ေခါင္းတစ္ျခမ္းကိုက္ျခင္းကို ဘာလို႔ အမ်ိဳးသမီးေတြအျဖစ္မ်ားရတာလဲ

ေခါင္းတစ္ျခမ္းကိုက္ျခင္းကို ဘာလို႔ အမ်ိဳးသမီးေတြအျဖစ္မ်ားရတာလဲ

ေခါင္းတစ္ျခမ္းကိုက္ျခင္းကလည္း ေခါင္းကိုက္တာပါပဲ။ ေခါင္းတစ္ခုလုံးမွာမဟုတ္ဘဲ ေခါင္းတစ္ျခမ္းမွာပဲ တဆစ္ဆစ္နဲ႔ထိုးေအာင့္ၿပီး ျပင္းျပင္းထန္ထန္ ေခါင္းကိုက္တာျဖစ္ပါတယ္။ ေခါင္းတစ္ျခမ္းကိုက္တာနဲ႔အတူ မအီမသာျဖစ္တာ၊ အျမင္ေဝဝါးတာ၊ အနံ့၊ အလင္းေရာင္၊ အသံေတြကိုေတာင္ မခံနိုင္၊ မၾကည့္နိုင္၊ မၾကားနိုင္ျဖစ္လာနိုင္ပါတယ္။ ေခါင္းတစ္ျခမ္းကိုက္တာက နာရီေတာ္ေတာ္ၾကားခံစားရနိုင္ၿပီး တစ္ခါတေလ ပုံမွန္အေျခအေနကို ျပန္ျဖစ္ဖို႔အတြက္ (၁-၂) ရက္ေလာက္ အခ်ိန္ယူရပါတယ္။

အဲဒီလိုေခါင္းကိုက္တာမ်ိဳးက အသက္အရြယ္မေရြး၊ ေယာက်ာ္းမိန္းမမေရြးျဖစ္တတ္ပါတယ္။ ဒါေပမဲ့ အမ်ိဳးသမီးေတြမွာ ပိုၿပီးအျဖစ္မ်ားတာကို ေတြ႕ရပါတယ္။ အမ်ိဳးသမီးေတြမွာ ဘာလို႔အျဖစ္မ်ားတာလဲဆိုတာကေတာ့စဥ္းစားစရာပါပဲ။ ဘာလို႔လဲဆိုတာကို ဒီေဆာင္းပါးကေန ေျပာျပေပးလိုက္ပါတယ္ေနာ္။

ေခါင္းတစ္ျခမ္းကိုက္တာက အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားရျခင္းအေၾကာင္းအရင္းက ေဟာ္မုန္းလုပ္ေဆာင္ခ်က္နဲ႔ ဆက္စပ္ေနတာျဖစ္နိုင္တယ္လို႔ Universitas Miguel Hernándezရဲ့ သုေတသီေတြက ဆိုပါတယ္။ အျခားေလ့လာခ်က္ေတြကလည္း အဲဒီအေၾကာင္းအရင္းျဖစ္နိုင္တယ္လို႔ ဆိုပါတယ္။ မေဟာ္မုန္းနဲ႔ ေခါင္းတစ္ျခမ္းကိုက္ျခင္းၾကားက ဆက္စပ္မႈကို သိရဖို႔အတြက္ တိရစၧာန္ေတြမွာ ေလ့လာစမ္းသပ္ခဲ့တာျဖစ္ပါတယ္။ အီစရိုဂ်င္ေဟာ္မုန္းဓာတ္က ဦးေခါင္းရဲ့ေသြးေၾကာနဲ႔ ေသြးလႊတ္ေၾကာတစ္ဝိုက္က ဆဲလ္ေတြကို ႏွစ္ဆေလာက္ အထိခိုက္မခံျဖစ္လာေစၿပီး ေခါင္းတစ္ျခမ္းကိုက္လာရတာပါ။ ဒီအေၾကာင္းအရင္းေၾကာင့္ အမ်ိဳးသမီးေတြက ေခါင္းတစ္ျခမ္းကိုက္ျခင္းကို မၾကာခဏခံစားရတာျဖစ္ပါတယ္။

ဒါ့အျပင္ ရာသီလာေနတဲ့အမ်ိဳးသမီးေတြက အီစရိုဂ်င္ေဟာ္မုန္းဓာတ္အေျပာင္းအလဲေၾကာင့္ အမ်ိဳးသားေတြထက္ ေခါင္းတစ္ျခမ္းကိုက္ျခင္းကို ပိုၿပီးစြဲကပ္နိုင္ပါတယ္။ အမ်ိဳးသားေတြရဲ့ေဟာ္မုန္းဓာတ္က ေခါင္းကိုက္တာမျဖစ္ေအာင္ သူတို႔ကို ကာကြယ္ေပးပါတယ္။ ဒါေပမဲ့ ေခါင္းတစ္ျခမ္းကိုက္ျခင္းနဲ႔ ေဟာ္မုန္းဓာတ္ေတြၾကားက ဆက္စပ္မႈက ပိုၿပီးရႈပ္ေထြးနိုင္ၿပီး ေနာက္ထပ္ေလ့လာစမ္းသပ္ခ်က္ေတြ လိုအပ္ပါေသးတယ္။

ေခါင္းတစ္ျခမ္းကိုက္ျခင္းကို သက္သာသြားေစနိုင္မယ့္ နည္းလမ္းေတြ

လူအမ်ားစုက ေခါင္းကိုက္လာရင္ အကိုက္အခဲေပ်ာက္ေဆးေသာက္ကို ေသာက္ျဖစ္ၾကပါတယ္။ တကယ္ေတာ့ အိမ္တြင္းနည္းလမ္းတခ်ိဳ႕ကလည္း ေခါင္းကိုက္တာကို ကုသတဲ့ေနရာမွာ ထိေရာက္မႈရွိပါတယ္။ ေခါင္းကိုက္တာကို ခံစားရတဲ့အခါ သဘာဝနည္းလမ္းနဲ႔ကုသလို႔ရေအာင္ နည္းလမ္း (၃) ခုကို မၽွေဝေပးလိုက္ပါတယ္။

လာဗင္ဒါအဆီ – လာဗင္ဒါအဆီကို ရႈေပးတာကလည္း ေခါင္းတစ္ျခမ္းကိုက္ျခင္းကို သက္သာသြားေစနိုင္ပါတယ္။ ၂၀၁၂ခုႏွစ္က လုပ္ေဆာင္ခဲ့တဲ့ ေလ့လာခ်က္မွာ ေခါင္းကိုက္ေနစဥ္မွာ လာဗင္ဒါဆီကို ရႈတဲ့လူေတြက ျမန္ျမန္ဆန္ဆန္ပဲ ေခါင္းကိုက္ျခင္းေဝဒနာကို တိုက္ဖ်က္နိုင္တာကို ေတြ႕ရပါတယ္။

ခ်င္း(ဂ်င္း) – ခ်င္းက ဟင္းလ်ာေတြထဲမွာ အရသာထည့္လို႔ရတဲ့အျပင္ ေခါင္းကိုက္ျခင္းေဝဒနာအတြက္လည္း အေတာ္ေလးထိေရာက္ပါတယ္။ ေခါင္းကိုက္လာၿပီဆိုရင္ ခ်င္းျပဳတ္ရည္ေသာက္ေပးလို႔ရပါတယ္။

ႏွိပ္နယ္ေပးျခင္း – သင့္လည္ပင္းနဲ႔ ပခုံးတို႔ကို ျဖည္းျဖည္းသာသာေလး ႏွိပ္နယ္ေပးတာကလည္း ေခါင္းကိုက္ျခင္းေၾကာင့္ ခံစားရတဲ့ေဝဒနာေတြကို သက္သာသြားေအာင္ ကူညီေပးနိုင္ပါတယ္။ ပ႐ုပ္ဆီ၊ ရို႔စ္ေမရီအဆီတို႔ကို အသုံးျပဳၿပီး ႏွိပ္နယ္ေပးလို႔ရပါတယ္။

Credit-yoyorlay

Unicode

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဘာလို့ အမျိုးသမီးတွေအဖြစ်များရတာလဲ

ခေါင်းတစ်ခြမ်းကိုက်ခြင်းကလည်း ခေါင်းကိုက်တာပါပဲ။ ခေါင်းတစ်ခုလုံးမှာမဟုတ်ဘဲ ခေါင်းတစ်ခြမ်းမှာပဲ တဆစ်ဆစ်နဲ့ထိုးအောင့်ပြီး ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အမြင်ဝေဝါးတာ၊ အနံ့၊ အလင်းရောင်၊ အသံတွေကိုတောင် မခံနိုင်၊ မကြည့်နိုင်၊ မကြားနိုင်ဖြစ်လာနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာက နာရီတော်တော်ကြားခံစားရနိုင်ပြီး တစ်ခါတလေ ပုံမှန်အခြေအနေကို ပြန်ဖြစ်ဖို့အတွက် (၁-၂) ရက်လောက် အချိန်ယူရပါတယ်။

အဲဒီလိုခေါင်းကိုက်တာမျိုးက အသက်အရွယ်မရွေး၊ ယောကျာ်းမိန်းမမရွေးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေမှာ ဘာလို့အဖြစ်များတာလဲဆိုတာကတော့စဉ်းစားစရာပါပဲ။ ဘာလို့လဲဆိုတာကို ဒီဆောင်းပါးကနေ ပြောပြပေးလိုက်ပါတယ်နော်။

ခေါင်းတစ်ခြမ်းကိုက်တာက အမျိုးသမီးတွေမှာ အဖြစ်များရခြင်းအကြောင်းအရင်းက ဟော်မုန်းလုပ်ဆောင်ချက်နဲ့ ဆက်စပ်နေတာဖြစ်နိုင်တယ်လို့ Universitas Miguel Hernándezရဲ့ သုတေသီတွေက ဆိုပါတယ်။ အခြားလေ့လာချက်တွေကလည်း အဲဒီအကြောင်းအရင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မဟော်မုန်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကြားက ဆက်စပ်မှုကို သိရဖို့အတွက် တိရစ္ဆာန်တွေမှာ လေ့လာစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ အီစရိုဂျင်ဟော်မုန်းဓာတ်က ဦးခေါင်းရဲ့သွေးကြောနဲ့ သွေးလွှတ်ကြောတစ်ဝိုက်က ဆဲလ်တွေကို နှစ်ဆလောက် အထိခိုက်မခံဖြစ်လာစေပြီး ခေါင်းတစ်ခြမ်းကိုက်လာရတာပါ။ ဒီအကြောင်းအရင်းကြောင့် အမျိုးသမီးတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို မကြာခဏခံစားရတာဖြစ်ပါတယ်။

ဒါ့အပြင် ရာသီလာနေတဲ့အမျိုးသမီးတွေက အီစရိုဂျင်ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့် အမျိုးသားတွေထက် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုပြီးစွဲကပ်နိုင်ပါတယ်။ အမျိုးသားတွေရဲ့ဟော်မုန်းဓာတ်က ခေါင်းကိုက်တာမဖြစ်အောင် သူတို့ကို ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ ဟော်မုန်းဓာတ်တွေကြားက ဆက်စပ်မှုက ပိုပြီးရှုပ်ထွေးနိုင်ပြီး နောက်ထပ်လေ့လာစမ်းသပ်ချက်တွေ လိုအပ်ပါသေးတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာသွားစေနိုင်မယ့် နည်းလမ်းတွေ

လူအများစုက ခေါင်းကိုက်လာရင် အကိုက်အခဲပျောက်ဆေးသောက်ကို သောက်ဖြစ်ကြပါတယ်။ တကယ်တော့ အိမ်တွင်းနည်းလမ်းတချို့ကလည်း ခေါင်းကိုက်တာကို ကုသတဲ့နေရာမှာ ထိရောက်မှုရှိပါတယ်။ ခေါင်းကိုက်တာကို ခံစားရတဲ့အခါ သဘာဝနည်းလမ်းနဲ့ကုသလို့ရအောင် နည်းလမ်း (၃) ခုကို မျှဝေပေးလိုက်ပါတယ်။

လာဗင်ဒါအဆီ – လာဗင်ဒါအဆီကို ရှုပေးတာကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာသွားစေနိုင်ပါတယ်။ ၂၀၁၂ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာချက်မှာ ခေါင်းကိုက်နေစဉ်မှာ လာဗင်ဒါဆီကို ရှုတဲ့လူတွေက မြန်မြန်ဆန်ဆန်ပဲ ခေါင်းကိုက်ခြင်းဝေဒနာကို တိုက်ဖျက်နိုင်တာကို တွေ့ရပါတယ်။

ချင်း(ဂျင်း) – ချင်းက ဟင်းလျာတွေထဲမှာ အရသာထည့်လို့ရတဲ့အပြင် ခေါင်းကိုက်ခြင်းဝေဒနာအတွက်လည်း အတော်လေးထိရောက်ပါတယ်။ ခေါင်းကိုက်လာပြီဆိုရင် ချင်းပြုတ်ရည်သောက်ပေးလို့ရပါတယ်။

နှိပ်နယ်ပေးခြင်း – သင့်လည်ပင်းနဲ့ ပခုံးတို့ကို ဖြည်းဖြည်းသာသာလေး နှိပ်နယ်ပေးတာကလည်း ခေါင်းကိုက်ခြင်းကြောင့် ခံစားရတဲ့ဝေဒနာတွေကို သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။ ပရုပ်ဆီ၊ ရို့စ်မေရီအဆီတို့ကို အသုံးပြုပြီး နှိပ်နယ်ပေးလို့ရပါတယ်။

Credit-yoyorlay