ေမတၱာေတြ စစ္မွန္ပါလ်က္နဲ႔ ျပန္မရလာတဲ့အခါ ေဒါသမထြက္ပါနဲ႔

ေမတၱာေတြ စစ္မွန္ပါလ်က္နဲ႔ ျပန္မရလာတဲ့အခါ ေဒါသမထြက္ပါနဲ႔

သက္ေရာက္မႈတိုင္းမွာ တန္ျပန္သက္ေရာက္မႈ႐ွိတယ္ဆိုေပမယ့္ ကိုယ္ေပးလိုက္တဲ့အတိုင္း တစ္ထစ္ခ်ႀကီး ျပန္ရလာတဲ့အထဲ မွာ ေမတၱာေတြ မပါတတ္ဘူး ေမတၱာက ေရာင္ျပန္မဟပ္တတ္ဘူးလို႔ ဆိုလိုတာ မဟုတ္ဘူးေနာ္ ။
ကိုယ္ေပးလိုက္တဲ့ ေမတၱာေတြကို ကိုယ္ေပးလိုက္တဲ့ လူထံက ျပန္ရလိမ့္မယ္လို႔တစ္ထစ္ခ်ႀကီး ေတြးမထားေစခ်င္တာပါ ။

သူလဲ လူ ကိုယ္လဲ လူဆိုေပမယ့္ အသံ႐ႈပုံခ်င္းေတာ့ ကြာတယ္ ။ အေတြးခ်င္း အျမင္ခ်င္းလဲ ကြာတယ္ ကိုယ္က ေမတၱာထားတဲ့သူအေပၚ ျပန္ၿပီး တန္ဖိုးထားဖို႔နားလည္းေပမယ့္ တစ္ဖက္လူက နားလည္ခ်င္မွ နားလည္တာမ်ိဳးေလ ။
အေတြးခ်င္ အျမင္ခ်င္းမတူတဲ့အခါ တန္ဖိုးထားၾကပုံခ်င္းလဲ မတူၾကဘူး ။ ဒါကို နားလည္ထားဖို႔လိုတယ္ ။

ကိုယ္ေပးႏိုင္တဲ့အရာဆိုရင္ …တစ္ဖက္ကျပန္ေပးတာ မေပးတာကို ဂ႐ုမစိုက္ပဲ ေစတနာသန္႔သန္႔ေပးတတ္ဖို႔ပဲ ႀကိဳးစားပါ ။

ကိုယ္ေပးႏိုင္တဲ့အရာကို ေပးလိုက္တဲ့အခါ ၾကည္ႏူးဖို႔ေကာင္းပါတယ္ သူျပန္ေပးလိမ့္မယ္လို႔ေမွ်ာ္လင့္မိတာက်ေတာ့ နာက်င္ဖို႔ေကာင္းတယ္ေလ ။

တစ္ဖက္က တန္ဖိုးထားရေကာင္းမွန္းနားလည္ရင္ …ေတာ္ေသးတာေပါ့ ။ တဖက္က ျပန္ၿပီး မသိတတ္ရင္ ကိုယ္ေမွ်ာ္လင့္ထားသေလာက္ ျပန္ၿပီးနာက်င္ရတတ္တာက သဘာဝပါ ။

ေမတၱာဆိုတဲ့အရာမွာ ….၅၂၈ ေမတၱာေကာ ၁၅၀၀ အခ်စ္ေကာ အကုန္ပါတယ္ ။ ၅၂၈ ေမတၱာလို႔ေခါင္းစဥ္တပ္တဲ့အခါ …မိသားစုေတြ သူငယ္ခ်င္းေတြပါေနတတ္တယ္ ။

သူက ငါခင္သလို ျပန္ၿပီးလဲ မခင္ဘူးလို႔ေတြးလိုက္ကတည္းက ငါခင္သလို ျပန္ၿပီးခင္ေစခ်င္လိုက္တာဆိုတဲ့ ေမွ်ာ္လင့္ခ်က္ပါသြားၿပီးသားျဖစ္သြားၿပီေလ ။

ျဖစ္ႏိုင္ရင္ အဲ့ေမွ်ာ္လင့္ခ်က္ႀကီး မထားပါနဲ႔ လူဆိုတာ ထင္ထားတာထက္ ပိုၿပီး အေျပာင္းအလဲ ျမန္တတ္ၾကတယ္ ။

ကိုယ္က တန္ဖိုးထားရေကာင္းမွန္းနားလည္လို႔တန္ဖိုးထားခဲ့ေပးတာပဲ တစ္ဖက္က တန္ဖိုးမထားလို႔ကိုယ့္တန္ဖိုးေတြ မဲ့မသြားပါဘူး ။ ၿပီးရင္ မိသားစုအတြင္းမွာ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့အရာေလးေပါ့ ။

ငါ ဒီေလာက္လုပ္ေပးေနတာကိုေတာင္ အေကာင္းမျမင္ဘူးဆိုတဲ့အေတြးေတြ ဝင္လာတဲ့အခါ ျမန္ျမန္ ထုတ္ပစ္လိုက္ပါ ။

အဲ့အေတြးေတြက ကိုယ့္ေစတနာကို အေရာင္ေတြ ဆိုးမိေစပါတယ္ ။ ကိုယ္ေကာင္းတာ ကိုယ္သိေနၿပီပဲ ကိုယ္ေပးႏိုင္တဲ့အရာေတြ ကိုယ္ေပးေနႏိုင္တာပဲ အဲ့ဒီအေပၚ ေစတနာမပ်က္သြားေစနဲ႔ၾကည္ႏူးတတ္ဖို႔လိုတယ္ ။

အခ်စ္…တဲ့ ပိုဆိုးတာေပါ့ …ကိုယ္ေပးတဲ့အတိုင္း ျပန္မရတတ္တဲ့အထဲမွာ အခ်စ္ဆိုတာ ထိပ္ဆုံးက ပါတယ္ ။

ကိုယ့္ဘက္က ျဖဴစင္ဖို႔ႀကိဳးစားသေလာက္ တစ္ဖက္မွာ လွည့္ျဖားဖို႔ႀကိဳးစားတဲ့လူေတြနဲ႔ဆုံရတတ္တယ္ ။ ကိုယ့္ဘက္က တန္ဖိုးထားသေလာက္ ကိုယ့္အေပၚ အေလးမထားတတ္တဲ့ လူေတြလဲ အမ်ားႀကီးပါ ။

ဒီလိုေတြ ၾကဳံလာရတဲ့အခါ ….ကိုယ့္ဘက္က ေမတၱာေတြ စစ္မွန္ေနပါလ်က္ တစ္ဖက္က တန္ဖိုးမထားလို႔ေဒါသမျဖစ္ပါနဲ႔ေသာကမေရာက္ပါနဲ႔ … ။

ေမတၱာဆိုတာ အသြားအျပန္ဆိုတာ႐ွိပါတယ္ ကိုယ္ေပးတဲ့ ေမတၱာျဖဴစင္ရင္ ျဖဴစင္သေလာက္ တစ္ဖက္မွာ ျပန္ၿပီး အက်ိဳးေပးတတ္ပါတယ္ ။

ဒါေပမယ့္ ကိုယ္ေပးတဲ့သူဆီက ျပန္ရလိမ့္မယ္ဆိုၿပီးေတာ့ တစ္ထစ္ခ်ႀကီး ယုံၾကည္ထားလို႔မရဘူး ။ တူေသာအက်ိဳးဆိုတာ ခံစားရပါတယ္ ကိုယ့္ဘက္က စိတ္ေလးထားတတ္ဖို႔ပဲလိုတာ ။

PStar

Unicode

မေတ္တာတွေ စစ်မှန်ပါလျက်နဲ့ ပြန်မရလာတဲ့အခါ ဒေါသမထွက်ပါနဲ့

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုပေမယ့် ကိုယ်ပေးလိုက်တဲ့အတိုင်း တစ်ထစ်ချကြီး ပြန်ရလာတဲ့အထဲ မှာ မေတ္တာတွေ မပါတတ်ဘူး မေတ္တာက ရောင်ပြန်မဟပ်တတ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော် ။
ကိုယ်ပေးလိုက်တဲ့ မေတ္တာတွေကို ကိုယ်ပေးလိုက်တဲ့ လူထံက ပြန်ရလိမ့်မယ်လို့တစ်ထစ်ချကြီး တွေးမထားစေချင်တာပါ ။

သူလဲ လူ ကိုယ်လဲ လူဆိုပေမယ့် အသံရှုပုံချင်းတော့ ကွာတယ် ။ အတွေးချင်း အမြင်ချင်းလဲ ကွာတယ် ကိုယ်က မေတ္တာထားတဲ့သူအပေါ် ပြန်ပြီး တန်ဖိုးထားဖို့နားလည်းပေမယ့် တစ်ဖက်လူက နားလည်ချင်မှ နားလည်တာမျိုးလေ ။
အတွေးချင် အမြင်ချင်းမတူတဲ့အခါ တန်ဖိုးထားကြပုံချင်းလဲ မတူကြဘူး ။ ဒါကို နားလည်ထားဖို့လိုတယ် ။

ကိုယ်ပေးနိုင်တဲ့အရာဆိုရင် …တစ်ဖက်ကပြန်ပေးတာ မပေးတာကို ဂရုမစိုက်ပဲ စေတနာသန့်သန့်ပေးတတ်ဖို့ပဲ ကြိုးစားပါ ။

ကိုယ်ပေးနိုင်တဲ့အရာကို ပေးလိုက်တဲ့အခါ ကြည်နူးဖို့ကောင်းပါတယ် သူပြန်ပေးလိမ့်မယ်လို့မျှော်လင့်မိတာကျတော့ နာကျင်ဖို့ကောင်းတယ်လေ ။

တစ်ဖက်က တန်ဖိုးထားရကောင်းမှန်းနားလည်ရင် …တော်သေးတာပေါ့ ။ တဖက်က ပြန်ပြီး မသိတတ်ရင် ကိုယ်မျှော်လင့်ထားသလောက် ပြန်ပြီးနာကျင်ရတတ်တာက သဘာဝပါ ။

မေတ္တာဆိုတဲ့အရာမှာ ….၅၂၈ မေတ္တာကော ၁၅၀၀ အချစ်ကော အကုန်ပါတယ် ။ ၅၂၈ မေတ္တာလို့ခေါင်းစဉ်တပ်တဲ့အခါ …မိသားစုတွေ သူငယ်ချင်းတွေပါနေတတ်တယ် ။

သူက ငါခင်သလို ပြန်ပြီးလဲ မခင်ဘူးလို့တွေးလိုက်ကတည်းက ငါခင်သလို ပြန်ပြီးခင်စေချင်လိုက်တာဆိုတဲ့ မျှော်လင့်ချက်ပါသွားပြီးသားဖြစ်သွားပြီလေ ။

ဖြစ်နိုင်ရင် အဲ့မျှော်လင့်ချက်ကြီး မထားပါနဲ့ လူဆိုတာ ထင်ထားတာထက် ပိုပြီး အပြောင်းအလဲ မြန်တတ်ကြတယ် ။

ကိုယ်က တန်ဖိုးထားရကောင်းမှန်းနားလည်လို့တန်ဖိုးထားခဲ့ပေးတာပဲ တစ်ဖက်က တန်ဖိုးမထားလို့ကိုယ့်တန်ဖိုးတွေ မဲ့မသွားပါဘူး ။ ပြီးရင် မိသားစုအတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာလေးပေါ့ ။

ငါ ဒီလောက်လုပ်ပေးနေတာကိုတောင် အကောင်းမမြင်ဘူးဆိုတဲ့အတွေးတွေ ဝင်လာတဲ့အခါ မြန်မြန် ထုတ်ပစ်လိုက်ပါ ။

အဲ့အတွေးတွေက ကိုယ့်စေတနာကို အရောင်တွေ ဆိုးမိစေပါတယ် ။ ကိုယ်ကောင်းတာ ကိုယ်သိနေပြီပဲ ကိုယ်ပေးနိုင်တဲ့အရာတွေ ကိုယ်ပေးနေနိုင်တာပဲ အဲ့ဒီအပေါ် စေတနာမပျက်သွားစေနဲ့ကြည်နူးတတ်ဖို့လိုတယ် ။

အချစ်…တဲ့ ပိုဆိုးတာပေါ့ …ကိုယ်ပေးတဲ့အတိုင်း ပြန်မရတတ်တဲ့အထဲမှာ အချစ်ဆိုတာ ထိပ်ဆုံးက ပါတယ် ။

ကိုယ့်ဘက်က ဖြူစင်ဖို့ကြိုးစားသလောက် တစ်ဖက်မှာ လှည့်ဖြားဖို့ကြိုးစားတဲ့လူတွေနဲ့ဆုံရတတ်တယ် ။ ကိုယ့်ဘက်က တန်ဖိုးထားသလောက် ကိုယ့်အပေါ် အလေးမထားတတ်တဲ့ လူတွေလဲ အများကြီးပါ ။

ဒီလိုတွေ ကြုံလာရတဲ့အခါ ….ကိုယ့်ဘက်က မေတ္တာတွေ စစ်မှန်နေပါလျက် တစ်ဖက်က တန်ဖိုးမထားလို့ဒေါသမဖြစ်ပါနဲ့သောကမရောက်ပါနဲ့ … ။

မေတ္တာဆိုတာ အသွားအပြန်ဆိုတာရှိပါတယ် ကိုယ်ပေးတဲ့ မေတ္တာဖြူစင်ရင် ဖြူစင်သလောက် တစ်ဖက်မှာ ပြန်ပြီး အကျိုးပေးတတ်ပါတယ် ။

ဒါပေမယ့် ကိုယ်ပေးတဲ့သူဆီက ပြန်ရလိမ့်မယ်ဆိုပြီးတော့ တစ်ထစ်ချကြီး ယုံကြည်ထားလို့မရဘူး ။ တူသောအကျိုးဆိုတာ ခံစားရပါတယ် ကိုယ့်ဘက်က စိတ်လေးထားတတ်ဖို့ပဲလိုတာ ။

PStar