စက္ဆြဲစရာ မလိုပဲ ဆံပင္ကို ေပ်ာ့ေပ်ာင္းေစမယ့္ နည္းလမ္း…

စက္ဆြဲစရာ မလိုပဲ ဆံပင္ကို ေပ်ာ့ေပ်ာင္းေစမယ့္ နည္းလမ္း…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

မိန္းကေလးေတြ ေတာ္ေတာ္မ်ားမ်ားက ဆံပင္ကို ေကာက္လိုက္ေျဖာင့္လိုက္ လုပ္ၾကတာမ်ားပါတယ္။ တစ္ခ်ိဳ႕က ဆံပင္ေရလႈိင္းပုံေလးေတြ လုပ္တာကို ႀကိဳက္ၾကတယ္။ တစ္ခ်ိဳ႕က် ေျဖာင့္စင္းေနတဲ့ ဆံပင္ကို ႀကိဳက္ၾကပါတယ္။ ဒါေပမယ့္ ေကာက္တာပဲျဖစ္ျဖစ္ ေျဖာင့္တာပဲျဖစ္ျဖစ္ ဆံပင္ကို စက္နဲ႔ဆြဲၿပီး လုပ္ရတာမလို႔ ဆံေကသာကို အနည္းနဲ႔ အမ်ားေတာ့ ပ်က္ဆီးေစမွာပဲ ျဖစ္ပါတယ္ …။

အဲ့လိုမ်ိဳးေတြ မျဖစ္ရေအာင္ ဆံေကသာကို ေျဖာင့္စင္းခ်င္သူမ်ားအတြက္ သဘာဝအတိုင္းေပါင္းတင္နည္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္ေနာ္ …။

ေပါင္းတင္တာဆိုတဲ့အတြက္ ေခါင္းေလွ်ာ္သလို ေလွ်ာ္လို႔မရပါဘူး။ ဆံေကသာမွာ ႏွံေအာင္လိမ္းထားၿပီးမွ အခ်ိန္တစ္ခုထားၿပီး ေလွ်ာ္ရမွာပါ။ ပထမဆုံး ဘာေတြလိုအပ္လဲဆိုတာ ေျပာျပေပးပါမယ္ …။

လိုအပ္တဲ့ ပစၥည္းေလးေတြ ကေတာ့…

– ၾကက္ဥ

– ရွားေစာင္းလက္ပက္

– သံလြင္ဆီ

– ပ်ားရည္

ဆံပင္အတိုအရွည္ေပၚမူတည္ၿပီး ခ်င့္ခ်ိန္ၿပီး ေရာစပ္ဖို႔ေတာ့ လိုပါတယ္။ ပထမဆုံး ၾကက္ဥကို လိူသေလာက္ ေဖာက္ၿပီးထည့္လိုက္ပါ။ ၿပီးရင္ ရွားေစာင္းလက္ပက္ကို အထဲက အႏွစ္ေတြ ထုတ္ၿပီးေတာ့ ၾကက္ဥနဲ႔ ေရာသမေမႊပါ။ ၿပီးရင္ သံလြင္ဆီရယ္ ပ်ားရည္ရယ္ကိုပါ ထပ္ထည့္ၿပီး ႏွံ႔ေအာင္ေမႊေပးပါ။ ေရာၿပီးသြားၿပီဆိုရင္ ဆံေကသာကို လိမ္းလို႔ရပါၿပီ။ ေသခ်ာေလးႏွံ႔ေအာင္ ေျဖးေျဖးခ်င္း လိမ္းေပးဖို႔ လိုပါတယ္ …။

ၿပီးရင္ နာရီဝက္ေလာက္ ေပါင္းခံထားၿပီးေတာ့ ေရနဲ႔ေဆးခ်ၿပီး ေလွ်ာ္လိုက္တာနဲ႔ ေပ်ာ့ေပ်ာင္းတဲ့ ဆံေကသာကို ရရွိလာမွာပဲျဖစ္ပါတယ္။ ဆံေကသာ ေပ်ာ့ေပ်ာင္းေစ႐ုံမဟုတ္ပဲနဲ႔ ဆံပင္ႏွစ္ခြျဖစ္တာကိုပါ ေပ်ာက္ကင္းေစႏိုင္ပါတယ္။တစ္ခုထပ္ထည့္လို႔ရတာက ဆံပင္ကြၽတ္တတ္တဲ့ သူဆို သံပုရာရည္ပါ ထပ္ထည့္ၿပီး အသုံးျပဳလို႔ရပါတယ္ေနာ္ …။ ။

Credit Myanma Platform

Unicode Version ဖြင့်ဖတ်ရန်

စက်ဆွဲစရာ မလိုပဲ ဆံပင်ကို ပျော့ပျောင်းစေမယ့် နည်းလမ်း…

မိန်းကလေးတွေ တော်တော်များများက ဆံပင်ကို ကောက်လိုက်ဖြောင့်လိုက် လုပ်ကြတာများပါတယ်။ တစ်ချို့က ဆံပင်ရေလှိုင်းပုံလေးတွေ လုပ်တာကို ကြိုက်ကြတယ်။ တစ်ချို့ကျ ဖြောင့်စင်းနေတဲ့ ဆံပင်ကို ကြိုက်ကြပါတယ်။ ဒါပေမယ့် ကောက်တာပဲဖြစ်ဖြစ် ဖြောင့်တာပဲဖြစ်ဖြစ် ဆံပင်ကို စက်နဲ့ဆွဲပြီး လုပ်ရတာမလို့ ဆံကေသာကို အနည်းနဲ့ အများတော့ ပျက်ဆီးစေမှာပဲ ဖြစ်ပါတယ် …။

အဲ့လိုမျိုးတွေ မဖြစ်ရအောင် ဆံကေသာကို ဖြောင့်စင်းချင်သူများအတွက် သဘာဝအတိုင်းပေါင်းတင်နည်းလေးကို ဖော်ပြပေးချင်ပါတယ်နော် …။

ပေါင်းတင်တာဆိုတဲ့အတွက် ခေါင်းလျှော်သလို လျှော်လို့မရပါဘူး။ ဆံကေသာမှာ နှံအောင်လိမ်းထားပြီးမှ အချိန်တစ်ခုထားပြီး လျှော်ရမှာပါ။ ပထမဆုံး ဘာတွေလိုအပ်လဲဆိုတာ ပြောပြပေးပါမယ် …။

လိုအပ်တဲ့ ပစ္စည်းလေးတွေ ကတော့…

– ကြက်ဥ

– ရှားစောင်းလက်ပက်

– သံလွင်ဆီ

– ပျားရည်

ဆံပင်အတိုအရှည်ပေါ်မူတည်ပြီး ချင့်ချိန်ပြီး ရောစပ်ဖို့တော့ လိုပါတယ်။ ပထမဆုံး ကြက်ဥကို လိူသလောက် ဖောက်ပြီးထည့်လိုက်ပါ။ ပြီးရင် ရှားစောင်းလက်ပက်ကို အထဲက အနှစ်တွေ ထုတ်ပြီးတော့ ကြက်ဥနဲ့ ရောသမမွှေပါ။ ပြီးရင် သံလွင်ဆီရယ် ပျားရည်ရယ်ကိုပါ ထပ်ထည့်ပြီး နှံ့အောင်မွှေပေးပါ။ ရောပြီးသွားပြီဆိုရင် ဆံကေသာကို လိမ်းလို့ရပါပြီ။ သေချာလေးနှံ့အောင် ဖြေးဖြေးချင်း လိမ်းပေးဖို့ လိုပါတယ် …။

ပြီးရင် နာရီဝက်လောက် ပေါင်းခံထားပြီးတော့ ရေနဲ့ဆေးချပြီး လျှော်လိုက်တာနဲ့ ပျော့ပျောင်းတဲ့ ဆံကေသာကို ရရှိလာမှာပဲဖြစ်ပါတယ်။ ဆံကေသာ ပျော့ပျောင်းစေရုံမဟုတ်ပဲနဲ့ ဆံပင်နှစ်ခွဖြစ်တာကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။တစ်ခုထပ်ထည့်လို့ရတာက ဆံပင်ကျွတ်တတ်တဲ့ သူဆို သံပုရာရည်ပါ ထပ်ထည့်ပြီး အသုံးပြုလို့ရပါတယ်နော် …။ ။

Credit Myanma Platform

Leave a Comment