ဆံပင္ကၽြတ္ျပီး ပါးလာလို႔ စိတ္ညစ္ေနလွ်င္ အခုပဲလုပ္ၾကည့္လိုက္ေတာ့ေနာ္…

ဆံပင္ကၽြတ္ျပီး ပါးလာလို႔ စိတ္ညစ္ေနလွ်င္ အခုပဲလုပ္ၾကည့္လိုက္ေတာ့ေနာ္…

ဆံပင္ကၽြတ္ျပီး ပါးလာလို႔ စိတ္ညစ္္ေနလား…ခုပဲ ဒီနည္းေလးကို လုပ္ျကည့္လိုက္ေတာ့ေနာ္ …။

ဆံံပင္အရမ္းကြ်တ္ျပီး ပါးေနတဲ့သူေတြ အတြက္ပါ။ လုပ္ျကည့္ပါ အလကားမျဖစ္ဘူးေနာ္ …။

လုပ္နည္းမၾကိဳက္ရင္လည္း မလုပ္ပါနဲ႔ေနာ္ ကိုယ္ေတြ ့မို႔လို႔ေဝမ်ွေပးတာပါ …။

အရင္းဆံုး ခြက္တစ္ခြက္ထဲမွာ ျကက္သြန္နီကို ပါးပါးလီွးထည့္ပါ …။

(အခြံေရာထည့္ပါ အခြံမွာေကာင္းတဲ့ ဓာတ္ေတြပါပါတယ္)

ၾကက္သြန္လွီး ထည့္ျပီးရင္ ေရပြတ္ပြြတ္ ဆူတဲ့ေရေႏြးကို ခြက္ထဲထည့္လိုက္ပါ။ ပံုကအတိုင္း ထည့္ထားလိုက္ပါ …။

ထည့္ထားျပီးရင္ အေအးခံထားလိုက္ပါ …။

ေအးသြားရင္ ဆံပင္အရင္းနားမွာ ဦးေရျပားမွာ လိမ္းထားလိုက္ပါ ပိုရင္ဆံပင္အဖ်ားေတြေရာ လိမ္းလို ့ရပါတယ္ေနာ္ …။

မိနစ္ 20..30 ထားျပီး ေခါင္းေလ်ွာ္လိုက္ပါေနာ္ (ေလ်ွာ္ေနက် ေခါင္းေလ်ွာ္ရည္နဲ႕ ျပန္ေလ်ွာ္ေပးပါ…ေပါင္းေဆးထပ္ သံုးခ်င္လည္း သံုးလို႕ရပါတယ္)

ေခါင္းေလ်ွာ္ျပီးရင္ သံလြင္ဆီ ျဖစ္ျဖစ္၊ ကိုယ္လိမ္းေနက် ေခါင္းလိမ္းဆီျဖစ္ျဖစ္ လိမ္းထားလိုက္ပါ …။

အနံ ့ေတာ့ နည္းနည္းေတာ့ နံံမယ္ေနာ္…။ သခ်ာေျပာင္ေအာင္ ေလ်ွာ္ရင္ေတာ့မနံဘူး …။

လုပ္ျကည့္လို္က္ေတာ့ေနာ္ ဘာမွလည္း မကုန္ပဲဆံပင္ထူလာမွာ 3 ခါေလာက္ဆို သိသာပါျပီ …။

တကယ္လုပ္ျကည့္ျပီး ေကာင္းရင္ျပန္မ်ွေဝေပးပါေနာ္ …။ ။

Lu Lu Aung‎

Unicode

ဆံပင်ကျွတ်ပြီး ပါးလာလို့ စိတ်ညစ်နေလျှင် အခုပဲလုပ်ကြည့်လိုက်တော့နော်…

ဆံပင်ကျွတ်ပြီး ပါးလာလို့ စိတ်ညစ်နေလား…ခုပဲ ဒီနည်းလေးကို လုပ်ကြည့်လိုက်တော့နော် …။

ဆံပင်အရမ်းကျွတ်ပြီး ပါးနေတဲ့သူတွေ အတွက်ပါ။ လုပ်ကြည့်ပါ အလကားမဖြစ်ဘူးနော် …။

လုပ်နည်းမကြိုက်ရင်လည်း မလုပ်ပါနဲ့နော် ကိုယ်တွေ့မို့လို့ဝေမျှပေးတာပါ …။

အရင်းဆုံး ခွက်တစ်ခွက်ထဲမှာ ကြက်သွန်နီကို ပါးပါးလှီးထည့်ပါ …။

(အခွံရောထည့်ပါ အခွံမှာကောင်းတဲ့ ဓာတ်တွေပါပါတယ်)

ကြက်သွန်လှီး ထည့်ပြီးရင် ရေပွတ်ပွတ် ဆူတဲ့ရေနွေးကို ခွက်ထဲထည့်လိုက်ပါ။ ပုံကအတိုင်း ထည့်ထားလိုက်ပါ …။

ထည့်ထားပြီးရင် အအေးခံထားလိုက်ပါ …။

အေးသွားရင် ဆံပင်အရင်းနားမှာ ဦးရေပြားမှာ လိမ်းထားလိုက်ပါ ပိုရင်ဆံပင်အဖျားတွေရော လိမ်းလို့ရပါတယ်နော် …။

မိနစ် 20..30 ထားပြီး ခေါင်းလျှော်လိုက်ပါနော် (လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပေးပါ…ပေါင်းဆေးထပ် သုံးချင်လည်း သုံးလို့ရပါတယ်)

ခေါင်းလျှော်ပြီးရင် သံလွင်ဆီ ဖြစ်ဖြစ်၊ ကိုယ်လိမ်းနေကျ ခေါင်းလိမ်းဆီဖြစ်ဖြစ် လိမ်းထားလိုက်ပါ …။

အနံ့တော့ နည်းနည်းတော့ နံမယ်နော်…။ သချာပြောင်အောင် လျှော်ရင်တော့မနံဘူး …။

လုပ်ကြည့်လ်ိုက်တော့နော် ဘာမှလည်း မကုန်ပဲဆံပင်ထူလာမှာ 3 ခါလောက်ဆို သိသာပါပြီ …။

တကယ်လုပ်ကြည့်ပြီး ကောင်းရင်ပြန်မျှဝေပေးပါနော် …။ ။

Lu Lu Aung‎