ကိုယ့္ရဲ႕ခ်စ္သူေကာင္မေလး အရည္ေပ်ာ္သြားေစမယ့္ စကားခ်ိဳခ်ိဳေလးေတြ….

ကိုယ့္ရဲ႕ခ်စ္သူေကာင္မေလး အရည္ေပ်ာ္သြားေစမယ့္ စကားခ်ိဳခ်ိဳေလးေတြ….

တစ္ခါတစ္ေလမွာ ခ်စ္သူေတြအခ်င္းခ်င္း သူတုိ႔ရဲ႕ အနာဂတ္အစီအစဥ္ေလးေတြကို စိတ္ကူးယဥ္ပံုေဖာ္ရင္း တစ္ေယာက္နဲ႔ တစ္ေယာက္ ေပ်ာ္႐ႊင္စရာအခ်ိန္ေလးေတြကို ျဖတ္သန္းတာကလည္း ခ်စ္သူႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို ပိုခိုင္ျမဲေစပါတယ္။ ကိုယ့္ရဲ႕ခ်စ္သူေကာင္္မေလး အရည္ေပ်ာ္သြားေစမယ့္ ဒီလို စကားလံုးေလးေတြကိုလည္း တစ္ခါတစ္ေလမွာ ေျပာျပေပးဖို႔ လုိအပ္ပါတယ္ေနာ္။ ဒီလုိစကားေလးေတြက သင့္တို႔ႏွစ္ေယာက္ကို အခ်စ္ေတြ ပိုတိုးလာေစမွာပဲ ျဖစ္ပါတယ္ေနာ္ …။

သူမကို ဘယ္ေလာက္ခ်စ္တဲ့အေၾကာင္း…

ကိုယ့္ရဲ႕ခ်စ္သူက ကိုယ့္ကိုယ္ ဘယ္ေလာက္ေတာင္ ခ်စ္ပါတယ္ဆိုတဲ့အေၾကာင္းကို ဘယ္မိန္းကေလးမွ နားမေထာင္ခ်င္မွာ မဟုတ္သလို ကိုယ့္ကိုယ္တန္ဖိုးထားခ်စ္ေနတဲ့ အေၾကာင္းေလးၾကားရင္ တကယ္ေပ်ာ္မိမွာ အမွန္ပါေနာ္။ တစ္ခါတစ္ေလမွာ သူ႔မကို ဘယ္ေလာက္ေတာင္ ခ်စ္ရပါတယ္ ဆိုတဲ့အေၾကာင္းေလးကို သူမသိေအာင္ ေျပာျပဖုိ႔ လုိအပ္ပါတယ္္ေနာ္။ ဒီလိုမ်ိဳး ေျပာျပျခင္းက သင္တို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေတြကို ပိုတိုးေစၿပီး တစ္ေယာက္ကို တစ္ေယာက္ အခ်စ္ေတြ တိုးလာေစမွာ အမွန္ပါပဲ …။

သင္တုိ႔ႏွစ္ေယာက္ရဲ႕ မဂၤလာပြဲအေၾကာင္း…

တစ္သက္မွာ တစ္ခါပဲ ေဆာင္ရမယ့္ မဂၤလာပြဲေလးကို မိန္းကေလးတိုင္းက အလွဆံုးနဲ႔ အခမ္းနားဆံုးျဖစ္ခ်င္တတ္ၾကပါတယ္။ ဒီေတာ့ သင္တုိ႔ႏွစ္ေယာက္ရဲ႕ မဂၤလာပြဲေလးကို ဘယ္လုိေနရာမွာ ဘယ္္လုိမ်ိဳးပံုစံနဲ႔ အလွပဆံုးနဲ႔ အခမ္းနားဆံုးျဖစ္ေအာင္္ ျပဳလုပ္မယ္ဆိုတဲ႔ စိတ္ကူးယဥ္မဂၤလာပြဲအေၾကာင္္းေလးကို ေျပာျပျခင္းက သူမရဲ႕ ႏွလံုးသားေတြကို အရည္ေပ်ာ္က်သြားေစမွာပါေနာ္ …။

သင္တို႔ရဲ႕ အနာဂတ္အိမ္ေလးအေၾကာင္း…

သင္တုိ႔မဂၤလာေဆာင္ၿပီးရင္ ေနထိုင္ဖို႔ အိမ္ေလးကို သူမအႀကိဳက္ဆံုးေဆးေရာင္ေလးသုတ္ၿပီး ဘယ္လုိမြမ္းမံ တည္ေဆာက္မလဲ ဆိုတာကို ေျပာျပေပးလုိ႔ ရပါတယ္။ အနာဂတ္မွာ သင္တို႔ႏွစ္ေယာက္ရဲ႕ အိမ္ေလးဟာ ေႏြးေထြးမႈအျပည့္နဲ႔ ခ်စ္စရာေကာင္းတဲ့ အိမ္ေလးျဖစ္လာမယ္ဆိုတာေလးကို ေျပာရင္း သူမရဲ႕ အခ်စ္ေတြကို အပိုင္သိမ္းလို႔ ရပါတယ္ …။

ခရီးေတြ အတူသြားၾကဖုိ႔…

ကိုယ္ခ်စ္ရတဲ့သူနဲ႔ သြားရတဲ့ခရီးဟာ တျခားခရီးေတြထက္ ပိုေပ်ာ္စရာေကာင္းမွာ ျဖစ္သလို ႏွစ္ေယာက္အတူ ဘယ္ေတာ့မွ မေမ့ႏုိင္တဲ့ အမွတ္တရေတြကို ဖန္တီးႏုိင္မွာပါ။ သူမ သြားခ်င္တဲ့ ေနရာေတြကို ႏွစ္ေယာက္အတူခရီးေတြ ထြက္မယ့္ အစီစဥ္ကို ေျပာျပ႐ံုနဲ႔တင္ အရမ္း ၾကည္ႏူးဖုိ႔ ေကာင္းေနပါၿပီ …။

အတူတူအိုမင္းသြားၾကဖို႔…

တစ္သက္လံုး သူမတစ္ေယာက္ကိုပဲ သစၥာ႐ွိ႐ွိနဲ႔ ခ်စ္သြားၿပီး အသက္ေတြႀကီးသြားသည့္တုိင္ေအာင္္ မေျပာင္းလဲတဲ့အခ်စ္ေတြနဲ႔ ခ်စ္သြားမယ္ဆိုတဲ့အေၾကာင္းေလးကို သူမသိေအာင္ ေျပာျပေပးလုိက္ပါ။ အေကာင္းအဆိုးေတြကို အတူတူမွ်ေဝရင္း အဘိုးေတြအဘြားေတြ ျဖစ္သြားရင္ေတာင္ ခ်စ္ေနမယ့္ အေၾကာင္းေလးကို သင့္ေကာင္မေလးက ဘယ္လုိမွ သေဘာမက်ပဲ မေနႏုိင္ေအာင္ ျဖစ္ေနမွာပါေနာ္ …။ ။

ခရက္ဒစ္

Unicode

ကိုယ့်ရဲ့ချစ်သူကောင်မလေး အရည်ပျော်သွားစေမယ့် စကားချိုချိုလေးတွေ….

တစ်ခါတစ်လေမှာ ချစ်သူတွေအချင်းချင်း သူတို့ရဲ့ အနာဂတ်အစီအစဉ်လေးတွေကို စိတ်ကူးယဉ်ပုံဖော်ရင်း တစ်ယောက်နဲ့ တစ်ယောက် ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းတာကလည်း ချစ်သူနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုခိုင်မြဲစေပါတယ်။ ကိုယ့်ရဲ့ချစ်သူကောင်မလေး အရည်ပျော်သွားစေမယ့် ဒီလို စကားလုံးလေးတွေကိုလည်း တစ်ခါတစ်လေမှာ ပြောပြပေးဖို့ လိုအပ်ပါတယ်နော်။ ဒီလိုစကားလေးတွေက သင့်တို့နှစ်ယောက်ကို အချစ်တွေ ပိုတိုးလာစေမှာပဲ ဖြစ်ပါတယ်နော် …။

သူမကို ဘယ်လောက်ချစ်တဲ့အကြောင်း…

ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကိုယ် ဘယ်လောက်တောင် ချစ်ပါတယ်ဆိုတဲ့အကြောင်းကို ဘယ်မိန်းကလေးမှ နားမထောင်ချင်မှာ မဟုတ်သလို ကိုယ့်ကိုယ်တန်ဖိုးထားချစ်နေတဲ့ အကြောင်းလေးကြားရင် တကယ်ပျော်မိမှာ အမှန်ပါနော်။ တစ်ခါတစ်လေမှာ သူ့မကို ဘယ်လောက်တောင် ချစ်ရပါတယ် ဆိုတဲ့အကြောင်းလေးကို သူမသိအောင် ပြောပြဖို့ လိုအပ်ပါတယ်နော်။ ဒီလိုမျိုး ပြောပြခြင်းက သင်တို့နှစ်ယောက်ရဲ့ အချစ်တွေကို ပိုတိုးစေပြီး တစ်ယောက်ကို တစ်ယောက် အချစ်တွေ တိုးလာစေမှာ အမှန်ပါပဲ …။

သင်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအကြောင်း…

တစ်သက်မှာ တစ်ခါပဲ ဆောင်ရမယ့် မင်္ဂလာပွဲလေးကို မိန်းကလေးတိုင်းက အလှဆုံးနဲ့ အခမ်းနားဆုံးဖြစ်ချင်တတ်ကြပါတယ်။ ဒီတော့ သင်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲလေးကို ဘယ်လိုနေရာမှာ ဘယ်လိုမျိုးပုံစံနဲ့ အလှပဆုံးနဲ့ အခမ်းနားဆုံးဖြစ်အောင် ပြုလုပ်မယ်ဆိုတဲ့ စိတ်ကူးယဉ်မင်္ဂလာပွဲအကြောင်းလေးကို ပြောပြခြင်းက သူမရဲ့ နှလုံးသားတွေကို အရည်ပျော်ကျသွားစေမှာပါနော် …။

သင်တို့ရဲ့ အနာဂတ်အိမ်လေးအကြောင်း…

သင်တို့မင်္ဂလာဆောင်ပြီးရင် နေထိုင်ဖို့ အိမ်လေးကို သူမအကြိုက်ဆုံးဆေးရောင်လေးသုတ်ပြီး ဘယ်လိုမွမ်းမံ တည်ဆောက်မလဲ ဆိုတာကို ပြောပြပေးလို့ ရပါတယ်။ အနာဂတ်မှာ သင်တို့နှစ်ယောက်ရဲ့ အိမ်လေးဟာ နွေးထွေးမှုအပြည့်နဲ့ ချစ်စရာကောင်းတဲ့ အိမ်လေးဖြစ်လာမယ်ဆိုတာလေးကို ပြောရင်း သူမရဲ့ အချစ်တွေကို အပိုင်သိမ်းလို့ ရပါတယ် …။

ခရီးတွေ အတူသွားကြဖို့…

ကိုယ်ချစ်ရတဲ့သူနဲ့ သွားရတဲ့ခရီးဟာ တခြားခရီးတွေထက် ပိုပျော်စရာကောင်းမှာ ဖြစ်သလို နှစ်ယောက်အတူ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးနိုင်မှာပါ။ သူမ သွားချင်တဲ့ နေရာတွေကို နှစ်ယောက်အတူခရီးတွေ ထွက်မယ့် အစီစဉ်ကို ပြောပြရုံနဲ့တင် အရမ်း ကြည်နူးဖို့ ကောင်းနေပါပြီ …။

အတူတူအိုမင်းသွားကြဖို့…

တစ်သက်လုံး သူမတစ်ယောက်ကိုပဲ သစ္စာရှိရှိနဲ့ ချစ်သွားပြီး အသက်တွေကြီးသွားသည့်တိုင်အောင် မပြောင်းလဲတဲ့အချစ်တွေနဲ့ ချစ်သွားမယ်ဆိုတဲ့အကြောင်းလေးကို သူမသိအောင် ပြောပြပေးလိုက်ပါ။ အကောင်းအဆိုးတွေကို အတူတူမျှဝေရင်း အဘိုးတွေအဘွားတွေ ဖြစ်သွားရင်တောင် ချစ်နေမယ့် အကြောင်းလေးကို သင့်ကောင်မလေးက ဘယ်လိုမှ သဘောမကျပဲ မနေနိုင်အောင် ဖြစ်နေမှာပါနော် …။ ။

ခရက်ဒစ်