ကိုယ့္အေပၚ မခ်စ္တဲ့သူကိုဆက္ၿပီး ဖက္တြယ္မထားမိေအာင္ ဘယ္လိုလုပ္မလဲ…

ကိုယ့္အေပၚ မခ်စ္တဲ့သူကိုဆက္ၿပီး ဖက္တြယ္မထားမိေအာင္ ဘယ္လိုလုပ္မလဲ…

လူတစ္ေယာက္ကို ကိုယ့္ဘက္ကေန ဘယ္ေလာက္ႀကီးပဲ ခ်စ္ေန၊ ေပးဆပ္ေနပါေစ သူ႕ဘက္က ဘာတံု႔ျပန္မႈမွ မလာဘူးဆိုရင္ ဘာဆက္ လုပ္သင့္တယ္ ဆိုတာကို မိမိအေနနဲ႔ အမွန္အတိုင္း လက္ခံေပးႏိုင္ဖို႔ လိုပါတယ္။ အဲ့ဒီလို မဟုတ္ပဲ ဇြတ္အတင္း တိုးေနမယ္ဆိုရင္ေတာ႔ ကိုယ့္ ကိုယ္ကိုသာ နာက်င္မႈေတြ ေပးရာ ေရာက္ေနပါလိမ့္မယ္။ မျဖစ္ႏိုင္ ဘူးဆိုတာကို စိတ္ထဲကေန လက္ခံေပးလိုက္ပါ။ ခက္ခဲမွန္းသိေပမယ့္ အတင္းဖက္တြယ္မထားပဲ လက္လႊတ္ ေပးလိုက္ပါေနာ္ …။

(၁) ဘာေၾကာင့္ ဆက္ ဖက္တြယ္ထားခ်င္တာလဲ?

လက္မလႊတ္ႏိုင္ပဲ ဘာေၾကာင့္ ဆက္ၿပီး ဖက္တြယ္ထားခ်င္ေနရတာလဲ ကိုယ့္ကိုယ္ကို ျပန္ေမးပါ။ ရိုးရိုးသားသား မညာစတမ္း ေျဖပါ။ ဘာေၾကာင့္ အဆံုးရႈံး မခံႏိုင္ရတာလဲ၊ ဘယ္လိုအခ်က္ေၾကာင့္ သူ႔ကို ဆက္ၿပီး ဖက္ တြယ္ထားခ်င္ရတာလဲ ကိုယ့္ကိုယ္ကို ျပန္ေမးၾကည္႔လိုက္ပါ …။

(၂) အရႈံးကို လက္ခံပါ

တစ္ခ်ိဳ႕အခ်စ္ေတြက ကိုယ္ႀကိဳးစားတိုင္း ျဖစ္မလာတတ္ဘူးဆိုတာကို သေဘာေပါက္ပါ။ စ ခ်စ္မိၿပီ ဆိုတည္းက တစ္ေန႔ ဆံုးရႈံးရႏိုင္တယ္၊ စြန္႔လႊတ္ေပးရ ႏိုင္တယ္ဆုိတာကို ႀကိဳတင္ေတြးထားပါ။ ေမွ်ာ္လင့္ခ်က္ေတြ အရမ္း ထားလြန္းရင္ ကိုယ္ပဲ အထိနာတတ္ပါတယ္။ ဘယ္ေတာ့မွ ျဖစ္မလာႏိုင္တဲ့ ေမွ်ာ္လင့္ခ်က္ေတြထားၿပီး ေနမယ္ဆိုရင္ ကိုယ္ပဲ စိတ္ဆင္း ရဲေနရမွာပါ။ဒါေၾကာင့္ လွည့္္ပတ္ေတြးၿပီး ကိုယ့္္ကိုယ္ကို ညာေနမယ့္အစား နာက်င္ရမယ္ ဆိုရင္ေတာင္မွ အရႈံးကို ရဲရဲႀကီး လက္ခံလိုက္ပါေနာ္ …။

(၃) ငိုခ်ပစ္လိုက္

လူတိုင္းအသည္းကြဲၿပီး ငိုခဲ့ဖူးပါတယ္။ဒါေၾကာင့္ ငိုခ်ပစ္လိုက္ရမွာ ဘယ္ေတာ့မွ မရွက္ပါနဲ႔။ ဘ၀မွာ ၀မ္းနည္းစရာတစ္ခုခု(ဒါမွမဟုတ္) ရႈံးနိမ့္စရာတစ္ခုခုနဲ႔ ရင္ဆိုင္ခဲ့ရၿပီဆိုရင္ ငိုခ်ပစ္လိုက္ပါ။ ရင္ထဲမွာ ခံစားေနရတာကို ဘာမွမျဖစ္သလို ဟန္ေဆာင္ေနရတာ လူကို ပိုနာက်င္ေစတတ္ပါတယ္။ ၀မ္းနည္းစရာ၊ နာက်င္စရာေတြကို ရင္ထဲမွာ ဖြဲမီးလို တစ္ေငြ ႔ေငြ႔ ေလာင္ကၽြမ္းခံေနမယ့္အစား တစ္ခါတည္း ငိုခ်ပစ္လိုက္ပါ။ ၀ေအာင္ ငိုၿပီးရင္ အမွန္အတိုင္းလက္ခံႏိုင္ဖို႔ ႀကိဳးစားလိုက္ပါ …။

(၄) ျပစ္တင္တာေတြ ရပ္ပါ

ငါအသည္းကြဲရတာ၊ငါနာက်င္ရတာ သူ႔ေၾကာင့္ဆိုၿပီး အျပစ္တင္ေန တာေတြကို ရပ္လိုက္ပါ။ ၿပီးသြားတဲ့ ဇာတ္လမ္းအတြက္ သူ႔ကို အျပစ္တင္စရာမလိုသလို ကိုယ့္ကိုယ္ကိုလည္း ဘယ္ေတာ့မွ အျပစ္ မတင္ပါနဲ႔။ မေကာင္းတဲ့ အျမင္ေတြ၊မေကာင္းတဲ့ အေတြးေတြ မ၀င္မိပါေစနဲ႔။ ဒီအတိုင္း ေမ့ထားလိုက္ပါ။ နာက်င္မႈကေတာ့ လံုး၀ ေပ်ာက္သြားမွာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ မပူပါနဲ႔။ အခ်ိန္က ကုစားေပးသြားပါလိမ္႔မယ္ …။

(၅) ရင္ဖြင့္ပါ

ယံုၾကည္ရတဲ့ တစ္ေယာက္ေယာက္ကို ရင္ဖြင့္ပါ။ယံုၾကည္ ရၿပီး ႏႈတ္လံုတဲ့ သူငယ္ခ်င္း မိတ္ေဆြတစ္ေယာက္ေယာက္ကို ရင္ဖြင့္ပါ။ ရင္ဖြင့္ၿပီး ငိုခ်ပစ္လိုက္ျခင္းအားျဖင့္ ခံစားေနရတာေတြ နည္းနည္းေတာ့ သက္သာသြားမွာပါ။ကိုယ့္ရဲ႕အနားမွာ ခ်စ္ခင္ရတဲ့ သူငယ္ခ်င္း မိတ္ေဆြေတြ ရွိေနေသးတယ္ ဆိုတဲ့ အခ်က္ကို နားလည္ သေဘာေပါက္ေစ မွာပါ။ သူငယ္ခ်င္းဆီက အားေပးႏွစ္သိမ့္တာေတြကို ၾကားရင္ အနည္းနဲ႔အမ်ားေတာ့ စိတ္ေျပသြားမွာပါ။ ၿပီးရင္ေတာ့ လက္ရွိျဖစ္ပ်က္ေန တဲ့ ေကာင္းတဲ့အရာေတြ၊ ေကာင္းတဲ့ ခံစားခ်က္ေတြကိုပဲ ၾကည့္ၿပီး ဘ၀ ကိုေရွ႕ဆက္ပါေနာ္ …။ ။

Nilar (AuntyMay)

Ref;wikihow

Unicode version ဖြင့်ဖတ်ရန်

ကိုယ့်အပေါ် မချစ်တဲ့သူကိုဆက်ပြီး ဖက်တွယ်မထားမိအောင် ဘယ်လိုလုပ်မလဲ…

လူတစ်ယောက်ကို ကိုယ့်ဘက်ကနေ ဘယ်လောက်ကြီးပဲ ချစ်နေ၊ ပေးဆပ်နေပါစေ သူ့ဘက်က ဘာတုံ့ပြန်မှုမှ မလာဘူးဆိုရင် ဘာဆက် လုပ်သင့်တယ် ဆိုတာကို မိမိအနေနဲ့ အမှန်အတိုင်း လက်ခံပေးနိုင်ဖို့ လိုပါတယ်။ အဲ့ဒီလို မဟုတ်ပဲ ဇွတ်အတင်း တိုးနေမယ်ဆိုရင်တော့ ကိုယ့် ကိုယ်ကိုသာ နာကျင်မှုတွေ ပေးရာ ရောက်နေပါလိမ့်မယ်။ မဖြစ်နိုင် ဘူးဆိုတာကို စိတ်ထဲကနေ လက်ခံပေးလိုက်ပါ။ ခက်ခဲမှန်းသိပေမယ့် အတင်းဖက်တွယ်မထားပဲ လက်လွှတ် ပေးလိုက်ပါနော် …။

(၁) ဘာကြောင့် ဆက် ဖက်တွယ်ထားချင်တာလဲ?

လက်မလွှတ်နိုင်ပဲ ဘာကြောင့် ဆက်ပြီး ဖက်တွယ်ထားချင်နေရတာလဲ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ရိုးရိုးသားသား မညာစတမ်း ဖြေပါ။ ဘာကြောင့် အဆုံးရှုံး မခံနိုင်ရတာလဲ၊ ဘယ်လိုအချက်ကြောင့် သူ့ကို ဆက်ပြီး ဖက် တွယ်ထားချင်ရတာလဲ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ပါ …။

(၂) အရှုံးကို လက်ခံပါ

တစ်ချို့အချစ်တွေက ကိုယ်ကြိုးစားတိုင်း ဖြစ်မလာတတ်ဘူးဆိုတာကို သဘောပေါက်ပါ။ စ ချစ်မိပြီ ဆိုတည်းက တစ်နေ့ ဆုံးရှုံးရနိုင်တယ်၊ စွန့်လွှတ်ပေးရ နိုင်တယ်ဆိုတာကို ကြိုတင်တွေးထားပါ။ မျှော်လင့်ချက်တွေ အရမ်း ထားလွန်းရင် ကိုယ်ပဲ အထိနာတတ်ပါတယ်။ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ မျှော်လင့်ချက်တွေထားပြီး နေမယ်ဆိုရင် ကိုယ်ပဲ စိတ်ဆင်း ရဲနေရမှာပါ။ဒါကြောင့် လှည့်ပတ်တွေးပြီး ကိုယ့်ကိုယ်ကို ညာနေမယ့်အစား နာကျင်ရမယ် ဆိုရင်တောင်မှ အရှုံးကို ရဲရဲကြီး လက်ခံလိုက်ပါနော် …။

(၃) ငိုချပစ်လိုက်

လူတိုင်းအသည်းကွဲပြီး ငိုခဲ့ဖူးပါတယ်။ဒါကြောင့် ငိုချပစ်လိုက်ရမှာ ဘယ်တော့မှ မရှက်ပါနဲ့။ ဘဝမှာ ဝမ်းနည်းစရာတစ်ခုခု(ဒါမှမဟုတ်) ရှုံးနိမ့်စရာတစ်ခုခုနဲ့ ရင်ဆိုင်ခဲ့ရပြီဆိုရင် ငိုချပစ်လိုက်ပါ။ ရင်ထဲမှာ ခံစားနေရတာကို ဘာမှမဖြစ်သလို ဟန်ဆောင်နေရတာ လူကို ပိုနာကျင်စေတတ်ပါတယ်။ ဝမ်းနည်းစရာ၊ နာကျင်စရာတွေကို ရင်ထဲမှာ ဖွဲမီးလို တစ်ငွေ့ငွေ့ လောင်ကျွမ်းခံနေမယ့်အစား တစ်ခါတည်း ငိုချပစ်လိုက်ပါ။ ၀အောင် ငိုပြီးရင် အမှန်အတိုင်းလက်ခံနိုင်ဖို့ ကြိုးစားလိုက်ပါ …။

(၄) ပြစ်တင်တာတွေ ရပ်ပါ

ငါအသည်းကွဲရတာ၊ငါနာကျင်ရတာ သူ့ကြောင့်ဆိုပြီး အပြစ်တင်နေ တာတွေကို ရပ်လိုက်ပါ။ ပြီးသွားတဲ့ ဇာတ်လမ်းအတွက် သူ့ကို အပြစ်တင်စရာမလိုသလို ကိုယ့်ကိုယ်ကိုလည်း ဘယ်တော့မှ အပြစ် မတင်ပါနဲ့။ မကောင်းတဲ့ အမြင်တွေ၊မကောင်းတဲ့ အတွေးတွေ မဝင်မိပါစေနဲ့။ ဒီအတိုင်း မေ့ထားလိုက်ပါ။ နာကျင်မှုကတော့ လုံး၀ ပျောက်သွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မပူပါနဲ့။ အချိန်က ကုစားပေးသွားပါလိမ့်မယ် …။

(၅) ရင်ဖွင့်ပါ

ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ယုံကြည် ရပြီး နှုတ်လုံတဲ့ သူငယ်ချင်း မိတ်ဆွေတစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ ရင်ဖွင့်ပြီး ငိုချပစ်လိုက်ခြင်းအားဖြင့် ခံစားနေရတာတွေ နည်းနည်းတော့ သက်သာသွားမှာပါ။ကိုယ့်ရဲ့အနားမှာ ချစ်ခင်ရတဲ့ သူငယ်ချင်း မိတ်ဆွေတွေ ရှိနေသေးတယ် ဆိုတဲ့ အချက်ကို နားလည် သဘောပေါက်စေ မှာပါ။ သူငယ်ချင်းဆီက အားပေးနှစ်သိမ့်တာတွေကို ကြားရင် အနည်းနဲ့အများတော့ စိတ်ပြေသွားမှာပါ။ ပြီးရင်တော့ လက်ရှိဖြစ်ပျက်နေ တဲ့ ကောင်းတဲ့အရာတွေ၊ ကောင်းတဲ့ ခံစားချက်တွေကိုပဲ ကြည့်ပြီး ဘ၀ ကိုရှေ့ဆက်ပါနော် …။ ။

Nilar (AuntyMay)

Ref;wikihow