လမ္းခြဲၿပီးတဲ့ေနာက္မွာ အခ်စ္သစ္ထပ္မရွာေတာ့တဲ့ သူေတြရဲ႕အေၾကာင္းျပခ်က္ (၅) ခ်က္…

လမ္းခြဲၿပီးတဲ့ေနာက္မွာ အခ်စ္သစ္ထပ္မရွာေတာ့တဲ့ သူေတြရဲ႕အေၾကာင္းျပခ်က္ (၅) ခ်က္…

ကမၻာေပၚရွိ လူေတာ္ေတာ္မ်ားမ်ားက အခ်စ္ဆိုတာကို ခံစားၾကရပါတယ္။ ဆယ္ေက်ာ္အ႐ြယ္ကေန အခ်စ္ကို စတင္ခံစားတတ္ၾကၿပီး အ႐ြယ္ေရာက္တဲ့အထိ အခ်စ္ကို မေတြ႕ရွိသူေတြလည္း ရွိေနပါတယ္။ တစ္ခ်ိဳ႕ကေတာ့ အခ်စ္ကို ေပ်ာ္႐ႊင္စြာ ခံစားခဲ့ေပမယ့္ အေၾကာင္းအခ်ိဳ႕ေၾကာင့္ လမ္းခြဲ ျပတ္စဲခဲ့ၾကရပါတယ္။ ဒီလို လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ ထပ္မခ်စ္မိေတာ့တဲ့ သူေတြမွာ အခုလို အေၾကာင္းျပခ်က္ေတြ ရွိေနတတ္ ပါတယ္ေနာ္ …။

(၁) ခံစားခ်က္ မကုန္ေသးလို႔”

အခ်စ္ဦး ေျမးဦးရတဲ့အထိ မေမ့ဘူးဆိုသလိုပါပဲ။ ဘဝမွာ အခ်စ္ကို အေသအခ်ာ ခံစားမိေစခဲ့တဲ့သူက ကိုယ့္အခ်စ္ဦး ပါပဲ။ အခ်စ္ကို တကယ္ ခံစားမိေပမယ့္ လမ္းခြဲခဲ့ၾကရပါတယ္။ ဒါေပမယ့္လည္း ခံစားခ်က္ေတြ အခ်စ္ေတြ မကုန္နိုင္ေသးေတာ့ တစ္ျခားတစ္ေယာက္ကို သေဘာက်စိတ္ျဖစ္ဖို႔ မလြယ္ေတာ့လို႔ပါပဲ …။

(၂) ခ်စ္ရမွာ ေၾကာက္သြားလို႔”

အရမ္းကို အခ်စ္ႀကီး ခ်စ္ရတဲ့သူနဲ႔ တစ္သက္လုံး အတူရွိခ်င္ခဲ့ေပမယ့္ လမ္းခြဲခဲ့ရတဲ့အခါ နာက်င္မႈအျဖစ္ ရင္မွာ ဒဏ္ရာ ျဖစ္သြားတတ္ပါတယ္။ ဒီလို နာက်င္မႈမ်ိဳး ေနာက္တစ္ႀကိမ္ ခံစားရမွာကို လက္မခံနိုင္လို႔ ေနာက္တစ္ေယာက္ကို ထပ္ခ်စ္သြားမွာကို ေၾကာက္ေနတတ္ပါတယ္။ ဒါေၾကာင့္လည္း မခ်စ္မိေအာင္ ေနေနတာ ျဖစ္ပါတယ္ …။

(၃) တစ္ကိုယ္တည္း ေနခ်င္လို႔”

အခ်စ္ကိုလည္း ႀကဳံခဲ့ၿပီးၿပီ။ ၾကည္ႏူးေပ်ာ္႐ႊင္ရမႈကိုလည္း သိခဲ့ရၿပီးၿပီ။ ရင္နင့္ေအာင္လည္း နာက်င္ၿပီး ခ်စ္ရသူနဲ႕ ေဝးခဲ့ၿပီးၿပီ။ ဒီလိုေတြ ႀကဳံခဲ့ၿပီးတဲ့ေနာက္မွာ ခံစားခ်က္ေတြ ထုံသြားသလို ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ ဘာခံစားမႈကိုမွ မခံစားခ်င္ေတာ့ဘဲ တစ္ေယာက္တည္းပဲ ေအးေအးခ်မ္းခ်မ္းေလး ေနခ်င္ တတ္ၾကသူေတြလည္း ရွိပါတယ္ …။

(၄) အခ်စ္စစ္နဲ႕ မေတြ႕ေသးလို႔”

ဘယ္ေလာက္ပဲ ခ်စ္ခဲ့ ခ်စ္ခဲ့ အတူ အခ်ိန္ေတြ ကုန္ဆုံးခဲ့ေပမယ့္လည္း ေဝးသြားခဲ့ရင္ေတာ့ အခ်စ္စစ္ မဟုတ္လို႔ ပါပဲ။ ဒီလိုနဲ႕ ေနာက္ထပ္အခ်စ္စစ္ကို ႀကဳံဖို႔ ေစာင့္ဆိုင္းမိေနတဲ့ သူေတြလည္း ရွိလို႔ ေနပါတယ္ …။

(၅) အခ်စ္ကို မယုံၾကည္ေတာ့လို႔”

အခ်စ္ဆိုတာကို နင့္နင့္နဲနဲ ခံစားခဲ့ၾကရၿပီး ေဝးသြားၾကတဲ့အခါ လက္မခံနိုင္ျဖစ္တတ္ၾကတဲ့သူေတြ ရွိပါတယ္။ ဒီလို ႀကဳံခဲ့ရမႈေၾကာင့္ အခ်စ္ဆိုတာ ႀကဳံလည္း ကြဲကြာရမွာပဲလို႔ ေတြးမိသြားလည္း ခ်စ္လည္း ဘာမွမထူးဘူးလို႔ ယူဆသြားၾကတဲ့ သူေတြကေတာ့ အခ်စ္ဆိုတာကို အယုံအၾကည္ မရိွၾကေတာ့ပါဘူးေနာ္ …။ ။

Kham

(Aunty May)

Unicode Version ဖြင့်ဖတ်ရန်

လမ်းခွဲပြီးတဲ့နောက်မှာ အချစ်သစ်ထပ်မရှာတော့တဲ့ သူတွေရဲ့အကြောင်းပြချက် (၅) ချက်…

ကမ္ဘာပေါ်ရှိ လူတော်တော်များများက အချစ်ဆိုတာကို ခံစားကြရပါတယ်။ ဆယ်ကျော်အရွယ်ကနေ အချစ်ကို စတင်ခံစားတတ်ကြပြီး အရွယ်ရောက်တဲ့အထိ အချစ်ကို မတွေ့ရှိသူတွေလည်း ရှိနေပါတယ်။ တစ်ချို့ကတော့ အချစ်ကို ပျော်ရွှင်စွာ ခံစားခဲ့ပေမယ့် အကြောင်းအချို့ကြောင့် လမ်းခွဲ ပြတ်စဲခဲ့ကြရပါတယ်။ ဒီလို လမ်းခွဲခဲ့ပြီးတဲ့နောက် ထပ်မချစ်မိတော့တဲ့ သူတွေမှာ အခုလို အကြောင်းပြချက်တွေ ရှိနေတတ် ပါတယ်နော် …။

(၁) ခံစားချက် မကုန်သေးလို့”

အချစ်ဦး မြေးဦးရတဲ့အထိ မမေ့ဘူးဆိုသလိုပါပဲ။ ဘဝမှာ အချစ်ကို အသေအချာ ခံစားမိစေခဲ့တဲ့သူက ကိုယ့်အချစ်ဦး ပါပဲ။ အချစ်ကို တကယ် ခံစားမိပေမယ့် လမ်းခွဲခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း ခံစားချက်တွေ အချစ်တွေ မကုန်နိုင်သေးတော့ တစ်ခြားတစ်ယောက်ကို သဘောကျစိတ်ဖြစ်ဖို့ မလွယ်တော့လို့ပါပဲ …။

(၂) ချစ်ရမှာ ကြောက်သွားလို့”

အရမ်းကို အချစ်ကြီး ချစ်ရတဲ့သူနဲ့ တစ်သက်လုံး အတူရှိချင်ခဲ့ပေမယ့် လမ်းခွဲခဲ့ရတဲ့အခါ နာကျင်မှုအဖြစ် ရင်မှာ ဒဏ်ရာ ဖြစ်သွားတတ်ပါတယ်။ ဒီလို နာကျင်မှုမျိုး နောက်တစ်ကြိမ် ခံစားရမှာကို လက်မခံနိုင်လို့ နောက်တစ်ယောက်ကို ထပ်ချစ်သွားမှာကို ကြောက်နေတတ်ပါတယ်။ ဒါကြောင့်လည်း မချစ်မိအောင် နေနေတာ ဖြစ်ပါတယ် …။

(၃) တစ်ကိုယ်တည်း နေချင်လို့”

အချစ်ကိုလည်း ကြုံခဲ့ပြီးပြီ။ ကြည်နူးပျော်ရွှင်ရမှုကိုလည်း သိခဲ့ရပြီးပြီ။ ရင်နင့်အောင်လည်း နာကျင်ပြီး ချစ်ရသူနဲ့ ဝေးခဲ့ပြီးပြီ။ ဒီလိုတွေ ကြုံခဲ့ပြီးတဲ့နောက်မှာ ခံစားချက်တွေ ထုံသွားသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဘာခံစားမှုကိုမှ မခံစားချင်တော့ဘဲ တစ်ယောက်တည်းပဲ အေးအေးချမ်းချမ်းလေး နေချင် တတ်ကြသူတွေလည်း ရှိပါတယ် …။

(၄) အချစ်စစ်နဲ့ မတွေ့သေးလို့”

ဘယ်လောက်ပဲ ချစ်ခဲ့ ချစ်ခဲ့ အတူ အချိန်တွေ ကုန်ဆုံးခဲ့ပေမယ့်လည်း ဝေးသွားခဲ့ရင်တော့ အချစ်စစ် မဟုတ်လို့ ပါပဲ။ ဒီလိုနဲ့ နောက်ထပ်အချစ်စစ်ကို ကြုံဖို့ စောင့်ဆိုင်းမိနေတဲ့ သူတွေလည်း ရှိလို့ နေပါတယ် …။

(၅) အချစ်ကို မယုံကြည်တော့လို့”

အချစ်ဆိုတာကို နင့်နင့်နဲနဲ ခံစားခဲ့ကြရပြီး ဝေးသွားကြတဲ့အခါ လက်မခံနိုင်ဖြစ်တတ်ကြတဲ့သူတွေ ရှိပါတယ်။ ဒီလို ကြုံခဲ့ရမှုကြောင့် အချစ်ဆိုတာ ကြုံလည်း ကွဲကွာရမှာပဲလို့ တွေးမိသွားလည်း ချစ်လည်း ဘာမှမထူးဘူးလို့ ယူဆသွားကြတဲ့ သူတွေကတော့ အချစ်ဆိုတာကို အယုံအကြည် မရှိကြတော့ပါဘူးနော် …။ ။

Kham

(Aunty May)

Leave a Comment