအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း မခံစားရအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ အသဲကွဲလို့ နေ့တိုင်းသာ အရက်သောက်နေရင် ကျန်းမာရေး ထိခိုက်သွားမှာက သင်ကိုယ်တိုင် ဖြစ်ပြီး အသဲကွဲတဲ့ ဝေဒနာကတော့ ပျောက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် အသဲကွဲတာ ကွဲလိုက်ပါ။ ကိုယ့်ကိုယ်ကိုတော့ ထပ်ပြီး မနှိပ်စက်သင့်တော့ပါဘူး …။

(၄) ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့”

တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲတယ်ဆိုတာ အဆင်မပြေလို့ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ အပြစ်ကြောင့် လမ်းခွဲခံရတယ်လို့ မထင်လိုက်ပါနဲ့။ တကယ်တမ်း ချစ်ကြတဲ့သူတွေဆိုတာ ကိုယ်ချစ်တဲ့သူ ဆိုးနေရင်တောင် သည်းခံရင်း ပြုပြင်ရင်းနဲ့ အချိန်တွေ အတူ ဖြတ်သန်းတတ်ကြတာမျိုးပါ။ ဒါကြောင့် သူ သင့်ကို လမ်းခွဲသွားတာ သင့်ဘက်က ဆိုးလို့ဆိုတာမျိုး တွေးမနေပါနဲ့။ သူကိုယ်တိုင်က တကယ် မချစ်လို့ပါ။ သင်က အချစ်ခံဖို့ ထိုက်တန်တဲ့ သူတစ်ယောက်ပါ။ သင့်ကို ချစ်မယ့်သူ ရောက်လာဖို့ပဲ လိုပါတယ် …။

(၅) အဆုံးသတ်လို့ မထင်လိုက်ပါနဲ့”

သင့်ကိုယ်သင်ပဲ ပိုင်ပါတယ်။ သင့်ကို ထားသွားတဲ့သူကြောင့် ဘဝကို ဘယ်လို ဆက်ရှင်ရမယ်ဆိုတာ မသိလောက်အောင် မဖြစ်သင့်ပါဘူး။ တွေ့ဆုံခဲ့ပြီဆိုရင် ခွဲခွာတာလည်း သဘာဝမို့ ကိုယ့်ကိုယ်ကို ညှင်းပန်းပြီး နာကျင်မှု တာရှည်အောင် မလုပ်သင့်တော့ပါဘူး။ သင့်ကိုယ်သင် ပြန်ပြီး ပျော်ရွှင်လာစေမယ့် တခြားအရာတွေကိုပဲ ရှာဖွေသင့်ပါတယ် …။ ။

Kham (Aunty May)