ပရဟိတဒါန႐ွင္ျဖစ္ေပမဲ့လည္း အဆိုးဝါးဆံုပံုစံုျဖင့္အသတ္ခံခဲ့ရကာ အေလာင္းေဖ်ာက္ျခင္းပါခံခဲ့ရတဲ့ မီလီယံနာသူေ႒းမႀကီး

ပရဟိတဒါန႐ွင္ျဖစ္ေပမဲ့လည္း အဆိုးဝါးဆံုပံုစံုျဖင့္အသတ္ခံခဲ့ရကာ အေလာင္းေဖ်ာက္ျခင္းပါခံခဲ့ရတဲ့ မီလီယံနာသူေ႒းမႀကီး

ေခတ္ကာလအရ လူေတြဟာ ပိုက္ဆံခ်မ္းသားဖို႔ ၊ အာဏာ႐ွိဖို႔ဆိုရင္ ဘာကိုမွမငဲ့ညႇာေနေတာ့ဘဲ ကိုယ္က်ိဳးအတြက္သာ ကိုယ္ၾကည့္ၾကတဲ့သူေတြသာ မ်ားျပားလာခဲ့ပါတယ္ ။

၎ကဲ့သို႔ေလာဘႀကီးလြန္းတဲ့ လုပ္ရပ္ေတြေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ ထိုင္းႏိုင္ငံကမီလီယံနာသူေ႒းမႀကီးဟာ အျဖစ္ဆိုးနဲ႔ေသဆံုးသြားခဲ့ရပါတယ္ ။

ပိုမိုဆိုးဝါးတာကေတာ့ သူမရဲ႕႐ုပ္အေလာင္းကို ဘိလပ္ေျမနဲ႔ေလာင္းၿပီးေရခဲေသတၱာထဲမွာ အေလာင္းေဖ်ာက္ခဲ့တာပါပဲ ။

Wannee Jiracharoenying အမည္႐ွိတဲ့ သူေ႒းမႀကီးဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 18ရက္ေန႔ကတည္းက Chiang Mei မွာ႐ွိတဲ့ ဘုန္ႀကီးေက်ာင္းကိုသြားေရာက္လွည္ပတ္ၿပီးေနာက္ပိုင္း အဆက္အသြယ္မရ႐ွိေတာ့ေၾကာင္း သိ႐ွိရပါတယ္ ။

သူမ၏အစ္ကိုေတာ္စပ္သူမွာလည္း Wannee ဟာ message ေတြကိုစာမျပန္ေသာေၾကာင့္ ႐ွာေဖြဖို႔ဆံုးျဖတ္ခဲ့ပါတယ္ ။

ထို႔အျပင္သူမ၏ အိမ္နီးခ်င္းေတြကလည္း သူမ၏ေနအိမ္မွ ဆိုးဝါးလြန္းတဲ့အနံ႔မ်ိဳးရ႐ွိေနေၾကာင္း ေျပာဆိုခဲ့၍ ရဲအရာ႐ွိမ်ား စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ယခုကဲ့သို႔ သူမ႐ုပ္အေလာင္းကို ေရခဲေသတၱာအတြင္းမွာေတြ႔႐ွိခဲ့ျခင္းျဖစ္ပါတယ္ ။

ရဲအရာ႐ွိမ်ားက စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ခ်ိန္မွာေတာ့ သူမ၏စီးပြားေရးလုပ္ေဖာ္ကိုင္ဖက္တစ္ဦးျဖစ္တဲ့ Om အမည္႐ွိတဲ့ အမ်ိဳးသားဟာေပ်ာက္ဆံုးေနခဲ့ၿပီး ၊

Wannee ၏ account ထဲမွေငြအမ်ားအျပားထုတ္ယူျခင္းခံထားရတဲ့အျပင္ သူမ၏ကားႏွင့္ ဘဏ္ကဒ္မ်ားပါေပ်ာက္ဆံုးေနတဲ့အတြက္ လုပ္ေဖာ္ကိုင္ဖက္ျဖစ္တဲ့ Om ဟာ အဓိကသံသယ႐ွိေနသူျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ထို႔အျပင္ ရဲအရာ႐ွိမ်ားက Om ကို ႏိုင္ငံရပ္႐ွားသို႔ထြက္မေျပးႏိုင္ရန္ ႀကိဳးစားေနလ်က္႐ွိၿပီး Wannee သတ္ျဖတ္ျခင္းခံခဲ့ရတာကို ” သံသယ႐ွိသူကေတာ့ ေတာ္ေတာ္ေလးကိုဆိုးဝါးၿပီးစက္ဆုပ္ဖို႔ေကာင္းတဲ့ျပစ္မႈမ်ိဳးက်ဴ းလြန္ခဲ့တာပါပဲ ၊

ဘာလို႔လည္းဆိုေတာ့ Wannee ဟာ ပရဟိတဒါန႐ွင္တစ္ေယာက္ျဖစ္တဲ့အျပင္ ဘုန္ႀကီးေက်ာင္းေတြ နဲ႔ ေဆးရံုေတြကို အျမဲလႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတဲ့သူတစ္ေယာက္ျဖစ္ေနလို႔ပါပဲ ” ဆိုၿပီးမွတ္ခ်က္ေပးေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပရဟိတဒါနရှင်ဖြစ်ပေမဲ့လည်း အဆိုးဝါးဆုံပုံစုံဖြင့်အသတ်ခံခဲ့ရကာ အလောင်းဖျောက်ခြင်းပါခံခဲ့ရတဲ့ မီလီယံနာသူဋ္ဌေးမကြီး

ခေတ်ကာလအရ လူတွေဟာ ပိုက်ဆံချမ်းသားဖို့ ၊ အာဏာရှိဖို့ဆိုရင် ဘာကိုမှမငဲ့ညှာနေတော့ဘဲ ကိုယ်ကျိုးအတွက်သာ ကိုယ်ကြည့်ကြတဲ့သူတွေသာ များပြားလာခဲ့ပါတယ် ။

၎င်းကဲ့သို့လောဘကြီးလွန်းတဲ့ လုပ်ရပ်တွေကြောင့် ဒီတစ်ခေါက်မှာတော့ ထိုင်းနိုင်ငံကမီလီယံနာသူဋ္ဌေးမကြီးဟာ အဖြစ်ဆိုးနဲ့သေဆုံးသွားခဲ့ရပါတယ် ။

ပိုမိုဆိုးဝါးတာကတော့ သူမရဲ့ရုပ်အလောင်းကို ဘိလပ်မြေနဲ့လောင်းပြီးရေခဲသေတ္တာထဲမှာ အလောင်းဖျောက်ခဲ့တာပါပဲ ။

Wannee Jiracharoenying အမည်ရှိတဲ့ သူဋ္ဌေးမကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ 18ရက်နေ့ကတည်းက Chiang Mei မှာရှိတဲ့ ဘုန်ကြီးကျောင်းကိုသွားရောက်လှည်ပတ်ပြီးနောက်ပိုင်း အဆက်အသွယ်မရရှိတော့ကြောင်း သိရှိရပါတယ် ။

သူမ၏အစ်ကိုတော်စပ်သူမှာလည်း Wannee ဟာ message တွေကိုစာမပြန်သောကြောင့် ရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါတယ် ။

ထို့အပြင်သူမ၏ အိမ်နီးချင်းတွေကလည်း သူမ၏နေအိမ်မှ ဆိုးဝါးလွန်းတဲ့အနံ့မျိုးရရှိနေကြောင်း ပြောဆိုခဲ့၍ ရဲအရာရှိများ စစ်ဆေးခဲ့ချိန်မှာတော့ ယခုကဲ့သို့ သူမရုပ်အလောင်းကို ရေခဲသေတ္တာအတွင်းမှာတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ် ။

ရဲအရာရှိများက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ချိန်မှာတော့ သူမ၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ Om အမည်ရှိတဲ့ အမျိုးသားဟာပျောက်ဆုံးနေခဲ့ပြီး ၊

Wannee ၏ account ထဲမှငွေအများအပြားထုတ်ယူခြင်းခံထားရတဲ့အပြင် သူမ၏ကားနှင့် ဘဏ်ကဒ်များပါပျောက်ဆုံးနေတဲ့အတွက် လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Om ဟာ အဓိကသံသယရှိနေသူဖြစ်ကြောင်း သိရှိရပါတယ် ။

ထို့အပြင် ရဲအရာရှိများက Om ကို နိုင်ငံရပ်ရှားသို့ထွက်မပြေးနိုင်ရန် ကြိုးစားနေလျက်ရှိပြီး Wannee သတ်ဖြတ်ခြင်းခံခဲ့ရတာကို ” သံသယရှိသူကတော့ တော်တော်လေးကိုဆိုးဝါးပြီးစက်ဆုပ်ဖို့ကောင်းတဲ့ပြစ်မှုမျိုးကျူးလွန်ခဲ့တာပါပဲ ၊

ဘာလို့လည်းဆိုတော့ Wannee ဟာ ပရဟိတဒါနရှင်တစ်ယောက်ဖြစ်တဲ့အပြင် ဘုန်ကြီးကျောင်းတွေ နဲ့ ဆေးရုံတွေကို အမြဲလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတဲ့သူတစ်ယောက်ဖြစ်နေလို့ပါပဲ ” ဆိုပြီးမှတ်ချက်ပေးပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz