ခ်စ္ဇနီးေလးရဲ႕ အသုဘအခမ္းနားကို မဂၤလာပြဲပုံစံ အျဖစ္ေျပာင္းလဲၿပီး ဇနီးေလးရဲ႕ ေနာက္ဆုံးဆႏၵကို ျဖည့္ဆည္းေပးခဲ့တဲ့ အမ်ိဳးသား

ခ်စ္ဇနီးေလးရဲ႕ အသုဘအခမ္းနားကို မဂၤလာပြဲပုံစံ အျဖစ္ေျပာင္းလဲၿပီး ဇနီးေလးရဲ႕ ေနာက္ဆုံးဆႏၵကို ျဖည့္ဆည္းေပးခဲ့တဲ့ အမ်ိဳးသား

မဂၤလာပြဲဆိုတာကေတာ့ ခ်စ္ရသူႏွစ္ဦးေပါင္းဖက္ၿပီး ဘဝတစ္ေလွ်ာက္အတူ လက္တြဲသြားဖို႔ ရည္႐ြယ္သည့္အျပင္ ႏွစ္ဦးႏွစ္ဖက္ မိသားစုမ်ားႏွင့္ စုံစုံညီညီ ရယ္ေမာေပ်ာ္႐ႊင္စြာ ဆင္ႏႊဲရတဲ့ ပြဲျဖစ္ပါတယ္ …။

သို႔ေပမဲ့ လည္း ဒီတစ္ေခါက္ တ႐ုတ္ႏိုင္ငံ Dalian ၿမိဳ႕မွာက်င္းပတဲ့ မဂၤလာပြဲကေတာ့ ပြဲလာပရိသတ္မ်ားကို ေၾကကြဲဝမ္းနည္းေစၿပီး ငိုေႂကြးေစခဲ့ ပါတယ္ …။

ဒီတစ္ေခါက္မွာေတာ့ အသက္ 35 ႏွစ္အ႐ြယ္ Xu အမည္ရွိတဲ့အမ်ိဳးသားဟာ ရင္သားကင္ဆာ 5 ႏွစ္ခန႔္ခံစားခဲ့ရၿပီးေနာက္ ေသဆုံးသြားခဲ့ရတဲ့ သူ၏ခ်စ္ဇနီးေလးရဲ႕ အသုဘကို မဂၤလာပြဲအျဖစ္ေျပာင္းလဲေပးခဲ့ၿပီး ခ်စ္ဇနီး၏ေနာက္ဆုံးဆႏၵကို ျဖည့္ဆည္း ေပးခဲ့ပါတယ္ …။

ဇနီးျဖစ္သူ အသက္ 34 ႏွစ္ အ႐ြယ္ Yang ဟာ သူမအသက္ 28ႏွစ္အ႐ြယ္ကတည္းက ရင္းသားကင္ဆာကိုစတင္ခံစားခဲ့ရတာျဖစ္ၿပီး ၊ အဆိုပါစုံတြဲဟာ တကၠသိုလ္ေက်ာင္းသားဘဝကတည္းက Online ေပၚမွာေတြ႕ဆုံခဲ့တာျဖစ္ၿပီး ၊ Xi ဟာေက်ာင္းၿပီးတာနဲ႔ …၊

အခ်ိန္ျဖဳန္းၿပီး online ေပၚမွာသာ အခ်ိန္ေတြကုန္ဆုံးေနမွာ ေၾကာက္တဲ့အတြက္ သူတို႔ႏွစ္ဦး 2012 ကတည္းကအတူတူစီးပြားေရး စလုပ္ဖို႔ႀကိဳးစားခဲ့ၾကၿပီးေနာက္ အိမ္သာမပါတဲ့ တိုက္ခန္းေလးမွာ အတူတူေနထိုင္ခဲ့ၾကပါတယ္ …။

ေနာက္ပိုင္း Xi ၏စီးပြားေရးမွာ အေတာ္ေလးကို တိုးတက္လာခဲ့ၿပီးေနာက္ 2013 ခုႏွစ္မွာကိုယ္ပိုင္အိမ္ေလးကို ဝယ္ယူႏိုင္ခဲ့ၾကပါတယ္ …။

သို႔ေပမဲ့လည္း အဆိုပါႏွစ္အတြင္းမွာပဲ Yang ဟာ သူမ ရင္သားနာက်င္ေနတာကိုခံစားခဲ့ရၿပီးေနာက္ စစ္ေဆးၾကည့္လိုက္တဲ႔ ခ်ိန္မွာေတာ့ ရင္သားကင္ဆာခံစားေနရတာကိုေတြ႕ရွိခဲ့ၿပီး ဆရာဝန္က 5 ႏွစ္သာ အသက္ရွင္ႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ …။

သို႔ေပမဲ့လည္ Yang ဟာဘဝကိုလက္မေလွ်ာ့ပဲ သူမ၏ ကင္ဆာေရာဂါကိုျပန္လည္တြန္းလွန္ၿပီး Weibo ေပၚတြင္လည္း သူမကင္ဆာေရာဂါတြန္းလွန္သည့္အေတြ႕အႀကဳံမ်ားကို တင္ျပခဲ့ရာသူမကိုအားေပးသူအေျမာက္အျမားရ ရွိခဲ့ပါတယ္ …။

2017 ခုႏွစ္မွာေတာ့ သူမရဲ႕ကင္ဆာေရာဂါဟာ သက္သာ လာခဲ့တဲ့အတြက္ သူမတို႔စုံတြဲအေတာ္ေလးကိုေပ်ာ္႐ႊင္ခဲ့ရၿပီး မဂၤလာပြဲကို ဆင္ႏႊဲခဲ့ၾကပါတယ္ …

သို႔ေပမဲ့လည္း ကံဆိုးစြာနဲ႔ 2018 ခုႏွစ္ ရင္သားကင္ဆာဟာ အျခားေနရာသို႔ ပါပ်ံႏွံသြားခဲ့ၿပီး အေတာ္ေလးကိုဆိုးဝါးတဲ့ အေျခအေနသို႔ ေရာက္ရွိခဲ့ပါတယ္ …။

ထို႔ေၾကာင့္ ေအာက္တိုဘာလ 14 ရက္ေန႔မွာေတာ့သူမရဲ႕ ေရာဂါကို လုံးဝမတြန္းလွန္ႏိုင္ ခဲ့ေတာ့ပါဘူး ။သူမရဲ႕အသုဘပြဲမွာေတာ့ Xu ဟာ သူမရွိေနသကဲ့သို႔ အရင္က သူတို႔ေပ်ာ္႐ႊင္ခဲ့တဲ့စုံတြဲဓာတ္ပုံေလးကို ျပန္လည္ ခ်ျပခဲ့ပါတယ္ …။

Xu ဟာဇနီးသည္ေလးရဲ႕ဆႏၵအတိုင္ အသုဘပြဲမွာ မငိုမိေအာင္အေတာ္ေလးႀကိဳးစားခဲ့ၿပီး ” Yang ရဲ႕ဆႏၵေလးကိုျဖည့္ဆည္းေပတဲ့ ဒီမဂၤလာပြဲေလးဟာ ေနာက္ဆုံး အႀကိမ္ျဖစ္ေပမဲ့လည္း …၊

သူ႔ကို အျဖဴေရာင္သတို႔သမီးဝတ္စုံနဲ႔ျမင္ရဖို႔ကလည္း ကြၽန္မ ဆႏၵျဖစ္ေနျပန္ပါတယ္ ” ဆိုၿပီး ဝမ္းနည္းေၾကကြဲစြာ ေျပာဆိုခဲ့ပါတယ္ …။ ။

Jasmine (Mckzone Daily) Source: worldofbuzz

Unicode

ချစ်ဇနီးလေးရဲ့ အသုဘအခမ်းနားကို မင်္ဂလာပွဲပုံစံ အဖြစ်ပြောင်းလဲပြီး ဇနီးလေးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ အမျိုးသား

မင်္ဂလာပွဲဆိုတာကတော့ ချစ်ရသူနှစ်ဦးပေါင်းဖက်ပြီး ဘဝတစ်လျှောက်အတူ လက်တွဲသွားဖို့ ရည်ရွယ်သည့်အပြင် နှစ်ဦးနှစ်ဖက် မိသားစုများနှင့် စုံစုံညီညီ ရယ်မောပျော်ရွှင်စွာ ဆင်နွှဲရတဲ့ ပွဲဖြစ်ပါတယ် …။

သို့ပေမဲ့ လည်း ဒီတစ်ခေါက် တရုတ်နိုင်ငံ Dalian မြို့မှာကျင်းပတဲ့ မင်္ဂလာပွဲကတော့ ပွဲလာပရိသတ်များကို ကြေကွဲဝမ်းနည်းစေပြီး ငိုကြွေးစေခဲ့ ပါတယ် …။

ဒီတစ်ခေါက်မှာတော့ အသက် 35 နှစ်အရွယ် Xu အမည်ရှိတဲ့အမျိုးသားဟာ ရင်သားကင်ဆာ 5 နှစ်ခန့်ခံစားခဲ့ရပြီးနောက် သေဆုံးသွားခဲ့ရတဲ့ သူ၏ချစ်ဇနီးလေးရဲ့ အသုဘကို မင်္ဂလာပွဲအဖြစ်ပြောင်းလဲပေးခဲ့ပြီး ချစ်ဇနီး၏နောက်ဆုံးဆန္ဒကို ဖြည့်ဆည်း ပေးခဲ့ပါတယ် …။

ဇနီးဖြစ်သူ အသက် 34 နှစ် အရွယ် Yang ဟာ သူမအသက် 28နှစ်အရွယ်ကတည်းက ရင်းသားကင်ဆာကိုစတင်ခံစားခဲ့ရတာဖြစ်ပြီး ၊ အဆိုပါစုံတွဲဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက Online ပေါ်မှာတွေ့ဆုံခဲ့တာဖြစ်ပြီး ၊ Xi ဟာကျောင်းပြီးတာနဲ့ …၊

အချိန်ဖြုန်းပြီး online ပေါ်မှာသာ အချိန်တွေကုန်ဆုံးနေမှာ ကြောက်တဲ့အတွက် သူတို့နှစ်ဦး 2012 ကတည်းကအတူတူစီးပွားရေး စလုပ်ဖို့ကြိုးစားခဲ့ကြပြီးနောက် အိမ်သာမပါတဲ့ တိုက်ခန်းလေးမှာ အတူတူနေထိုင်ခဲ့ကြပါတယ် …။

နောက်ပိုင်း Xi ၏စီးပွားရေးမှာ အတော်လေးကို တိုးတက်လာခဲ့ပြီးနောက် 2013 ခုနှစ်မှာကိုယ်ပိုင်အိမ်လေးကို ဝယ်ယူနိုင်ခဲ့ကြပါတယ် …။

သို့ပေမဲ့လည်း အဆိုပါနှစ်အတွင်းမှာပဲ Yang ဟာ သူမ ရင်သားနာကျင်နေတာကိုခံစားခဲ့ရပြီးနောက် စစ်ဆေးကြည့်လိုက်တဲ့ ချိန်မှာတော့ ရင်သားကင်ဆာခံစားနေရတာကိုတွေ့ရှိခဲ့ပြီး ဆရာဝန်က 5 နှစ်သာ အသက်ရှင်နိုင်တော့မည် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် …။

သို့ပေမဲ့လည် Yang ဟာဘဝကိုလက်မလျှော့ပဲ သူမ၏ ကင်ဆာရောဂါကိုပြန်လည်တွန်းလှန်ပြီး Weibo ပေါ်တွင်လည်း သူမကင်ဆာရောဂါတွန်းလှန်သည့်အတွေ့အကြုံများကို တင်ပြခဲ့ရာသူမကိုအားပေးသူအမြောက်အမြားရ ရှိခဲ့ပါတယ် …။

2017 ခုနှစ်မှာတော့ သူမရဲ့ကင်ဆာရောဂါဟာ သက်သာ လာခဲ့တဲ့အတွက် သူမတို့စုံတွဲအတော်လေးကိုပျော်ရွှင်ခဲ့ရပြီး မင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြပါတယ် …

သို့ပေမဲ့လည်း ကံဆိုးစွာနဲ့ 2018 ခုနှစ် ရင်သားကင်ဆာဟာ အခြားနေရာသို့ ပါပျံနှံသွားခဲ့ပြီး အတော်လေးကိုဆိုးဝါးတဲ့ အခြေအနေသို့ ရောက်ရှိခဲ့ပါတယ် …။

ထို့ကြောင့် အောက်တိုဘာလ 14 ရက်နေ့မှာတော့သူမရဲ့ ရောဂါကို လုံးဝမတွန်းလှန်နိုင် ခဲ့တော့ပါဘူး ။သူမရဲ့အသုဘပွဲမှာတော့ Xu ဟာ သူမရှိနေသကဲ့သို့ အရင်က သူတို့ပျော်ရွှင်ခဲ့တဲ့စုံတွဲဓာတ်ပုံလေးကို ပြန်လည် ချပြခဲ့ပါတယ် …။

Xu ဟာဇနီးသည်လေးရဲ့ဆန္ဒအတိုင် အသုဘပွဲမှာ မငိုမိအောင်အတော်လေးကြိုးစားခဲ့ပြီး ” Yang ရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေတဲ့ ဒီမင်္ဂလာပွဲလေးဟာ နောက်ဆုံး အကြိမ်ဖြစ်ပေမဲ့လည်း …၊

သူ့ကို အဖြူရောင်သတို့သမီးဝတ်စုံနဲ့မြင်ရဖို့ကလည်း ကျွန်မ ဆန္ဒဖြစ်နေပြန်ပါတယ် ” ဆိုပြီး ဝမ်းနည်းကြေကွဲစွာ ပြောဆိုခဲ့ပါတယ် …။ ။

Jasmine (Mckzone Daily) Source: worldofbuzz